Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Youtube တွင် အခြေကျလာသည့် သတင်းတု၊ သတင်းမှားများ
================

ဧပြီလ ၈ ရက်

အမေရိကန်အခြေစိုက် အွန်လိုင်းဗီဒီယိုမျှဝေသည့် လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သော Youtube ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ တွင် စတင်တည်ထောင်ခဲ့ပြီး အင်တာနက်တွင် အချက် အလက်ရှာဖွေသောဝက်ဘ်ဆိုက်ဖြစ်သည့် Google ပြီးလျှင် ဝင်ရောက်ကြည့်ရှုသူ ဒုတိယအများဆုံး ဝက်ဘ်ဆိုက်တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၂ နောက်ပိုင်းတွင် Youtube သုံးစွဲမှု စတင်များပြားလာပြီး အင်တာနက် အသုံးပြုသူများအကြား ဒုတိယ ရာခိုင်နှုန်းအများဆုံးမှာ Youtube ဖြစ်သည်ဟု အင်တာနက်ဝက်ဘ်ဆိုက်များကို ခွဲခြမ်း စိတ်ဖြာသည့်ဝန်ဆောင်မှုပေးနေသည့် StatCounter မှ ဖော်ပြထားသည်။ အများဆုံးအသုံးပြုသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ Facebook ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇.၂၁ ရာခိုင်နှုန်းရှိကာ Youtube အသုံးပြုသူမှာ ၅.၄၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက တွစ်တာ (Twitter)၊ အင်စတာဂရမ် (Instagram) နှင့် Facebook တို့ကိုပိတ်သော်လည်း Youtube က အပိတ်မခံရသဖြင့် Youtube ချန်နယ်များ တိုးလာပြီး သတင်းတု/မှား များ ပျံ့နှံ့စေသော အကြောင်းတစ်ခု ဖြစ်စေခဲ့သည်။

ထို့အပြင် Youtbe မှ သတ်မှတ်ထားသော အချက်အလက်များ ပြည့်မှီလျှင် ကြည့်ရှုသူအရေအတွက်အလိုက် ကြော်ငြာများဝင်ရောက်ကြည့်ရှုခြင်းမှ ဝင်ငွေရရှိခြင်းပင် ဖြစ်သည်။ ယခင်က Youtube ကို ဖျော်ဖြေရေး(Entertainmant) အတွက်သာ အသုံးပြုကြသော်လည်း ယခု အခါယင်းအချက်ကြောင့် ကြည့်ရှုသူများပြားရန် ဆွဲဆောင်သည့် ချန်နယ်များ များပြားလာခြင်းဖြစ်သည်။

မဇ္ဈိမအနေဖြင့် "သတင်းဗီဒီယိုတင်ဆက်နေသည့် Youtube ချန်နယ်များ"ကို လေ့လာခဲ့ရာတွင် အများစုသည် ၂၀၂၁ ခုနှစ် အတွင်းမှ စတင်တည်ထောင်ထားခဲ့သည့် Youtube ချန်နယ်များဖြစ်သည့်အလျှောက် နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းအကြောင်းအရာများကိုသာ တင်ဆက်ကြသည်။

နိုင်ငံရေးအလှည့်အပြောင်းဖြစ်စဉ်များ၊ သတင်းအကြောင်းအရာများကို အခြေခံ၍ မီဒီယာကြီးများ၏ တင်ဆက်မှုများမှ သတင်းပေးပို့ဟန်ကဲ့သို့ဖြစ်သည်။ ထို့အပြင်အင်တာနက်တွင်ပျံ့နှံ့ပြီးသား ဓာတ်ပုံများကိုအသုံးပြု၍ ရုပ်ဖော်ပြမထားဘဲ အသံဖြင့်သာ သတင်းဖတ်သည်။

အများစုမှာ မီဒီယာကြီးများမှ တင်ဆက်ခဲ့ပြီးသားသတင်းများကို အမေး အဖြေ၊ ကိုးကားချက်များမှအစ ပုံစံတူသည်။ သို့ရာတွင် သတင်းခေါင်းစဉ်များကို အမှန်တကယ် တင်ဆက်ထားသည့် သတင်းအကြောင်းအရာမဟုတ်ဘဲ လူအများစိတ်ဝင်စားမှု မြင့်တတ်စေသော မမှန်မကန်သည့်အချက်အလက်များဖြင့် လိုရာဆွဲသတင်းခေါင်းစဉ်တပ်၍ ဖြန့်ဝေကြသည်။

အချို့သတင်းခေါင်းစဉ်များမှာ ပြည့်စုံအောင်ရေးသားခြင်းမဟုတ်ဘဲ ၎င်းတို့၏ ချန်နယ်ကိုဝင်ရောက်ကြည့် ရှုလာစေရန် အရေးကြီးအသွင်ဖန်တီး၍ “အရေးပေါ်မိန့်ခွန်း၊ မဖြစ်မနေကြည့်ပေးပါ၊ မျှော်လင့်ချက်မဲ့ပြီ၊ သွက်သွက်ခါပြီ၊ ဗြောင်ငြင်းပြီ” စသဖြင့် ရေးသားတင်ဆက်ကြသည်။

အချို့ချန်နယ်များ၏ ချန်နယ်အကြောင်းတွင် ပြည်သူ့ဝန်ထမ်း CDM များကိုလှူဒါန်းမည်ဟု ရေးသားထားသော်လည်း မည်သည့်နေရာ၊ အရေအတွက်နှင့် အခြားလှူဒါန်းသည့် သတင်းအနည်းငယ်မျှ မသိရချေ။

အခြားပုံစံတစ်ခုမှာ Facebook တွင်အမည်ကျော်ကြားပြီး လွှမ်းမိုးမှုရှိသော လူပုဂ္ဂိုလ်အမည်များ၏ တိုက်ရိုက် ထုတ်လွင့်မှုများကို ပြန်လည်ဖော်ပြကြခြင်းဖြစ်သည်။ ထိုသို့ ဖော်ပြရာတွင်လည်း မူရင်းထုတ်လွှင့်သူ၏အာဘော်ထက် ၎င်းတို့၏ Youtube ချန်နယ်ကို ဝင်ရောက် ကြည့်ရှုလာစေရန် လိုရာဆွဲပြီးရေးသားထားသည့် သတင်းခေါင်းစဉ်များဖြင့် တင်ဆက်ကြခြင်းဖြစ်သည်။

မဇ္ဈိမမှလေ့လာချက်များအရ အချို့သော Youtube Channel များမှာ သတင်းစောင့်ဖတ်သူ(subscribers) သိန်းဂဏန်းအထိရှိနေပြီး အချို့သတင်းများသည် ကြည့်ရှုသူ သုံးသိန်းကျော်အထိရှိနေသည်ကို တွေ့ရသည်။ အဆိုပါ Youtube Channel များတွင် သတင်းမှန်တင်ဆက်မှုရှိသလို ပရိသတ်အထင်အမြင်လွဲမှားသွားစေနိုင်သော သတင်းခေါင်းစဉ်များဖြင့်လည်း တင်ပြနေသည်ကိုတွေ့ရှိရသည်။

#Misinformation_Buster
#Youtube_Video
#သတင်းမှား
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
👍7😁1
သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ် (Misinformation Busters)
==========================

သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ် (Misinformation Busters)မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့..............
- ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြစ်တင်ရှုံ့ချကြောင်း သတင်းမှား၊

- KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ တိုက်ပွဲတွင်ကျဆုံးသည်ဆိုသော သတင်းမှား၊

- စစ်ကောင်စီတပ် ရှို့တဲ့မီးကို PDF မှ မီးရှို့တယ်လို့ တပ်ထောက်ခံသူတွေ သတင်းမှားဖြန့်၊

- ဖေ့စ်ဘုတ်ပေါ်ပြန်ရောက်လာသည့် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများ ပိတ်ပင်ပေးရန် Justice For Myanmar တောင်းဆို၊

- Youtube တွင် အခြေကျလာသည့် သတင်းတု၊ သတင်းမှားများ စတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

(2) သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ် (Misinformation Busters) - YouTube

#Misinformation_Buster
#MizzimaTV
#Youtube
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍3😁2
ကင်မရာရှေ့မှာ “မင်္ဂလာပါ”၊ အပြင်မှာ ငွေညှစ်နေတဲ့ စစ်အုပ်စုရဲ့ဝါဒဖြန့်မှု

လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တနင်္သာရီတိုင်းအတွင်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်အုပ်စု ရဲနဲ့ စစ်သားတွေက ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို “မင်္ဂလာပါ” လို့ ဆိုပြီး ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်တခု ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒါဟာ သရုပ်ဆောင် ဝါဒဖြန့်မှုသက်သက်သာဖြစ်ပြီး…
The post ကင်မရာရှေ့မှာ “မင်္ဂလာပါ”၊ အပြင်မှာ ငွေညှစ်နေတဲ့ စစ်အုပ်စုရဲ့ဝါဒဖြန့်မှု appeared first on BUR.MIZZIMA.COM.

မူရင်း: Mizzima News (Burmese)

#တီဗွီ #ရုပ်သံသတင်းတို #MilitaryCheckpoint #mizzimatv #PropagandaExposed #TanintharyiNews #YouTube #နောက်ဆုံးရသတင်းများ
🤬5