Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ညနေစောင်း(နေဝင်ရီတရော) အချိန်တွင်တီးသည့် သံပုံးတီးသံသည် ပြည်သူများနှင့် မြန်မာပြည်ကို ဒုက္ခပေးနေ သော မကောင်းဆိုးဝါး၊ မိစ္ဆာများကိုနှင်ထုတ်ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဧပြီလ ၁၇ ရက်နေ့ ညတွင် တနိုင်ငံလုံး မီးပိတ်သပိတ်(Blackout Strike)ကို ဆင်နွှဲကာ ကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကိုကန့်ကွက် ရှုတ်ချဆန့်ကျင်ကြောင်း ပြသရန်လိုအပ်သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY မှ တိုက်တွန်းထားသည်။
ထို့အတူ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ စသည့် တော်လှန်ရေးအင်အားစုများမှ Blackout strike: မီးပိတ်တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုံ့ပြန်မှုကို နှစ်ဆန်း တစ်ရက်နေ့တွင် ပြုလုပ်နိုင်ရန် ယနေ့ ဧပြီ ၁၆ ရက်နေ့တွင် စတင်ကာ နှိုးဆော်မှုများပြုလုပ်နေပြီ ဖြစ်သည်။
“သင်္ကြန်မတိုင်ခင်လေးကမှ ပဇီးကြီးကျေးရွာမှာ အပြစ်မဲ့အရပ်သားပြည်သူ အယောက် ၁၇၀ ကျော် သေဆုံးခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။
ကျွန်တော်တို့အနေနဲ့ သူတို့အတွက် ဘာမှလုပ်ပေးနိုင်တာမရှိပါဘူး။ ဒါပေမဲ့ ဘာသာ ရေးယုံကြည်မှုအရတော့ ကျွန်တော်တို့အနေနဲ့ ဆုတောင်းပေးလို့ရပါတယ်။ ဝမ်းနည်းစရာကိစ္စတွေနဲ့ ရက်ရက်စက် စက်အသတ်ခံရတဲ့ ကိစ္စတွေကတော့ နိုင်ငံတွင်းမှာ နေတိုင်းဖြစ်နေတာပါပဲ။ ဒီလိုကိစ္စတွေ မြန်မြန်အဆုံးသတ်ဖို့ အကြမ်းဖက်စစ်တပ်ဆီကို ဝင်နေတဲ့ဝင်ငွေတွေကိုဖြတ်တောက်နေတဲ့ သွေးစွန်းငွေဖြတ်တောက်နိုင်ဖို့လည်း တော် တော်လေးအရေးကြီးပါတယ်” ဟု သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့သားတစ်ဦးက မဇ္ဈိမကို ပြောကြား သည်။
ကန့်ဘလူ့မြို့နယ် ပဇီကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကိုဖော်ပြခြင်းအနေဖြင့် နေအိမ်တွင်ဖြစ်စေ၊ မိမိရောက်နေသော နေရာ /အရပ်တွင်ဖြစ်စေ ည ၈ နာရီမှ ၈ နာရီ ၅ မိနစ်အထိ ငါးမိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ကြရန်ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဇီကြီးကျေးရွာ
#မီးပိတ်သပိတ်
#Blackout_Strike
#နှစ်ဆန်းတစ်ရက်နေ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😢2🔥1🤮1