နှစ်သစ်ကူးမှာ ကားတွေကိုမီးရှို့တာ ဆန္ဒပြပွဲကြောင့်မဟုတ်၊ ပြင်သစ်နိုင်ငံက အလေ့အထတစ်ခုပါ
==========================
မဇ္ဈိမ ။ ။ပြင်သစ်နိုင်ငံတွင် နှစ်သစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆန္ဒပြမှုဖြစ်ပွားပြီး ကားများ မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းတစ်ခုပျံ့နှံ့နေသည်။ ယင်းမှာ ဆန္ဒပြပွဲများကြောင့်မဟုတ်ဘဲ အလေ့အထတစ်ခုကြောင့် ဖြစ်သည်။
အလင်္ကာစစ်ချန်နယ်နှင့် "The fighters Media" တို့မှ ဇန်နဝါရီလ ၂ ရက်နေ့တွင် "ပြင်သစ်၊ Happy New Year ည စည်ကားချက် ဆန္ဒပြသူတွေကို အပြည့်အဝထောက်ခံနေတယ် .. ပြင်သစ်တွင် နှစ်သစ်ကူး အကြိုနေ့တွင် ကားအစီးရေ ၆၉၀ မီးရှို့ခံခဲ့ရပြီး အဓိကရုဏ်းများအတွင်း အနည်းဆုံး လူ ၄၉၀ ကို ရဲများက ထိန်းသိမ်းခဲ့သည်"ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာဖြန့်ဝေခဲ့သည်။ ထိုအကြောင်းကို ကြည့်ရှု သူ ၂,၅၀၀ ကျော်ရှိခဲ့သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ ထိုပုံများသည် ပြင်သစ်နိုင်ငံနှစ်သစ်ကူးကာလတွင် ကား များမီးရှို့သည့် အလေ့အထတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် Strasbourg မြို့မှစတင်ခဲ့သည့် နှစ်သစ်ကူးအကြိုနေ့တွင် လူငယ် များမှ ရမ်းကားပြီးကားမီးရှို့သည့်အလေ့အထတစ်ခုဖြစ်ပေါ်လာပြီး ၂၀၁၃ ခုနှစ်တွင် ကားစီးရေ ၁၁၉၃ စီး မီးရှို့ပြီး အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ဒုစရိုက်မှုများနှင့် ကားအာမခံကိစ္စများအတွက်အသုံးချကာ နှစ်သစ်ကူးပွဲတွင် ထိုသို့ကားမီးရှို့ခြင်းများပြု လုပ်လေ့ရှိသည်ဟုလည်း ဆိုသည်။
ထိုအကြောင်းကို ပြင်သစ်နိုင်ငံအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် France24 သတင်းဝက်ဘ်ဆိုဒ်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က တင်ဆက်ထားသည်။ လင့် - t.ly/mGFd
El Etos UT ဆိုသည့် Youtube ချန်နယ်တွင် နှစ်သစ်ကူးနေ့ညက ကားအစီးအရေ ၆၉၀ မီးရှို့ခံခဲ့ရပြီး လူပေါင်း ၄၉၀ အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ဖော်ပြထားသည်။ ဆန္ဒပြပွဲများ ကြောင့်ဟု မပါဝင်ချေ။
လင့်- https://youtu.be/wLJy6EBCGYo
ထို့ကြောင့် ပြင်သစ်နိုင်ငံတွင် နှစ်သစ်ကူးကာလ ကားမီးရှို့ခြင်းမှာ နှစ်သစ်ကူးပွဲတွင် လူငယ်များပြုလုပ်ကြ သည့် အလေ့အထ တစ်ခုသာဖြစ်ပြီး ဆန္ဒပြပွဲ အဓိကရုဏ်းများကြောင့် မဟုတ်ချေ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#French
#Car-torching

👍8🔥2👎1
https://www.youtube.com/watch?v=AQpuMwtbQsQ
#Liverpool #football star #DiogoJota dies in #car crash in Spain

YouTube
#Liverpool #football star #DiogoJota dies in #car crash in Spain
Liverpool forward Diogo Jota and his brother died in a car crash in Spain, sparking widespread grief just after the Portugal star had got married.-----------...
😢5❤2👍1👏1
👍3
👍5