တမူး-PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
***************************
စစ်ကိုင်းတိုင်း၊ တမူးမြို့အထွက်အနီးတွင် စစ်ကောင်စီတပ်နှင့် တမူး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တို့ ယနေ့ မေလ ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၉ နာရီခန့်တွင် တမူးမြို့အထွက် သုံးမိုင်ခန့်၌ စစ်ကောင်စီတပ်နှင့် တမူး-PDF တပ်ရင်း (၄)၊ ကျောင်းသားတပ်ဖွဲ့ (BSO)၊ Freedom Rangers – TAMU နှင့် တမူး (ပ.ကဖ) မဟာမိတ် ပူးပေါင်းတပ်တို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“တမူးမြို့အထွက် သုံးမိုင်လောက်မှာ ကင်းပုန်းလာချတာကို တမူး-PDF တပ်ရင်း(၄) ဦးဆောင်ပြီး မဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု တမူး-PDF တပ်ရင်း (၄) ပြောခွင့်ရသူက ဆိုသည်။
တိုက်ပွဲ ဖြစ်ပြီးနောက် တမူး-PDF တပ်ရင်း (၄) စခန်းကုန်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး မျိုးစုံဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၄) စခန်းအနီးဝန်းကျင်တွင် စခန်းချတပ်စွဲထားကြောင်း တမူး-PDF ပြောခွင့်ရသူက ဆိုသည်။
တမူး-PDF တပ်ရင်း(၄)သည် တမူးမြို့နှင့် အနီးစပ်ဆုံးနေရာတွင်တည်ရှိနေကာ စစ်ကောင်စီဘက်မှ လည်း တပ်ရင်း (၄) ၏ စခန်းကုန်းနေရာကို သိရှိကြောင်း ပြောသည်။
“ ခါတိုင်းဆို ပစ်ပြီးတာနဲ့ သူတို့ ပြန်ဆုတ်တယ်။ အခုဟာက စခန်းကို နယ်ချဲ့လာပြီး တက်လာတဲ့ပုံစံ သက်ရောက်လာပြီပေါ့နော်။ စခန်းဘက်ကို ဒီကောင်တွေ စခန်းသိမ်းဖို့ချီတက်လာတဲ့ အနေအထားမှာ ကျွန်တော်တို့ လမ်းခုလတ်ကနေပြီး ဟန့်တားထားတာပေါ့ ” ဟု PDF တပ်ရင်း (၄) ပြောခွင့်ရသူက ဆိုသည်။
စစ်ကောင်စီတပ်သည် အာရှလမ်းမကြီးတလျှောက် တမူးမြို့အဝင်ဆိုင်းဘုတ်အနီးမှစ၍ လေးမိုင်အတွင်း တပ်စွဲထားကြောင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပြီး စစ်ကောင်စီဘက်မှ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲ လာပါက ရင်ဆိုင်ခုခံရန် အသင့်ရှိကြောင်း တမူး PDF မှပြောသည်။
တမူး-PDF တပ်ရင်း (၄) စခန်း စွန့်ခွာရပါက အဆိုပါဒေသတစ်ဝိုက်ကို လက်လွှတ်ရမည်ဖြစ်၍ လက်နက်၊ ကျည်ဆံ လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်း ပေးကြရန်လည်း မေတ္တာရပ်ခံ ထားသည်။
#Mizzima
#တမူးမြို့
#တမူး-PDF
#ကျောင်းသားတပ်ဖွဲ့-(BSO)
#FreeDom Rangers-TAMU

👍24👏3❤1🥰1😁1
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
=================
ကိုခင်မောင်
(မဇ္စျိမ)။ ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သည့် Freedom Tattoo Campaignကို ဒီဇင်ဘာလ ၃ရက်နေ့တွင် ကျင်းပမည်ဟုHelping Hands for Burma- H2B ထံမှ သိရသည်။
Freedom Tattoo Campaignသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ နှစ်သန်းကျော်အတွက် အရေးပေါ်အကူအညီများပေးအပ်နိုင်ရန်နှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး၏အမည်နှင့် နဂါးရုပ်ကို ကိုထိန်လင်းက ၎င်း၏လက်မောင်းတွင်ရေးထိုး၍ ပါဝင်ထားသော ကမ်ပိန်းဖြစ်သည်။
“အမေစုရဲ့သားငယ်ကင်မ်ရဲ့ Freedom Tattoo Campaign အောင်မြင်ရန်အတွက် နယူးယောက်မှ မြန်မာပြည်ဖွား ညီအကိုမောင်နှမအားလုံးကိုတတ်အားသရွေ့ ပူးပေါင်းကူညီပေးကြပါရန် လေးစားစွာဖိတ်ခေါ်ပါရစေ။ ကြိုတင်လှူဒါန်းလိုသူများအနေနဲ့လည်း H2B messenger ကနေဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟု H2Bမှ တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။
နယူးယောက်မြို့တွင် ပြုလုပ်မည့် အဆိုပါကမ်ပိန်းအခမ်းအနားတွင် ယာယီတက်တူးစတစ်ကာများအား H2B အဖွဲ့မှ ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကမ်ပိန်းပွဲနေ့တွင် ငွေ လှူဒါန်းသူများအားလုံးကို ကိုထိန်လင်းလက်မှတ်ပါရှိသော ဒီဂျစ်တယ်ဂုဏ်ပြုလွှာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Helping Hands For Burma - H2B အဖွဲ့သည် နွေဦးတော်လှန်ရေးအတွက် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများနှင့် စစ်ဘေးဒုက္ခသည်များအားထောက်ပံ့နိုင်ရန်အတွက် အလှူငွေရှာဖွေပေးနေသော အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့အခြေစိုက်ထောက်ပို့အဖွဲ့အစည်းဖြစ်သည်။
Freedom Tattoo Campaignပွဲအား နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပခဲ့စဉ် ထိုင်းအာဏာပိုင်များ၏ တားမြစ်ခြင်းခံခဲ့ရသည်။
စာတည်း - အေးချမ်း
#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ကိုထိန်လင်း
#Freedom Tattoo Campaign
#နယူးယောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11❤5😁3🤮1
https://www.youtube.com/watch?v=SLtTuX-3aBE
Julian #Assange says he 'pleaded guilty to #journalism' to gain #freedom

YouTube

Wikileaks founder Julian Assange has said he was released after years of incarceration only because he pleaded guilty to doing "journalism". Speaking at the Council of Europe rights body in his first public comments since his release, he also warned that…
#Venezuela-hired #lawyers ask #Salvadoran court for #migrants' #freedom
https://eng.mizzima.com/2025/03/25/20417

👍6