ဖေ့စ်ဘုတ်တွင် @highlights ဟု မှတ်ချက်ရေးရုံဖြင့် မိမိကိုခြေရာခံသူများအား မသိနိုင်ပါ
==============
ZZ
(မဇ္ဈိမ) ။ ။ဖေ့စ်ဘုတ်တွင် “@highlights” ဟု မှတ်ချက်ရေးရုံဖြင့် မိမိအကောင့်အား လာရောက်ကြည့်ရှု သူများကိုမြင်နိုင်မည်ဖြစ်ကြောင်း ရေးသာထားသည့် ပိုစ့်များ ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။
အာရပ်ဘာသာဖြင့်အမည်ပေးထားသော ဖေ့စ်ဘုတ်အကောင့်တစ်ခုက အင်္ဂလိပ်ဘာသာဖြင့် မှတ်ချက် (comment) တွင် "@hightlights" ဟု ရေးသားရုံဖြင့် မိမိအကောင့်အား ဝင်ရောက်ကြည့်ရှုသူများကို မြင် နိုင်မည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လ ၁၄ ရက်နေ့က အစောဆုံးဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်ကူး ယူဖော်ပြပြီး ဖြန့်ဝေမှုများရှိနေသည်။
ဇူလိုင်လ ၅ ရက်နေ့က ဖြန့်ဝေထားသည့် “Post Analysis” အမည်ရှိ ဖေ့စ်ဘုတ်ပေ့ချ်မှ ပိုစ့်တွင်မူ မှတ် ချက်ပေးသူ ၁,၀၀၀,၀၀၀ ကျော်ရှိနေပြီး ဖြန့်ဝေသူ ၂,၀၀၀ ရှိနေသည်။
အလားတူပင် “Sayar MOE - The Author” အမည်ရှိ ဖေ့ဘုတ်ပေ့ချ်မှ ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာ ဘာသာဖြင့် “Comment မှာ @ ရိုက်ထည့်ပြီး အပေါ်ဆုံးက highlight စာသားကိုနှိပ်ပါ။ သင့် profile ကို လာခိုးကြည့်နေသူကိုတွေ့လိမ့်မည်”ဟု ရေးသားဖြန့်ဝေထားသည်။ ယင်းပိုစ့်ကို မှတ်ချက်ပေးသူ ၅၀,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၁၆၇ ခုရှိနေပြီဖြစ်သည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ယင်းပို့စ်အောက်တွင် ၎င်းပြောဆိုထားသည့်အတိုင်း လုပ်ဆောင် ခဲ့သည်။
ရှေးဦးစွာ “@” ဆိုသည့်စာလုံးအားရိုက်ပါက ယင်းပေ့ချ်မှာ ထိပ်ဆုံးကပေါ်လာမည်ဖြစ်ပြီး ထို့နောက်တွင် မိမိနှင့်စကားအများဆုံးပြောထားသည့်(သို့)ထိတွေ့ဆက်ဆံမှု အများဆုံးရှိထားသည့်အကောင့်များ ကျ လာမည်ဖြစ်ပြီး ဤသည်မှာ တစ်ဦးနှင့်တစ်ဦး မှတ်ချက် အပြန်အလှန်ပေးရန်ခေါ်ဆိုခြင်း (mention) နှင့် ဆင်တူသည်။
အဆိုပါပိုစ့်အောက်ရှိ အခြား မှတ်ချက်ပေးမှုများကို လေ့လာခဲ့ရာ အချို့မှာ ထိုစကားလုံးအတိုင်းသာရှိနေ ပြီး အချို့သည် Hightlight အမည်ရှိစာမျက်နှာများသို့ရောက်ရှိသွားခြင်းနှင့် အပြာရောင်ပေါ်သည့် မှတ် ချက်များကိုဝင်ရောက်ကြည့်ရှုလျှင် မိမိ၏ဖေ့စ်ဘုတ်အကောင့်ကို သူငယ်ချင်းအဖြစ် လာရောက်တောင်း ဆိုသူ (friends request) နှင့် မိမိအကောင့်မှ သူငယ်ချင်းဖြစ်နေသူ(friends) များကို တွေ့ရသည်။
ထိုအကြောင်းကို အိန္ဒိယအခြေစိုက်သတင်းဌာနဖြစ်သည့် “India Today” မှ အချက်အလက်စစ်ဆေးထား ပြီး ၎င်းတို့၏ဖော်ပြချက်တွင် “@highlight” သည် “@friends” နှင့် “@everyone” တို့နှင့် အတူတူပင်ဖြစ် ပြီး ထိုသို့ရိုက်ပါက မိမိ၏သူငယ်ချင်းများဆီသို့ အချက်ပေးမည့် (Notifications) သာဖြစ်သည်ဟု ဖော်ပြ ထားသည်။ လင့် - https://bit.ly/47gNO51
ထို့ပြင် ဖေ့စ်ဘုတ်၏မူဝါဒအရ မိမိ၏အကောင့် (profile)ကို မည်သူက လာရောက်ကြည့်ရှုနေသည်ကို ခြေရာခံခွင့် မပြုထားချေ။
ထိုအကြောင်းကို ဖေ့စ်ဘုတ်၏ ကိုယ်ရေးလုံခြုံမှု၊ ဘေးကင်းမှုနှင့် လုံခြုံရေးတွင် “Facebook အနေဖြင့် လူများကို သူတို့၏ပရိုဖိုင်အားကြည့်ရှုနေသူကို ခြေရာခံခွင့် မပြုထားပါ။ ကြားခံပြင်ပအက်ပ်များသည် လည်း ယခုလုပ်ဆောင်ချက်ကို မပံ့ပိုးပေးနိုင်ပါ။ ထိုကဲ့သို့ စွမ်းဆောင်နိုင်ကြောင်းဆိုလာသည့် အက်ပ်များ နှင့်ကြုံတွေ့ခဲ့ပါက ကျေးဇူးပြုပြီး ထိုအက်ပ်ကိုတိုင်ကြားပါ” ဟု ဖော်ပြထားသည်။ လင့် - https://bit.ly/3DoSBDH
ထို့ကြောင့် ဖေ့စ်ဘုတ်တွင် “@highlight”ဟု မှတ်ချက်ပေးရုံဖြင့် မိမိ၏အကောင့်ကို မည်သူက လာရောက် ကြည့်ရှုသည်ကိုတွေ့ရမည်မဟုတ်ဘဲ ဖေ့စ်ဘုတ်မှလည်း ခြေရာခံခွင့်မပြုထားကြောင်း ဖော်ပြလိုက်ရပါ သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#highlights
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍40😁6
Media is too big
VIEW IN TELEGRAM
ဖေ့စ်ဘုတ်တွင် @highlights ဟု မှတ်ချက်ရေးရုံဖြင့် မိမိကိုခြေရာခံသူများအား မသိနိုင်ပါ
သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3OyCTfl
#Misinformation_Buster #Fake_News #Shorts #reels
#highlights #facebook #profile

❤11😁2👍1