Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ တော်လှန်ရေးလှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍10🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ - နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
❤11👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်၂၂- နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေးလှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍11🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်၂၂-နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍5🔥3😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၂-နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍12🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၃ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေး လှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial #sagaing #mandalay #peopledefenceforce #pdf #NUG #whathappeninginmyanmar
👍14🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၄ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု
အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၄ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေး လှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍8🔥1😁1
​​စဥ့်ကူးတွင် ကျေးရွာအုပ်ကြီး အပါအ၀င် ၃ ဦး ပစ်သတ်ရ
=================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအုပ်စု လက်ပံလှကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးရုံရောက်နေကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်က ၎င်းတို့သုံးဦး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသော အမျိုးသားသုံးဦးက သေနတ်အရှည်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။

" လက်ပံလှအုပ်ကြီးရယ်၊ ရာအိမ်မှူးရယ်၊ နောက်တစ်ယောက်က မီးသတ်သမားရယ်။ အားလုံးပေါင်းသုံးယောက်။ လက်ပံလှရုံး (လက်ပံလှကျေးရွာအုပ်ချုပ်ရေးမှူးရုံး)ထဲမှာ အတူရှိနေတုန်းသေနတ်သမားတွေက ရုံးထဲအထိ၀င်ဆွဲသွားတာ သုံးယောက်စလုံးအခု ဆေးရုံမှာ။ အခု နေ့လယ်ပိုင်းကြားသတင်းအရ မသေမရှင်ဖြစ်နေတယ်လို့သိရတယ် ဟု စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက် ၇၀ အရွယ် လက်ပံလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေတွင် ယာဘက်ပုခုံးကျည်ဆန်ဒဏ်ရာတချက်၊ အသက် ၅၁ နှစ်အရွယ် ရာအိမ်မှူး ဦးမြင့်မော်တွင် ယာဘက် ခါးကျည်ဆန်ဖောက်၀င်ဒဏ်ရာ တချက်၊ အသက် ၅၈ နှစ်အရွယ် မြို့နယ်အရန် မီးသတ်တပ်ဖွဲ့၀င် ဦးမြင့်ရွှေ တွင် ယာဘက်ခါးကျည်ဆန်ဖောက်၀င် ဒဏ်ရာတချက် အသီးသီးရရှိခဲ့ကြောင်း၊ ၎င်းတို့အား စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင် ကုသမှုပေးထားကြောင်း ယနေ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းအချိန်အထိ စိုးရိမ်ရသည့်အခြေအနေတွင်ရှိ နေသေးကြောင်း သိရသည်။
ပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်းကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

စဥ့်ကူးမြို့နယ်တွင် စက်တင်ဘာလ ၇ ရက်နေ့က ညောင်ပင်၀န်းကျေးရွာမှ စစ်တပ်သတင်းပေး ဒလန်ဆိုသူ ဦး၀င်းစိုး( အသက် ၄၄ နှစ်)ဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသေးသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း မည်သည့်အဖွဲဲ့အစည်းကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzma
#စဥ့်ကူးမြို့နယ်
#ပစ်ခတ်

ပုံစာ - စဥ့်ကူး လက်ပံလှရွာအဝင်ဖြစ်ပါသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏2🔥1😢1