ပုလဲ အင်မထီးပျူရွာအနီး တိုက်မိုင်းမိ၍ စစ်သား ၁ ဦးနှင့်ပျူ ၂ ဦးသေဆုံး
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ကင်းလှည့်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိပြီး စစ်သားတဦးနှင့်ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်-၇ ၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း-၁ နှင့် Royal Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ပျူစောထီးနှစ်ဦးနှင့် စစ်သား တဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Eagle PDFကဆိုသည်။
“ စစ်သားနဲ့ပျူတွေ မကြာခဏ ထွက်လေ့ ရှိတာကို သတင်းကြားတဲ့အတွက် တိုက်မိုင်းတွေ ထောင်ထားတာ ဖြစ်ပါတယ်။ အတွင်းသတင်းအရ တိုက်မိုင်း တလုံးကွဲတယ်။ ပျူ နှစ်ဦးနဲ့စစ်သားတဦး သေဆုံးတယ်။ စစ်သားခြောက် ဦးဒဏ်ရာ ရရှိခဲ့တယ်” ဟု Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်မထီးကျေးရွာ အနီးတဝိုက်တွင် ဘန်ကာများအခိုင်အမာ တည်ဆောက်၍ ခံတပ်ကဲ့သို့ ပြင်ဆင်ထားကာ အချိန်ပြည့် ကင်းပတ်နေကြောင်း သိရသည်။ အင်မထီးကျေးရွာသည် စစ်ကောင်စီခြေကုပ်ယူထားသည့် ကျေးရွာဖြစ်ပြီး ပျူစောထီးရွာအဖြစ် နာမည်ကြီးသည်။
စာတည်း - မောင်ကြီး
#ပုလဲမြို့နယ်
#အင်မထီးကျေးရွာ
#တိုက်မိုင်း
#Royal Eagle PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14👏2😁1🥴1
နယ်မြေစိုးမိုးမှုရထားသည့် ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစု ရှောင်တခင် စစ်ဆေး
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၏ ၇၀ ရာနှုန်းခန့်အား တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၏ တပ်ရင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုရရှိထားပြီး ရှောင်တခင်် စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacok Column) ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
စစ်ကောင်စီတပ်သားများသည် အဆိုပါလမ်းပိုင်းနယ်မြေတွင် စစ်ယာဉ်တန်း၊ စစ်ဝတ်စုံဖြင့် အသွားအလာမလုပ်ရဲကြတော့ဘဲ အိမ်စီးကားများဖြင့် အရပ်သားအသွင်ယူကာ တပ်ရွှေ့ပြောင်းခြင်း ၊ လက်နက်ခဲယမ်းသယ်ယူခြင်းများ ပြုလုပ်နေ၍ ရှောင်တခင်စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။
" တစ်ရွာပြီး တစ်ရွာပေါ့နော် ကျွန်တော်တို့တိုးတယ် သူတို့ဆုတ်တယ်။ သူတို့ပြန်တိုးလာတယ် အဲ့လိုပုံစံမျိုးရှိတယ်။ ကျွန်တော်တို့က အဲ့ဒီလမ်းပိုင်းရဲ့ဆက်စပ်နယ်မြေကျေးရွာတွေပေါ့နော် ဘယ်နယ်မြေ ဘယ်ကျေးရွာတော့ အသေးစိတ်ပြောမရဘူး။ ဒီလမ်းပိုင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ အချိန်မရွေးထိန်းချုပ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု Royal Peacok Column ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမကို ပြောသည်။
စစ်ဆေးနေသည့် ပုံရိပ်များကိုလည်း ယမန်နေ့ ဩဂုတ်လ ၁၀ ရက်တွင် Royal Peacok Column ၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ ထိုလမ်းပိုင်းတွင် ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်သော Royal Peacock Column ၊ Spring Warriors Columnနှင့် တပ်ရင်း (၃၇၀၂) တို့က စစ်ဆင်ရေးများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
"ကျွန်တော်တို့မရောက်ခင်က ဒီနယ်မြေတွေမှာ စစ်ကောင်စီတပ်က ပစ္စည်းတွေလုယက်၊ သတ်ဖြတ် ဖမ်းဆီးတာတွေလုပ်တယ်။
ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ ပြည်သူတွေက ဝမ်းပန်းတသာကြိုဆိုတယ်။ သူတို့ညဆို စိတ်အေးအေးအိပ်လို့ရပြီဖြစ်တဲ့အကြောင်းတွေပြောတယ် " ဟု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း Royal Peacok Column ၏ တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာများသို့သွားရောက်ကာ နယ်မြေလုံခြုံရေးဆောင်ရွက်၍ ပြည်သူလူထုနှင့်တွေ့ဆုံခဲ့သေးသည်။
ထိုသို့တွေ့ဆုံစဉ်က ပြည်သူများအား ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောပြပြီး တပ်ဖွဲ့နှင့် ပြည်သူများ မိတ်ဆက်ခဲ့ကြသည်ဟု သိရသည်။
ထိုစစ်ကြောင်းသည် ရန်ကုန်−မန္တလေးလမ်းဟောင်း စစ်ဆင်ရေးများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ် မြို့နယ် အတွင်းရှိ ရေတွင်းကုန်ကျေးရွာတွင် ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ညောင်လေးပင်-ရွှေကျင်လမ်းတွင် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရှောင်တခင်စစ်ဆေးနေပုံ (Royal Peacock Coulmn)
#Mizzima
#Royal Peacok Column
#စိုးမိုးနယ်မြေ

👍17❤2😁1
ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
======================
JC
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေကြောင်း ဖြန့်ဝေနေသည်။ ယင်းမှာ မှားယွင်းနေသည်။
“People Media” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် “မင်းကိုနိုင်ရဲ့ အုပ်စုဖြစ်တဲ့ ဒီငြိမ်း လင်းအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ပြည်သူ တွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်” ဟု (မူရင်း အရေး အသားတိုင်း) ဓာတ်ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်) ၁၇ ခုတွင် ထပ်ဆင့်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၆၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ထိုအကြောင်းသည် တစိတ်တပိုင်း မှားယွင်း နေသည့် သတင်းတု ဖြစ်သည်။
သတင်းမှား၌ဖော်ပြထားသည့်ဓာတ်ပုံများသည် ဩဂုတ်လ ၁၁ ရက်နေ့က နယ်ထိန်းရဲတစ်ဦးအား သတင်း အရ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း Royal Peacock Column မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲမှ ဒီငြိမ်းလင်းပါဝင်သည့်နေရာများအား စခရင်ရှော့(Screenshot) ယူ ထားခြင်းဖြစ်သည်။
Royal Peacock Column မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူအား မဇ္ဈိမကထိုအကြောင်းအရာ နှင့်ပတ်သက်၍မေးမြန်းရာ ဖမ်းဆီးရမိသည့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်အား သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ထိန်းသိမ်းထားကြောင်း ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းများဖြစ် သော Royal Peacock Column၊ Spring Warriors Column ၊ ၃၇၀၂ တပ်ရင်းများမှ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လမ်းလုံခြုံရေးယူကာ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများမှလည်း စစ်ဆေးမှုတွင် ကြည် ဖြူစွာ ပူးပေါင်းပါဝင်ကြကြောင်း Royal Peacock Column သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။
ထိုလမ်းပိုင်းစစ်ဆေးသည့်အကြောင်းကို သတင်းဌာနများတွင်လည်းဖော်ပြထားကြပြီး သတင်းမှားတွင် ဖော်ပြသကဲ့သို့ ပြည်သူများအား သတ်ဖြတ်ခြင်း မရှိပေ။
လင့် - https://fb.watch/mAEm2TzuxW/
ဤအကြောင်းအရာနှင့်ပတ်သက်၍ “ရွှေကျင်ညောင်လေးပင်က နယ်ထိန်းရဲအဖမ်းခံရပြီးနောက် ပြည်သူ တွေကို PDF ခြိမ်းခြောက်လို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်” ဟု သံလွင်တိုင်းမ်သတင်းဌာနက လည်း အချက်အလက်စစ်ဆေးထားသည်။
လင့် - https://shorturl.at/fnrAK
ထို့ကြောင့် ဒီငြိမ်းလင်းဦးဆောင်သည့် PDF တပ်ဖွဲ့က ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၌ လမ်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သော်လည်း ပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်နေသည်ဆိုခြင်းမှာ သတင်းမှား သာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#ဒီငြိမ်းလင်း
#royal_peacock_column

👍9❤2😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
အပြည့်အစုံဖတ်ရန် t.ly/ve13_
#misinformation_buster #Fake_News #Royal_Peacock_Column #reels #shorts

👍10🤮2🥴2
https://www.youtube.com/watch?v=EqXgGu5Iskc
#Trump gets #royal treatment on unprecedented #UK state visit

YouTube
#Trump gets #royal treatment on unprecedented #UK state visit
US President Donald Trump arrived at Windsor Castle for the start of his unprecedented second state visit. Heir-to-the-throne Prince William and his wife Cat...
👍5