Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
The junta’ army smashed the staff housing of Wammathu Hospital in #Mindat, #Chin State, and encamped there.
#Mizzima
#Myanmar
#violence
#crackdown
ချင်းပြည်နယ်၊ မင်းတပ်မြိုနယ် ဝမ္မသူးတိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို ဖျက်ဆီးကာ ထိုအိမ်ရာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလျှက်ရှိသည်။
​​မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ စကားဝိုင်းဆွေးနွေးပွဲ
=====================

FORSEA
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ လေကြောင်းမှ တိုက်ခိုက်မှုများ ကျုးလွန်နေခြင်းသည် အမေရိကန် FBI က သတ်မှတ်သော “ပြည်တွင်းအကြမ်းဖက်မှု” အဓိပ္ပာယ်ဖွင့်ဆိုချက်၌ အတိအကျ အကျုံးဝင်လျက်ရှိသည်။

ပြည်တွင်းအကြမ်းဖက်မှုဆိုသည်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ်ခြင်းများ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဲ့သို့သော ပြည်တွင်း ဩဇာလွှမ်းမိုးမှုများ မရှိအောင် တစ်စုတစ်ဖွဲ့ သို့မဟုတ် အဖွဲ့အစည်းများက ကျုးလွန်သော ရာဇဝတ်မှုလုပ်ရပ်များ ဖြစ်သည်။

မြန်မာပြည်တွင်း၌ အရပ်သားများအပေါ် ပစ်မှတ်ထား အတိအကျ လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်နေသည့် မြန်မာလက်နက်ကိုင်စစ်တပ်နှင့် ပတ်သက်ပြီး ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအထိ FORSEA က တိုက်ရိုက် Live ထုတ်လွှင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲ၌ ပါဝင်မည့်သူများ အနေဖြင့်

− Dato’ Sri Saifuddin bin Abdullah (မလေးရှား လွှတ်တော်အမတ် နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း)

− Padoh Saw Ta Doh Moo (၁၉၄၈ တွင် စတင် တည်ထောင်သော KNU အတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကော်မတီ တည်ထောင်သူ အဖွဲ့ဝင်)

− Neineh Ploh (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ပြောခွင့်ရသူ)

− Salai Van Bawi Mang (ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်)

− Gum San Nsang (ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ) တို့ဖြစ်ကြပြီး
အခမ်းအနားမှူး မောင်ဇာနည် (FORSEA ပူးတွဲတည်ထောင်သူနှင့် ကမ္ဘောဒီးယား (လူမျိုးတုံးသတ်ဖြတ်မှု) မှတ်တမ်းမှတ်ရာစင်တာ အသင်းဝင်) တို့မှ ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။

#FORSEA
#Airstrike
#violence
👍6🤮1