Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နျူကလီးယားစက်ရုံများရှိ ပလူတိုနီယမ်များကို အသုံးပြု၍ အဏုမြူဗုံး ထုတ်လုပ်ရန် အီရန်၏ ကြိုးပမ်းမှုများအပေါ် ပိတ်ပင်တားဆီးရေးအချက်အား အီရန်နှင့် မည်သည့်သဘောတူညီချက်အသစ်တွင်မဆို ထည့်သွင်းပြဋ္ဌာန်းရန် အရေးတကြီး လိုအပ်ကြောင်း နျူကလီးယားလက်နက်ဆိုင်ရာ ကျွမ်းကျင်သူများက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကို သတိပေးလျက်ရှိသည်။

အစိုးရနှင့် နျူကလီးယားလက်နက် ပြန့်ပွားမှုထိန်းချုပ်ရေး ကျွမ်းကျင်သူများသည် နျူကလီးယားဗုံး ထုတ်လုပ်ရာတွင် ယူရေနီယမ်ကို အဓိကအသုံးပြုနိုင်သည့် အီရန်၏ စက်ရုံများအပေါ်၌သာ အဓိကအာရုံစိုက်နေခဲ့ကြသည်။

တီဟီရန်အနေဖြင့် အဆိုပါ ဂရုမမူမိသည့် အားနည်းချက်ကို အခွင့်ကောင်းယူကာ ပလူတိုနီယမ်အခြေပြု နျူကလီးယားလက်နက်ကို တိတ်တဆိတ် ထုတ်လုပ်သွားနိုင်ခြေ ရှိနိုင်သည်။
👍4🔥3
ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်အတွင်းရှိ နေရာအသီးသီးမှတဆင့် မြန်မာ့ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်မိသဖြင့် အာရက္ခတပ်တော် (AA) ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော ရိုဟင်ဂျာတဦး အပါအဝင် ငါးဖမ်းသမား ၁၄ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံ AA က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာသူ ၁၄ ဦးအနက် ၁၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန်တဦးမှာ ရိုဟင်ဂျာတဦးဖြစ်ကြောင်း တက္ကနပ်ဖ် အခြေစိုက် အမှတ် (၂) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟာနီဖာ ရာမန် ဘူယန်က အတည်ပြုပြောကြားသည်။
👍6❤2😁2
မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။

လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ရက်) မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ ဆက်လက်ပေးပို့နေရဆဲဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။
🤬5👍3❤2😁2
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ၂၀၂၃ ခုနှစ်က တိုင်ကြားထားသော ရာဇဝတ်မှုတိုင်ကြားချက်ကို ရှေ့ဆက်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ထိခိုက်နစ်နာသူများက ဖိလစ်ပိုင်အာဏာပိုင်များကို တိုက်တွန်းလျက် ရှိသည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တရားစွဲဆိုရန် ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာန (DOJ) တွင် တင်ပြထားသော်လည်း ယခုအချိန်အထိ ဆိုင်းငံ့ကြန့်ကြာနေဆဲ ဖြစ်သည့်အတွက် ယင်းအမှုကို ရှေ့ဆက်ဆောင်ရွက်စေရန် မြန်မာရှိ အသက်ရှင်ကျန်ရစ်သူများက ဖိလစ်ပိုင်ကို တိုက်တွန်းနေခြင်း ဖြစ်သည်။
👍13😁2