Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဗီယက်နမ် သမ္မတသစ်ကို ကွန်မြူနစ်ပါတီ အမည်စာရင်း တင်သွင်း 
======================

ဗီယက်နမ် ကွန်မြူနစ်ပါတီသည် တိုင်းပြည်၏ သမ္မတသစ်အဖြစ် ဗို ဗန် သူအောင်းကို အမည်စာရင်း တင်သွင်းထားကြောင်း ပါတီသတင်းရင်းမြစ်နှစ်ရပ်က ရိုက်တာသို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ယင်းမာပင်မြို့ကုန်းရွာကျေးရွာကိုစစ်ကောင်စီတပ်မီးရှို့၊လေကြောင်းပစ်ကူပေးနေလို့ ရွာခံထောင်ချီပြေးနေရ
====================

KMN

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာနဲ့အနီးအနားကျေးရွာတွေကို ဖေဖော်ဝါရီ ၂၈ ရက်မနေ့ညကစပြီး ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စစ်ကြောင်းက မီးပတ်ရှို့နေတဲ့အပြင် Mi-35 ရဟတ်ယာဉ်နဲ့ပါပစ်ခတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ကုန်းရွာကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီ၂၈ရက် ညနေ ၆နာရီခွဲ အချိန်က စတင်ပြီး ကျေးရွာအတွင်းကို သေနတ်‌တွေနဲ့ရမ်းသန်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ည ၇နာရီ ၄၀မိနစ် အချိန့်ခန့်ကစတင်ကာ ကုန်းရွာကျေးရွာကို မီးတင်ရှို့ခဲ့တာပါ။

အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ကုန်းရွာကျေးရွာကို ဒီကနေ့ နံနက် ၈နာရီ ၄၀မိနစ်အချိန်ကနေ စပြီး ထပ်မံမီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ်ပြေးနေရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ကြောင်းကို ဒီမနက်ပိုင်းမှာ ဒေသခံ မဟာမိတ်တပ်တွေက ကုန်းရွာ ဘုရားကုန်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရဲ့စစ်ကြောင်းထိုးရမ်းသန်းပစ်ခတ်မှုနဲ့မီးရှို့မှုကြောင့် ကုန်းရွာ၊ ရုံးလေးပင်၊ ပေါက်ပန်းဖြူ၊ ဇီးတောတောင်-မြောက် စတဲ့ရွာ ၁၀ ရွာက ရွာခံ ၉,၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။

https://youtu.be/IIsCHulB0Dc

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
#mizzima
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏1😢1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၁ ရက်၊ ၂၀၂၃
===================

နာတာရှည်ရောဂါသည်တွေနဲ့ မသန်စွမ်းသူတွေ လျှောက်တဲ့ ဖက်ရှင်ရှိုးအကြောင်းနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံသမ္မတရဲ့ ဖက်ရှင် ရေပန်းစားလာကြောင်း ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/0MUg6TiTnsQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1💩1
မသန်စွမ်းသူများရဲ့ ဖက်ရှင်ရှိုး
==============

နာတာရှည်ရောဂါရှိသူတွေနဲ့ မသန်စွမ်းသူတွေ ပါဝင်ခဲ့တဲ့ မော်ဒယ်ရှိုးတခုကို လန်ဒန်ဖက်ရှင်သီတင်းပတ်မှာ ကျင်းပခဲ့ပါတယ်။ မတူညီတဲ့ ခန္တာကိုယ်မျိုးစုံအတွက် အဆင်ပြေစေမယ့် အဝတ်အစားတွေကို ဒီဇိုင်းဖန်တီးထားတာပါ။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

https://youtu.be/9ICwtYBseu4

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3💩1
မတ်လ 1 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာမှုကြောင့် စစ်ကောင်စီအတွက် သဘာဝဓာတ်ငွေ့မှ ရသည့် ဝင်ငွေ လျော့ကျဖွယ် ရှိ
==================

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီများ တစ်ခုပြီး တစ်ခု ပြန်လည်ရုပ်သိမ်းထွက်ခွာမှုကြောင့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဖြစ်နိုင်ဖွယ်ရာ ဝင်ငွေ လျော့ပါးမှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ နိုင်ငံခြားဝင်ငွေ အဓိကရင်းမြစ်အပေါ် အကျပ်ဆိုက်စေလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🥴2🥱1
မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၄၂) မျက်နှာဖုံးအောက်မှ
===================

''အေး .... ငါသာ သစ္စာမရှိခဲ့ရင် မင်းတို့တွေ ခေါင်းပြုတ်ခဲ့တာ ကြာပြီတဲ့'' ဆိုပြီး

မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/-QmCb2Vym1Y

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁1🤮1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_15 seg_3 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)

Watch more detail - https://youtu.be/8FNUleTOhjc

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👎1🤮1
မုံရွာနှင့် မြင်းခြံထောင်အတွင်း အခြေအနေ
================

မုံရွာနှင့် မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက မည်သို့မည်ပုံဆိုးရွားစွာပြုမူကြသည်ကို ပြန်လည်လွတ်မြောက်လာသော မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုရှင်းသန့်က မဇ္ဈိမနှင့် သီးခြားအင်တာဗျူးတွင် ထဲ့သွင်းပြောကြားထားသည်။

https://youtu.be/1kWs2xHI5yc

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1
ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ
==================

နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာပါ။

ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၃၀ လောက်မှာ ဘာကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေရတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

https://youtu.be/1JtGhRmFlnI

#ပင်လုံသစ္စာ
#federal
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
မတ်လ ၁ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္ဈိမပင်မသတင်းအစီအစဉ်
=======================

-ဥရောပသမဂ္ဂ မှ မြန်မာပြည်အတွင်းရှိ SMEလုပ်ငန်းတွေကို ဆက်လက်ကူညီပံ့ပိုးပေးမယ်ဆိုတဲ့သတင်း

-တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို NUG ကသာ အာမခံချက်ပေးနိုင်မယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောတဲ့ သတင်း

-ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာကို စစ်ကောင်စီမီးရိူ့ပြီး လေကြောင်းပစ်ကူပါပေးနေလို့ ရွာခံထောင်ချီပြေးနေရတဲ့ သတင်း

- ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်ကတစ်ဆင့် ဒေါ်လာ ၁၀ သန်းကျော် လွှဲပြောင်းရယူလျက်ရှိတဲ့ သတင်း

-ထားဝယ်ခရိုင်မှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၄)ကြိမ်မှာ စစ်ကောင်စီဘက်က(၄၀)ကျော် သေဆုံးတဲ့ သတင်း

-ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၂ ရုံပိတ်သိမ်းလို့ အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်တဲ့

သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://www.youtube.com/live/sqhZOMj6wFM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁1🤮1
​​ဒူးရင်းဆိပ်တံတား လုံခြုံရေးတပ်ဖွဲ့နှင့် ခလရ (၂၄) တို့အား KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်
=====================

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု ဒူးရင်းဆိပ်တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော နေရာနှင့် သထုံအခြေစိုက် ခလရ (၂၄)တို့အား ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း(Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်း သိရ သည်။

နှစ်နေရာလုံးအား KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော ဘန်ကာအနီးသို့ ကျရောက်ခဲ့ကာ အထိခိုက်၊ အကျအဆုံးအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

“တိုက်ခိုက်ခံရတဲ့တံတားက မွန်နဲ့ကရင်ပြည်နယ် ဆက်ထားတဲ့တံတားပါ။ ဒရုန်းနဲ့တိုက်ခိုက်တာဆိုတော့ အထိအခိုက်တော့ အတိအကျမသိရသေးဘူးဗျ။ စစ်ဆင်ရေးပြီးတော့ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ပြန်ပစ်တာရှိတယ်။ ပြီးတော့ တံတားကိုခဏပိတ်ထားတယ်”ဟု သထုံမြို့နယ်မှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဒူးရင်းဆိပ်တံတားသည် မွန်ပြည်နယ် သထုံမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အား ဆက်သွယ်ထား သောတံတားဖြစ်ပြီး တံတားအစွန်းနှစ်ဖက်လုံးတွင် စစ်ကောင်စီတပ်မှဂိတ်ချကာ လုံခြုံရေးယူထားပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရအပြီးတွင် တံတားအား အသွားအလာခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာသို့ပစ်ခတ်ခဲ့ပြီး၊ သထုံအခြေစိုက် ခလရ(၂၄)အတွင်း ဗုံးသီးချတိုက် ခိုက်ခံရမှုကြောင့် တပ်အတွင်းမှ လက်နက်ကြီးများဖြင့် သထုံမြို့နယ်၊ ကျုံမှိန်ရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

“ကျုံမှိန်ကနေ ဒရုန်းလွှတ်ပြီး လာတိုက်တယ်လို့ထင်လို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ အသံတွေဆိုတာ အကျယ်ကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင် KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သထုံမြို့နယ် ဆူးအင်းကျေးရွာရှိ မိုင်တဲ (MYTEL) တာဝါတိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းလည်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#ဒူးရင်းဆိပ်တံတား
#KNLA
#ဒရုန်းဖြင့်တိုက်ခိုက်
👍7👏3🔥1🥱1
မတ်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံနဲ့ မြန်မာနိုင်ငံရေး ပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ်မှာ နှစ်လအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၄၀ နီးပါးကြဲချခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး အိုင်စီစီ နဲ့ပတ်သတ်တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/QkRN1cmmUaA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1💩1
ဖားကန့်၊ မဂေါင်းတောင်ရွာတွင် အရပ်သား ၉ ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ PDFနှင့် KIA တပ်ဖွဲ့ဝင်တချို့ စစ်ဆေးခံနေရဟုဆို
===================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုရှိ မဂေါင်းတောင်ကျေးရွာ၌ဖြစ်ပွားခဲ့သော အရပ်သား ကိုးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟုယူဆရသည့် PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့ စစ်ဆေးခံနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်နီးစပ်သည့် မဇ္ဈိမ၏သတင်းရင်းမြစ်များထံမှ သိရသည်။
မိုးကောင်းမြို့ ပြပြောက်ကျားအဖွဲ့ (UG Black K) အဖွဲ့ဝင်အချို့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၂၀) မှတပ်သားအချို့ အပါအဝင် စုစုပေါင်း (၂၀) ဦးကို KIO/KIA ဌာနချုပ်တွင်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကပြောသည်။

“ ဒီဖြစ်စဥ်မှာ အဓိကကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့။ အခုက ဒလန်ထင်တယ်ဆိုတဲ့ ’ထင်’ တလုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့။ ဒီကာလက ဒလန် လို့ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ် ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခုဒီဘက်က ( KIA စစ်ဌာနချုပ်) လူတွေကို ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။
👍15😁3