Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရုရှားက တရုတ်သို့ ရေနံ တင်ပို့မှု စံချိန်တင် မြင့်တက်
==================

ယူကရိန်းကျူးကျော်မှုစတင်ပြီးနောက်ပိုင်း ရုရှားရေနံစိမ်းနှင့် လောင်စာဆီများ တရုတ်သို့တင်ပို့မှု စံချိန်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ၏ စံချိန်တင်ပမာဏကို ကျော်လွန်သွားခဲ့ကြောင်း အချက်အလက်စုံစမ်းထောက်လှမ်းရေးကုမ္ပဏီ Kpler က ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှစွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားမှ ရေနံတင်သွင်းမှုကို ပိတ်ပင်လိုက်ပြီးနောက် ရုရှားက တရုတ်သို့ စံချိန်တင်ပမာဏ တင်ပို့လာခြင်းဖြစ်သည်။

ဂျီ-၇ ၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့က ရုရှားရေနံစိမ်းကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ (ပေါင် ၄၉ ဒသမ ၅၀) ဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။

တရားနည်းလမ်းမကျသည့်ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနေသည့် ဝင်ငွေများကို ထိန်းချုပ်ရင်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ဈေးကွက်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျများကို ထိန်းချုပ်ရန် ထိုသို့ ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
🔥2❤1
​​အိန္ဒိယ နိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့ 
=======================

အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့နေသည်ဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ရပ်က ပြောပြီး ယင်း အမြောက်များကို သဘောထားကွဲလွဲသူများအား ဖြိုခွင်းရာ၌ စစ်ကောင်စီက အသုံးပြုနိုင်သည်ဟု သတိပေးသည်။ 

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို စစ်ဗိုလ်ချုပ်များက ဖြုတ်ချပြီး တိုတောင်းသည့် ဒီမိုကရေစီ အတွေ့အကြုံ အဆုံးသတ်ကာ ဆန္ဒပြမှုကြီးများ ဖြစ်ပွားပေါ်ပေါက်ပြီးနောက် ဝရုန်းသုန်းကား အခြေအနေ ကျရောက်လျက်ရှိသည်။ 

စစ်တပ်သည် တော်လှန်မှုများကို ဖြိုခွင်းရန် လုံးပမ်းနေရပြီး အတိုက်အခံအုပ်စုများအား လက်နက်ကြီး တရစပ် တိုက်ခိုက်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ဆင်နွှဲနေကြောင်း လူ့အခွင့်အရေးအဖွဲ့များအရ သိရပြီး စစ်ကောင်စီထံ လက်နက်ထောက်ပံ့ခြင်းအား ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းထားသည်။
👍4🤮4👏2❤1🔥1
​​စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ် မြန်မာကို လေယာဉ်ဆီ တင်ပို့မှုများ ဆက်ရှိနေ
=====================

အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသော်လည်း မြန်မာသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုများ ဆက်ရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International )နှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Global Witness )တို့က မတ်လ ၁ ရက်တွင် ပြောသည်။ လေယာဉ်ဆီ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော နောက်ထပ်ကုမ္ပဏီများကို ၎င်းတို့က ထုတ်ဖော်ခဲ့သည်။

“ဥပဒေနဲ့ ဆန့်ကျင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်ထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့ဖွယ် ရှိတဲ့ လေယာဉ်ဆီ ပို့ဆောင်ရောင်းချမှုအသစ်တွေကို မိမိတို့ ခြေရာခံစုံစမ်းထားခဲ့တယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုံမှန်အားဖြင့် ကလေးတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးကြရတယ်။ ဒါပေမယ့် လေယာဉ်တွေဆိုတာ လေယာဉ်ဆီ ရှိမှပဲ ပျံတက်နိုင်တာ ဖြစ်တယ်” ဟု Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသီနှင့် အကြံပေး မွန့်စီ ဖာရားက ပြောသည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်အတိုက်အခံလုပ်သူတွေကို လူမဆန် ရက်ရက်စက်စက် ဖြိုခွင်းဖိနှိပ်ခဲ့သလို အရပ်သားတွေကိုလည်း မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်ထားခဲ့တယ်။ စစ်တပ်ဆီ လေယာဉ်ဆီ ရောက်ရှိအောင် ထောက်ပံ့ရောင်းချပေးတာက အဲဒီလို စစ်ရာဇဝတ်မှုတွေကို ထောက်ကူပံ့ပိုးတာပဲဖြစ်တယ်။ ဆိုတော့ ဒီလို တင်ပို့မှုတွေကို ခုချက်ချင်း ရပ်တန့်ရပါလိမ့်မယ်”
👍8🤬2❤1🔥1
​​ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦး ဖမ်းဆီးခံရ
=====================

YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘားအံ-ကော့ကရိတ် လမ်းမပေါ်ရှိ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သတင်းသုံးခဲ့သော ဝုမုတ္တိသုခဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းဝေယျာဝစ္စတာဝန်ယူထားသော ဒါယကာ နှစ်ဦး၊ ဒါယိကာမ တစ်ဦးတို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

" ဖမ်းခံရတာ ၂၆ ရက်နေ့ကတည်းက၊ ဘုန်းကြီးတွေအရင်ဆုံး ဝင်လာတယ်ပြောတယ်၊ အဲ့ဒါတော့ ကျွန်တော်တို့မတွေ့တော့ သေချာမပြောပြတတ်ဘူး။ ကျွန်တော်တို့ သေချာပြောပြနိုင်တာကတော့ ကျောင်းထဲ ကားတွေဝင်လာပြီး ခဏနေတော့ အဖမ်းခံရတာပဲ။ အခုတော့ ကျောင်းထဲမှာ BGF တွေ ရှိနေတယ်" ဟု ဘားအံ သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၌ ဦးပဉ္စင်းတချို့ ဝိမုတ္တိဘုန်းကြီးကျောင်းအတွင်းသို့ ခေတ္တတည်းခိုရန် ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ကား လေးစီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးပြီး ပြန်သွားချိန်တွင် ကားပေါ်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် တည်းခိုရန်လာသော ဦးပဉ္စင်းများ ကျောင်းထဲတွင် ကျန်ရစ်ခဲ့ကြောင်း၊ တည်းခိုရန်လာသော ဦးပဉ္စင်းများသည် မ.ဘ.သ ( အမျိုးသား၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့) ဘုန်းကြီးများဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဖမ်းခံလိုက်ရသည့်အချိန်မှစ၍ ဖမ်းခံရသည့်အကြောင်းအရင်းအား မသိရသလို ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ အစအနပင် မသိရကြောင်း ထိုဒေသခံကပြောသည်။

ဖမ်းဆီးခံရသော ဆရာတော်​၏ ဘွဲ့နာမည်မှာ ဥူးတိလောက ဖြစ်ပြီး ဝိမတ္တိသုခဝိဟာရကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့သည်မှာ ငါးဝါခန့်ရှိပြီဖြစ်ကာ အဖမ်းဆီးခံ ဒါယကာနှစ်ဦးနှင့် ဒါယိကာမသည်လည်း ဤကျောင်းတွင် ကူညီလုပ်ကိုင်ပေးကြသည်မှာ နှစ်ချီနေပြီဟု သိရသည်။

ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမ သုံးဦးအား ဖမ်းဆီးပြီးချိန်မှစ၍ ဝိမုတ္တိသုခဝိဟာရကျောင်းအတွင်း၌ မ.ဘ.သ ဆရာတော်များ သီတင်းသုံးနေပြီး စစ်ကောင်စီ လက်အောက်ခံ BGF တပ်မှလည်း လုံခြုံရေးအပြည့်ချထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ဘားအံမြို့ရှိ မ.ဘ.သ ဆရာတော်တစ်ပါးဖြစ်သူ စောကြယ်ဖြူဆိုသည့်အကောင့်မှ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက်အတွင်းမှ အပြင်ဘက်မုခ်ဝသို့ မြင်ရသော ဓါတ်ပုံတစ်ပုံအား ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေထားကြောင်း တွေ့ရသည်။
ဝိမုတ္တိသုခဝိဟာရကျောင်းအား ၂၀၁၅ ခုနှစ်တွင် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် စစ်ကောင်စီအာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သဖြင့် စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက လွတ်မြောက်ရာနေရာသို့ တိမ်းရှောင်ခဲ့ရပြီး ဆရာတော်သည် ယခုကာလများတွင် လွတ်မြောက်နယ်မြေမှတစ်ဆင့် တရား၊ဓမ္မ အဆုံးအမများအား မျှဝေလျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဝိမုတ္တိသုခဝိဟာရကျောင်း
#ဘားအံမြို့နယ်
#ဆရာတော်မင်းသုည
#စစ်ကောင်စီတပ်

ဓါတ်ပုံ - စောကြယ်ဖြူအကောင့်မှ မျှဝေထားသော ဝိမုတ္တိသုခဝိဟာရကျောင်းတိုက် မုဒ်ဦးပုံ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12
👍5❤3🔥1👏1🤬1
​​တောင်တရုတ်ပင်လယ်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်များကို ခိုင်မာစေရန် တရုတ်အစိုးရက ရှေးဟောင်းသုတေသနဌာနကို ရည်ရွယ်ဖွဲ့စည်းထား
========================

တရုတ်သည် အငြင်းပွားမှု ပြင်းထန်နေသော ရေပိုင်နက်တွင် တောင်းဆိုချက်များ ခိုင်မာစေရေးအတွက် ကြိုးပမ်းမှုအဖြစ် တောင်တရုတ်ပင်လယ်ဆိုင်ရာ ရေအောက်ရှေးဟောင်းသုတေသနဌာနကို မကြာမီက ထူထောင်ထားသည်။

ကျယ်ပြောလှသော တောင်တရုတ်ပင်လယ်သည် ပင်လယ်ရေကြောင်း ပိုးလမ်းမ၏ အရေးကြီးသော အစိတ် အပိုင်းဖြစ်ကြောင်း တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်တွင် ဖေဖော်ဝါရီလ ၁၈ ရက်ကပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေး ဒါရိုက်တာ လီချင်က ပြောကြားခဲ့သည်။

အဆိုပါဌာနဖွင့်လှစ်လိုက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်သည် ရေအောက်ရှေးဟောင်းပစ္စည်းများ အများဆုံးရှိရာ ရေပြင်ဖြစ်ကြောင်း သိလာစေခဲ့သလို တရုတ်ယဉ်ကျေးမှုအမွေအနှစ်များအတွက် အရေးပါသော နေရာဖြစ်လာကြောင်း လီက ပြောခဲ့သည်ဟု အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန၏ WeChat အကောင့်တွင် ရေးသားထားသည်။
🔥5
မတ်လ ၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:09-အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံနဲ့ မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်း

03:21-အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားခြင်းကို အရေးယူမယ့် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ဖို့ စစ်ကောင်စီပြင်ဆင်တဲ့ သတင်း

04:42-တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောတဲ့ သတင်း

07:13- အမေရိကန်က TikTok ပိတ်ပင်လိုက်မှုအပေါ် တရုတ်ရှုတ်ချတဲ့ သတင်း
အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/rznOuoliLxs

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
​​ကြံခင်းမြို့နယ်တွင် လူမဲ့သပိတ်ပြုလုပ်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့်ရဲများ သေနတ်များပစ်ခတ်ပြီး မြို့အနှံ့ပိတ်ဆို့ရှာဖွေနေ
=====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်၊ မြို့ရှောင်လမ်းအနီးတွင် ယနေ့ မတ်လ ၁ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က လူမဲ့သပိတ်တစ်ခုပြုလုပ်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများ မြို့အနှံ့ပိတ်ဆို့ရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။

ကြံခင်းမြို့နယ်၊ မြို့ရှောင်လမ်း ကပ်လျှက်၌ရှိသည့် ရေကာတာ၏ မြေသားနံရံတွင် "စစ်ခွေးနိဂုံး ၂၀၂၃"စာသားပါ ဘန်နာကပ်ကာ ဆန္ဒထုတ်ဖော်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများခြေရှုပ်နေခြင်းဖြစ်သည်ဟု ဆို သည်။

နံနက် ၉ နာရီခန့် အချိန်မှစတင်ကာ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စုထိပ်ရှိ နေရာ နှစ်နေရာတွင် ပိတ်ဆို့ရှာဖွေခြင်း၊ ပေါက်တောကြီး ကျေးရွာ ၊တလိုင်းကွင်းကျေးရွာနှင့် ပန်းရံစုကျေးရွာများအတွင်း စစ်ဆေးမှုပြုလုပ်ခြင်းများကို စစ်အုပ်စုနှင့် ရဲများက ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"လူမဲ့ သပိတ်လုပ်ထားတယ်ဆိုတာကို သိကတည်းက တစ်မြို့လုံးကို ပတ်နေကြတာ။ လူမဲ့သပိတ်လုပ်ထားတဲ့ ဗီနိုင်းကိုလည်း သေနတ်နဲ့ပစ်ပြီး မြို့ရှောင်လမ်းမှာလည်း သေနတ်တွေ မိုးပေါ်ထောင်ပစ်သေးတယ်"ဟု ပြောသည်။

၎င်းအပြင် မြန်အောင်မြို့မှ ကြံခင်းမြို့နယ်ဘက်သို့ လာသည့်ကားများကိုလည်း ယခင်သွားနေကျ မြို့ရှောင်လမ်းမှမသွားခိုင်းဘဲ၊ စစ်ဆေးမှုများပြုလုပ်ပြီး ကြံခင်းမြို့ထဲမှသွားခိုင်းနေသည်ဟု ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် လူမဲ့သပိတ်ပြုလုပ်ထားသည့် ဘန်နာ(ဗီနိုင်း) အား စစ်ကောင်စီတပ်များနှင့် ရဲများကဖြုတ်သိမ်းသွားပြီဖြစ်ပြီး၊ အရပ်ဝတ် စစ်ကောင်စီတပ်နှင့် ရဲများ ကြံခင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် ရှိနေသေးသည့်အတွက် မတရားဖမ်းဆီးမှုများပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်အချိန်က ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တွင် ပြုလုပ်ထားသည့် လူမဲ့သပိတ်အား ဖြုတ်သိမ်းရန်လာသည့် (စရဖ) တပ်ဖွဲ့ဝင် ကိုကျော်ဇင်ဝင်းဆိုသူ မြို့ရှောင်လမ်း၌ ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ကာ သေဆုံးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကြံခင်းမြို့နယ်
#လူမဲ့သပိတ်
#စစ်ကောင်စီတပ်
#စစ်ဆေး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3❤1🔥1
​​သဘာဝ ဘေးအန္တရာယ်များအတွက် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိ 
====================

ငလျင်၊ ရေကြီးခြင်းနှင့် မုန်တိုင်းများကဲ့သို့သော အဖြစ်များလာသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြပြီး ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တိုက်တွန်းသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3❤1
​​ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၄)ကြိမ်တွင် စစ်ကောင်စီဘက်က(၄၀)ကျော် သေဆုံးဟုဆို
=====================

ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
မဇ္စျိမ။ ။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၄၄ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။

ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့နယ်တို့ပါဝင်သော ထားဝယ်ခရိုင်အတွင်း တိုက်ပွဲအ‌ခြေအ‌နေကို ယနေ့မတ်လ (၁)ရက်နံနက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မဟာမိတ် တော်လှန်ရေးအစုအဖွဲ့များနှင့် စုပေါင်းကာ ထားဝယ်မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင်သုံးကြိမ်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင်တစ်ကြိမ် စုစုပေါင်းတိုက်ပွဲ လေးကြိမ် ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထားယ်-ထီးခီး လမ်းပိုင်းရှိ ပကာရီရဲကင်းကို ဝင်‌ေရာက်ပစ်ခတ်စဥ်က အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီဘက်မှသေဆုံးမှုကို တိတိကျကျ မသိခဲ့ရကြောင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် မဟာမိတ်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို ကွာလီတောင်ထိပ် တိုက်ပွဲတွင်လည်း တပ်ရင်းရဲဘော် တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁) သည် ၎င်းတို့ ဖော်ဆောင်သည့် တိုက်ပွဲများကို ပွဲပြီးပြီးချင်း ဖော်ပြလေ့ မရှိဘဲ ယခုကဲ့သို့ လချုပ် ထုတ်ပြန်လေ့ ရှိကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း (၁) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီ စစ်ဒေသခွဲအောက်တွင် ဖွဲ့စည်းထားသည်။

စာတည်း - မောင်ကြီး

#တနင်္သာရီတိုင်း
#ထားဝယ်ခရိုင်
#ထားဝယ်ခရိုင်တပ်ရင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍5👏2😁2
​​တရုတ်က စစ်အေးခေတ်မှ တိုက်လေယာဉ်များကို ထိုင်ဝမ်ထိုးစစ်အတွက် သုံးနိုင်မည့် အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေ
=======================

တရုတ်သည် ရာနှင့်ချီသော စစ်အေးခေတ်သုံး တိုက်လေယာဉ်ဟောင်းများကို ထိုင်ဝမ်အား အကြီးအကျယ် ထိုးစစ်ဆင်ရာတွင် သုံးနိုင်သော အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။
တရုတ်၏ နောက်ဆုံးထုတ် Chengdu J-7 တိုက်လေယာဉ်များကို ယခုနှစ်တွင် အသုံးပြုမှု ရပ်ဆိုင်းနိုင်ပြီး အချို့မှာ ဒရုန်းများဖြစ်လာနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါလက်နက်များသည် ကုန်ကျစရိတ်သက်သာပြီး စွမ်းဆောင်ရည်မြင့်မားမည်ဟု ကျွမ်းကျင်သူများက ယူဆထားကြောင်း Business Insider က ဖော်ပြခဲ့သည်။ ဒရုန်းများသည် မူလလေယာဉ်များနှင့် ဆင်တူသည့် လက္ခဏာများ ပါရှိမည်ဖြစ်ပြီး မတော်တဆမှုများကို လျှော့ချနိုင်မည်ဖြစ်သည်
🔥4❤1
မတ်လ ၁ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==================

-တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို NUG ကသာ အာမခံချက်ပေးနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောတဲ့သတင်း

-ကရင်နီစစ်ဘေးရှောင်စခန်းတွေမှာ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတွေ ပြုလုပ်ပေးနေတဲ့သတင်း

-ချင်းပြည်နယ်မှာ စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်တဲ့သတင်း

-မန္တလေးမှာ စစ်ကောင်စီရဲ့ ကျူးကျော်လို့သတ်မှတ်ခံရတဲ့အိမ်တွေကို ဆက်လက်ရှင်းနေတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/x47ztiUUi9E

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1🤮1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_3

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
👍2🍌1
အာဏာသိမ်းမှုကိုလက်မခံရုံဖြင့် မြန်မာနိုင်ငံရေးကိုဝင်စွက်ခွင့် လိုင်စင်မရှိကြောင်းစင်ကာပူဝန်ကြီးပြော
===================

အာဆီယံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ဖို့အတွက် လိုင်စင်မရထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အထက်ပါကဲ့သို့ ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။

https://youtu.be/GGtwJaBdeM0

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3👏2😁2👎1🤯1
တိုင်းပြည်တည်ငြိမ်မှုနှင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို NUG ကသာအာမခံချက်ပေးနိုင်ဟုယာယီသမ္မတပြော
================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ကျင်းပတဲ့ NUG အစိုးရရဲ့ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်များရဲ့ လက်အောက်မှာ တိုင်းပြည်နှင့်လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိ။ လက်ရှိ ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ပိုမိုစုံလင်သော စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရ ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါ တယ်လို့ ပြောကြားခဲ့ပါတယ်။

https://youtu.be/GcTpWmPcxsc

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4👍4🥰4😁2🤮1
​​အမေရိကန်လေဆိပ်များမှသွားသည့် တရုတ်လေယာဉ်များ ရုရှားပိုင်နက်ကို မဖြတ်ရန် ဆီးနိတ်အမတ်များ တိုက်တွန်း 
=====================

အမေရိကန်လေဆိပ်များမှ သွားသည့် တရုတ်လေကြောင်းလိုင်းများနှင့် အမေရိကန်ပိုင်မဟုတ်သည့် အခြားလေကြောင်းလိုင်းများအနေဖြင့် ရုရှားနိုင်ငံအပေါ် ဖြတ်ပျံသန်းခြင်းကို တားမြစ်ရန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် ရီပတ်ဘလစ်ကန်ထိပ်တန်းအမတ်တို့က ဘိုင်ဒင်အစိုးရအား တိုက်တွန်းလိုက်သည်။

အထက်လွှတ်တော်မှ ဒီမိုကရက်တစ်အမတ် ရောဘတ်မန်နန်ဒက်စ် နှင့် ကော်မတီ၏ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ် ဂျိမ်းရစ်ချ်တို့က ရုရှားပိုင်နက်ကို ဖြတ်သန်းသည့် လေကြောင်းလိုင်းများ အမေရိကန်လေဆိပ်သို့ ဆိုက်ရောက်ခြင်း သို့မဟုတ် ထွက်ခွါခြင်း မရှိစေရန် ဘိုင်ဒင်အစိုးရအား စာရေးသားတိုက်တွန်းခဲ့ကြောင်း Reuters က ဖော်ပြသည်။ 

အမေရိကန်ပြည်သူများ၊ နိုင်ငံသားများနှင့် အမြဲနေထိုင်သူများအား ရုရှားပိုင်နက်ကို ဖြတ်သွားသော လေကြောင်းလိုင်းများနှင့် ခရီးသွားခြင်းကို အားမပေးရန် အစိုးရကို တိုက်တွန်းသည်ဟု တိုက်တွန်းရေးသားထားသည်။
👍6😁2❤1
ချင်းပြည်နယ်တွင် စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်
=================

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ယခုနှစ် နှစ်လတာအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း၁၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီကချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ မတူပီ ၊ မင်းတပ်မြို့နယ်များ၌လေကြောင်းတိုက်ခိုက်မှု အခြေအနေကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

နှစ်လအတွင်း ချင်းပြည်နယ်မှာ တိုက်လေယာဉ် ၊ စစ်ရဟတ်ယာဉ် များဖြင့် အနည်းဆုံး ၁၁၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခံရတဲ့ မြို့နယ်မှာ ထန်တလန်မြို့နယ် ဖြစ်ပြီး CNF ဌာနချုပ်နေရာ၊ ထန်တလန်မြို့တွင်း နေရာများကို လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလမှာ အကြိမ် ၄၀နှင့် ဖေဖော်ဝါရီတွင် ၇၅ ကြိမ် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

https://youtu.be/zy5G-yH1MTE

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬7👍1🔥1👏1
Business Round Up (01 March 2023)
=============

- ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ဒေါ်လာ ၁၀ သန်းကျော် လွှဲပြောင်းရယူလျက်ရှိ

- ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၂ ရုံပိတ်သိမ်းသဖြင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

- ဥရောပသမဂ္ဂ မှ မြန်မာပြည်အတွင်းရှိ SMEလုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးပေးမည်ဟုဆို

- ဖိလစ်ပိုင် အထည်ချုပ်လုပ်ငန်းကဏ္ဍ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ မျှော်မှန်း

- တရုတ်ကုမ္ပဏီများအပေါ် ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်အစိုးရပြော

https://youtu.be/shlhDES0ZGY

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1
လူတွေရဲ့ စိတ်ကို ခွေးတွေ အကဲခတ်နိုင်
================

ခွေးတွေဟာ လူတွေရဲ့ စိတ်ကို ခန့်မှန်းနိုင်တယ်လို့ သြစတြီးယား သိပ္ပံပညာရှင်တွေက လတ်တလော ပြုလုပ်ခဲ့တဲ့ အမူအကျင့်သုတေသန မှာ တွေ့ရှိခဲ့ပါတယ်။ ခွေးတွေဟာ အစာကျွေးမယ့် လူက တကယ်ကျွေးချင်တာလား၊ သူတို့ကို စ နေတာလား ဆိုတာကို ခွဲခြားနိုင်တာပါ။ ခွေးတွေဟာအစာ တကယ် ကျွေးမယ့် သူဆိုရင် အစာရရ မရရ ပိုပြီး စိတ်ရှည်ရှည် နဲ့ စောင့်တတ်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ အေပီ သတင်းဆောင်းပါး တပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

https://youtu.be/Ae53eV1jUDk

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2😁1
ရေပန်းစားလာတဲ့ ယူကရိန်းသမ္မတရဲ့ စစ်ဝတ်စုံ ဖက်ရှင်
==================

စစ်ပွဲဖြစ်တာ တနှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelenskyy ဟာ ပြည်တွင်းထုတ် စစ်ရောင် ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိတာပါ။ သူ့ရဲ့ဖက်ရှင်ဟာ ကမ္ဘာ့တဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေကြား လူပြောများ ရေပန်းစားလာပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို ကိုစံကျော် တင်ဆက်ထားပါတယ်။

https://youtu.be/M7r49pS-B5o

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤯1🤮1
​​တိုင်းပြည်တည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်ကြောင်း ယာယီသမ္မတပြော
=================

မေဘယ်လ်သူ
မဇ္ဈိမ။ ။တိုင်းပြည်တည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကသာ အာမခံချက်ပေးနိုင်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ (၈)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး ပိုမို စုံလင်တဲ့စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရကသာ တိုင်းပြည်ရဲ့တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း (Deng Xijun) အနေဖြင့် တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လာရောက်တွေ့ဆုံ ကာ မြန်မာနိုင်ငံ၏ပဋိပက္ခအတွင်း မပါဝင်ကြရန်နှင့် တွေ့ဆုံဆွေးနွေးရေးအား ဦးစားပေးပြောဆိုခဲ့ ကြောင်းကို သတင်းမီဒီယာများမှ တဆင့်ကြားသိရကြောင်း ၎င်းကဆိုသည်။
စစ်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်မှုမပေးနိုင်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် အာဏာသိမ်း မှုများဖြင့်ကြုံတွေ့ခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုနှင့် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှုများအား စာနာပြီး ရပ်တည်ပေးကြရန် မျှော်လင့်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ကျနော်တို့ရဲ့ရပ်တည်ချက်ဟာ အာဏာရှင်စနစ်ဖျက်သိမ်းပြီး တည်ငြိမ်တဲ့အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရဟာ တိုင်းပြည်ကိုတည်ငြိမ်မှုမပေးနိုင်တာ သမိုင်းတလျှောက် အကြိမ်ကြိမ် အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက်၊ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

NUG အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိသွားနေသည့် အရှိန်ထက်မလျှော့ဘဲ ဆက်လက်အား တင်းပြီး တော်လှန်ရေးအရှိန်မြှင့်တင်ရန်လိုအပ်ပြီး မျှော်လင့်နေသည့် အောင်မြင်မှုရလဒ်ကို အမြန်ဆုံး ရရှိအောင် ဆက်လက်ကြိုးစားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
#ယာယီသမ္မတ
#နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁2🤮1