Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် စစ်ကောင်စီ၏ ကျူးကျော်ဟုသတ်မှတ်ခံရသည့်အိမ်များကို ဆက်လက်ရှင်းနေ
👍1🔥1
မန္တလေးတွင် စစ်ကောင်စီ၏ ကျူးကျော်ဟုသတ်မှတ်ခံရသည့်အိမ်များကို ဆက်လက်ရှင်းနေ
========================

007
မဇ္စျိမ။ ။မန္တလေးမြို့တွင် စစ်ကောင်စီ၏ကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ယနေ့အထိ ဆက် လက် ဖြိုချ ရှင်းလင်းခံနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

“ကျွန်တော်တို့ဘက်ကို မနေ့ကစဖျက်တယ်၊ ဒီနေ့လည်းတစ်နေကုန်ဆက်ဖျက်နေတုန်းပဲ။ ထုံံးစံအတိုင်း ညဘက်လာအော်ပြီး နောက်နေ့မနက်ဝင်ဖျက်ကြတာပါပဲ” ဟု ပြည်ကြီးတံခွန်မြို့နယ် ၁၂၇ လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြားရှိ နေအိမ်များဖြိုချရှင်းလင်းခံရမှုအခြေအနေနှင့်ပတ်သက်၍ နစ်နာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက်အတွင်းရှိ လူနေအိမ် များအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ လက်နက်နှင့်လူအင်အား၊ စက်ယန္တရားအင်အား အများအပြားအသုံးပြုပြီး ဖြိုချရှင်းလင်းမှုပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် မီးရထားလမ်းဘေးတစ်လျှောက်ရှိ နေအိမ် ၂၀၀ ကျော်၊ အောင်မြေ သာစံမြို့နယ် အိုးဘိုရပ်ကွက်ရှိ မီးရထားပိုင်မြေကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ် ၂၅၀ ကျော်တို့ကို ဆက်လက်ရှင်းလင်းခဲ့ပြီး ချမ်းမြသာစည်နှင့် အမရပူရမြို့နယ်တို့တွင်လည်း စစ်တပ်နှင့်ဌာနဆိုင်ရာပိုင်မြေ များတွင်ကျူးကျော်နေထိုင်သူများဟုသတ်မှတ်ချက်ဖြင့် နေအိမ် ၁၀၀ ကျော်ကို ထပ်မံရှင်းလင်းခဲ့သည်။

“ဘယ်နေ့ဖျက်မယ်လို့ပဲ ခပ်သုတ်သုတ်အော်(ကြေညာ)သွားတာ၊ ဘယ်နေရာဘယ်အချိန်လာဖျက်မယ် ဆိုတာမပါတော့ ရုတ်တရတ်လာဖျက်တဲ့အခါမှာ ပြင်ဆင်ချိန်မရတော့ဘူး။ ဘာမှအထွန့်တက်လို့ကို မရ တာ ရောက်တာနဲ့ ဘူဒိုဇာနဲ့ဝင်ကြုံးတော့တာပဲ။ အခုနောက်ပိုင်း သူတို့ဖျက်ဆီးနေတာကိုဓာတ်ပုံရိုက်ရင် ဖမ်းဆွဲခေါ်သွားတယ်၊ ဓာတ်ပုံရိုက်လို့ဖမ်းခေါ်ခံရပြီး ခုထိအစအနပျောက်နေတာတွေလည်းရှိတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှ နေအိမ်ရှင်းလင်းခံခဲ့ရသူတစ်ဦးက ဆိုသည်။

အဆိုပါနေရာများသည် မူလပိုင်ရှင်ရှိပြီးသားမြေနေရာဖြစ်ခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း မန္တလေးစည်ပင်ကဆိုသော်လည်း ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံရှိသူများပါ ဖယ်ရှားရှင်းလင်း ခံနေရကြောင်း လူမှုကွန်ရက်သတင်းများအရ သိရသည်။

ကျူးအဖြစ်သတ်မှတ်ရှင်းလင်းခံခဲ့ရသည့်နေအိမ်များတွင် ဂရန်အမည်ပေါက်များပါဝင်နေကြောင်း နစ်နာ သူများကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။မန္တလေးမြို့တွင် ယခုကဲ့သို့ ကျူးကျော်အဖြစ်သတ်မှတ်ပြီး နေအိမ်များအားဖယ်ရှားရှင်းလင်းနေခြင်း ကြောင့် အိမ်ရာမဲ့နှင့် အိမ်ခန်းငှားရမ်းခစျေးနှုန်းမြင့်တက်မှု အစရှိသည့် နောက်ဆက်တွဲလူမှုဒုက္ခ ပေါင်းစုံ ကြုံတွေ့နေကြရပြီး လမ်းဘေး၌ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်နေသည်။

(ဓာတ်ပုံ- ပုံဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#ကျူးကျော်
#စစ်ကောင်စီ
#ပြည်ကြီးတံခွန်မြို့နယ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬6🔥1
​​ပါကစ္စတန်ရူပီးငွေ လက်ခံသည့် ဈေးဆိုင်များကို အာဖဂန်အာဏာပိုင်များ ပိတ်သိမ်း
======================

အာဖဂန်နစ္စတန်နိုင်ငံ ဥရုဇ်ဂန်ပြည်နယ်တွင် ပါကစ္စတန်ရူပီးငွေ အသုံးပြုသည့် ဈေးဆိုင်များကို တာလီဘန်တပ်ဖွဲ့ဝင်များက ပိတ်သိမ်းလိုက်သည်။ 

အဆိုပါ ပြည်နယ်တွင် နိုင်ငံခြားငွေအသုံးပြုမှုကို တားမြစ်ထားပြီး ချိုးဖောက်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အာဖဂန်ငွေကြေးမြှင့်တင်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဒီပြည်နယ်သားတွေ အာဖဂန်ငွေတစ်မျိုးတည်းကို အသုံးမပြုမချင်း ဆက်နှိမ်နင်းသွားမှာပါ” ဟု အာဖဂန်ငွေကြေး မြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ယိုဆစ်ဖ်က ပြောကြားခဲ့သည်။
👍3🔥1😁1
မတ်လ ၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

01:00 -ရခိုင်မှာ ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရမယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြောတဲ့သတင်း

02:19 -အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ မြန်မာအမျိုးသမီး ၁ ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတဲ့သတင်း

03:34 -ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံးတဲ့သတင်း

04:55 -ကုန်သွယ်မှုသဘောတူညီချက်အသစ်တွေ ဆွေးနွေးဖို့ ဗြိတိန်ကို အီးယူအကြီးအကဲရောက်ရှိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mWQ62mcnoI8

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
​​ဒီမောဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
===================

ကိုဇာနည်
မဇ္ဈိမ။ ။
ဒီမောဆိုနှင့်ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက် ညက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက် ည ၈နာရီခန့်က ကရင်နီပြည်နယ်ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းက ထုတ်ပြန်ထားသည်။
ထ
ို့အပြင် ဒီမောဆိုမြို့နှင့်ထိစပ်နေသော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ဟန်ဘူးကျေးရွာကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဖယ်ခုံအခြေစိုက် (စကခ-၇ )က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"ပထမ တစ်ချက်နှစ်ချက်က ရွာကိုကျော်သွားတယ်။အဲ့ဒါနဲ့ အိမ်ပေါ်မှာအိပ်နေတဲ့ ကျွန်တော့် သား၊သမီးနဲ့ သူ့အမေကိုသွားနှိုးပြီး အိမ်အောက်ဆင်းလာခိုင်းတယ်။အားလုံးအိမ်အောက်ရောက်လာကြပြီး ကလေးအမေက အိမ်ပေါ်မှာ ဓာတ်မီးပြန်ယူပြီးအဆင်းမှာ လက်နက်ကြီးက အိမ်ရှေ့ထည့်ထည့်မှာကျတော့ ခြေသလုံးနဲ့ပေါင်ထိသွားတယ်။ အဲ့ဒါနဲ့ ငါ့ကိုထိပြီးသူအော်တော့ ကျနော်သူ့ကိုသွားချီလိုက်တယ်။ ဖြစ်ချင်တော့ တူလေးတစ်ယောက်ကလည်းစပါးကျီပေါ်မှာအိပ်နေရင်း ငါ့ကိုလည်းထိပြီလို့ အော်တော့သွားကြည့်တာ ခြေသလုံး နှစ်ဖက်လုံးထိပြီး အရိုးတွေထွက်ကုန်တယ်။ အဲ့ဒီအချိန် ကျွန်တော်က ရွာမှာရှိတဲ့သူတွေကို အကူအညီလိုက်တောင်းပြီး ဆေးခန်းကိုမြန်မြန်ပို့ခိုင်းလိုက်ပါတယ်”ဟု ဟန်ဘူးကျးရွာမှ ဒဏ်ရာရရှိသူနှစ်ဦး၏ ဦးလေးဖြစ်သူက မဇ္ဈိမကို ပြောသည်။

လက်ကြီးကျည်ထိမှန်သွားသည့် ပြည်သူနှစ်ဦးမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အမျိုးသားဖြစ်သူ၏ ဒဏ်ရာမှာ စိုးရိမ်ရသည်ဟု သိရသည်။
ဟန
်ဘူးကျေးရွာအတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက် လက်နက်ကြီးဖြင့် ပစ်ခတ်လာသည့်အတွက် ဒေသခံများ ကြောက်လန့်နေကြသည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု
ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF) ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ မောင်ကြီး

#ကရင်နီပြည်နယ်
#ဖယ်ခုံမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍9🔥3🤬3😁1
ထားဝယ်တွင် ကျဆုံးသူရဲကောင်း ၄ ဦး အတွက် အောက်မေ့ဖွယ် ဆီမီးထွန်းညှိခြင်း ပြုလုပ်
===================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် နွေဦးတော်လှန်ရေးကာလအတွင်း ထားဝယ်ခရိုင် လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် အာဇာနည်သူရဲကောင်း လေးဦး ကျဆုံးခဲ့ရခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အောက်မေ့ဖွယ် ဆီမီးထွန်းညှိခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင် လူထုသပိတ်မှ ကိုဗညား (အသက်-၃၉ နှစ်)၊ ကို‌ဖေသန်း (၃၈ နှစ်)၊ ဂျွန်မာခမ် (၃၆ နှစ်) နှင့် ကို‌လွင်လွင်ဦး (၃၄ နှစ်) တို့ ရဲဘော် လေးဦး သပိတ်လှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#အာဏာသိမ်း
#ရေဖြူမြို့နယ်
#နွေဦးတော်လှန်ရေး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤5🔥1😁1
​​ပါကစ္စတန်၏ တရုတ်ချေးငွေသစ် ပေါင်သန်း ၅၈၀ က ကြွေးမြီဝန်ထုပ်ဝန်ပိုး စိုးရိမ်မှုကို ပိုဆိုဆိုးရွားစေ
===================

ပါကစ္စတန်သည် တရုတ်နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဘဏ်များထံ ဒေါ်လာ ၃၀ ဘီလီယံ (ပေါင် ၂၅ ဘီလီယံ) အကြွေးတင်နေချိန်တွင် ယခုချေးငွေ ထပ်မံယူခြင်းဖြစ်သည်။ ယခုချေးငွေကို ရယူလိုက်ခြင်းကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ရန်ပုံငွေအထောက်အပံ့ရရန် လမ်းပွင့်လာမည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အောက်လွှတ်တော်က အခွန်ရငွေများ တိုးမြင့်ရန် ငွေကြေးဆိုင်ရာ ဥပဒေကြမ်းကို တညီတညွတ်တည်း အတည်ပြုလိုက်ပြီးနောက် တရုတ်အစိုးရပိုင် China Development Bank မှ ချေးငွေရရှိသည့် သတင်းထွက်ပေါ်လာခဲ့သည်။
👍3🔥2
“ခယောင်းလမ်းကို ဖြတ်ကျော်‌နေသော သက်တံရောင်အလံ လွှင့်သူများ”
🥰6😁3👍1
“ခယောင်းလမ်းကို ဖြတ်ကျော်‌နေသော သက်တံရောင်အလံ လွှင့်သူများ”
==================

စောဖေ
“သူတို့ရဲ့လူမဆန်တဲ့ လုပ်ရပ်ကြီးက အရမ်းရွံဖို့ကောင်းတယ်”
ဒါကတော့ မန္တလေးမြို့က အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ ၂ လကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ LGBT တော်လှန်ရေးသမား မစောဟန်နွေဦးက သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြ တာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးလို့ လူတွေပြောတဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ အသိပညာရှင်အတတ်ပညာရှင်တွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေနည်းတူ စစ်အာဏာရှင်ကို မကြောက်မရွံ့ဆန့်ကျင်ဆန္ဒပြကြသူတွေထဲမှာ LGBT လို့ခေါ်တဲ့ လိင်ခံယူချက် မတူကွဲပြားကြသူတွေ လည်းပါဝင်တာ တွေ့ရမှာပါ။ သူတို့ရဲ့ အများနဲ့မတူတဲ့လက္ခဏာတွေနဲ့ဆန္ဒပြမှုက ကမ္ဘာ့မီဒီယာတွေကို မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။

တကယ်တော့ လိင်စိတ်ခံယူချက်မတူကွဲပြားကြတဲ့ LGBT အများစုဟာ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အနု ပညာ၊ အလှအပနဲ့ ဖျော်ဖြေရေးနယ်တွေမှာ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး သူတို့အတွက် အကျဉ်းထောင် တို့၊ လက်နက်ကိုင်တော်လှန်ရေးတို့ဆိုတာ မမက်ဖူးတဲ့အိပ်မက်နဲ့ ခက်ခဲကြမ်းတန်းတဲ့စိန်ခေါ်မှုလို့ ဆိုရမှာပါ။

စစ်အာဏာရှင်ကို ဆန္ဒပြနေရုံနဲ့မလုံလောက်ဘူးဆိုတာ အားလုံးသောတော်လှန်ရေးရဲဘော်များနည်းတူ LGBT တွေကလည်းလက်ခံတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီ သွားရောက်ပြီး စစ်ပညာသင်ကြားကြပါတယ်။ ကေအိုင်အေနယ်မြေမှာ ၂ လ သင်တန်းတက်ရောက်ပြီး မန္တလေးကိုပြန် လာခဲ့တဲ့နောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ မစောဟန်နွေဦးဟာ စစ်ကောင်စီရဲ့ဖမ်းဆီး ခြင်းခံရပြီး စစ်ကြောရေးကို ရောက်ရှိခဲ့ရတာပါ။

စစ်ကြောရေးလို့ဆိုလိုက်တာနဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ ငရဲခန်းအကြောင်းဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းပါတယ်။ ကျား/မ မရှိ၊ ဘုန်းကြီးရဟန်းမသိ၊ ကြီးငယ်မရွေးကို ရက်ရက်စက်စက် နှိပ်စက် တဲ့နေရာပါ။ ဒီလိုနေရာကိုရောက်သွားခဲ့ရတဲ့ မစောဟန်နွေဦးက သူဖြတ်သန်းခဲ့ရတဲ့ စစ်ကြောရေး အတွေ့အကြုံကို အခုလို ပြောပါ တယ်။

“မြန်မာပြည်ရဲ့အရိုးစွဲနေတဲ့အမြင်ကိုက LGBT ဆိုရင် အလိုလိုနေရင်း ဆန့်ကျင်အမြင်စောင်းနေကြတဲ့ အချိန်မှာ စစ်တပ်ရဲ့လုပ်ရပ်ကတော့ ပိုဆိုးတာပေါ့။ ခန္ဓာကိုယ်ပိုင်းကိုနာကျင်ထိခိုက်အောင်လုပ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာကို တော်တော်ကြီးထိခိုက်နာကျင်အောင်လုပ်တယ်။ တကိုယ်လုံးကို ရေနွေးပူနဲ့လောင်း တာတွေ၊ လက်သည်းခွံတွေကိုလှန်ချိုးတာမျိုးတွေ၊ ပါးတွေရိုက်တာမျိုးတွေ၊ သေနတ်ဒင်နဲ့ခြေဖျားတွေကို ထုတာတွေ၊ နောက်ပြီးတော့ ခွဲစိတ်မှုလုပ်ပြီးသားလားဆိုတာ တကိုယ်လုံးချွတ်ကြည့်တာမျိုးတွေ၊ သူတို့ရဲ့ လိင်အင်္ဂါတွေထုတ်ပြပြီး လှောင်ပြောတာတွေ ကိုယ်တိုင် ကြုံခဲ့ရတာ” အသံအဖွဲ့ကပြုစုထားတဲ့စာတမ်းတစ်စောင်အရ နွေဦးတော်လှန်ရေးမှာ LGBT ၇၃ ဦးကျော် ဖမ်းဆီးခံခဲ့ ရပြီး ၁၂ ဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
👍8🤬6😁2