Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
❤4🔥1😁1
ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ၏ ဓာတ်ပုံများ၊ ပိုစတာများ ပြသထားပြီး အဲ့ဒီစကားဝိုင်းတွေရဲ့ ဆင်ခြေတွေ ရှင်းလင်းချက်တွေ အကြောင်းလည်း ပါဝင်ပါတယ်။

ချင်းမိုင်မြို့ လမ်ဒင်ကဖီးမနီးမှာပြုလုပ်ခဲ့တာဖြစ်ပြီး သုံးရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။

Photo/video by Brian/Mizzima
👎4👍1🔥1😁1
​​ခလ၇ (၂၅၈)အား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်
=====================
MTO
မဇ္ဈိမ။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလ၇(၂၅၈)တပ်ကို ရွာတစ်ရွာကျော်မှနေ၍ လုံခြုံရေးယူပေး သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တစ်ရွာကျော်လောက်ခြားတဲ့ ကံသစ်နဲ့ ကြည့်ကန်ရွာကြားထဲမှာ အင်အား ၄၀ လောက်ကို ကာကင်းပုံစံ နဲ့လွှတ်ထားတာ အဲ့ဒါကို သတင်းရလို့ စကောက်(Scout)ထောက်ပြီးတော့ အီနာဂါတစ်လုံးချ တိုက်ခိုက်ခဲ့ တာ အများအပြားဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ခလ၇ (၂၅၈)တပ်အတွင်းသို့ စာမေးပွဲလာဖြေသည့် ကျောင်းသားကျောင်းသူများကို ရွာတစ်ရွာ ကျော်အကွာအဝေးမှနေ၍ လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ခလရ (၂၅၈) တပ်အတွင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို စစ်ကောင်စီတပ်ဖွဲ့က သယ်ယူပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ကျောင်းများအနက် မြို့ပေါ်ကျောင်းများတွင် စာမေးပွဲများဖြေဆိုပြီးစီးသွားပြီ ဖြစ်ပြီး ၁၀ တန်း (တက္ကသိုလ်ဝင်တန်း)စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင်စတင်ကျင်းပမည် ဖြစ်ကြောင်း Yesagyo Information မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြို့ပေါ်က ကျောင်းတိုင်းကတော့ ယခုနှစ်စာသင်နှစ်မှာ စာမေးပွဲတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အတန်းငယ် တွေသာ ပြီးသေးတာပါ။ ၁၀ တန်းက မြို့ပေါ်မှာ ၈ ရက်နေ့မှ ဖြေဆိုကြမှာပါ” ဟု ၎င်းကပြောသည်။
ရေစကြိုနယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ NUG လက်အောက်ခံ မြို့နယ် ပညာရေးဘုတ်အဖွဲ့၏စီစဉ်ပေးမှုဖြင့် သင်ကြားဖြေဆိုခဲ့ကြရခြင်းဖြစ်ကြောင်း Yesagyo Information အဖွဲ့ က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်ကျောင်းများသို့ မေးခွန်းများသယ် ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေစကြိုမြို့အဝင် ဘက်စုံကွေ့နားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3❤2
မတ်လ (၅) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်

ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ဦးသေ သေဆုံးခဲ့တဲ့သတင်းနဲ့အတူ ပဋိပက္ခဒေသတွေက ပြည်သူလေးသန်းခွဲအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ နိုင်ငံကူးလက်မှတ်လျောက်ထားရာမှာ Online Appointment System စနစ်သစ်နဲ့ပတ်သတ်လို့ ပြည်သူတွေ ဘာအခက်အခဲ ကြုံ တွေ့နေရလဲဆိုတဲ့ အကြောင်းကိုနားဆင်ကြရမှာဖြစ်ပါတယ်။

https://youtu.be/PUpauhc5ejk
👍10😁1🤮1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_3

Watch more detail - https://youtu.be/4lz4sY2Njho

#myanmardramaseries #lovestory #BLSeries #reels
🍌2
လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
====================================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ယနေ့ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို အင်အားအများအပြားဖြင့် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
❤9👍5🔥1😁1
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုတွင် “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ် မှောက်စို့” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များက ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသော်လည်း ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်ကျွန်ဘဝမှလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ဖက်ဆစ် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက စည်းရုံးပြောဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#DDMSC
#လူထုသပိတ်
#ချီတက်ဆန္ဒပြ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10🔥1😁1
​​ကလေးမြို့တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ပစ်ခတ်ခံရ၍သေဆုံး
================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ချမ်းမြေ့အောင် (ခ) ဖိုးချမ်း ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း သိရသည်။
အောင်မေတ္တာရပ်ကွက် (ယခင် ပျဉ်သာရွာ)တွင်နေထိုင်သော ဖိုးချမ်းကိုဖမ်းဆီးကာ မြို့လယ်ခေါင်တွင် သေနတ်ဖြင့်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ကထုတ်ပြန်သည်။
“ကျနော်တို့က ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို အမြဲစောင့်ကြည့်နေခဲ့တာ။ နောက်ထပ်လည်း အဲ့လိုလူတွေအများကြီး ရှိပါသေးတယ်” ဟု မြို့ပြစီမံချက် UG အဖွဲ့ ဦးဆောင်သူ ကိုရန်မင်းနိုင်က မဇ္စျိမ ကို ပြောသည်။
၎င်းအားဖမ်းဆီးပြီး မျက်ကွယ်တွင် ရှင်းလင်းလိုက်ပါက ကျန်သူများ ဆက်လက်၍ လုပ်ရဲကိုင်ရဲ ဖြစ်နေ နိုင်ပြီး လူပျောက်ဆုံးခြင်းကဲ့သို့ယူဆနိုင်သဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ၎င်းတို့အုပ်စုအား ပြန်လည်ချပြခြင်းဖြစ်ကြောင်း ဆိုသည်။
ဖိုးချမ်း ကျူးလွန်ခဲ့သော ပြစ်မှုများမှာ ကလေးမြို့နှင့် ကျေးရွာများ၌ ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော် ခိုးယူရာတွင် ဂိုဏ်ခေါင်းဆောင်ပြုလုပ်ခဲ့ပြီး ကလေးမြို့ မြောက်ပိုင်း အိတ်စွပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရွှေဘုံသာဘုရားကြီးလမ်းတွင် လူမိုက်ကျော်ကြီးအဖွဲ့အား အနုကြမ်းစီးရန် ဦးဆောင်စေခိုင်းခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်အား အနုကြမ်းစီးခဲ့ကြောင်း သိရသည်။
ဖိုးချမ်းသည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး PDF များကို “လည်ချောင်းသွေးဖောက်သောက်မည်”ဟု ကြိမ်းဝါးထားသူဖြစ်ကြောင်း ဆိုသည်။
ပျူစောထီးလက်မှတ်ယူထားပြီး ဆိုင်ကယ်ခိုး၍ရဲဖမ်းမိလျှင် ၎င်း၏နာမည်ပြောပါက ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်း၏တပည့် ခိုးဆိုးလုနှိုက်များကိုမှာထားကြောင်းလည်း သိရသည်။
မြို့ပြစီမံချက် UG အဖွဲ့အနေဖြင့် ပြည်သူများကို ဒုက္ခပေးနေသူများကို စောင့်ကြည့်စုံစမ်းနေပြီး ရှင်းလင်း သုတ်သင်ရန် ဆက်လက်ကြိုးစားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ပျူစောထီး
#ခိုးဆိုးလုနှိုက်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2🥱1
ကျန်းမာသုတ လူမှုဘ၀ Episode - 5

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးမှာဖြစ်ပါတယ်။ အမျိုးသမီးတွေသုံးစွဲရတဲ့ တားဆေးတွေအကြောင်း၊ ကောင်းကျိုးဆိုးပြစ်တွေနဲ့ သိသင့်သိထိုက်တာတွေကိုဒေါက်တာဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/0Ti1rSPjIoE
#ကျန်းမာသုတလူမှုဘဝ
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10💩1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep17 seg - 2 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://tinyurl.com/49cznbj8

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍6🍌1