မန္တလေးတွင် ခြင်ဆေးခွေထွန်းထားရာမှ စောင်ကိုမီးကူးပြီး မီးလောင်မှုဖြစ်ပွား
007
မဇ္ဈိမ။ ။မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိနေအိမ်တစ်အိမ်တွင် ယနေ့ မတ်လ ၅ ရက် နံနက်အစောပိုင်းက အိပ်ရာအနီး ခြင်ဆေးခွေထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
မတ်လ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်ခန့်က နေအိမ်၏အပေါ်ထပ်အိပ်ရာအနီးတွင် ခြင်ဆေးခွေထွန်း ထားရာမှ အနီးရှိခြုံစောင်ကိုမီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့်မီးသတ်တပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

🔥3👍1😱1😢1
“ခြင်ဆေးခွေမီးက ဘေးကစောင်ကိုသွားထိပြီး မီးလောင်တာပါ။ မီးစလောင်နေချိန် အိပ်မောကျနေရင် မီး လောင်နေတာကို မသိလိုက်နိုင်ဘူး၊ အတော်လေးလောင်ပြီးလို့ တစ်ခုပြီးတစ်ခုမီးကူးတော့မှပဲ သိကြတာ များတယ်။ မန္တလေးမှာ ဒီရက်ပိုင်း အပူချိန်များလာတယ်။ ပူပြင်းခြောက်သွေ့ရာသီမှာ ဖယောင်းတိုင်၊ အမွေးတိုင်၊ ခြင်ဆေးခွေ၊ ဂတ်စ်အိုး ဒါတွေကို အထူးဂရုပြုသုံးစွဲကြပါ။ တမြန်နေ့ကလည်း ကော်ဖီဆိုင် တစ်ဆိုင် ဂတ်စ်အိုးကတစ်ဆင့် မီးလန့်မှုဖြစ်ခဲ့သေးတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါမီးလောင်မှုကို Level 1 အဆင့်အဖြစ် အရန်နှင့်သန္ဓေ ၁၀၀၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ် ယာဉ်ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
မီးလောင်မှုကြောင့် သွပ်မိုးထရံကာပျဉ်ခင်းနှစ်ထပ်နေအိမ်၏ အပေါ်ထပ်ပျက်စီးခဲ့ပြီး အတွင်းပစ္စည်းများ လည်း မီးလောင်ခံလိုက်ရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း ၁,၇၆၀,၀၀၀ ကျပ် သတ်မှတ်ကြောင်း၊ မီး လောင်မှုပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲမှုဖြင့် မြို့နယ်ရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
မန္တလေးမြို့တွင် ယနေ့မီးလောင်မှုဖြစ်စဉ်အပါအ၀င် သုံးရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီး လောင်မှုဖြစ်စဉ်တိုင်းမှာ နံနက်အစောပိုင်းများတွင်ဖြစ်နေသည်ကိုတွေ့ရသည်။
Photo Than Htay
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#မဟာအောင်မြေမြို့နယ်
#မီးလောင်မှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍2🔥2😢1
စစ်တပ်အာဏာသိမ်းမှုအတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
=================
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။စစ်တပ် အာဏာသိမ်းမှုနှစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့စည်းများ၏ အကြမ်းဖက်မှုကြောင့် အရပ်သား နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရ ကြောင်း Southern Monitor က စုစည်းထားသော အချက်အလက်များအရ သိရသည်။
Southern Monitor က စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နေအိမ်စုစုပေါင်း ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး မြိတ်ခရိုင်၊ ပုလောမြို့ နယ်မှ နေအိမ်အများဆုံးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့နယ်မှ နေအိမ်လေးလုံး၊ လောင်းလုံးမြို့နယ်တွင် တစ်လုံး၊ ပုလောမြို့နယ်တွင် ၂၀၁ လုံး၊ စုစုပေါင်း နေအိမ် (၂၀၆) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းဆိုသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်များထဲတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီး ဝန်းကျင်ရှိနေအိမ်များကို မီးရှို့ခြင်း၊ နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် နေအိမ်များကိုမီးရှို့ ခြင်း၊ စစ်ကြောင်းများဝင်ရောက်လာပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေစဉ် နေအိမ်များ မီးရှို့ ခြင်းများ ပြုလုပ်ခံရခြင်း ဖြစ်ကြောင်း Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်တပ်အာဏာသိမ်းမှု
#တနင်္သာရီတိုင်း
#မီးရှို့ဖျက်ဆီးခံရ
#Southern_Monitor

👍8❤1😁1🤬1
ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ အယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
=======================
001
မဇ္စျိမ။ ။NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏အယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ လာမည့် မတ်လ ၁၆ ရက်နေ့ တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါက်တာမျိုးအောင်ကို အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် အမှုငါးမှုကို တရားလွှတ်တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာမည်ဖြစ်ပြီး ထိုအထဲမှ နှစ်မှုတွင် ဦးရဲမင်းဦးလည်း ပါဝင် ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထိုအယူခံငါးမှုမှာ ဒေါက်တာမျိုးအောင်အား နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီးစွပ်စွဲထားသည့် အဂတိအမှုသုံးမှု၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြေကွက်တစ်ကွက်ကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ရောင်းချ ခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီးရှိ မြေကွက်တစ်ကွက်ကို ဂမုန်းပွင့်ကုန်တိုက်အား ရောင်းချခြင်းတို့တွင် အဂတိဖြင့်စွပ်စွဲသည့် အမှုနှစ်မှုတို့ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင် အတွင်းရှိ တရားရုံးက တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ်တပေါင်းတည်း ကျခံရန် ယခင်နှစ် အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။
NLD အစိုးလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး တို့အနေဖြင့် စစ်ကောင်စီဘက်ကစွပ်စွဲထားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံထားရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ၎င်းတို့၏ အယူခံအမှုအချို့ကို ပြည်ထောင်စုတရား လွှတ် တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာခဲ့ပြီး အကျဉ်းနည်းနှင့် ပလပ်ခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#နေပြည်တော်
#မြို့တော်ဝန်
#NLD
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

🔥6👍3
အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် တီရစ်-အီ-တာလီဘန်ပါကစ္စတန်အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ၊ ခို့စ်ပြည်နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့မှ အရေးပါသော တပ်မှူး ၁ ဦး အပါအဝင် အကြမ်းဖက်သမား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း မီဒီယာများတွင် မတ်လ ၂ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အာဖဂန်နစ္စတန်နိုင်ငံ၊ ခို့စ်ပြည်နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့မှ အရေးပါသော တပ်မှူး ၁ ဦး အပါအဝင် အကြမ်းဖက်သမား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း မီဒီယာများတွင် မတ်လ ၂ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1👏1
သံတောင်မြို့ပေါ်တွင် လူနေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့
======================
YT
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) ရှိ လူနေအိမ်များအား မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) မှ ကျောင်းဆရာမတစ်ဦး၏ နေအိမ်တစ်လုံးအပါအဝင် နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပကူးဘုရားကျောင်းအနီးတွင်လည်း မီးရှို့ခံထားရသော နေအိမ်များရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

🤬10👍2🔥1😁1
“ရပ်ကွက်(၂)က အိမ်တွေကို ရှို့တာ။ အရှို့ခံရတာကတော့ သုံးလုံးရှိပြီ။ ပြီးတော့ ပကူးဘုရားကျောင်းနား မှာလည်း မီးရှို့ခံထားရတာရှိတယ်။ မီးခိုးတွေ မဲနေတာပဲ အဝေးကြီးကနေကို လှမ်းမြင်နေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၂) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာမှုကြောင့် သံတောင်မြို့ပေါ်နှင့်အနီးအနားကျေးရွာများရှိ ဒေသခံများသည် နေအိမ်စွန့်ခွာ၍ ဘေးကင်းရာသို့ တိမ်းရှောင်နေရသည်မှာ အချိန်နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်၍ စားရေး သောက်ရေးအပြင် နေထိုင်ရေးပါကျပ်တည်းလာကြောင်း သိရသည်။
“ လူဘေးလွတ်ရင်ရပြီဆိုပေမယ့် ကိုယ်တိုင် သွေးတွေချွေးတွေနဲ့ရှာထားရတဲ့အိမ်မို့ မီးရှို့သွားမှာကို စိုးရိမ် နေရတယ်။ အိမ်မှာလည်း ပြန်မနေရဲဘူး၊ နှစ်လပြည့်တော့မယ် သူများအိမ်မှာ နေ နေရတာ။ ပြန်မယ်လုပ် လိုက် သူတို့( စစ်ကောင်စီ)တွေက စစ်ကြောင်းထိုးလာလိုက်၊ အိမ်တွေမီးရှို့လိုက်နဲ့ အခုထိမပြန်ရသေး ဘူး။ ဘယ်နေ့ ကိုယ့်အိမ်မီးရှို့ခံရမလဲ စိုးရိမ်နေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်မြို့ ဘိုတဲကုန်းရွာအတွင်း စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နေအိမ်တစ်လုံးအပါအဝင် ဆိုင်ကယ်လေးစီးအား မီးရှို့ခဲ့ကာ ဒေသခံနှစ်ဦးအား ယခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်သည်။ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းအပြင် ဒေသခံနေအိမ်များ၊ ဆိုင်ကယ်၊ ကားများအား မီးရှို့ခြင်းတို့ကြောင့် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့
#စစ်ရေးတင်းမာ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၂) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာမှုကြောင့် သံတောင်မြို့ပေါ်နှင့်အနီးအနားကျေးရွာများရှိ ဒေသခံများသည် နေအိမ်စွန့်ခွာ၍ ဘေးကင်းရာသို့ တိမ်းရှောင်နေရသည်မှာ အချိန်နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်၍ စားရေး သောက်ရေးအပြင် နေထိုင်ရေးပါကျပ်တည်းလာကြောင်း သိရသည်။
“ လူဘေးလွတ်ရင်ရပြီဆိုပေမယ့် ကိုယ်တိုင် သွေးတွေချွေးတွေနဲ့ရှာထားရတဲ့အိမ်မို့ မီးရှို့သွားမှာကို စိုးရိမ် နေရတယ်။ အိမ်မှာလည်း ပြန်မနေရဲဘူး၊ နှစ်လပြည့်တော့မယ် သူများအိမ်မှာ နေ နေရတာ။ ပြန်မယ်လုပ် လိုက် သူတို့( စစ်ကောင်စီ)တွေက စစ်ကြောင်းထိုးလာလိုက်၊ အိမ်တွေမီးရှို့လိုက်နဲ့ အခုထိမပြန်ရသေး ဘူး။ ဘယ်နေ့ ကိုယ့်အိမ်မီးရှို့ခံရမလဲ စိုးရိမ်နေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်မြို့ ဘိုတဲကုန်းရွာအတွင်း စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နေအိမ်တစ်လုံးအပါအဝင် ဆိုင်ကယ်လေးစီးအား မီးရှို့ခဲ့ကာ ဒေသခံနှစ်ဦးအား ယခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်သည်။ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းအပြင် ဒေသခံနေအိမ်များ၊ ဆိုင်ကယ်၊ ကားများအား မီးရှို့ခြင်းတို့ကြောင့် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့
#စစ်ရေးတင်းမာ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😁1🤬1
တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာ
===========
KMN
မဇ္ဈိမ။ ။တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ရေးအရှိန်အဟုန် ပိုမိုမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာသည်ဟု ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းနှစ်နှစ်ပြည့်နေ့က တနင်္သာရီဒေသအတွင်းရှိ ပုလောမြို့ နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့အပြီး စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမို ပြုလုပ်လာခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိနေပြီး ထားဝယ်မြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူ ၂၁၈ ဦး၊ လောင်းလုံးမြို့နယ်မှ ၁၅၀ ဦး ခန့်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ ကျော်ရှိနေသည်ဟု သိရသည်။
ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့မှုများ ကြောင့် ဒေသခံပြည်သူ ၁၁၀ ဦးကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ စစ်ရှောင်ပြည်သူအရေအတွက် အပြောင်းအလဲရှိပြီး တနင်္သာရီမြို့နယ်အတွင်း မြေပြင်နှင့်ချိတ်ဆက်ရန် အခက်အခဲများကြောင့် အရေ အတွက်အတိအကျ မဖော်ပြနိုင်ကြောင်း ဒေါနတနင်္သာရီအဖွဲ့ကထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#Mizzima
#တနင်္သာရီတိုင်း
#စစ်ဘေးရှောင်
Photo - ဒေါနတနင်္သာရီ

👍5😢3🔥1😁1
အိန္ဒိယ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အခြေအနေမဟုတ်ကြောင်း အိန္ဒိယပြော
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် မတ်လ ၂ ရက်က တွေ့ဆုံခဲ့ပြီး စိန်ခေါ်မှုများ အထူးသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စများတွင် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိအခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် မတ်လ ၂ ရက်က တွေ့ဆုံခဲ့ပြီး စိန်ခေါ်မှုများ အထူးသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စများတွင် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိအခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏2❤1
TikTok က နိုင်ငံတော်လုံခြုံရေးအန္တရာယ် ရှိလာနိုင်ကြောင်း အမေရိကန်ပြော
TikTok သည် နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူဆခြင်း ရှိ၊ မရှိ မေးမြန်းရာ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးတာဝန်ခံ ကာရင်းရှောင်ပီရဲက "ဒီအက်ပ်နဲ့ ပတ်သက်ပြီး မိမိတို့မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတော် လုံခြုံရေးအန္တရာယ်တွေကို ဖြစ်စေနိုင်တဲ့ နည်းလမ်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းရယူဖို့ တရုတ်က ကြိုးပမ်းနေမှုတွေအပါအဝင် TikTiok နဲ့ပတ်သက်ပြီး အရေးတယူလုပ်ဆောင်ဖို့ ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုထားပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

👍9😁2
ပုသိမ်ကြီးမြို့နယ် ချောင်းမကြီးချောင်းအတွင်း အမျိုးသား ခေါင်းပြတ်အလောင်းတွေ့ရှိ
========================
008
မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းရွာနှင့် ရွေးစုရွာကြား ချောင်းမကြီး ချောင်းအတွင်း ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားခေါင်းပြတ်အလောင်းတစ်လောင်း တွေ့ရှိရ၍ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်းပေးခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်း (ပုသိမ်ကြီး)ထံမှ သိရသည်။
မျောလာသည့်အလောင်းကို ဒေသခံများက နံနက် ၉ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး ရွှေကြေးစည်လူမှုကူညီရေး အသင်းကို အကြောင်းကြားခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။
“ဘယ်ကမျောလာတယ်ဆိုတာရယ်၊ သေသူဘယ်သူဆိုတာကို မသိပါဘူး။ မနက်က ရွှေကြေးစည်အသင်း က လာသယ်သွားတယ်”ဟု ရွေးစုရွာသားတစ်ဦးက ပြောသည်။
အဆိုပါ အလောင်းတွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအချို့ကိုမေးမြန်းကာ ချောင်း မကြီးချောင်းတစ်လျှောက် ကင်းလှည့်နေကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#ချောင်းမကြီးချောင်း
#ရွှေကြေးစည်လူမှုကူညီရေးအသင်း
ဓာတ်ပုံ၊ ရွှေကြေးစည်လူမှုကူညီရေးအသင်း(ပုသိမ်
ကြီး)

👍5🔥2
အင်းတော်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖမ်းဆီးနေဟုဆို
======================
ရွှေနွယ်
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် လူငယ်နှစ်ဦးအား PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် မြို့အတွင်း စစ်ကားဖြင့်လှည့်ပတ်ကာ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ထပ်မံဖမ်းဆီးသွားသည်ဟု အင်းတော်မြို့ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၃ ရက်နေ့ နံနက်က အင်းတော်မြို့ စစ်ဆေးရေးဂိတ်တခုတွင် အသက် ၂၄နှစ် အရွယ်နှင့် အသက် ၂၂ နှစ်အရွယ် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီးနောက် ထိုလူငယ်နှစ်ဦးနှင့်ဆက်စပ်သူများဟုဆိုကာ အင်းတော်မြို့ပေါ်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
“ ၃ရက်နေ့ကစပြီး အိမ်တွေကိုဝင်ဖမ်းတာတွေလည်းရှိတယ်။ မြို့ဝင်မြို့ထွက်တွေမှာစစ်တာနဲ့ မြို့ထဲမှာ ဂိတ်ချစစ်တာတွေလည်းကြမ်းနေတယ်။နေအိမ်တွေမှာပတ်ရှာပြီးဖမ်းသွားတာကပိုများတယ်။ ၃ရက်နေ့တစ်ရက်တည်းတင် ၁၅ ယောက်လောက်ပါသွားတယ်။ ဆက်ပြီးအဖမ်းခံနေရတာတွေလည်းရှိသေးတယ်" ဟု အထက်ပါဒေသခံကပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အသက် ၃၉ နှစ်အရွယ်နှင့် အသက် ၅၂ နှစ်အရွယ် CDM ဆရာမှ နှစ်ဦးပါဝင်သည်ဟု လည်းသိရပြီး လက်ရှိတွင် အင်းတော်မြို့ရှိ စစ်တပ်ရိက္ခာကုန်းတွင်ထိန်းသိမ်းထားသည်ဟု သိရသည်။
အင်းတော်မြို့ပေါ်တွင် ခမရ၃၀၁နှင့် ခလရ၄၁၆ တပ်များအပြင် အခြား စစ်ကောင်စီတပ်တစ်ခုလည်း ထပ်မံရောက်ရှိနေကာအဆိုပါ စစ်ကောင်စီတပ်များနှင့်အတူ ရဲများလည်း ဖမ်းဆီးစစ်ဆေးမှုများတွင်ပါဝင်လုပ်ဆောင်နေကြောင်းသိရသည်။စစ်ကောင်စီရန်ကိုကြောက်၍ လမ်းပေါ်မထွက်ရဲလောက်သည်အထိ ထိတ်လန့်နေကြရသည်ဟုလည်း အင်တော်မြို့ခံများကပြောသည်။
စစ်ကောင်စီတပ်သည် မကြာသေးမီကလည်း
မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် အင်းတော်ဒေသခံအမျိုးသားတဦးကို PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့သည်။
ယခုအခါအင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ကားဖြင့်လှည့်ပတ်ရှာဖွေကာ ဖမ်းဆီးမှုများလုပ်ဆောင်နေဆဲဖြစ်၍ ဒေသခံများသတိပြုကြရန် Indaw Revolution-IR မှ အသိပေးထုတ်ပြန်ထားသည်။
Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တခုဖြစ်သည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်းတိုင်း
#အင်းတော်မြို့
#အရပ်သားပြည်သူ
#ဖမ်းဆီး

👍3🤬2❤1👏1
တရုတ်၏ပြင်ပ နိုင်ငံတကာအခြေအနေများကြောင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိ
တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များအပေါ် ဖိအားများသည် ယခုနှစ်တွင် သိသိသာသာ တိုးလာမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်တောင်က လွှတ်တော်နှစ်ပတ်လည် အစည်းအဝေးမတိုင်မီ ၃ ရက်အလို မတ်လ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များအပေါ် ဖိအားများသည် ယခုနှစ်တွင် သိသိသာသာ တိုးလာမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်တောင်က လွှတ်တော်နှစ်ပတ်လည် အစည်းအဝေးမတိုင်မီ ၃ ရက်အလို မတ်လ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
တနင်္သာရီတွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို မတရား ဖမ်းဆီးဟု HURFOM ပြော
အာဏာသိမ်းစစ်ကောင်စီသည် တနင်္သာရီမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) သို့မဟုတ် နွေဦးတော်လှန်ရေးနှင့် ဆက်နွယ်မှုမရှိသည့် အပြစ်မဲ့ပြည်သူ ၁၇ ဦးကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
(ကိုလူအေး ဘာသာပြန်သည်)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အာဏာသိမ်းစစ်ကောင်စီသည် တနင်္သာရီမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) သို့မဟုတ် နွေဦးတော်လှန်ရေးနှင့် ဆက်နွယ်မှုမရှိသည့် အပြစ်မဲ့ပြည်သူ ၁၇ ဦးကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
(ကိုလူအေး ဘာသာပြန်သည်)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3🤬3
ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသမီးတစ်ဦးအား NUG ရဲတပ်ဖွဲ့မှ ဖမ်းဆီး
===========
ရွှေနွယ်
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်ဆေးဝါးရောင်း ချသူအမျိုးသမီးတစ်ဦးအား သတင်းအရ ကျေးရွာနှစ်ရွာကြားတွင် အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့သည်ဟု အမျိုးသားညီညွတ်အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၅ ရက်နေ့ တွင် ထုတ်ပြန်သည်။
“လုံခြုံရေးအရတော့ ကျေးရွာနှစ်ရွာရဲ့နာမည်ကို ကျွန်တော်တို့အနေနဲ့ ဘယ်ရွာနဲ့ဘယ်ရွာမှာ မိခဲ့တာပါ ဆိုတာ ပြောလို့မရပါဘူး” ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူအမျိုးသမီးမှာ မမဲတူစိန်ဆိုသူဖြစ်ပြီး ခရီးသည်တင်ယာဉ် (Light Truck) ပေါ်တွင် လိုက်ပါ လာစဉ် အနက်ရောင်ပလပ်စတစ်အိတ်အတွင်း အပြာရောင် ဆပ်ပြာခွက်နှစ်ခွက်ဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် အဝါရောင်အမှုန့် ၂၀ ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးအား မယ(ပ)၁၁/၂၀၂၃ မူး/စိတ်ပုဒ်မ(၁၉)ကဖြင့် ဥပဒေအရ တရားစွဲဆိုတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင်၊ ရဲအုပ်၊ ကျေးရွာ ပလဖ အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ကလေးမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၂၅ မှုကို ဖမ်းဆီးအရေးယူထားပြီးပါပြီ။ တခြားသောအမှုတွေလည်း ၂၅ မှုလောက် အရေးယူထားတာတွေ ရှိပါ တယ်။
ကလေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးက အစိုးရတစ်ရပ်အနေနဲ့ ဆောင်ရွက်နေပြီလို့ပြောလို့ရပါတယ်၊ ကလေးမြို့နယ်မှာဆို လည်း စစ်ကောင်စီကစိုးမိုးထားနိုင်တာ မြို့ပေါ် ၁၅ ရပ်ကွက်ပဲ ရှိပါတော့တယ်” ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ကလေးမြို့နယ်တွင် NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်၏ ၇၀ ရာခိုင်နှုန်းနှင့်အထက်တွင် လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ကိုကျော်လွန်၍ ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ပိုင်းခွဲကာ ပြည်သူ့ရဲတပ်ဖွဲ့နှစ်ဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် ကလေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းမြို့နယ်များ၌ အမျိုးသားညီညွတ်ရေးအစိုးရအနေ ဖြင့် ပုံမှန်အစိုးရတပ်ရပ်၏ ယန္တရားအတိုင်း တရားရုံး၊ အကျဉ်းထောင်၊ ရဲစခန်းများဖြင့် လှုပ်ရှားဆောင်ရွက် လျက်ရှိကာ ဖမ်းဆီးရရှိထားသူများကို တရားစွဲ၊ အမှုတည်ဆောက်၊ တရားရုံးမှအမိန့်ချခြင်းများ ဆောင် ရွက်လျက်ရှိသည်ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။
ကလေးမြို့နေပြည်သူများအနေဖြင့်လည်း NUG ပြည်သူ့ရဲတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကို သိရှိထား ပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် ထိန်းချုပ်နယ်မြေများအတွင်း အမြဲတမ်းသွားလာဆောင်ရွက်မှုများလည်းရှိ သည်ဟု အဆိုပါ တာဝန်ရှိသူမှပြောသည်။
ကျွန်တော်တို့ဘက်က ပြည်သူတွေကိုအာမခံနိုင်တာကတော့ ကျွန်တော်တို့လုံးဝ အဂတိလိုက်စားမှု မရှိ ဘူး၊ ရိုးသားမှုရှိတယ်၊ ကိုယ်ချင်းစာနာမှုရှိတယ်၊ တစ်ယောက်ချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်များ အပေါ် လည်း တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်” ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။
ဖမ်းဆီးခံရသူများအနေဖြင့် ရှေ့နေငှားပိုင်ခွင့်ရှိသကဲ့သို့ ၎င်းတို့၏ အခွင့်အရေးများအတိုင်း စည်းဘောင် အတွင်းမှလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောသည်။
ကလေးမြို့နယ်အတွင်းတွင် NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးခြင်းများ လုပ် ဆောင်နေသည့်အပြင် ပြည်သူများမှ သတင်းပေးခြင်း ပူးပေါင်းဆောင်ရွက်ပေးခြင်းများလည်းရှိသည်ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#NUGရဲတပ်ဖွဲ့

👍29😁2
ကွန်မြူနစ်အကွဲအပြဲက နီပေါ၏ အာဏာရ ညွန့်ပေါင်းအဖွဲ့ကို အကျပ်အတည်း ဖြစ်စေ
မော်ဝါဒီ နီပေါဝန်ကြီးချုပ်ဒါဟယ်က သမ္မတရာထူးအတွက် အတိုက်အခံကိုယ်စားလှယ်လောင်းကို ကျောထောက်နောက်ခံပေးပြီးနောက် ကွန်မြူနစ်ပါတီ (မာ့က်စ်-လီနင်ဝါဒီပါတီ - UML) က နုတ်ထွက်မည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့ကာ ကွန်မြူနစ်ကြီးစိုးသော ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ခွဲထွက်မှုများသည် ဟိမဝန္တာဒေသနိုင်ငံဖြစ်သော နီပေါကို အကျပ်အတည်း ဆိုက်စေခဲ့သည်။
http://www.mizzimaburmese.com/article/124883

👍3😁2
မဏိပူပြည်နယ်အတွင်း မြန်မာနိုင်ငံသားများကို ပိုက်စိပ်တိုက် စစ်ဆေးနေ
========================
ပါခွီး
မဇ္ဈိမ ။ ။အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ ကျုရကျန်ပူခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှ ခိုလှုံလာသူများကို တရား မဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ်သတ်မှတ်ပြီး ပိုက်စိပ်တိုက်စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မဏိပူပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသောအမိန့်စာတွင် ကျုရကျန်ပူ ခရိုင်အတွင်းရှိ ရပ်ကွက်ငါးခုနှင့် မြို့တွင်းကို သတ်မှတ်ထားသောရက်များအတွင်း စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။
Nghathal နှင့် Vaal Veng ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၃ ရက် ၊ Thingkangphai နှင့် Kanaan Veng ရပ်ကွက်တွင် မတ်လ ၆ ရက်မှ ၁၀ ရက် ၊ New Lamka areas နှင့် မြို့တွင်းနေရာများတွင် စစ်ဆေး ခြင်းလုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းအမိန့်စာတွင်ဖော်ပြထားသည်။
“Nghathal ရပ်ကွက်ဖက်တော့ လာသွားတယ်။ တအိမ်တက်ဆင်း စစ်ဆေးတာမျိုးမဟုတ်ဘဲ ရပ်ကွက် ထဲမှာရှိတဲ့ ဟောခန်းထဲမှာ လူတွေကို ID တွေယူလာခိုင်းပြီး အတု/အစစ် စစ်ဆေးတာမျိုးလုပ်သွားတယ်” ဟု မြန်မာနိုင်ငံသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
ယခုလက်ရှိအချိန်ထိ အဖမ်းခံရသူမရှိသေးဘဲ မြန်မာနိုင်ငံသားများအနေဖြင့် တိမ်းရှောင်လျက်ရှိနေ ကြောင်း ဆိုသည်။ သို့သော် မတ်လ ၆ ရက် မနက်ဖြန်တွင် Thingkangphai နှင့် Kanaan Veng ကို ဆက်လက်စစ်ဆေးမည့် အခြေနေကို စောင့်ကြည့်လိုအပ်ကြောင်း ပြောဆိုသည်။
ဒေသတွင်း လူမှုအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံမှအဖွဲ့အစည်းများက စစ်ဘေးရှောင်များကို အမြန်ဆုံးပြန် လွှတ်ရန်နှင့် ပြည်နယ်အတွင်း ယာယီနေထိုင်ခွင့် ကဒ်များထုတ်ပေး ရန်တောင်းဆိုနေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးရန် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အိန္ဒိယနိုင်ငံ
#မဏိပူပြည်နယ်
#ပိုက်စိပ်တိုက်စစ်ဆေး

🤬12👍1🔥1👏1
ကြံခင်းမြို့နယ်တွင် "ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်" စာတန်းကိုင်စွဲ ဆန္ဒထုတ်ဖော်
=============
မင်းထက်
မဇ္ဈိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုယနေ့ မတ်လ ၅ ရက်နေ့လည်တွင် ပြုလုပ်ခဲ့ကြသည်။
"ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်"စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟု စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်တဦးက မဇ္ဈိမကို ပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေခြင်းဖြစ်သည်။ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၁၁) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
ကြံခင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို တော်လှန်ရေးအင်အားစုများက နေ့စဉ်လိုလို ပြုလုပ်နေသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်က ကြံခင်းမြို့တနေရာတွင် စစ်အာဏာရှင်တော်လှန်ရေးလူမဲ့သပိတ်ဗီနိုင်းအား ဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသည် လမ်းဘေး၌ရပ်ထားသော ၁၀ဘီးကားအား ဝင်တိုက်ပြီးသေဆုံးခဲ့သည်။
ထို့အပြင် ကြံ့ခင်း-ဟင်္သာတလမ်းပိုင်းတွင်ပါဝင်သော အင်္ဂပူမြို့နယ်အတွင်း စစ်ကောင်စီကားတစီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က မတ်လ ၂ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်းစွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)က သတင်းထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်ကော်မတီ
#စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

❤15🥰2🔥1😁1
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်က ၂ လအတွင်း တရုတ်ကို သံတမန်ရေးအရကန့်ကွက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ထိပါးနှောင့်ယှက်မှုများအပေါ် ဖိလစ်ပိုင်က ယခုနှစ်အစောပိုင်း ၂ လအတွင်းမှာပင် သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြမှု ၁၀ ကြိမ်ပြုလုပ်ခဲ့ရသောကြောင့် အငြင်းပွားရေပိုင်နက်တွင် နှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာကြောင်း ဖော်ပြနေသည်။
http://www.mizzimaburmese.com/article/124884

👏4🔥2