Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်၏ ရုပ်အလောင်းသဂြိုဟ်ပြီးစီး
=====================
ဝေဟင်စိုး
မဇ္ဈိမ။ ။နာ‌ရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူ ၏ဖခင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်(အမျိုးသားရုပ်ရှင်)၏ဈာပနအား ယနေ့ မတ် လ ၅ ရက် နံနက် ၉ နာရီအချိန်က ရေဝေးသုသုဿန် ခန်းမ(၁/က)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်း ဈာပနာသို့ သားဖြစ်သူ ဦးကျော်သူနှင့် ချွေးမတော်စပ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်တို့ လာ ရောက်နိုင်ခြင်းမရှိကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားတစ်ဦးက မဇ္ဈိမကိုပြောသည်။
😢3🤮3👍1
ကွယ်လွန်သူ အသက် ၈၉ နှစ်အရွှယ် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) အား ရန်ကုန်နာရေးကူညီမှုအသင်းသူ အသင်းသားများက ဉီးဆောင်၍ ဂူသွင်းသဂြိုဟ်‌ပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ ဦးစိန်တင်သည် မတ်လ ၃ ရက် နံနက် ၄ နာရီ ၁၀ မိနစ် အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် ၂၀၁၃ ခုနှစ်က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်လိုင်စင်အပါအဝင် အမျိုးသားရုပ်ရှင်လုပ်ငန်းတစ်ခုလုံးကို လှူဒါန်းခဲ့သူလည်းဖြစ် သည်။
ဓာတ်ပုံ-FFSS
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အမျိုးသားရုပ်ရှင်
#အကယ်ဒမီဦးကျော်သူ
#နာရေးကူညီမှုအသင်း(ရန်ကုန်)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍2🤮1
MOGE ကို အရေးယူပိတ်ဆို့ပေးရန် ကျေးရွာပေါင်းစုံသပိတ် တောင်းဆို
===================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီ ကို ဝင်ငွေဖြည့်တင်းပေး နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူရန် မတ်လ ၅ ရက် ယနေ့ တွင် ချီတက်တောင်းဆိုကြသည်။
👍13😁2
“ MOGE က အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ဝင်ငွေရလမ်းကြီးပဲဖြစ်ပါတယ်။ အခု အကြမ်းဖက်စစ်အုပ်စုက ရနေတဲ့နိုင်ငံခြားဝင်ငွေအများစုက အဲဒီကနေလာတာ။ အကြမ်းဖက်အုပ်စုက အဲဒီငွေတွေကိုသုံးပြီး ပြည် သူတွေကို သတ်ဖြတ်နေဦးမှာဖြစ်တယ်။ မြန်မာနိုင်ရဲ့ ဒီမိုကရေစီအရေးကို အမှန်တကယ်ကူညီချင်တယ် ဆိုရင် ကမ္ဘာ့နိုင်ငံကြီးနဲ့ အဖွဲ့အစည်းကြီးတွေက MOGE အရေးယူပိတ်ဆို့ကြဖို့ တောင်းဆိုအပ်ပါတယ်” ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
လူထုသပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလားရာ MOGE ကို ချက်ချင်းအရေးယူ ပိတ်ဆို့ပေး” ဆိုသည့် စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များ ဟစ်ကြွေးခဲ့ကြသည်။
ယနေ့သည် ကျေးရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း (၇၂၄) ရက်မြောက်အဖြစ် ချီတက် ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်တိုင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ကျေးရွာပေါင်းစုံသပိတ်
(ပုံသတင်း)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
​​စစ်ကိုင်း-မုံရွာလမ်းမကြီးဘေး ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
=================
MTO
မဇ္ဈိမ။ ။စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးတွင် မတ်လ ၃ ရက်နေ့က စစ်ကောင်စီယာဉ်တန်းများ လုံခြုံရေး အတွက် ကင်းပုန်း၀ပ်ရန် တောလမ်းမှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Shan Shan Tauk အဖွဲ့မှ ဗိုလ်အုးန်ဒိုင်းက ပြောသည်။
ပထမအကြိမ်တိုက်ခိုက်မှုအဖြစ် မုံရွာမြို့ပေါ်မှ တောင်ဘက်သို့ထွက်လာသည့် အင်အား ၃၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို မုံရွေးရွာ၏တောင်ဘက် တောတွင်းတစ်နေရာတွင် ပဒေသာမိုင်းခြောက်လုံး ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်အုန်းဒိုင်းက ပြောသည်။
“ အဲဒီစစ်ကြောင်းက အင်အား ၃၀ လောက်နဲ့ထိုးလာတာ၊ မိုင်းဆွဲတိုက်ခိုက်လိုက်ပြီးနောက် ၁၂ ယောက် ၁၃ ယောက်လောက်ပဲ ရှေ့ကိုဆက်တက်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားနေရာများသို့ လက်နက်ကြီးလက် နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် ချောင်းဦးမြို့နယ် ခင်မွန်မြို့နယ် ဘက်စုံခြံမှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို မုံရွာမြို့နယ်နှင့်ချောင်ဦးနယ်အစပ် တောတွင်းတစ်နေရာတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်အုန်းဒိုင်းက ဆိုသည်။
တတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကားနှစ်စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးသွားကြောင်း ဆိုသည်။
“အဲဒါကလည်း သုံးလုံးတွဲ ပဒေသာမိုင်းနှစ်လုံးနဲ့ဆွဲခဲ့တာ ကားတစ်စီးထိုးရပ်သွားတယ်၊ အသေအပျောက် တော့ မသိရဘူး။ ကားမှန်အကွဲစနဲ့ သွေးစအနည်းအငယ်တွေ့ရတယ် ကားပေါ်ကအခြေအနေကိုတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုများကို ရှမ်းရှမ်းတောက်အထူးတပ်ဖွဲ့နှင့်အတူ ချောင်းဦးမြိုနယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ CLDF ၊ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း တပ်ခွဲ(၄)၊ ချောင်းဦးမြို့နယ် ပ.က.ဖ တို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#စစ်ကိုင်း-မုံရွာလမ်း
#မိုင်းဆွဲတိုက်ခိုက်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1🔥1😁1
​​အာဖဂန်တွင် တက္ကသိုလ်များ ပြန်ဖွင့်သော်လည်း အမျိုးသားများသာ တက်ရောက်ခွင့်ရှိ

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်နှင့် အခြားမြို့အများအပြားတွင် အစိုးရပိုင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ် ထားပြီး ယောက်ျားလေးများကိုသာ တက်ရောက်ခွင့်ပြုကြောင်း တာလီဘန်အာဏာပိုင်များက ကြေညာ ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1😁1