ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်၊ ထိခိုက်မှုများရှိနိုင်ဟုဆို
=====================
MTO
မဇ္ဈိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ကနီပျူရွာမှ ရေစကြိုမြို့သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်နှစ်ရက်ဆက်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုများရှိနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်အား ၄၀ခန့်ပါသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ရက်နေ့ နှင့် ၈ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒရုန်းနဲ့ အီနာဂါချပြီးတိုက်ခိုက်ခဲ့တယ်။ နှစ်ရက်ပေါင်း အီနာဂါ ၁၂ လုံး လောက် ချခဲ့တယ်။ သူတို့ သွားတဲ့ လမ်းတလျှောက်ကိုပြန်ပြီး ရှင်းလင်းရေးဝင်တဲ့အခါမှာ သူတို့ ဆေးကုသထားတဲ့ ဆေးထိုးအပ်တွေ၊သွေးစတွေ၊ ဂွမ်းတွေ၊ပတ်တီးတွေ တွေ့ရတယ်”ဟုရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက အနီးကပ်တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း စစ်ရေးဖော်ဆောင်နိုင်မည့် နေရာများသို့ ဝင်ရောက်လာခြင်းမရှိ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့လာရာလမ်းတလျှောက်မှ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီးလာခဲ့ကြောင်း သတင်းရရှိသည်။
“သူတို့ ပြည်သူတွေကိုဖမ်းလာတာ ၁၅ ယောက်ကျော်ကျော်လောက်ရှိတယ်လို့ သိရတယ်။ အမျိုးသမီး နှစ်ဦးပါဝင်ပြီး အများစုကယောက်ျားလေးတွေပဲ။ မြိုင်နယ်ထဲက ပြည်သူတွေလည်း ပါသလို ရေစကြိုထဲမှာ ဖမ်းဆီးခံရသူတွေလည်းပါနိုင်တယ် “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ရေစကြိုမြို့နယ် မြေနီကုန်းကျေးရွာတွင် ဝင်ရောက်ညအိပ်ပြီးနောက် ယနေ့မတ်လ ၉ရက် နံနက်ပိုင်းတွင် ရေစကြိုမြို့ရှိ ခလရ (၂၅၇) တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်းသိရသည်။
စာတည်း - မောင်ကြီး
#မကွေးတိုင်း
#ရေစကြိုမြို့
#ဗုံးသီးချတိုက်ခိုက်

❤11👍3👏3🔥1
စကစတပ်၏ရက်စက်ကြမ်းကြုတ်သောနည်းများအပေါ်ကန့်ကွက်ရှုတ်ချကြောင်းလူ့အခွင့်အရေးဆိုင်ရာဗြိတိန်သံအမတ်ဆို
========================
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ အသုံးပြုနေတာကို ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ် Rita French က ပြောလိုက်ပါတယ်။
https://youtu.be/5ABcNIyY07g
#Political New
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စကစတပ်၏ရက်စက်ကြမ်းကြုတ်သောနည်းများအပေါ်ကန့်ကွက်ရှုတ်ချကြောင်းလူ့အခွင့်အရေးဆိုင်ရာဗြိတိန်သံအမတ်ဆို
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ အသုံးပြုနေတာကို ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ် Rita French က ပြောလိုက်ပါတယ်။
#Political…
#Political…
👍15😁2
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
===========================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဖြူကျေးရွာမှ တာပလပ်ကျေး ရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA- tcjf Tanintharyi တို့က ကြားဖြတ်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
တနင်္သာရီမြို့နယ် ရေဖြူနှင့် တာပလပ်အကြားရှိ မိုင်တိုင် အမှတ်(၆၆) အနီးတွင် စစ်ကောင်စီ ခြေလျင်စစ် ကြောင်းအား တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တစ်နာရီဝန်းကျင်လောက်ကြာ တယ်။ ကျွန်တော်တို့မှာအားနည်းချက်တွေရှိတာပေါ့ အဓိကတော့ ကျည်မလုံလောက်တာရယ်၊ လက်နက် ကလည်း လက်လုပ်တွေနဲ့တိုက်ရတယ်ဆိုတော့ ခက်ခဲတာပေါ့။ ဒါပေမယ့် အထိခိုက်အကျဆုံးမရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အခြေစိုက် ကမ္မလိုင်းတပ် ခမရ(၅၅၈) ဖြစ် ကြောင်း သိရသည်။
https://youtu.be/q3-Peqblmmc
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း
#ကြားဖြတ်တိုက်ခိုက်
#KTLA-tcjf_Tanintharyi
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဖြူကျေးရွာမှ တာပလပ်ကျေး ရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA- tcjf Tanintharyi တို့က ကြားဖြတ်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
တနင်္သာရီမြို့နယ် ရေဖြူနှင့် တာပလပ်အကြားရှိ မိုင်တိုင် အမှတ်(၆၆) အနီးတွင် စစ်ကောင်စီ ခြေလျင်စစ် ကြောင်းအား တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တစ်နာရီဝန်းကျင်လောက်ကြာ တယ်။ ကျွန်တော်တို့မှာအားနည်းချက်တွေရှိတာပေါ့ အဓိကတော့ ကျည်မလုံလောက်တာရယ်၊ လက်နက် ကလည်း လက်လုပ်တွေနဲ့တိုက်ရတယ်ဆိုတော့ ခက်ခဲတာပေါ့။ ဒါပေမယ့် အထိခိုက်အကျဆုံးမရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အခြေစိုက် ကမ္မလိုင်းတပ် ခမရ(၅၅၈) ဖြစ် ကြောင်း သိရသည်။
https://youtu.be/q3-Peqblmmc
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း
#ကြားဖြတ်တိုက်ခိုက်
#KTLA-tcjf_Tanintharyi
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဖြူကျေးရွာမှ တာပလပ်ကျေး ရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA- tcjf…

❤11👍1🔥1👏1
Business Round Up (9 March 2023)
=================
- စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်ရန် လက်မှတ်ရေးထိုး
- ပို့ကုန်ရငွေမူဝါဒသစ်ကြောင့် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု လျော့ကျ
- ကမ္ဘာ့ရာဘာဈေးကြောင့် ပြည်တွင်းရာဘာဈေးပြန်တက်လာပြီး တရုတ်ကအဝယ်လိုက်နေ
- လာအို-ဗီယက်နမ်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းထိ တက်လာ
- တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်
https://youtu.be/nUwrnTi8DKI
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
- စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်ရန် လက်မှတ်ရေးထိုး
- ပို့ကုန်ရငွေမူဝါဒသစ်ကြောင့် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု လျော့ကျ
- ကမ္ဘာ့ရာဘာဈေးကြောင့် ပြည်တွင်းရာဘာဈေးပြန်တက်လာပြီး တရုတ်ကအဝယ်လိုက်နေ
- လာအို-ဗီယက်နမ်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းထိ တက်လာ
- တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်
https://youtu.be/nUwrnTi8DKI
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (9 March 2023)
- စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်ရန် လက်မှတ်ရေးထိုး
- ပို့ကုန်ရငွေမူဝါဒသစ်ကြောင့် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု လျော့ကျ
- ကမ္ဘာ့ရာဘာဈေးကြောင့် ပြည်တွင်းရာဘာဈေးပြန်တက်လာပြီး တရုတ်ကအဝယ်လိုက်နေ
- လာအို-ဗီယက်နမ်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင်…

👍5🔥1
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဘီလီယံနီးပါး ရရှိထား
========================
မေဘယ်လ်သူ
မဇ္ဈိမ ။ ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်ဂိတ်မှကုန်သွယ်မှုအများဆုံးပြုလုပ်ထားကာ ပြီးခဲ့သည့် နှစ်နှင့် နှိင်းယှဉ်ပါက ဒေါ်လာ ၅၄၅ ဒသမ ၈၂ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“လက်ရှိမှာက ကျပ်ငွေတန်ဖိုးမြင့်တက်နေပြီးတော့ ထိုင်းဘတ်စျေးကျနေတဲ့အတွက် သွင်းကုန်တွေ တင် သွင်းတဲ့သူတွေလည်းများတယ်။ နယ်စပ်ဂိတ်အချို့လည်း ပြန်ဖွင့်နေပြီဆိုတော့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပမာဏ ပိုများလာတဲ့သဘောပါ” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးထက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးက မြင့် တက်နေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည်။
ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံးကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် စသည်တို့ကို အများ ဆုံး တင်သွင်းနေသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#နယ်စပ်ကုန်သွယ်ရေး
#မြန်မာနိုင်ငံ
#ထိုင်းနိုင်ံ
#ပို့ကုန်သွင်းကုန်
#mizzimatv

မုံရွာမြို့ လ.ဝ.က ရုံးဟောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို
=============================
ပါခွီး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.ကရုံးဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်သည်။
အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် လ.ဝ.က ရုံးအတွင်း တပ်စွဲထားသောစစ်ကောင်စီတပ်များကို အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းအတည်ပြုချက်အရ မတ်လ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီး၊ ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ခွေး (စစ်ကောင်စီတပ်သား)တွေသေတာ ဒီထက်မကလောက်ဘူး။ ကျနော်တို့ စခန်းအပြတ်သိမ်းနိုင် တော့မယ်၊ ခွေး (စစ်ကောင်စီတပ်သား) ကသိပ်မကျန်တော့ဘူး။ အဲဒီအချိန် တပ်ကူရောက်လာတာနဲ့ ပြန် ဆုတ်ခဲ့ရတာ” ဟု CAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်မှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်အတွင်း စခန်းသိမ်းနိုင်လုအခြေအနေသို့ရောက်ခဲ့ကြောင်း ၎င်းကထပ်လောင်း အတည်ပြုသည်။ က.ည.န ရုံးနှင့် ရေဦးဆန်ဆိုင်အနီးတွင်ရှိသော စစ်ကောင်စီတပ်သားများမှ တပ်ကူရောက်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာလာခဲ့ခြင်းဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း(၄)အထူးကွန်မန်ဒို (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ (၃) (Monywa Nightking PDF) ၊ မုံရွာခရိုင် တပ်ရင်း(၄) တပ်ခွဲ(၄) (5/Teachers People Defence Force PDF) ၊ မုံရွာခရိုင် တပ်ရင်း(၇) (Lightning People Defence Force )၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) (ဓါး မဆိုင်းတပ်မတော်) ၊ မုံရွာခရိုင်တပ်ရင်း (၁၁) (PDF – South Monywa )၊ Spring Dove နှင့် ယက္ခညီနောင် တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနှစ်ဦးကိုပစ်သတ်ခဲ့ ကြောင်းကြားသိရသဖြင့် များစွာဝမ်းနည်းရကြောင်း CAF က ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူနှစ်ဦးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေးစိတ်မသိရသေးကြောင်း ဆိုသည်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ (၃)၊ (၄) ၏ တပ်ရင်း တပ်ခွဲများသည် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများ အရေးပေါ် လိုအပ်နေကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားသည်။
https://youtu.be/0h-5ND9wki0
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#CAF
#မုံရွာ
#လဝက
#တိုက်ခိုက်
#စစ်ကိုင်းတိုင်း

အင်အား…

👍16❤1🥰1😁1
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကနိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထား(ရုပ်သံ)
====================
မဇ္ဈိမ။ ။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေနဲ့ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက်က ပေးပို့ထားပါတယ်။
https://youtu.be/J6oaP1MfL2M
သတင်း - ကချင်လေး
တင်ဆက် - မှူး

တင်ဆက် - မှူး…
သတင်း - ကချင်လေး
တင်ဆက် - မှူး…
👏6💩2👍1
မြန်မာအလုပ်သမားများကို မလေးရှားသို့ ပို့ဆောင်သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲ ဖမ်းဆီး
=====================
မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံမှ ဖြတ်ပြီး မလေးရှားသို့ မှောင်ခို ပို့ဆောင်နေသည့် အဓိက ကွန်ရက်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ဆိုသူ အမျိုးသမီးတစ်ဦးကို ထိုင်းလူဝင်မှုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥2
"၂၀၂၂ လည်ပြန်၊ ၂၀၂၃ မျှော်ကြည့်" | Editors' Talk Episode-3
=======================
မနေ့တနေ့ကမှ ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၂၂ ခုနှစ်ကို ၂၀၂၃ နှစ်သစ်ကနေ လည်ပြန်ကြည့်တဲ့အခါ ဘယ်လို မြန်မာနိုင်ငံမျိုးကိုများ တွေ့ကြရပါသလဲ၊ တခါ ၂၀၂၃ နှစ်သစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လို နှစ်သစ်မျိုးများ ဖြစ်လာပါမလဲ၊ ဘာတွေမြင်ရမယ်လို့ မျှော်လင့်နိုင်ပြီး ဘာတွေကိုတော့ဖြင့် မြင်ရဖွယ်မရှိဘူးလို့ မျှော်လင့်နိုင်ပါသလဲ စတာတွေကို အခုသီတင်းပတ် အစီအစဉ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။
ဘီဘီစီ မြန်မာ သတင်းဌာနရဲ့ အကြီးအကဲဟောင်း ဒေါ်တင်ထားဆွေ၊ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်၊ Myitkyina News သတင်းဌာန တည်ထောင်သူနဲ့ CEO ဘရန်မိုင်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေး တင်ဆက်ထားပါတယ်။
https://youtu.be/bumxy-0Tt_0
#Editors'Talk
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
မနေ့တနေ့ကမှ ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၂၂ ခုနှစ်ကို ၂၀၂၃ နှစ်သစ်ကနေ လည်ပြန်ကြည့်တဲ့အခါ ဘယ်လို မြန်မာနိုင်ငံမျိုးကိုများ တွေ့ကြရပါသလဲ၊ တခါ ၂၀၂၃ နှစ်သစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လို နှစ်သစ်မျိုးများ ဖြစ်လာပါမလဲ၊ ဘာတွေမြင်ရမယ်လို့ မျှော်လင့်နိုင်ပြီး ဘာတွေကိုတော့ဖြင့် မြင်ရဖွယ်မရှိဘူးလို့ မျှော်လင့်နိုင်ပါသလဲ စတာတွေကို အခုသီတင်းပတ် အစီအစဉ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။
ဘီဘီစီ မြန်မာ သတင်းဌာနရဲ့ အကြီးအကဲဟောင်း ဒေါ်တင်ထားဆွေ၊ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်၊ Myitkyina News သတင်းဌာန တည်ထောင်သူနဲ့ CEO ဘရန်မိုင်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေး တင်ဆက်ထားပါတယ်။
https://youtu.be/bumxy-0Tt_0
#Editors'Talk
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"၂၀၂၂ လည်ပြန်၊ ၂၀၂၃ မျှော်ကြည့်" | Editors' Talk Episode-3
မနေ့တနေ့ကမှ ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၂၂ ခုနှစ်ကို ၂၀၂၃ နှစ်သစ်ကနေ လည်ပြန်ကြည့်တဲ့အခါ ဘယ်လို မြန်မာနိုင်ငံမျိုးကိုများ တွေ့ကြရပါသလဲ၊ တခါ ၂၀၂၃ နှစ်သစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လို နှစ်သစ်မျိုးများ ဖြစ်လာပါမလဲ၊ ဘာတွေမြင်ရမယ်လို့ မျှော်လင့်နိုင်ပြီး ဘာတွေကိုတော့ဖြင့်…
👍8🔥1
CRPH ဥက္ကဋ္ဌနှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet တွေ့ဆုံပြီး Burma Act အကောင်အထည်ဖော်ရေး ဆွေးနွေး
====================
CRPH ဥက္ကဋ္ဌနှင့် အမေရိကန်အတိုင်ပင်ခံ Derek Chollet တွေ့ဆုံပြီး Burma Act အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သတင်းထုတ်ပြန်သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်နေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် BURMA Act အကောင်အထည်ဖော်ဆောင်မှုအတွက် အမေရိကန်ပြည်ထောင်စု၏ အကူအညီများရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် လက်ရှိမြန်မာနိုင်ငံအတွင်းရှိ စစ်ရှောင်ပြည်သူများနှင့် အရေးပေါ် အကူအညီလိုအပ်နေသူများအတွက် ထိရောက်သော ပံ့ပိုးကူညီမွု များပေးအပ်နိုင်ရေးအတွက် NUG အစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် လက္တြဲ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၏ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူ အညီမ်ား ရရှိနိုင်ရေးနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းအားထုတ်မှုများတွင် ထိရောက်သော အကူအညီမ်ား ရရှိနိုင်ရေးတို့အတွက် အမေရိကန်ရှိ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု CRPH က သတင်းထုတ်ပြန်သည်။
Photo: Derek Chollets Twitter

👍18🔥1👏1
Media is too big
VIEW IN TELEGRAM
ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး CRPH / NUG ခေါင်းဆောင်တွေရဲ့ပြောကြားချက်ဆိုပြီးသတင်းအမှားတွေဖြန့်နေပါတယ်
သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6476361599065357
#Misinformation_Buster #Shorts #Reels #CRPH #NUG

👍2🔥1
ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ လက်ဖြတ်လိုက်ရသည့် ရဲဘော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ
😢7🔥1

================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ အသက်(၁၉)နှစ်အရွယ်ရဲဘော်တစ်ဦး မိုင်းခွဲ တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက်ဖြတ်လိုက်ရပြီး ဆေးဝါးကုသရန် အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) က သတင်းထုတ်ပြန် သည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စခန်း အတွင်းပေါက်ကွဲခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ရဲဘော်တစ်ဦး ထိခိုက်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်မှုကြောင့် ဘက်ဖက်လက်ဖြတ်လိုက်ရပြီး မျက်နှာနှင့် ခြေထောက်နှစ်ဖက်၌ ပြင်းထန်သည့်ဒဏ်ရာ များရခဲ့ကြောင်း သိရသည်။
“လက်ရှိတော့ ဆေးကုသမှုခံယူနေတုန်းပါ။ ကုသဖို့ ငွေကြေးလိုအပ်ပါတယ်။ အခက်အခဲရှိနေတာပေါ့၊ ခြေထောက်တွေတော့ ခွဲစိတ်ထားပါတယ်။ ငွေကြေးမလုံလောက်တော့ ရှာတုန်းပါ။ ဆက်လက် ကုသမှု လုပ်နေရပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) မှ တပ်ရင်းမှူးဗိုလ်အောက်ဆွဲက မဇ္ဈိမကိုပြောကြား သည်။
အသက်(၁) နှစ်အရွယ် ရဲဘော်၏ ဖြတ်တောက်လိုက်ရသည့် လက်တစ်ဖက်အတွက် လက်တုတပ်ဆင်ရန် ငွေလိုအပ်နေပြီး ကျပ်သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်သည်ဟု သိရသည်။
ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) Brother Defense Force နှင့်စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာတွင် အရာရှိတစ်ဦးကျဆုံးနိုင်ချေရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)က မဇ္ဈိမကိုပြော ကြားသည်။
Photo - ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#အရေးပေါ်အကူအညီ
#Brother_Defense_Force
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ အသက်(၁၉)နှစ်အရွယ်ရဲဘော်တစ်ဦး မိုင်းခွဲ တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက်ဖြတ်လိုက်ရပြီး ဆေးဝါးကုသရန် အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) က သတင်းထုတ်ပြန် သည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စခန်း အတွင်းပေါက်ကွဲခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ရဲဘော်တစ်ဦး ထိခိုက်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်မှုကြောင့် ဘက်ဖက်လက်ဖြတ်လိုက်ရပြီး မျက်နှာနှင့် ခြေထောက်နှစ်ဖက်၌ ပြင်းထန်သည့်ဒဏ်ရာ များရခဲ့ကြောင်း သိရသည်။
“လက်ရှိတော့ ဆေးကုသမှုခံယူနေတုန်းပါ။ ကုသဖို့ ငွေကြေးလိုအပ်ပါတယ်။ အခက်အခဲရှိနေတာပေါ့၊ ခြေထောက်တွေတော့ ခွဲစိတ်ထားပါတယ်။ ငွေကြေးမလုံလောက်တော့ ရှာတုန်းပါ။ ဆက်လက် ကုသမှု လုပ်နေရပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) မှ တပ်ရင်းမှူးဗိုလ်အောက်ဆွဲက မဇ္ဈိမကိုပြောကြား သည်။
အသက်(၁) နှစ်အရွယ် ရဲဘော်၏ ဖြတ်တောက်လိုက်ရသည့် လက်တစ်ဖက်အတွက် လက်တုတပ်ဆင်ရန် ငွေလိုအပ်နေပြီး ကျပ်သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်သည်ဟု သိရသည်။
ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) Brother Defense Force နှင့်စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာတွင် အရာရှိတစ်ဦးကျဆုံးနိုင်ချေရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)က မဇ္ဈိမကိုပြော ကြားသည်။
Photo - ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#အရေးပေါ်အကူအညီ
#Brother_Defense_Force
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Facebook
#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
😢10👍7🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၉ ရက်၊ ၂၀၂၃
=====================
ရုရှားတို့ အမေရိကန်နဲ့ နျူကလီးယား သဘောတူညီချက်ကနေ နှုတ်ထွက်မှုက ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်ပါလဲ၊ မကြာခင်နှစ်ပိုင်းအတွင်းမှာကို လေမှာပျံတဲ့ အငှားယာဉ်တွေ ပြေးဆွဲအသုံးပြုနိုင်ဖို့ အမေရိကန်ကုမ္ပဏီ ပြင်ဆင်၊ ဒီလိုသတင်းဆောင်းပါးတွေ၊ ကိုရီးယားက ကမ္ဘာကျော် Kpop အဖွဲ့ BTS အဖွဲ့သားတွေရဲ့ အရုပ်ကလေးတွေ ထုတ်တဲ့ Lego ဆိုင် Pop CUlture အစီအစဉ်နဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/_c45TV4Rmq0
#VOA

ရုရှားတို့ အမေရိကန်နဲ့ နျူကလီးယား သဘောတူညီချက်ကနေ နှုတ်ထွက်မှုက ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်ပါလဲ၊ မကြာခင်နှစ်ပိုင်းအတွင်းမှာကို လေမှာပျံတဲ့ အငှားယာဉ်တွေ ပြေးဆွဲအသုံးပြုနိုင်ဖို့ အမေရိကန်ကုမ္ပဏီ ပြင်ဆင်၊ ဒီလိုသတင်းဆောင်းပါးတွေ၊ ကိုရီးယားက ကမ္ဘာကျော် Kpop အဖွဲ့…
👍4😁1
မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး
🤬7🔥2
မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး
=====================
005
မဇ္ဈိမ။ ။မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ် ထုတ်လုပ်သူလုပ်ငန်းပိုင်ရှင်ကို ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် နာမည်ကြီးသော
ပန်ဆယ်လို၏ အမေရိကရှိဆိုင်တွင် တင်ရောင်းနေသည့် ဇလုံကြီးဟင်းအနှစ်ထုပ်များသည် PDF များအတွက် အလွန်အဆင်ပြေ၍ လိုအပ်သည့်စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန်ဟုဆိုကာ ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်လော်ဘီဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။
ဇလုံကြီးဟင်းအနှစ်များကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ရွှေဂဏန်းစားသောက်ဆိုင်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယင်းဆိုင်ကို ဝင်ရောက်မွှေနှောက်ပြီး ဖမ်းဆီးသွားခြင်းဟုဆိုသည်။
"ပင်ရင်းဆိုင်ကိုဝင်ဖမ်းတာ။ဆိုင်ရှင်ဖမ်းသွားတယ်။ ချက်ချင်းဆိုင်ခွဲတွေလည်း လိုက်ဖမ်းတယ်။ PDFရယ်၊ ဘာရယ် ကျွန်တော်တို့က ဘယ်လိုလုပ်သိမှာလဲ။ လူတိုင်းကို ရောင်းပေးနေတာလေ။ ဒီလိုဖမ်းတာကတော့ ဥပဒေမဲ့လုပ်ချင်သလိုကို လုပ်နေတော့တာပဲ။ တခြားလုပ်ငန်းရှင်တွေလည်း မျက်ခုံး လှုပ်နေရတယ် "ဟု မန္တလေးမြို့ခံ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။
ဇလုံကြီးဟင်းအနှစ်ထုပ်ပိုင်ရှင်ကို လက်ရှိတွင် မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးထားကြောင်း ကနဦးသတင်း ရရှိထားပြီး အသေးစိတ်ကို မသိရသေးပေ။ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကို မန္တလေးမြို့မှဇလုံကြီးထမင်းဆိုင်နှင့် အတူတူဟုထင်မှတ်ကာ လူမှုကွန်ယက်ပေါ်တွင် သုံးသပ်ဝေဖန်မှုများရှိခဲ့သည်။
" ငါ့ကို တိုက်ခိုက်ချင်တာနဲ့ စစ်ခ-ွး ထမင်းခေါ်ကျွေးတဲ့ ဇလုံကြီးထမင်းဆိုင်နဲ့ ဇလုံကြီးအနှစ်ထုတ်ကို မသဲကွဲဘဲ Boycott ပစ္စည်းရောင်းပါတယ်ဆိုပြီး အကြီးအကျယ်ဖွတယ်။ ပိုင်ရှင်တွေက စီးပွါးရေးထိခိုက်မှာစိုးလို့ Boycott ပစ္စည်းမဟုတ်ကြောင်း ထရှင်းရတယ်။ အချို့ကလည်း PDFတွေဆီ ဇလုံကြီးအနှစ်ထုတ်ဝယ်ပို့ကျွေးနေတာဆိုပြီး ပိုင်ရှင်ဘက်က ဝင်ရှင်းကြရတယ်။ အခု စစ်ခွေးတွေက ပလိန်းကြီး ဝင်ဖမ်းသွားပြီ။ အာချောင်တဲ့ကောင်တွေ ဘယ်ရောက်သွားလဲ။ Boycott ပစ္စည်းမဟုတ်ကြောင်း သိသွားလည်း မတောင်းပန်၊ အခု မိသားစုတစ်စု ဘဝပျက်မလို ဖြစ်သွားရပြီ။ နင်တို့ရဲ့ တာဝန်ယူ တာဝန်ခံမှုက ဘယ်မှာလဲ" ဟု ပန်ဆယ်လိုက လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ရေးတင်ထားသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် စစ်တပ်လော်ဘီ လူမှုကွန်ယက်စာမျက်နှာများမှ သတင်းများကို အတည်ယူကာ လုပ်ငန်းရှင်များကို ဖမ်းဆီးလေ့ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မန္တလေးမြို့က မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်း၏ ပိုင်ဆိုင်မှု ကျပ်သိန်းပေါင်း ၁၂၀, ၀၀၀ ခန့်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ် ။ ။ မောင်ကြီး
#ဇလုံကြီးဟင်းအနှစ်ထုတ်
#မန္တလေး

#ဇလုံကြီးဟင်းအနှစ်ထုတ် – Explore
explore #ဇလုံကြီးဟင်းအနှစ်ထုတ် at Facebook
🤬11👍6🔥1
ရုရှားရဲ့ နျူကလီးယားရည်မှန်းချက် အများစိုးရိမ်
================
ရုရှားနဲ့ အမေရိကန်ကြား နျူးကလီးယား ထိပ်ဖူး တပ်ဆင်ရေးကို ကန့်သတ်ထားတဲ့ START သဘောတူညီချက်သစ်ကနေ ရုရှားပါဝင်မှုကို ရပ်ဆိုင်းမယ့် အကြောင်း ရုရှားသမ္မတက ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကြေညာလိုက်ပြီးနောက်မှာတော့ ကမ ္ဘာတလွှား နျူးကလီးယား လက်နက်ပြိုင်ဆိုင်မှုသစ်တရပ် အပေါ်မှာ စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Henry Ridgwell ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
https://youtu.be/Y5DbEgBTRqA

ရုရှားနဲ့ အမေရိကန်ကြား နျူးကလီးယား ထိပ်ဖူး တပ်ဆင်ရေးကို ကန့်သတ်ထားတဲ့ START သဘောတူညီချက်သစ်ကနေ ရုရှားပါဝင်မှုကို ရပ်ဆိုင်းမယ့် အကြောင်း ရုရှားသမ္မတက ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကြေညာလိုက်ပြီးနောက်မှာတော့ ကမ ္ဘာတလွှား နျူးကလီးယား လက်နက်ပြိုင်ဆိုင်မှုသစ်တရပ်…
👍6😁1
တစ်လကျော်အတွင်း စစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၁၉ ခုရှိ
=====================
001
မဇ္စျိမ။ ။စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဉပဒေကို ပြဋ္ဌာန်းပြီးနောက် တစ်လကျော်အတွင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၁၉ ခု အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဉပဒေကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် မတ်လ ၈ ရက်နေ့အထိ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အတွင်း စည်းရုံးမည့်ပါတီ ၁၄ ပါတီတို့က မှတ်ပုံပြန်တင်ထားပြီဖြစ်ကြောင်း မတ်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
မတ်လ ၇ ရက်နေ့က ပြည်နယ်အတွင်းစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်လိုက်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပါတီဆက်လက်ရှင်သန်နိုင်ရေးအတွက် မှတ်ပုံပြန်တင်ခြင်းဖြစ်ကြောင်း ပြော သည်။
“ကျွန်တော်တို့က မြို့ပြနိုင်ငံရေးလုပ်နေတဲ့ ပါတီတစ်ခုဖြစ်တဲ့အခါကျတော့ ဒါလေးကို ဆက်လက်ရှင် သန်နိုင်အောင်ဆိုတဲ့သဘောနဲ့ပဲ ကျွန်တော်တို့ တရားဝင်လုပ်ဆောင်တဲ့ဟာတွေ ပြောနိုင်တဲ့ဟာတွေ၊ ပြည်သူရဲ့ အခက်အခဲဖြစ်နေတာ တင်ပြနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ မှတ်ပုံတင်ခြင်းဖြစ်တယ်”ဟု KSPP ပါတီ အထွေထွေအတွင်းရေးမှူး ဦးမရမ်ဂွမ်ဂျာကပြောသည်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အနေဖြင့်မူ ပြည်ထောင်စုတစ်ဝန်းလုံး စည်း ရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီး စစ်ကောင်စီကပြုလုပ်မည်ဟုဆိုထားသည့် ရွေးကောက်ပွဲနှင့် ပတ် သက်ပြီးလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
“နစက(စစ်ကောင်စီ) ဉက္ကဋ္ဌက ကမ္ဘာသိ၊ မြန်မာသိ ကြေညာထားပြီးသားလေ။ ၂၀၂၃ မှာရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးသားလေ။ ကော်မရှင်ကလည်း ပါတီမှတ်ပုံတွေတင်ခိုင်းတယ်။ နှစ်လအတွင်း မှတ်ပုံတင်၊ သုံးလကျရင် ပါတီဝင် ၁၀၀,၀၀၀ ပြည့်အောင်စည်းရုံး၊ ခြောက်လကျရင် တနိုင်ငံလုံးဆိုရင် ရုံးခန်း ၁၆၅ ရုံးဖွင့်နိုင်အောင်လုပ်ဆိုပြီးတော့ အဲ့ဒီလိုဖြစ်နေပြီဆိုတော့ ရွေးကောက်ပွဲက ဖြစ်မယ်လို့တော့ ကျွန်တော်တော့ ယုံကြည်ပါတယ်ဗျ”ဟု ကျားဖြူပါတီဉက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ပါတီအနေဖြင့်မူ စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောသည်။
“ဘာမှဖြေစရာမရှိသေးဘူး။ အစည်းအဝေးလည်း မထိုင်ရသေးဘူး။ ဘာမှမဆုံးဖြတ်ရသေးပါဘူးခင်ဗျ”ဟု ဦးစိုင်းလိတ်က ပြောသည်။
ရခိုင်ပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ပါတီက စစ်ကောင်စီထံ မှတ်ပုံပြန်တင်မည် မဟုတ်ကြောင်းနှင့် စစ်ကောင်စီကပြုလုပ်မည့်ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီကြောင့် ပါတီပျက်ပြယ်သွားမည်မဟုတ်ဘဲ ပါတီဆက်လက်ရပ်တည်သွားမည်ဖြစ် ကြောင်းလည်း ALD ပါတီက ပြောထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)တို့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာထားကြသည်။
လက်ရှိတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး အဆိုပါ ပါတီများအနေဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့မှစပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟု စစ်ကောင်စီက ပြဋ္ဌာန်းထား သည်။
စစ်ကောင်စီထံမှတ်ပုံပြန်တင်ထားသည့် ၁၉ ပါတီတွင် ကြံ့ခိုင်ရေးပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင် သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် နှင်းဆီပါတီကိုနာမည်ပြောင်းထားသည့် ပြည်ထောင်စုဒီမိုကရေစီ ပါတီ(UDP)တို့လည်း ပါဝင်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရွေးကောက်ပွဲ
#နိုင်ငံရေးပါတီ
#စစ်ကောင်စီ

👏3🤬2🤮2👍1🖕1