မတ်လ 9 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7🔥1
ပလက်ဝမြို့နယ်အတွင်း ကြားဖြတ်တိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု CDF ပြော
============================
ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို CDF ပလက်ဝတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့ (ပလက်ဝ) CDF –ပလက်ဝက မဇ္ဈိမကို အတည်ပြု ပြောသည်။
ယမန်နေ့ မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မတူပီမြို့နယ် လိုင်လင်းပီမြို့မှ ထယ်ဘွဲ့ စခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ် စစ်ကြောင်းအား ပလက်ဝမြို့နယ် ကိန်းကန်းကုန်း ကျေးရွာနှင့် စခီဟာ ကျေးရွာအကြားရှိ ဗာမီချောင်းလမ်းခုလတ် တစ်နေရာတွင် CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကြိုစောင့်ပြီး ခြုံခိုပဲ ပစ်ခဲ့ရတာပါ ၊ အင်အားများတော့ ငါးယောက်တော့ကျတယ် ၊ ဒဏ်ရာရတာတော့ ပိုများတာပေါ့ ၊ စစ်ကြောင်းကို ဖြိုဖျက်ဖို့က အင်အားမမျှ တော့ ခြုံခိုပဲတိုက်တာကြောင့် အထိနာရုံပဲရှိပါတယ်” ဟု CDF – ပလက်ဝတပ်ဖွဲ့ ဗဟိုကာကွယ်ရေးကော်မတီ ဥက္ကဌ Paul က မဇ္စျိမ ကိုပြောသည်။
တိုက်ပွဲကြာချိန် ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ CDF ပလက်ဝတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင် းဆိုသည်။
ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား ၈၀ ခန့် ပါဝင်ပြီး ဆမီးမြို့နှင့် မတူပီမြို့ကြားရှိ ၎င်းတို့ အခြေကုတ်ယူထားသည့် တစ်ခုတည်းသော ထယ်ဘွဲ့ စခန်းကို ရိက္ခာပို့ ခြင်းဖြစ်နိုင်ကြောင်း Paul က ဆက်ပြောသည်။
CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့သော နေရာနှင့် ထယ်ဘွေ့စခန်းသည် နှစ်နာရီခန့်ကြာ ခြေလျင်ခရီးဖြစ်ပြီး လက်ရှိမှာ ကျန်စစ်ကောင်စီတပ်ဖွဲ့များ ယင်းစခန်း သို့ ရောက်ရှိသွား ပြီဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန်နှင့် ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ စစ်ကောင်စီဘက်က မကြာခဏ စစ်ကြောင်းထိုးမှုများ ရှိလာနိုင်သည့်အတွက် သတိထားကြရန် CDF – Paletwa ဗဟိုကာကွယ်ရေး ကော်မတီ ဥက္ကဌ က ပြောသည်။
စာတည်း။ ။ နောင်နောင်
#ကြားဖြတ်တိုက်ခံရ
#CDF
#ပလက်ဝ
#mizzimatv

👍13❤6👏4😁1🥱1
China 'providing assistance' to Russia in Ukraine war: US intel chief
====================
China is "providing assistance" to Russia in its war against Ukraine but is wary of "the reputational costs associated" with aiding Moscow, US Director of National Intelligence Avril Haines says during a hearing at the US Capitol in Washington. "Putin is likely better understanding the limits of what his military is capable of achieving, and appears to be focused on more modest military objectives for now," Haines tells the US Senate Intelligence Committee as she testifies alongside the heads of the FBI, CIA, NSA and DIA.
https://youtu.be/WsIPzD_jd2Y
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
China 'providing assistance' to Russia in Ukraine war: US intel chief
China is "providing assistance" to Russia in its war against Ukraine but is wary of "the reputational costs associated" with aiding Moscow, US Director of National Intelligence Avril Haines says during a hearing at the US Capitol in Washington. "Putin is…
ယော PDF ဆိုတာ ဘာလဲ
==============
ယောဒေသတွင်တည်ထောင်တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့က ပေးပို့လာသော ဗီဒီယိုဖြစ်ပါသည်။
https://youtu.be/X3tHz86ZOpo
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
ယောဒေသတွင်တည်ထောင်တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့က ပေးပို့လာသော ဗီဒီယိုဖြစ်ပါသည်။
https://youtu.be/X3tHz86ZOpo
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယော PDF ဆိုတာ ဘာလဲ
ယော PDF ဆိုတာ ဘာလဲ
==============
ယောဒေသတွင်တည်ထောင်တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့က ပေးပို့လာသော ဗီဒီယိုဖြစ်ပါသည်။
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

😁4👍3
မတ်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================
- နိုင်ငံခြားငွေနဲ့ အခွန်ဆောင်ရသူတွေ နိုင်ငံပိုင်ဘဏ်တွေမှာသာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမယ်ဆိုတဲ့သတင်း
- စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိတဲ့သတင်း
- ဝေါမြို့နယ်၊ ဘုရားပျိုရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးကိုဖမ်းဆီးတဲ့သတင်း
-မုံရွာမြို့နယ်၊ မြေနဲရွာအနီးတပ်စွဲနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/dWzeQL26w-w
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
- နိုင်ငံခြားငွေနဲ့ အခွန်ဆောင်ရသူတွေ နိုင်ငံပိုင်ဘဏ်တွေမှာသာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမယ်ဆိုတဲ့သတင်း
- စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိတဲ့သတင်း
- ဝေါမြို့နယ်၊ ဘုရားပျိုရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးကိုဖမ်းဆီးတဲ့သတင်း
-မုံရွာမြို့နယ်၊ မြေနဲရွာအနီးတပ်စွဲနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/dWzeQL26w-w
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မတ်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 -နိုင်ငံခြားငွေနဲ့ အခွန်ဆောင်ရသူတွေ နိုင်ငံပိုင်ဘဏ်တွေမှာသာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမယ်ဆိုတဲ့သတင်း
03:35 -စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိတဲ့သတင်း
04:50 -ဝေါမြို့နယ်၊ ဘုရားပျိုရွာမှာ စစ်ကောင်စီတပ်က…

👍10😁1💩1
ပျူစောထီးဘဝမှ လွတ်မြောက်ခြင်း
=============
005
“ဘေးရွာတွေကို ဆက်တိုက်မီးရှို့တာတွေမြင်ရတော့ ကိုယ့်အလှည့်ရော ဘယ်တော့ရောက်လာမလဲဆို တာမပြောနိုင်ဘူး။ သူတို့လုပ်ရပ်တွေမကြိုက်တော့လို့ ပျူစောထီးထဲကထွက်ခဲ့တာပါ” ဟု အသက် ၃၀ အရွယ် အမျိုးသမီးက ဆိုသည်။
မလှလှ (အမည်လွှဲ) ဆိုသူအမျိုးသမီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အစိမ်းရောင်နယ်မြေဟု ပြောစမှတ်ပြုရလောက်သည့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများပြားသော ဇီးပြားကျေးရွာမှဖြစ်သည်။
မလှလှဟာ အသက်(၃၀)ကျော်အရွယ် အမျိုးသားဖြစ်သူ၊ (၈)နှစ်အရွယ်နဲ့ (၄)နှစ်အရွယ် သမီးငယ်နှစ်ဦး တို့နဲ့ တောင်သူလုပ်ရင်း ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေထိုင်ခဲ့သူဖြစ်သည်။
နိုင်ငံရေးကိုနားမလည်ဟုဆိုသော်လည်း ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏မဲဆွယ်ပွဲများကို လိုက်ခဲ့ သည်။ ကျေးရွာတွင်း မဲဆွယ်ပွဲများသာလိုက်၍ ငွေကြေးထောက်ပံ့မှုတော့မရခဲ့ဟု သူမကဆိုသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါက်မြို့နယ်နှင့်ကပ်လျက်ဖြစ်သည့် မြိုင်မြို့နယ်သည် PDF အား ကောင်းသည့် မြို့နယ်ဖြစ်လာသည်။ ထို့နောက် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ ကျေးရွာခေါင်းဆောင်များ ပူးပေါင်းကာ ကျေးရွာတွင်းနေထိုင်သူ လူကြီး၊ လူငယ်အားလုံးကို ပျူစောထီးထဲဝင်ခိုင်းခဲ့သည်။
“PDF တွေနဲ့ တိုက်ပွဲဖြစ်တာတွေကို ဒါတွေကခဏပဲ၊ အကြမ်းဖက်သမားတွေက သူများမြှောက်ပေးလို့ လုပ်နေတာ ပြီးသွားမှာ။ ကိုယ့်ရွာကိုကာကွယ်ဖို့ ပြည်သူ့စစ်ထဲဝင်ပြီး စစ်သင်တန်းတက်ရမယ်လို့ ပြော တယ်”ဟု မလှလှက ပြောပြသည်။
ပျူစောထီးအဖွဲ့ထဲသို့ မဝင်ရောက်လိုသော်လည်း ကျေးရွာမှထွက်သွားရန် ရပ်ဝေးတွင် ဆွေမျိုးနီးစပ်မရှိ သကဲ့သို့ သမီးငယ်နှစ်ယောက်နှင့် လုပ်ကိုင်စားသောက်နေရသမျှ အားလုံးကို စွန့်လွှတ်ထားခဲ့ရမည်ဖြစ်၍ မလှလှတို့လင်မယား မဖြစ်မနေ ပျုစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ရသည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ် ဇူလိုင် လတွင် မလှလှတို့လင်မယားနှစ်ဦး ပျူစောထီးအဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်။
ပျူစောထီးအဖွဲ့ကဘယ်လိုအဖွဲ့အစည်းမျိုးလဲ
ပျူစောထီးအဖွဲ့ကို စစ်မှုထမ်းဟောင်းအများစုနဲ့ မဘသ (အမျိုး၊ ဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေး အဖွဲ့ဝင်)များဖြင့် မတ်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်တွင် မန္တလေးမြို့၌ လျှို့ဝှက်ဖွဲ့စည်းလိုက်သည်ဟု ပျူစောထီး အဖွဲ့(ဗဟို)မှ မေလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
စတင်ထူထောင်ချိန်တွင် မန္တလေးတိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အထက်မြန်မာပြည်) နှင့် ရန်ကုန်တိုင်း ဒေသကြီးပျူစောထီးအဖွဲ့ (အောက်မြန်မာပြည်)အဖွဲ့ နှစ်ဖွဲ့ကိုသာ စတင်ထူထောင်ခဲ့သည်ဟု ဆိုသည်။
ကျန်ရှိသည့် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်များတွင် ပျူစောထီးအဖွဲ့များကို အထက်မြန်မာပြည်နှင့် အောက် မြန်မာပြည်အဖွဲ့တို့မှ လမ်းညွှန်ချက်များပေးကာ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဟုသိရသည်။
#ပျူစောထီး
#ပြည်သူ
#မကွေးတိုင်း
#မြောင်မြို့နယ်
#ပေါက်မြို့နယ်
#ပကဖ
#ဇီးပြားကျေးရွာ

👍10😁2👎1
ဉရောပသမဂ္ဂကစစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး၊လူကိုးဦးနဲ့စီးပွားရေးလုပ်ငန်းသုံးခုကိုအမည်ပျက်စာရင်းသွင်း
====================
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဖဂန်ဝန်ကြီးနှစ်ဉီးနဲ့ စစ် ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ကိုးဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဉရောပသမဂ္ဂက အ မည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
https://youtu.be/Qhtgd8Ol-Lk
#Political New
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဖဂန်ဝန်ကြီးနှစ်ဉီးနဲ့ စစ် ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ကိုးဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဉရောပသမဂ္ဂက အ မည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
https://youtu.be/Qhtgd8Ol-Lk
#Political New
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဉရောပသမဂ္ဂကစစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး၊လူကိုးဦးနဲ့စီးပွားရေးလုပ်ငန်းသုံးခုကိုအမည်ပျက်စာရင်းသွင်း
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဖဂန်ဝန်ကြီးနှစ်ဉီးနဲ့ စစ် ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ကိုးဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဉရောပသမဂ္ဂက အ မည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
#Political New…
#Political New…
👍13👏1😁1🥱1
နဘူးတောကျေးရွာတွင် ထန်းသမားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်
=====================
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၂၀ ခန့်ဖြင့် နဘူးတောကျေးရွာအား စစ်ကြောင်းထိုးကာ ထန်းသမားနှစ်ဦးကို သေနတ်ဖြင့်ပစ် သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်(၃၅)နှစ်အရွယ် ကိုဇော်မင်းနှင့် အသက်(၅၀)အရွယ် ကိုမြအေးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“စစ်သားတွေလာတော့ ကိုဇော်မင်းက ထန်းတတ်နေတာ။ ထန်းပင်ပေါ်ကဆင်းပြီး ထွက်ပြေးဖို့ ဆိုင်ကယ် နှိုးနေတဲ့အချိန် စစ်သားတွေက နောက်ကနေသေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ကိုဇော်မင်းရဲ့ဖုန်းနဲ့ဆိုင်ကယ် ကိုယူသွားကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
ကိုမြအေးမှာ ကိုဇော်မင်းအား စစ်ကောင်စီတပ်သားများက ပစ်သတ်ပုံအစအဆုံးကို ထန်းပင်ပေါ်မှမြင် လိုက်ရပြီး ၎င်းဘက်သို့သေနတ်များဖြင့်ပစ်ခတ်သည့်အချိန်တွင် ထန်းပင်ပေါ်မှပြုတ်ကြသေဆုံးခဲ့ကြောင်း ၎င်းဒေသခံက ရှင်းပြသည်။
ကိုဇော်မင်းနှင့်ကိုမြအေးတို့မှာ ထန်းတက်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူများဖြစ်ကြသည်။ သေဆုံး သွားသည့် ကိုဇော်မင်းတွင် လသားအရွယ်ကလေးတစ်ဦး၊ နှစ်တန်းနှင့် လေးတန်းအရွယ်ကလေးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ် ကျေးစာကျကျေးရွာအနီးတွင် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း အရပ်သား တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#နဘူးတောကျေးရွာ

🤬13👍2🔥1😁1
တနင်္သာရီမြို့နယ်တွင် စရဖအယောင်ဆောင်ဆိုသူ ပစ်သတ်ခံရ
==================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၈ ရက်နေ့က စစ်ကောင်စီ၏ စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)အယောင်ဆောင်ပြီး မြေပြင်သတင်းထောက်လှမ်းနေသူတစ်ဦးကို ရှင်းလင်း ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။
၎င်းသည် စရဖအယောင်ဆောင်ကာ လက်နက်ကိုင်ဆောင်ပြီး ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် PDF သတင်းများအား စုံစမ်းထောက်လှမ်းကာ မြေပြင်သတင်းပေးပို့နေသူတစ်ဦးဖြစ်ကြောင်း တနင်္သာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ခံက ပြောသည်။
“အခု ပစ်ခတ်ရှင်းလင်းလိုက်တဲ့သူက စရဖအယောင်ဆောင်ထားတဲ့ အရပ်သားတစ်ဦးပါ။ လက်နက်ကိုင် ဆောင်ပြီး စရဖတွေက တိုက်ရိုက်ခိုင်းထားတဲ့သူလည်း ဖြစ်ပါတယ်၊ အရပ်ထဲမှာ နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေနဲ့ PDF တွေ ရှိတဲ့ နေရာတွေကို လိုက်စုံစမ်းပြီး သတင်းလှမ်းပို့နေတဲ့သူဖြစ်လို့ ပစ်ခတ်ရှင်းလင်း ခဲ့တာဖြစ်ပါတယ်”ဟု တနင်္သာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။
ပစ်သတ်ခံရသူသည် တနင်္သာရီမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသည့် အောင်ဇော်ချစ်(ခ) ကုလား ချ ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့က ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ပစ်သတ်ခံရသူ အောင်ဇော်ချစ်ထံမှ လက်လုပ်သေနတ် တစ်လက်၊ သတင်းထောက်လှမ်းရာတွင် အသုံး ပြုသည့် ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များ သိမ်းဆည်းရမိထားကြာင်း တနင်္သာရီ- PDF က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#စရဖ
#ပစ်သတ်ခံရ
#တနင်္သာရီ

👍14😁2
အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ တစ်ရက်လျှင် လူသိန်းချီရှိသောကြောင့် ဆာဗာ ပြန်လည်ပြင်ဆင်နေရ
================
ကီရာ
ရန်ကုန် စက်မှု (၁) လမ်း နိုင်ငံကူးလက်မှတ်ရုံးသည် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို အွန်လိုင်းဘိုကင်စနစ်ဖြင့် ဖေဖော်ဝါရီ ၂၄ရက်က စတင်လုပ်ဆောင်ခဲ့ရာမှ လျှောက်ထားသူ များပြားသည့်အတွက် ၎င်းတို့၏ဆာဗာ ပြန်လည်ပြင်ဆင်မှုကို အကြိမ်ကြိမ် ပြုလုပ်နေရပြီး အွန်လိုင်းဘိုကင်စနစ်ကိုလည်း ယာယီရပ်ဆိုင်းမှု အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
ယခုတွင်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရက်ချိန်းအသစ်ရယူခြင်းလုပ်ငန်းစဉ်ကို မတ်လ ၈ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဝင်ရောက်လျှောက်ထားသူ လူသိန်းချီရှိသောကြောင့် ဆာဗာလုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ဆာဗာပြန်လည်ပြင်ဆင်မှုကို အချိန် နှစ် ပတ်ခန့် လုပ်ဆောင်မည်ဟု ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ် ဝက်ဘ်ဆိုဒ်မှ မတ်လ ၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
လက်ရှိတွင် အွန်လိုင်းဘိုကင်စနစ်မှာ လည်ပတ်နိုင်မှုမရှိသော်လည်း စနစ်ယာယီရပ်ဆိုင်းပါက မလိုအပ်သော ဈေးနှုန်းမြှင့်တက်မှုများဖြစ်ပေါ်မည်စိုးသည့်အတွက် ဆာဗာပြင်ဆင်နေချိန်တွင် ရက်ချိန်းရယူလိုသူများကြိုးစားဝင်ရောက်နိုင်ရန် အွန်လိုင်းလျှောက်ထားမှု ဝက်ဘ်ဆိုဒ်ကိုမူ ပြန်လည် ဖွင့်လှစ်ပေးထားမည်ဟု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
သို့သော် အွန်လိုင်းလျှောက်ထားမှု ဝက်ဘ်ဆိုဒ်သည် လူတိုင်းဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဝက်ဘ်ဆိုဒ်ဖွင့်လှစ်ပေးမှုမှာလည်း နာရီပိုင်းသာ ကြာမြင့်သည်ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူများက ပြောသည်။
" ပတ်စပိုစ့်ကလည်း ဘယ်လိုလျှောက်လျှောက် လျှောက်လို့မရဘူး။ အခုလဲ ၂ပတ် ပိတ်တာလား မပိတ်တာလား မသိ ။ ဝက်ဘ်ဆိုဒ်ကို ကံကောင်းပြီး ဝင်လို့ရခဲ့ရင်လဲ လျှောက်လို့ကမရနဲ့ စိတ်ညစ်ပါတယ်။ ဒီနိုင်ငံကြီးမှာလဲ မနေချင်တော့ပါဘူးဆိုမှ ဘယ်မှကို ထွက်မရဘူး"ဟု နိုင်ငံကူးလက်မှတ်ရရှိရန် လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတွင် ဘွဲ့ရ သို့မဟုတ် အစိုးရဝန်ထမ်းအဖြစ် ဖော်ပြထားပါက နိုင်ငံကူးလက်မှတ်ရုံးအတွင်းတွင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ငွေကျပ် ၅၀၀၀မှ ၁၀၀၀၀အထိ ပေး၍ လုပ်ဆောင်နေရသည်။ ထိုသို့ လုပ်ဆောင်မှသာ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။

👍5🔥1
သံတောင်တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၈ ဦး သေဆုံး
======================
YT
မဇ္ဈိမ ။ ။ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦး ဒဏ်ရာရခဲ့ကြောင်း PDF Than Daung က မဇ္ဈိမကို အတည်ပြုပြောကြား သည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် သံတောင်အခြေစိုက် ခ.မ.ရ (၆၀၄) တပ်မှ တပ်ရင်းမှူး ဟိန်းဇံထွန်းအား ၎င်းတို့စစ်ကြောင်း အခြေချရာနေရာတွင် စနိုက်ပါမစ်ရှင် (Sniper Mission) အနေဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF Than Daung က ဆိုသည်။
“သူနေတဲ့နေရာအထိ သွားရှင်းခဲ့တာပါ။ အဲ့ဒီအချိန်မှာ သူကစာဖတ်နေတာ၊ စာဖတ်နေရင်းနဲ့ သူ့တပည့် တွေကို လက်ညှိုးထိုးခိုင်းနေတာ။ အဲ့ဒီအချိန် ကျွန်တော်တို့က စနိုက်ပါနဲ့ သွားပစ်ခဲ့တာပါ၊ နေရာမှာပဲ သေ သွားပါတယ် " ဟု PDF Than Daung ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
တပ်ရင်းမှူး လုပ်ကြံခံရပြီးနောက် မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် သံတောင်မြို့ ကယား ကုန်းအောက်ဘက်သို့လာသော စစ်ကောင်စီတပ်နှင့် PDF Than Daung တို့အကြား ထိတွေ့တိုက်ပွဲ ဆက် လက်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ ဗိုလ်ကြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း PDF Than Daung က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် PDF Than Daung မှ တပ်ဖွဲ့ ဝင်တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက သံတောင်မြို့ ၁၃ မိုင်၊ ဘိုတဲကုန်းရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် PDF Than Daung တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ PDF Than Daung မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေသော သံတောင် မြို့တွင် စစ်ကောင်စီတပ်သည် နေအိမ်များအား မီးရှို့ခြင်း၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း တို့အပြင် ဒေသခံများအား ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ၆ ရက်နေ့အတွင်း သံတောင်မြို့တွင် နေအိမ် ၂၀ လုံးထက်မနည်း မီးရှို့ ခံခဲ့ရပြီး ဆိုင်ကယ် ခုနစ်စီး၊ ကားတစ်စီးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ယင်းအပြင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
ယခုမတ်လဆန်းမှစ၍ KNU တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော သံတောင်မြို့၊ လိပ်သိုမြို့များသို့ စားနပ်ရိက္ခာနှင့် ဓာတ်ဆီစသော အခြေခံလိုအပ်ချက်များအား စစ်ကောင်စီတပ်ကတင်ဆောင်ခွင့် ပိတ်ဆို့ ထားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သံတောင်
#တပ်ရင်းမှူးကျ
# PDFThanDaung
#mizzimatv
#knu

👍15👏4😁1
ABSDF အမှတ် (၁၂) တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ် (ပုံသတင်း)
=================
မဇ္ဈိမ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ အမှတ် (၁၂) တပ်ရင်း သင်တန်းဆင်းပွဲကို မတ်လ ၆ ရက်နေ့က တပ်ရင်းအခြေစိုက်ရာ ယောဒေသတွင် ကျင်းပပြုလုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာခဲ့သည့် ABSDF အနေဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မျိုးဆက်သစ် လူငယ်များကို ပုခုံးပြောင်း တာဝန်များ ပေးအပ်ခြင်းဖြစ်ကြောင်း ABSDF က ယနေ့မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#ABSDF
#အမှတ်(၁၂)

👍6🔥1
အခက်အခဲကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုပံ့ပိုးကူညီကြဖို့ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတောင်းဆို
====================
လူသားချင်းစာနာမှု အရေးပေါ်အကူအညီ လိုအပ်ချက်များပြားလာပြီး စီးပွားရေးအကျပ်အတည်း ဆိုးရွား လာနေစဉ် မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
https://youtu.be/CeBMedNhx1c
#Political New
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
လူသားချင်းစာနာမှု အရေးပေါ်အကူအညီ လိုအပ်ချက်များပြားလာပြီး စီးပွားရေးအကျပ်အတည်း ဆိုးရွား လာနေစဉ် မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
https://youtu.be/CeBMedNhx1c
#Political New
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
အခက်အခဲကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုပံ့ပိုးကူညီကြဖို့ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတောင်းဆို
လူသားချင်းစာနာမှု အရေးပေါ်အကူအညီ လိုအပ်ချက်များပြားလာပြီး စီးပွားရေးအကျပ်အတည်း ဆိုးရွား လာနေစဉ် မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
…
…
👍11🔥1
မြိုင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ဝင်နေအိမ်များကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
=====================
ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က သင်တန်းပေးကာ လက်နက်တပ်ဆင်ထား သော သရက်ကွကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၏နေအိမ်များကို ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြို့)က ထုတ်ပြန်ထားသည်။
မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်းသုံးစင်းဖြင့် အီနာဂါ ဗုံးသီး ၁၀ လုံးချတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိနိုင်ပြီး အရေအတွက်အတိအကျ မသိရှိရသေးဘဲ စုံစမ်းလျက် ရှိကြောင်းဆိုသည်။
“၄၅ မိနစ်လောက် ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။ သူတို့ဖက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ကျနော်တို့ဖက်က အထိအခိုက်မရှိဘူး” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားက မဇ္စျိမ သို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် မဟာမိတ်ညီနောင်များဖြစ်သော Black Cheetah တပ်ဖွဲ့ ၊ THU RAING (တပ်ဖွဲ့) ၊ Hero New GZ (တပ်ဖွဲ့) နှင့် Myaing Warriors တပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သရက်ကွကျေးရွာမှပျူစောထီးခေါင်းဆောင်မှာ ဇော်နိုင်ဆိုသူဖြစ်ပြီး ၎င်းမှာ ယခင်ကတည်းက စက်မှု(၂) နှင့်မြိုင်မြို့ထဲတွင် ဆိုင်ကယ်များဖမ်းဆီးပြီး ငွေတောင်းလေ့ရှိသူဖြစ်ကြောင်း ဗိုလ်မီးပွားကဆိုသည်။
ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ဝင်များမှာ အပြင်ထွက်လျှင် ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသဖြင့် ယခု နောက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းမပါဘဲ မထွက်ရဲတော့ကြောင်း သိရသည်။
သရက်ကွကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ပျူစောထီး အင်အား ၃၀ ကျော်ခန့် ရှိကာ စစ်ကောင်စီတပ် က စစ်သင်တန်းပေးကာ လက်နက်များတပ်ဆင်ပေးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများကို နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေ ဖြင့် ၎င်းတို့၏အနီးနား သွားရောက်နေထိုင်ခြင်းများ မပြုလုပ်ကြရန် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ခေါင်း ဆောင်မှ မေတ္တာရပ်ခံထားသည်။
https://youtu.be/bVcDXkLaCjA
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#မြိုင်မြို့နယ်
#သရက်ကွကျေးရွာ

မဇ္စျိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က သင်တန်းပေးကာ လက်နက်တပ်ဆင်ထား သော သရက်ကွကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၏နေအိမ်များကို ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြို့)က ထုတ်ပြန်ထားသည်။…

👍14❤2🔥1
KNU တပ်မဟာ (၆) ဒေသတွင် အဆင့်မြင့် Drone သင်တန်းဆင်းပွဲ ပြုလုပ်
=====================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေတစ်နေရာတွင် Saw Dragon Drone Force (SDDF) တပ်ဖွဲ့၏ ဒရုန်းသင်တန်း အပတ်စဉ်(၄) ဆင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သင်တန်းပို့ချတဲ့ ဒရုန်းအမျိုးအစားတွေကတော့ Muti-rotor Drone အကြီး၊ အသေး အမျိုးအစား အကုန် ပေါ့နော်။ သင်တန်းအနေနဲ့ကတော့ ရန်သူကို ကင်းထောက်တာတွေ၊ ဒရုန်းနဲ့အချိန်းမရွေးနေရာမရွေး လျှပ်တပြက်တိုက်ခိုက်တာတွေ၊ ဗျူဟာကျကျစစ်ဆင်ရေးတွေနဲ့ ဝေဟင်မြေပြင် ဟန်ချက်ညီညီတိုက်ခိုက် တာတွေ ဒရုန်းကြီး၊ ဒရုန်းငယ်ပေါင်းစပ်တိုက်ခိုက်တာတွေနဲ့ အခြားရန်သူကိုအထိများစေမယ့် နည်းစနစ် ဗျူဟာတွေပါဝင်တယ်”ဟု SDDF တပ်ဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
သင်တန်းတွင် ဒရုန်းတစ်စင်းကို ကိုယ်တိုင်တပ်ဆင်ပြုပြင်ခြင်းမှစ၍ မြေပြင်တွင် အသုံးပြုနေသည့် နည်း စနစ်၊ ပုံမှန်အခြေအနေ၊ အရေးပေါ်အခြေအနေအပြင် ဝေဟင်တပ်ဖွဲ့များပြုလုပ်ရမည့် ဆုံးဖြတ်ချက်ချ နည်းစနစ်တို့ကိုပါ သင်ကြားပေးခဲ့ကြောင်းသိရသည်။
စစ်ဆင်ရေးပြုလုပ်နေစဉ် ပြည်သူများနှင့် ရဲဘော်များ ဘေးကင်းအလုံခြုံဆုံးဖြစ်စေရန် စနစ်တကျပို့ချခဲ့ သည့် အဆင့်မြင့်ဒရုန်းသင်တန်းဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လကြာသင်ကြားခဲ့ရကြောင်းလည်းဆို သည်။
အဆိုပါသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးစီစဉ်ခဲ့ ခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် နောက်ကျထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ပြောသည်။
သင်တန်းဆင်းပွဲကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်ကောင်းရွက်မှ သဝဏ်လွှာပေးပို့ အမှာ စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
https://youtu.be/bBnwUePFx9w
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#တပ်မဟာ_၆
#ဒရုန်း
#သင်တန်းဆင်းပွဲ
#NUG
#SDDF

“သင်တန်းပို့ချတဲ့…

👍15❤3🔥1
မတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
01:03-ဉရောပသမဂ္ဂက စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ကိုးဦးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို အမည်ပျက်စာရင်းသွင်းတဲ့သတင်း
03:26-ပလက်ဝမြို့နယ်အတွင်း ကြားဖြတ်တိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတဲ့ သတင်း
06:20-စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိတဲ့ သတင်း
7:17-တနင်္သာရီမြို့နယ်တွင် စရဖ အယောင်ဆောင် ၁ ဦး ပစ်သတ်ခံရတဲ့ သတင်း
အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/kWYcHMPQXnQ

06:20-စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ်…

👍5🤮1