Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ်လ ၈ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္ဈိမပင်မသတင်းအစီအစဉ်
=========================

-တိုင်းနှင့်ပြည်နယ် ၈ ခုကို ခရီးသွားလာခြင်းမပြုဖို့ ဗြိတိန်အစိုးရက သတိပေး တားမြစ်တဲ့သတင်း

-တန့်ဆည်မြို့မှ NLDပါတီဝင်အမျိုးသမီး ၁ ဦးကိုစစ်ကောင်စီဖမ်းဆီးတဲ့ သတင်း

-စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာတဲ့သတင်း

-ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှု လိုအပ်နေတဲ့သတင်း

-အာဆီယံနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတွေ မြင့်တက်လာတဲ့သတင်း

-ကေအိုင်အို အစိုးရရဲ့ သစ်တောအရာရှိငယ် သင်တန်းဆင်းပွဲကို လိုင်ဇာမြို့မှာ ကျင်းပတဲ့သတင်း အပါအဝင် တစ်ခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/vxiSSp7dzss?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥1😁1
​​တရုတ်က ငွေကြေးကျပ်တည်းနေသည့် ပါကစ္စတန်ကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ထပ်ချေးရန် အတည်ပြု
=====================

တရုတ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ချေးငွေအကူအညီပေးရန် အတည်ပြုလိုက်သောကြောင့် ပါကစ္စတန်အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီ ဖြစ်သည်။ 

“မကြာသေးမီလများအတွင်း ပါကစ္စတန်က တရုတ် ICBC ဘဏ်သို့ ဆပ်ခဲ့သည့် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ချေးငွေကို ပြန်ပေးရန် ယင်းဘဏ်က တရားဝင်အတည်ပြုခဲ့ကြောင်း ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး အစ္စဟက်ဒါက တွစ်တာမှတစ်ဆင့် ကြေညာခဲ့သည်။

အဆိုပါ ချေးငွေကို ၃ ရစ်ခွဲ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ပထမအရစ် ဒေါ်လာသန်း ၅၀၀ ကို ပါကစ္စတန်နိုင်ငံတော်ဘဏ်မှ လက်ခံရရှိပြီး ဖြစ်သည့်အတွက် နိုင်ငံခြားအရန်ငွေ တိုးလာမည်ဖြစ်ကြောင်း" ၎င်းက ထပ်မံပြောကြားခဲ့သည်။
​​စစ်သွေးကြွအဖွဲ့က ပါကစ္စတန်အစိုးရကို ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ ရှင်းထုတ်ရန် ရည်ရွယ်နေဟု အမေရိကန် သတိပေး
======================

တီရစ်-အီ-ပါကစ္စတန်တာလီဘန် (TTP) စစ်သွေးကြွအဖွဲ့သည် ပါကစ္စတန်အစိုးရအား ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ ရှင်းထုတ်ပြီး အစိုးရနှင့်စစ်တပ်အား အကြမ်းဖက်လှုပ်ရှားမှုဆင်နွှဲခြင်းဖြင့် ရှာရီယာဥပဒေကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတွင် သတိပေးထားည်။
👍2🔥2😁1
​​ပြည်ပနည်းပညာအချို့ကို ပိတ်ပင်မည့် အမေရိကန် ဥပဒေကြမ်းတွင် TikTok ပါဝင်လာနိုင် 
====================

တရုတ်နိုင်ငံပိုင် TikTok အက်ပလီကေးရှင်း ကဲ့သို့သော နိုင်ငံခြားနည်းပညာထုတ်ကုန်များကို အစိုးရမှ ပိတ်ပင်ရန် သို့မဟုတ် တားမြစ်ရန် ရည်ရွယ်သည့် ဥပဒေတစ်ရပ်ကို ယခုသီတင်းပတ်တွင် တင်သွင်းရန် အမေရိကန် အထက်လွှတ်တော်အမတ် ၂ ဦးက စီစဉ်နေကြောင်း အထက်လွှတ်တော်အမတ် မာခ့်ဝါနာက မတ်လ ၅ ရက်တွင် ပြောကြားသည်။
👍5😁2
​​တရုတ်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ကမ်းလှမ်းသော်လည်း ထိုင်ဝမ်က မိမိတို့၏ ဒီမိုကရေစီကို အလေးထားရန် ပြောကြား
=====================

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနှင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ရန် မဆုတ်မနစ်လုပ်ဆောင်သွားမည်ဟု မတ်လ ၅ ရက်က ကတိပြုခဲ့ချိန်တွင် ထိုင်ဝမ်က တရုတ်အနေဖြင့် ထိုင်ဝမ်ပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လေးစားသင့်ကြောင်း တုံ့ပြန်လိုက်သည်။
👍6👎1🔥1
မတ်လ (၈) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီကျူးလွန်နေတဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေအပေါ် အရေးယူနိုင်ဖို့ NUG အနေနဲ့ကြိုးပမ်းနေတယ် ဆိုတဲ့ သတင်းနဲ့အတူ မန္တလေးအိုးဘိုထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးအကြောင်းကို နားဆင်ရမှာပါ။

https://youtu.be/3ZY4HaJQJDs

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2👍1😁1
​​အငြင်းပွားကျွန်းများအနီးတွင် တရုတ်ရေတပ်သင်္ဘော ၁ စင်းကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင် ပြောကြား 
=========================

နယ်မြေပိုင်နက်ဆိုင်ရာတင်းမာမှုများ မြင့်တက်နေချိန်တွင် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်သိမ်းပိုက်ထားသော ကျွန်းတစ်ဝိုက်တွင် တရုတ်ရေတပ်သင်္ဘော ၁ စင်းနှင့် ပြည်သူ့စစ်သင်္ဘော ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်က မတ် ၄ ရက်တွင် ပြောကြားသည်။
👍8🔥3
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep18 seg - 2 (Kiraနဲ့BoBတိုရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://youtu.be/O48Kq2bo8xw

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #Reels
🤮2
​​ရုရှားကိုထောက်ခံသည့် မဟုတ်မမှန်လုပ်ကြံသတင်းများအတွက် တရုတ်က ငွေကြေးဘီလီယံနှင့်ချီ သုံးစွဲနေကြောင်း အမေရိကန် ပြောကြား
=====================

ယူကရိန်းအရေးတွင် ရုရှားလုပ်ရပ်များကို အပြည့်အဝထောက်ခံသည့် သတင်းများအပါအဝင် မဟုတ်မမှန် လုပ်ကြံသတင်းများကို ဖြန့်ရေးအတွက် ငွေကြေးဘီလီယံနှင့်ချီ၍ သုံးစွဲနေသော တရုတ်ကို တားဆီးရန် အနောက်နိုင်ငံများက ပျက်ကွက်ခဲ့ကြောင်း အမေရိကန်အထူးသံတမန်တစ်ဦးက ပြောကြားလိုက်သည်။
😁16👍5🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/MWT5DgqJr6w

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1😁1🤮1
​​စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိ
=======================

မေဘယ်လ်သူ
မဇ္ဈိမ ။ ။ စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနိုင်ငံလုံးမှဝင်ရောက် ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၇၉,၈၄၃ ရှိသော်လည်း ယနေ့ မတ်လ ၈ ရက် စာမေးပွဲပထမနေ့တွင် မြန်မာစာဖြေဆိုသူ ၁၆၁,၈၅၁ ဦးသာ ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။

“စာမေးပွဲပထမနေ့မှာတွင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြေဆိုသူ ၁၆၀,၀၀၀ ကျော် (တစ်သိန်းခြောက်သောင်းကျော်) ပဲရှိတယ်။ ကျန်တဲ့ရက်တွေမှာ မေးခွန်းအခြေအနေရယ်၊ ကျောင်းသားတွေရဲ့ဖြေဆိုနိုင်မှုအပေါ်မူတည်ပြီး ပျက်ကွက်တွေရှိလာဦးမှာပါ” ဟု ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ဘာသာရပ်ပြဆရာမတစ်ဦးက ဆိုသည်။

တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၅ ခု စုစုပေါင်း စာစစ်ဌာန ၈၃၆ခု ရှိကြောင်းသိရသည်။

စာမေးပွဲဖြေဆိုသူများတွင် ရန်ကုန်တိုင်းအတွင်းမှ ၂၃,၈၀၇ ဦးဖြင့် အများဆုံးဝင်ရောက်ဖြေဆိုပြီး၊ တိုက်ပွဲပြင်းထန်ပြီး နယ်မြေငြိမ်သက်မှုမရှိသည့် ကယားပြည်နယ်အတွင်းမှ ၉၂၁ ဦးဖြင့် အနည်းဆုံး ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။
ယ
ခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

“တချို့ကျောင်းသားမိဘနဲ့ ကျောင်းသားတွေကလည်း ဒီနှစ်က သင်ရိုးဟောင်းနောက်ဆုံးဆိုတော့ ဝင်ဖြေကြတာပေါ့လေ။ ကျောင်းသားတချို့ကလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့စာမေးပွဲဖြစ်လို့ CDM လုပ်တဲ့အနေနဲ့ ဝင်ရောက်မဖြေဆိုတာဖြစ်မယ်” ဟု အထက်ပါဆရာမက မှတ်ချက်ပြုပြောဆိုသည်။
စစ်ကောင်စီလက်ထက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ပတ်သက်၍ အနီးစပ်ဆုံးအနေဖြင့် အရပ်သားအစိုးရလက်ထက်၂၀၂၀ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ . ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။

စာတည်း ။ ။ Alden

#စာစစ်ဌာန
#ပညာရေး
#တက္ကသိုလ်ဝင်စာမေးပွဲ
#စစ်ကောင်စီ
👍18❤3😈2👎1🥰1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_29 Seg_2 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း

Watch more detail - https://youtu.be/jAeKBnq-xhg

#thecookingguy #mizzimatv #reels #shorts #cooking
👍1
​​ယူကရိန်းအတွက် တရုတ်၏ ငြိမ်းချမ်းရေးအစီအစဉ်က အာရုံလွှဲခြင်း ဖြစ်နိုင်
=========================

ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်အတွက် တရုတ်၏ ငြိမ်းချမ်းရေးအစီအစဉ်သည် ဝေဖန်ဆွေးနွေးမှုများကို တရုတ်ဆီမှ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များဆီသို့ လမ်းကြောင်းပြောင်းလဲရန် အာရုံလွှဲမှုတစ်ခုသာ ဖြစ်ကြောင်း Asia Times သတင်းတွင် ဖော်ပြထားသည်။
👍11😁1
​​တရုတ်၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် သီရိလင်္ကာရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံး မဟာဗောဓိညောင်ပင် ထိခိုက်လာနိုင်
========================

သီရိလင်္ကာနိုင်ငံရှိ နိုရော့ချ်ချိုလိုင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အငွေ့ပျံ၍ ထွက်လာသော အဆိပ်သင့် အက်ဆစ်များသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရှင်သန်ဆဲ သစ်ပင်ဖြစ်သည့် သီရိမဟာဗောဓိညောင်ပင်ကြီးအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း အမေရိကန်ရှိ သီရိလင်္ကာ တမီးလ်လူမျိုးများအသင်း Ilankai Tamil Sangam (Sangam.org) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
😢6👍1😁1
မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေ ပြေးပေါက်ရှာဖို့ လိုပြီလား (ဆောင်းပါး)
=====================

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံထဲမှာရှိတဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာစစ်ကောင်စီတပ်က တာဝန်ရှိသူတွေကို အရေးယူနိုင်ရေးအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ခုံရုံး ရှိနှင့်ပြီးသားဖြစ်ပေမယ့် လက်ရှိ ဥပဒေအရ အင်ဒိုနီးရှား နိုင်ငံသားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုပဲ စီရင်ခဲ့ရာကနေ တခြားနိုင်ငံတွေက ပြစ်မှု ကျူးလွန်သူ တွေကိုပါ စီရင်နိုင်ဖို့ ဥပဒေပြင်ဆင်ရေးအတွက် လူ့အခွင့်အရေး အဖွဲ့တွေက ဝိုင်းဝန်းတောင်းဆို ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလိုဥပဒေပြင်ဆင်ပေးဖို့ကို ဂုဏ်သိက္ခာရှိပြီး လူလေးစားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဦးဆောင်တောင်းဆိုခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

https://youtu.be/WGCVa87JC50

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁3🥱1
​​ကလေးများကို ဘာသာရေးကျောင်းပို့သည့် ဝီဂါအမျိုးသမီး ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံရ
===================

ဝီဂါအမျိုးသမီး အက်ရှမ်ဟမ် အဗ္ဗဒူလာသည် သူမ၏ ဆယ်ကျော်သက်ကလေး ၃ ဦးအား ဒေသတွင်းရှိ အိမ်တွင်းဘာသာရေးသင်တန်းကျောင်းသို့ ပို့ခြင်းကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံထားရကြောင်း RFA က ဖော်ပြသည်။
👍5😱2🔥1👏1
မတ်လ (၉) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ သတင်းနဲ့ အတူ

သထုံမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး သေဆုံးတဲ့သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး အကြောင်းကို နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/HqvYb7QUKME

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
​​ရွေးကောက်ပွဲကို တရုတ်က ဝင်ရောက်စွက်ဖက်ကြောင်း ကနေဒါနိုင်ငံသားအများစု ယုံကြည်နေ
====================

တရုတ်အစိုးရသည် ဒီမိုကရေစီအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ် ပြီးခဲ့သည့် ဖက်ဒရယ်ရွေးကောက်ပွဲ ၂ ခု တွင် ဝင်ရောက်စွက်ဖက်နိုင်သည် သို့မဟုတ် လုံးဝဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ကနေဒါနိုင်ငံသားအများစုက ယုံကြည်ကြကြောင်း Angus Reid Institute ၏ စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။
👍5😁4
​​တရုတ်က အမေရိကန်၏ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း လွှတ်တော်အမတ်များ ပြောကြား
====================

ရီပတ်ဘလင်ကန်အမတ်အများစုပါဝင်သည့် အောက်လွှတ်တော်၏ တရုတ်နှင့် ပတ်သက်သော ပထမဆုံးကြားနာမှုအတွင်း၌ အမေရိကန်ထိပ်တန်းလွှတ်တော်အမတ်များက တရုတ်သည် အမေရိကန်၏ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။
👍6😁4🔥1
​​ပါကစ္စတန်ရှိ နိုင်ငံရေးသမားများ၊ တရားသူကြီးများနှင့် ဗိုလ်ချုပ်ကြီးများ အခွန်ငွေ ပေးဆောင်ရမည်
======================

ပါကစ္စတန် ပြည်သူ့ငွေစာရင်းကော်မတီ (PAC) သည် နိုင်ငံရေးသမားများ၊ တရားသူကြီးများနှင့် ဗိုလ်ချုပ်ကြီးများအပါအဝင် လူတိုင်းထံမှ အခွန်ငွေကောက်ခံသွားမည်ဖြစ်ကာ တာဝန်ထမ်းဆောင်နေသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကိုသာ ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
👍6🔥1