Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီစစ်ဘေးရှောင်များအား ဆန်၊ ဆီ လှူဒါန်း
👍8🔥1
ကရင်နီစစ်ဘေးရှောင်များအား ဆန်၊ ဆီ လှူဒါန်း
===============

ဂျူချန်း
မဇ္ဈိမ။ ။ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် လူဦးရေ ၁၂၅ ဦးရှိသည့် စစ်ရှောင်စခန်းတစ်ခုအား ဧပြီလ ၁ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့မှ ဆန်၊ဆီ နှင့် စားသောက်စရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်စခန်းရှိ အိမ်ထောင်စု တစ်စုလျှင် ဆန်လေးပြည် ဆီ ၅၀ကျပ်သား လှူဒါန်းခဲ့ပြီး အအေးနှင့်မုန့်များကိုလည်း ကလေးများအား လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် ကပြောသည်။

“စစ်ရှောင်ဦးရေက တစ်အားများလာတော့ ကိုယ်ကိုယ်တိုင် မလှူနိုင်ရင်တောင်မှ ဒီစစ်ရှောင် ၂၃၀,၀၀၀ ဝန်းကျင်လောက်ကို တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ လိုင်းပေါ်ကနေဖြစ်ဖြစ် ၁၀၀ ပဲလှူနိုင် လှူနိုင် ၅၀ ပဲလှူနိုင်လှူနိုင် ဆက်စပ်တဲ့ ခေါင်းဆောင်တွေကနေ တစ်ဆင့် သူတို့ အလှူလေးတွေ ရစေချင်ပါတယ်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။

ကရင်နီပြည်နယ်နေရာများအပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဒေသခံ သိန်းနှင့်ချီ စစ်ဘေးရှောင်နေရသည့်အပြင် ရေရှားပါးလာသောကြောင့် သောက်သုံးရေကအစ ဝယ်ယူသုံးစွဲနေရသဖြင့်လို့ အကူအညီများလည်း လိုအပ်လျက် ရှိနေကြောင်း သိရသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ် တစ်ခုတည်းတွင် စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ နီးပါး ရှိနေပြီး ကရင်နီပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် စစ်ဘေးရှောင် ၂၀၀,၀၀၀ နီးပါးရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စာရင်းများမှ ဖော်ပြချက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv
# ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးဒုက္ခသည်
#စစ်ရှောင်စခန်း
#ကရင်နီပြည်နယ်
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥1
Media is too big
VIEW IN TELEGRAM
ပဲငါးပိကြော် | Chef Eve's Easy Thai Cooking Show

Watch more deatil -
https://www.youtube.com/watch?v=HbmKZHVnMZc

#reels
#shorts
#ပဲငါးပိကြော်
#ChefEve's
🤮3👍2
ပဲငါးပိကြော် နှင့် မုန်ညှင်းစော | Chef Eve's Easy Thai Cooking Show | Ep - 9
=================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ပဲငါးပိကြော် နဲ့ မုန်ညှင်းစော ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + HD Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/HbmKZHVnMZc

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮3
​​စစ်ကောင်စီ ရွေးကောက်ပွဲက ကလိမ်ကကျစ် ကျခြင်းဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ပြော
====================

စစ်တပ်က ၎င်း၏ အားနည်းချက်များကို ဖုံးကွယ်ရန် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ယုတ်မာမှု အဝဝကို ကျူးလွန်လျက် ရှိသည်။ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲများနှင့် တရားဝင် လူထုကြိုက်သော ပါတီများအား “ဖျက်သိမ်းခြင်း” နှင့် ပတ်သက်ကာ စစ်ကောင်စီသည် မဟုတ်မဟပ် အပြောများကို ဖန်တီးပြောဆိုလျက်ရှိသည်။ ယင်း လုပ်ရပ်အားလုံးမှာ ၎င်းတို့၏ ပျော့ကွက်၊ ညံ့ကွက်များကို ဖုံးကွယ်နိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6💩2
​​KNU တပ်မဟာ (၁) အုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး
================

YT
မဇ္ဈိမ ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၊ သထုံခရိုင်တွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်​၏ တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်များနှင့် မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

KNU တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်​၏ နည်းမျိုးစုံ တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး သုံးဦး၊ အမျိုးသား ၁၀ ဦး သေဆုံးကာ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသားကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ မတ်လအတွင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုအပြင် ၆၀မမ၊ ၈၁ မမ နှင့် ၁၂၀ မမ၊ RPG ကဲ့သို့သော လက်နက်ကြီးများအား အသုံးပြုကာ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုများကြောင့် သထုံမြို့နယ်၊ ဆူးအင်းကျေးရွာအုပ်စု၊ ဆူးအင်းရွာနှင့် ကျုံမှန်ရွာမှ ဒေသခံများ၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအုပ်စု ခုနစ်ခုမှ ဒေသခံများအပါအဝင် ပြည်သူ ၃,၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

" လက်နက်ကြီးက ညဘက်လူအိပ်ချိန်မှ ကျတာများတယ်။ လက်နက်ကြီးကျတော့ မိရာထိရာဆွဲပြီး ပြေးရတာပေါ့။ အဲ့ဒီလိုညတွေဆို အိပ်မရတော့ဘူး" ဟု KNU တပ်မဟာ (၁) တပ်ရင်း (၃) အုပ်ချုပ်မှုဒေသတွင် နေထိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၅၀၀ နီးပါးနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုအကြိမ်ရေ ၉၀၀ နီးပါး လုပ်ဆောင်ခဲ့ကြောင်း၊ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးတွင် ပါဝင်သော နယ်မြေတစ်ခုဖြစ်ကြောင်း KNU ​၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနမှတ်တမ်းဌာနခွဲက ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်‌ကောင်စီတပ်ခေါင်းဆောင်များသည် ၎င်းတို့တိုက်ခိုက်ခံရပါက အရပ်သားကျေးရွာများကို ပစ်ခတ်ရန် အမိန့်ပေးစေခိုင်းနေသည်ဟု CDM ပြုလုပ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက KNU ထံ ဖြေကြားထားသည်။

" ဗိုလ်ကြီးတွေက နည်းနည်းဖြစ်တာနဲ့ ရွာတွေကို ပစ်ခိုင်းတာပဲ" ဟု အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖြေကြားထားသည့် မှတ်တမ်းကို KNU က မတ်လ ၂၇ရက်တွင် ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့အတွက် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးတွင် စစ်ဆေးအရေးယူ၍ ပြည်သူလူထု​၏ တရားမျှတမှုအား ပြန်လည်ရယူရန် လိုအပ်ကြောင်း၊ သို့ရာတွင် တချို့သော နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် ဆက်နွယ်မှုရှိနေပြီး စစ်ကောင်စီအား နည်းမျိုးစုံဖြင့် ပံ့ပိုးနေကြောင်း KNU က မတ်လအတွင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

KNU အနေဖြင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား အရေးယူဆောင်ရွက်နိုင်ရေး၊ ပြည်သူများ​၏ လူ့အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် တရားမျှတမှုရရှိရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရများထံ တောင်းဆိုမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်အမျိုးသားအစည်းအရုံး
#သထုံခရိုင်
#စစ်ကောင်စီတပ်
#တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှု
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6❤1😁1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ ဧပြီ ၂၀၂၃ ) 
===================

အကြမ်းဖက်မင်းအောင်လှိုင် နိုင်ငံအာဏာလုယူပြီးနောက် ငွေတန်ဖိုးအဆမတန်နိမ့်ကျလာသလို စက်သုံး ဆီဈေးနှုန်းများလည်း ယခင်ကထက် အဆမတန်မြင့်တက်ကာ ငွေကြေးမတည်မှုများရှိနေသည်။ ယင်းသို့ငွေကြေးမတည်သည်ကို ၎င်းတို့၏ စီမံခန့်ခွဲမှု အရည်အချင်းကို ညံ့ဖျင်းခြင်းဟု မခံယူဘဲ စီးပွားရေးသမားများမှ ဖန်တီးနေသည်ဟု ပြစ်တင်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2
Media is too big
VIEW IN TELEGRAM
မုန်ညှင်းစော | Chef Eve's Easy Thai Cooking Show

Watch more deatil -
https://www.youtube.com/watch?v=HbmKZHVnMZc

#reels
#shorts
#မုန်ညှင်းစော
#ChefEve's
🤮2
ဧပြီလ (၁) ရက်၊ စနေနေ့ညနေပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တို့ပူးတွဲပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်ကြေညာချက်တစ်စောင် ထုတ်ပြန်ထားတဲ့ သတင်းနဲ့အတူ

မန္တလေးက ဒေါ်တောမုန့်တီဆိုင် ဓားပြမှု၊ စိန်ကျော်မိုးရွှေသန့်စင်ဆိုင်ဓားပြမှုတွေနဲ့ ဖမ်းဆီးထားတဲ့ တရားခံနှစ်ဦးကို စစ်ကောင်စီတပ်တွေကပစ်သတ်လိုက်တဲ့သတင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/Sij5A6T4wjc

#Mizzimaradio
#eveningradio
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🤮1
This media is not supported in your browser
VIEW IN TELEGRAM
စစ်အာဏာမသိမ်းခင်ကာလတုန်းက အညာဒေသမှာ
ကျန်းမာရေးစောင့်ရှောက်မှု့တွေက ဘယ်လိုရှိပါသလဲ?

Watch more detail - https://youtu.be/dfmUmuxLK7s

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍10🤮1
Weekend News Roundup
================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................

-မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီနှစ်ဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံပြုလုပ်တဲ့သတင်း

-နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်တဲ့ သတင်း

-ထိုင်ဝမ်ကိုထိုးနှက်မှုအဖြစ်ဟွန်ဒူးရပ်စ်နဲ့တရုတ်တို့သံတမန်ဆက်ဆံရေးထူထောင် တဲ့သတင်း

-အိန္ဒိယပါလီမန်ကနေဖယ်ရှားခြင်းခံလိုက်ရတဲ့ ဂန္ဒီက ဆက်လက်တိုက်ပွဲဝင်သွားမယ့် အကြောင်းကတိပြုတဲ့သတင်း

-တရုတ်သွင်းကုန်များ စစ်ဆေးရေးတင်းကြပ်နေသဖြင့် ကုန်ကားများ အခက်အခဲ ဖြစ်နေ တဲ့ သတင်း

-စစ်တပ်အတွက်လေယာဉ်ဆီနှင့် လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများအပေါ် ဗြိတိန်က ထပ်မံ ဒဏ်ခတ်ပိတ်ဆို့တဲ့ သတင်း

https://youtu.be/c9RczRPPUCY

#weekendnewsroundup
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအ
👍7😁3
"ကျန်းမာပါစေ အညာမြေ” | ချစ်သောအညာမြေ Episode 13
==========================

စစ်အာဏာမသိမ်းခင်က အညာဒေသမှာရှိခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ဒီကနေ့ စစ်တပ်အာဏာသိမ်းမှုအောက် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဘာတွေ ဘယ်လောက်ထိ ကွာခြားသွားပါပြီလဲ၊ အညာသူအညာသားတွေ ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုမျိုး လိုအပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိက လိုအပ်ချက်ကရော ဘာများပါလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ရပါမယ်။

PRA-Magway တာဝန်ခံ ဟာကြူလီ၊ မုံရွာမြို့က CDM ကျောင်းဆရာမ ဒေါ်သဇင်၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထွေးတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/dfmUmuxLK7s

#ချစ်သောအညာမြေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1
​​အက်ဒမန်ပင်လယ်အနီး မြန်မာပိုင် ကိုကိုးကျွန်းတွင် တရုတ်ပိုင်ဟု ယူဆရသော စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံသစ်တွေ့ရှိ
======================

အိန္ဒိယ၏ ဗျူဟာမြောက် အက်ဒမန်ပင်လယ် ခေါ် ကပ္ပလီပင်လယ်နှင့် နီကိုဘာကျွန်းစုများကို ပစ်မှတ်ထားကာ ထောက်လှမ်းရန် တရုတ်က အမြဲတစေအသုံးပြုနေသည်ဟု သံသယရှိနေသည့် မြန်မာပိုင် ကိုကိုးကျွန်းစုတွင် စစ်ရေးတည်ဆောက်မှုများနှင့် လေကြောင်းစစ်ဆင်ရေးများအတွက် အဆောက်အအုံများ တည်ဆောက်နေမှုကို နောက်ဆုံးရ ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြထားသည်။
❤5🤬4👍2🤔2😁1