Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
NUG က ဂန့်ဂေါမြို့နယ်မှ အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့၊ ယခင်နှစ်ထက် ၁ဆကျော် တိုးထောက်ပံ့နိုင်

ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကြားကာလ ပညာသင်ကြားရေး အခြေခံပညာကျောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနက ကျပ်သိန်း၃၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဧပြီလ ၆ရက်တွင်ထုတ်ပြန်သည်။
ကျောင်းသား ၅၀ ဦးလျှင် တစ်ယူနစ်သတ်မှတ်ပြီး တစ်ယူနစ်လျှင် ကျပ်၁၅၀,၀၀၀နှုန်း ဖြင့် ၂၀၅ ယူနစ်စာအတွက် ကျပ် ၃၀,၇၅၀,၀၀၀ ထောက်ပံ့ခြင်းဟု သိရသည်။
" ပညာရေးဝန်ကြီးဌာနက ကျောင်းသားအရေအတွက်နဲ့ ကျောင်းတွေကို တိုက်ရိုက် ထောက်ပံ့တာပါ” ဟု ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။
အဆိုပါ ထောက်ပံ့‌ငွေများကိုယူနစ်တစ်ခုချင်းစီအလိုက် သုံးစွဲရမည့် ခေါင်းစဉ်များ ရေးဆွဲသတ်မှတ်ထားပြီး ကျောင်းသားနှင့် ဆရာများအား ထောက်ပံ့ရန် ၊ သင်ထောက်ကူပစ္စည်းများနှင့် ရုံးလုပ်ငန်းများသုံးစွဲရန်၊ ကျောင်းလှုပ်ရှားမှုများတွင် သုံးစွဲရန်နှင့် အထွေထွေကိစ္စများအတွက် ရာထား သတ်မှတ်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
👍13🔥3🥰2😁2
NUG ပညာရေးဝန်ကြီးဌာနထံမှ ယမန်နှစ်တွင်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့ပြီး ယခုနှစ်တွင် ထောက်ပံ့ငွေတစ်ဆကျော်ပိုရခြင်းဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုသည်။
ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်ပညာရေးတာဝန်ခံ၊ ပညာရေးဘုတ် တွဲဖက်အတွင်းရေးမှူး၊ ပညာရေးဘုတ်အဖွဲ့ဝင်များ ၊ ကျန်းမာရေးတာဝန်ခံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်းမှူးနှင့် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကျောင်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်း ကြားကာလ ပညာသင်ကြားရေး ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ခုနှစ် ဧပြီလမှစ၍ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောင်းပေါင်း ၉၃ကျောင်းတွင် ကျောင်းသားဦီးရေ ၁၅,၃၄၉ ဦး ကို CDM နှင့် စေတနာ့ပညာရေးဝန်ထမ်း ၁,၅၀၇ ဦးတို့က ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စာတည်း ။ ။ မောင်ကြီး
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#mizzima
#ဂန့်ဂေါမြို့နယ်
#ကြားကာလပညာသင်ကြားရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍4🥰3😁2🔥1
​​ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်း၊ သစ်ထုတ်လုပ်ရေးလမ်းကြားရှိ မြို့နယ်အုပ်ချုပ်ရေး(မြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌ)အိမ်ဝန်းအတွင်း၌ ဧပြီလ ၈ ရက်နေ့၊ ည ၇ နာရီခန့်က ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်၏အိမ်ဝင်းအတွင်းရပ်ထားသည့် အိမ်စီးကားတစ်စီး ပျက် စီးမှုအချို့ရှိခဲ့သည်ဟုသိရပြီး လမ်းသွားလမ်းလာတစ်ဦး ဗုံးစထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးစထိ မှန်ခဲ့သူမှာ ရွာသစ်ရက်ကွက်တွင်နေထိုင်သည့် ပြောင်ကြီးဆိုသူဖြစ်ပြီး လည်ပင်းအား ဗုံးစထိမှန်ခဲ့သည့်အတွက် နီးစပ်ရာဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“ဗုံးပေါက်တာကတော့ တော်တော်ပြင်းတယ်ဗျ။ မြို့နယ်အုပ်ချုပ်ရေးမှူးခြံထောင့်မှာပေါက်တာတောင် ကားတော် တော်ထိသွားတယ်လို့ ကြားတယ်။ ဗုံးစမှန်တဲ့ကောင်လေးကတော့ စိုးရိမ်ရတဲ့အခြေအနေဟုတ်မဟုတ် မသိရသေး ဘူး”ဟု ဒေသခံတစ်ဦးကဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြု လုပ်ခဲ့သည်ဟု သိရသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်များနှင့် ရဲများက ကြံခင်းမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေး မှုများ၊ အရပ်ဝတ်များဖြင့် သတင်းထောက်လှမ်းမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဒေသခံ၏အခြေအနေနှင့် အဆိုပါပေါက်ကွဲမှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ကြံခင်းမြို့
#မြို့နယ်အုပ်ချုပ်ရေးမှူး
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2👏2❤1🥴1
ဆားလင်းကြီးမြို့မရဲစခန်းအား ဝေဟင်မှ ဗုံးသီး ၅ လုံးဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် ဆားလင်းကြီးမြို့မ ရဲစခန်းအား ယနေ့ ဧပြီလ ၉ ရက်တွင် ဝေဟင်မှ ဗုံးသီး ငါးလုံးဖြင့် Drone Missionပြုလုပ် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force - SSTF တာဝန်ခံက ပြောသည်။

https://youtu.be/2xwCioMEfp0
👍10❤7🥴2
ကျေးရွာပေါင်းစုံသပိတ် (၇၆၁)ရက်မြောက် ဆက်လက်ချီတက်

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၇၆၁) ရက်မြောက်အဖြစ် ဧပြီလ ၉ ရက် ယနေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
လူထုသပိတ်သည် “ သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်း ပိတ်ဆို့အရေးယူပေး” စာတမ်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤3😁2
​​ဘုတလင်တွင် စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာကို မီးရှို့၊ နေအိမ် ၈၀ ထက်မနည်း မီးလောင်ပျက်စီး

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၈၀ ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ် ယုန်လှေးကုန်းရွာသစ်၊ တရော်တောရွာ၊ ကုက္ကိုစု ရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုတလင်မြို့နယ် ယုန်လှေးကုန်းရွာသစ် မှာ အိမ်ခြေ ၅၀ နီးပါး၊ တရော်တောရွာမှာ အိမ်ခြေ ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ကုက္ကိုစုရွာရဲ့ အခြေအနေကို တော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်မှလာသည့်စစ်ကြောင်းဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ ယနေ့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြော သည်။
စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့်အတွက် ပြည်သူများ မကြာခဏစစ်ရှောင်နေရကြောင်း ဒေသခံ တစ်ဦးကပြောသည်။
“စစ်ကြောင်း ဘယ်ချိန်ဆင်းလာမလဲစိတ်ပူနေရတယ်။ ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်နေရတော့ အလုပ်အကိုင် တွေပျက်တယ်၊ ပြီးတော့ မီးရှို့ခံထားရတဲ့ရွာတွေမှာ စားဝတ်နေရေး အားလုံးခက်ခဲနေတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၅ လုံး မီးလောင်ပျက်စီးခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ကြောင်းထိုး
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍6🔥3❤1😁1
Media is too big
VIEW IN TELEGRAM
အခုနောက်ပိုင်းမှာ ကြုံတွေ့လာရတဲ့ အခြေအနေအရ အိပ်မပျော်တာနဲ့ပတ်သက်ပြီး ဒေါက်တာဖြိုးသီဟရဲ့ပြောကြားချက်တွေက ဘာဖြစ်မလဲ?

Watch more detail - https://youtu.be/BLzVXwA66Xk

#ကျန်းမာသုတလူမှုဘဝ #VideoNews #shorts #reels
👍6🍌2
အာဏာသိမ်း ကာလအတွင်း အမျိုးသမီး ၄၀၀ ကျော် သေဆုံး

မိုးသောက်
မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီး ၄၅၈ ဦး သေဆုံးခဲ့ရကြောင်း Burmese Women's Unionက သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီး ၄၅၈ဦးမှာ စစ်အာဏာသိမ်းထားသည့် ၂၀၂၁ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၃မတ်လ ၃၁ရက်နေ့အထိ နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့ရသူများဖြစ်သည်။
ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီး ဦးရေ စုစုပေါင်းသည် ၃,၃၀၇ဦးရှိကြောင်း လည်းဖော်ပြထားသည်။
အထက်ပါအချက်အလက်များသည် နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP) ကောက်ခံထားသောစာရင်းများဖြစ်ပြီး မြေပြင်အခြေအနေများနှင့်ကွာဟမှုရှိနိုင်သည်ဟု ဆိုသည်။
၎င်းတို့ထဲမှ အမျိုးသမီး၇၈၅ဦးသည် အကျဥ်းထောင်အသီးသီးတွင်ပြစ်ဒဏ်ကျခံရလျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ ဖိနှိပ်မှုအမျိုးမျိုးကိုလည်း ခံစားနေရသည်။
👍6👎3😭2❤1🤬1
ပြီးခဲ့သည့် လအတွင်းက အင်းစိန်ကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက "အမျိုးသမီး နိုင်ကျဥ်းတွေကို အလုပ်တွေခိုင်းဖို့ကြိုးစားတယ် ။ နိုင်းကျဥ်းတွေက မလုပ်ကြလို့သာပေါ့။ ပြီးတော့အခြားဖိနှိပ်မှုတွေလည်း ရှိတယ်" ဟု မဇ္ဈိမသို့ပြောသည်။
အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အမျိုးသမီးအကျဉ်းထောင်အတွင်း CCTV တပ်ဆင်ခြင်းအပြင် အကျဥ်းသူအခွင့်ရေးချိုးဖောက်မှုများကို အကျဥ်းသူတိုင်းပေါ်တွင်ကျူးလွန်နေသည်ဟု သူကပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူအများအပြားသည့် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရနိုင်ချေရှိနေပြီး သေဆုံးသူအရေအတွက်သည် နေ့စဥ်တိုးလာလျက်ရှိနေသည်။
စစ်တပ်၏ အန္တရာယ်ကြောင့် နေရပ်စွန့်ခွာနေရသူ ဦးရေ စုစုပေါင်းသည် ၁.၄သန်းနီးပါးရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး (OCHA)က မတ်လ၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး


#Mizzima
#အမျိုးသမီး ၄၀၀ ကျော် သေဆုံး
#Burmese Women's Union
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U"
👍7🤬4🔥2
ဖလမ်း - ဟားခါးလမ်း တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ် ကား ၂ စီး ဆုံးရှုံးပြီး ၂ ဦး သေ

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းမှ ကုန်တင်ယာဉ်နှစ်စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းမိ၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဖွဲ့ (CNA) ထံက သိရသည်။
ယမန်နေ့ ဧပြီလ ၈ ရက်က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် ချင်းတပ်မတော် ထောင်ထားသည့် မိုင်း‌ေကြာင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
“စစ်ကောင်စီတပ်က အခု ငါးယောက်တစ်ဖွဲ့ အဖွဲ့ငယ်လေးတွေ ခွဲပြီးဖြန့်တက်လာတာ ။ ကျနော်တို့မိုင်းတွေ ယာဉ်တန်းကို မဖောက်ခွဲနိုင်ခင် သူတို့နဲ့တွေ့ပြီး ထိခိုက်သေဆုံးကြတာ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။
ရှေ့နောက်ဝဲယာကို အဖွဲ့ငယ်များခွဲပြီး စစ်ကြောင်းယာဉ်တန်း
ကို ကာကွယ်၍ ချီတက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲခြင်း ၊ ဒရုန်းဖြင့် ဗုံးချခြင်းနှင့် လက်ဖြောင့်တပ်သားများက ချောင်းမြောင်းပစ်ခတ်ခြင်းများ အဆက်မပြတ်ပြုလုပ်နေသဖြင့် အထိအခိုက်များပြားနေကြောင်း ဆိုသည်။
👍17❤4🥴2
ယမန်နေ့တိုက်ပွဲတွင် အဆိုပါယာဉ်တန်းကို ချင်းတပ်မတော်မှ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ခြောက်ဘီးကားတစ်စီးနှင့် ၁၂ဘီးကား တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆီတိုင်ကီတွေ ပျက်စီးသွားတဲ့အတွက် အဲဒီကားတွေဆက်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် နှစ်စီးထားခဲ့ရတယ်” ဟု ပြောခွင့်ရသူက ဆက်လက် ပြောဆိုသည်။
အဆိုပါ ကားနှစ်စီးပေါ်ရှိ ရိက္ခာနှင့် ကျည်များကို အခြားကားများ‌ေပါ်သို့ ရွှေ့ပြောင်းသယ်ယူပြီးနောက် ထိုကားနှစ်စီးကို စွန့်လွှတ်ခဲ့၍ CNAက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ထိခိုက်သေဆုံးမှုများပြားနေပြီး ဧပြီလ ၆ရက်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ လူနေအိမ် ၁၈လုံးကို မီးရှို့ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ထိုစစ်ကောင်စီတပ်သည် ယနေ့ ဧပြီလ ၉ရက်တွင် ဖလမ်းမြို့နယ်အစပ်ကို ကျော်လွန်၍ ဟားခါးမြို့နယ် ဒေါက်ထက် ကျေးရွာသို့ ရောက်ရှိနေပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဆလိုင်းထက်နီ က ဆက်ပြောသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီတပ်မှလည်း ၁၂၂ မမ လက်နက်ကြီးများ ဖြစ် ပစ်ကူပေးလျက် ရှိနေကြောင်းဆိုသည်။
ကလေးမြို့မှ မတ်လ ၉ရက်နေ့က ထွက်ခွာလာသည့် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ကျော်ရှိသည့် ထိုစစ်ကောင်စီတပ်သည် မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက်နေ့တွင် ဖလမ်းမြို့မှ ဆက်လက်ထွက်ခွာ လာရာ ဧပြီလ ၉ရက်တွင် ဒေါက်ထက်ကျေးရွာ (ဟာခါးမြို့နယ် နယ်နမိတ်) သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခု စစ်ကောင်စီတပ် ရောက်ရှိနေသည့် ဒေါက်ထက်နှင့် ဟားခါးမြို့သည် ၁၇မိုင်ကျော်အကွာအဝေး ရှိပြီး ယင်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CNA တပ်ဖွဲ့ ထံမှ သိရှိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#CNA
#ကားနှစ်စီး ဆုံးရှုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍17😁2🔥1
ဧပြီလ (၉) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီက မြို့ပြပြောက်ကျားတွေလို အယောင်ဆောင်ပြီး ဖောက်ခွဲမှုနဲ့ တိုက်ခိုက်မှုတွေလုပ်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကိုသတိပေးထားတဲ့သတင်းနဲ့အတူ

စားနပ်ရိက္ခာ သယ်ယူရေးအခက်ကြုံနေရတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေရဲ့အကြောင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/aRJdVuhz2kw
👍6😁2
အိပ်မပျော်တဲ့ ပြဿနာ | ကျန်းမာသုတ လူမှုဘ၀ Episode - 11

လူရယ်လို့ ဖြစ်လာရင် စိတ်ကျန်းမာနေဖို့ အလွန် အရေးကြီးပါတယ်။

ဒါကြောင့် ကျန်းမာသုတ လူမှုဘ၀ အစီအစဉ်ကနေ ဒီတခါမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။

https://youtu.be/BLzVXwA66Xk
👍2🖕1