Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များတွင် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီ လက်အောက်ခံ ရေကစားမဏ္ဍပ်နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရေကစား မဏ္ဍပ်များမှလွဲ၍ ကျန်နေရာများတွင် ရေကစားခြင်း မရှိကြောင်း မြို့ခံများထံက သိရ သည်။
👍20🔥1
မြိတ်-ထားဝယ် ကားလမ်းမပေါ် "တော်လှန် သင်္ကြန်" စာသားရေးဆွဲလှုပ်ရှားမှုပြုလုပ်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်ရှိ မြိတ်-ထားဝယ် ကားလမ်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲကို ဆန့်ကျင်သည့် စာသားများ ရေးဆွဲ ဆန္ဒပြကြကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုတွင် စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်အား ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန် သရက်ချောင်းမြို့နယ်ရှိ တော်လှန်ရေး လူငယ်များက "တော်လှန်သင်္ကြန်" စာသားများ ရေးဆွဲခြင်းနှင့် စာရေးထားသည့် ကတ်ပြား ချိတ်ဆွဲခြင်း ပြုလုပ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
# Mizzima
#သရက်ချောင်းမြို့နယ်
#သင်္ကြန်ပွဲ
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ အမည်ကို အသုံးချပြီး ပေ့ချ်အတုနဲ့ ထုတ်ပြန်ချက်အတုတွေ ထုတ်ပြန်နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6591291454239037/

#Misinformation_Buster #Reels #Fake_News #Shorts #Dark_Shadow #Yangon #Mizzima
👍8👎1😁1
မီးလျှံသံချပ် လာပါပြီ

ဧပြီလ၊ ၁၃ရက်၊ ၂၀၂၃ခုနှစ်။ဖက်ဆစ်တပ်ရဲ့ ရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲဆိုတာကို မီးလျှံ သံချပ်က တင်ဆက်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ခုချိန်ထိ ဖက်ဆစ်တပ်ဟာ တရားဝင်မှု ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ထဲမှာ ရွေးကောက်ပွဲကလည်း တခုအပါအဝင်ဖြစ်ပါတယ်။

ဖက်ဆစ်တပ်ရဲ့ သရုပ်သကန်အမှန်ကို တင်ဆက်ထားသလို၊ ဖက်ဆစ်တပ်ရဲ့ ရွေးကောက်ပွဲမှ မဟုတ် ဖက်ဆစ်တပ်ဆိုတာနဲ့ ဘာဆို ဘာမှ လက်မခံတဲ့ ပြည်သူတွေရဲ့ အသံကို ဒီသံချပ်မှာ နားသောတဆင်နိုင်ပါတယ်။

https://youtu.be/Vgf702d6aQk
👍15😁1
ပျင်းတောင်ပျင်းသေးတယ်သံချပ်

Venom စစ်ကြောင်း ငှက်ခါးတပ်ခွဲတွင် PDF အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဟာသလူရွှင်တော် ဦးစပ်ဖြဲ နဲ့ ကိုပလာတာတို့ ဦးဆောင်တဲ့ပျင်းတောင်ပျင်းသေးတယ်သံချပ်

https://youtu.be/6QH90HzI98U
👍14❤3🔥1
​​မြင်းမူမြို့ အထက(၁)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် သေဆုံးဒဏ်ရာရသူများရှိနိုင်

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူများရှိနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီ ၁၄ရက် ညနေ ၅နာရီ ၁၅မိနစ်အချိန်ခန့်တွင် မြင်းမူ အထက(၁) ကျောင်းဝန်းအတွင်း၌ သန့်ရှင်းရေးလုပ်နေသော စစ်သားခြောက်ယောက်ခန့်ကို ကျောင်းဝန်းအပြင်မှ ဒေသအခေါ် လျက်ဆားပုလင်း(လက်ပစ်မိုင်း) တစ်လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်းသန့်ရှင်းရေးလုပ်နေတဲ့ စစ်ခွေး ခြောက်ကောင်လောက်ကို ကျွန်တော်တို့က ကျောင်းဝန်းအပြင်ကနေ လျက်ဆားပုလင်းနဲ့ပစ်ခတ်ခဲ့တယ်။ သွေးတွေတော်တော်များတယ်လို့ မျက်မြင်သတင်းတွေအရသိရတယ်။ အထိခိုက်များတယ် အတိအကျကိုတော့ စုံစမ်းနေဆဲပါ။” ဟု True Fighter အဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ပျံလွှားက မဇ္ဈိမသို့ပြောသည်။
အဆိုပါ ပစ်ခတ်မှုပြီး၍ True Fighter ရဲဘော်များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်သားများမှ Clickဘီးဆိုင်ကယ်ဖြင့် နောက်မှ လိုက်ပါလာကာ G3ရိုင်ဖယ်ဖြင့် ဆယ်ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေး ရဲဘော်များမှာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“ပစ်ခတ်တဲ့ အသံတော်တော်ကျယ်တယ်။ ရေကစားနေတဲ့လူတွေပါ အိမ်တွေထဲ ဝင်ပြေးကြတယ်။”ဟု မြင်းမူမြို့နေ ဒေသခံတစ်ဦးကပြောသည်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် လေကြောင်းမှ ပစ်သတ်ခံရသော အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များအတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ပျံလွှားက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ရက်ကလည်း မြင်းမူမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း မြင်းမူမြို့ ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းထဲတွင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ခန့် တပ်စွဲနေရာ ယူထားခြင်း ဖြစ်သည်။
True Fighter မြို့ပြပြောက်ကျား တပ်အဖွဲ့အတွက် အဓိက လိုအပ်နေသော လက်နက်ခဲယမ်းဖြည့်တင်းရန် ရောင်းချနေသော ပုလဲလက်စွပ် ကံစမ်းမဲ‌ အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန်လည်း ယင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြင်းမူမြို့
#အထက(၁)
#တပ်စွဲ
# စစ်ကောင်စီတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3😁1
ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် အချိန်ပိုင်းအတွင်း ယာဉ်မတော်တဆမှု၂ ခုဖြစ်ပွား

008
မန္တလေး(မဇ္ဈိမ)။ ။ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယနေ့ ဧပြီလ ၁၄ရက်တွင် အချိန်ပိုင်းအတွင်း ယာဉ်မတော်တဆမှုနှစ်ခု ဖြစ်ပွားကြောင်း ဥသျှစ်ကုန်း အမြန်လမ်းမ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက် ၈နာရီခန့်တွင် မိုင်တိုင်အမှတ် (၆၈/၃)တွင် ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောင်းကူးတံတား လက်ရမ်းအား ဝင်တိုက်မိခြင်းနှင့် ၈ နာရီ ၂၀မိန်ခန့်တွင် မိုင်တိုင် အမှတ် (၆၉/၇)နှင့်(၇၀/၀)ကြားတွင် ယာဉ်တစ်စီး တိမ်းမှောက်ခြင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုတို့ကို ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က ကယ်ဆယ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးပြီး ယင်းယာဉ်နှစ်စီး၌ ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာတည်း - သန့်ဇော်(သန်လျင်)
#ရန်ကုန်-နေပြည်တော်အမြန်လမ်း
#ယာဉ်မတော်တဆမှု
#ဥသျှစ်ကုန်းအမြန်လမ်းမမီးသတ်တပ်ဖွဲ့
ဓါတ်ပုံ၊ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့
👍9🔥1
မြဝတီမြို့အနီးတိုက်ပွဲတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော် ၅ ဦးကျဆုံး

ဂျူချန်း
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တပ်မဟာ(၆) KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ငါးဦး ကျဆုံးခဲ့ရကြောင်း ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြဝတီကုန်သွယ်ရေးဇုန် တိုက်ပွဲမှစတင်ကာ ဧပြီလ ၁၂ ရက်နေ့အထိ မြဝတီမြို့အနီးတွင် စစ်ကောင်စီလက်အောက် BGF တပ်ဖွဲ့နှင့် ကရင်ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ပွဲများတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်ငါးဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျဆုံးသွားသည့် ရဲဘော်များမှာ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်ဘီလူး၊ တပ်ခွဲ(၂) မှ ရဲဘော်တိုင်းကျော်၊ ရဲဘော် ၁၆၊ တပ်ခွဲ(၃)မှ ရဲဘော်ဟင်္သာ နှင့် စစ်ကြောင်းရုံး လက်ရုံးတပ်ဖွဲ့မှ ရဲဘော်မျိုးမင်း တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါကျဆုံးသွားခဲ့ရသည့် ရဲဘော်များမှာ အသက် ၁၈ နှစ်မှ ၃၅နှစ် အရွယ်ရှိသူများဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။
😢38👍3🔥2
ဧပြီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ BGF သိန်းတန်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ဘက်မှ ၂၅ ဦးသေဆုံးခဲ့၍ ၁၂ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း Cobra Columnn က ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲအတွင်း သေနတ် ၁၁ လက်၊ ရှေ့ထွက်မိုင်းနှစ်လုံး၊ ကျည်အိမ်၊ နင်းမိုင်း တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ဆင်ရေးများအား ကျားသစ်နက်စစ်ကြောင်းနှင့်အတူ တပ်မဟာ(၆) KUN/KNLA ပူးပေါင်းတပ်ဖွဲ့၊Cobra Column၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagle၊ ရောင်နီတို့က ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥2
သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ ၂ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းက ၂၀၂၁ခုနှစ်၊ သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။
"၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့ ၊ ကနီနယ် လှည်းဘီးပွဲမှာ အာဇာနည်ရဲဘော် ခုနစ်ဦးနဲ့ နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာချောင်ပွဲမှာ အာဇာနည်ရဲဘော်သုံးဦး တူမီးလက်နက် ကိုင်ဆွဲ တိုက်ပွဲဝင်ရင်း ကျဆုံးကြွေလွင့်ခဲ့တာပါ။ နယ်မြေဒေသလုံခြုံရေးအရ စောပြီးကျင်းပပြုလုပ်ခဲ့တယ် "ဟု ကနီမြို့နယ် လူထုတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က မဇ္ဈိမကိုပြောသည်။
အာဇာနည်ရဲဘော် ၁၀ဦး၏ နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ကနီနယ် မုံရွာ- ယာကြီး - ကလေးဝ ကားလမ်း တစ်နေရာတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
👍16❤1🔥1