Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကလေးမြိုမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး PDFတပ်ဖွဲ့ဝင်ကျဆုံး
😢12🔥1👏1
ကလေးမြိုမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး PDFတပ်ဖွဲ့ဝင်ကျဆုံး
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ဘက် ရာဇာဂြိုဟ်မြို့အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

မေလ ၁၁ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ကလေးမြို့ဘက်မှ သံချပ်ကာကား စစ်ကူလွှတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရသိရသည်။

ယင်းနေ့တွင်ပင် ကလေးမြို့ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ငါးလုံး လက်ပံချောင်းကျေးရွာအတွင်း ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိကာ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို သိရှိနိုင်ရန် PDF – Kalay တာဝန်ရှိသူ အချို့ကို မဇ္စျိမ က ဆက်သွယ်ခဲ့သော်လည်း ပြောင်းလဲဖွဲ့စည်းလိုက်သည့် တပ်ဖွဲ့ပုံစံကြောင့် ၎င်းတို့တွင် ပြောပိုင်ခွင့်မရှိကြောင်း ဖြေကြားခဲ့ကြသည်။

PDF – Kalay သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်တပ်ရင်းများအနေဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ဒေသ၏မူနှင့်အညီ PDF – Kalay လူမှုကွန်ရက်စာမျက်နှာများမှ စစ်ရေးသတင်းထုတ်ပြန်မှုများ ရပ်နားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Kalay Region Support Center (KRSC) ကို ဖွဲ့စည်းခဲ့ပြီး အမှတ်(၁) စစ်ဒေသ ကလေးခရိုင် တပ်ရင်း (ကလေး)၏ တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမို အားကောင်းလာရေးနှင့် ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လှုပ်ရှားမှုပုံရိပ်သတင်းများကို KRSC တစ်ခုတည်းမှသာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးမြို့
#ရန်ပုံငွေ
#KRSC
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1
"မိုခါ" ဆိုင်ကလုန်း မုန်တိုင်းအန္တရာယ် မပေါ့ဆကြဖို့ ရခိုင်ပြည်သူတွေကို AA ‌သတိပေး
==========================

နောင်နောင်
(မဇ္ဈိမ) ။ ။ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ် အားကောင်းနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ်ကို မပေါ့ဆကြဖို့ ရက္ခိုင့်တပ်တော်(AA) က ရခိုင်ပြည်သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကုန်းတွင်ပိုင်းကိုဝင်ရောက်တိုက်ခတ်မယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်း အန္တရာယ်ကြောင့် စစ်တွေ၊ ရသေ့တောင် ပေါက်တော၊ မြေပုံမြို့နယ်တွေရှိ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ မြေနိမ့်ပိုင်းဒေသက ‌လူပေါင်း ၃၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ‌‌နေရာတွေကို ရက္ခိုင့်တပ်တော် (AA)က ရွှေ့ပြောင်းပေးထားတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေနဲ့ ဆေးဝါးတွေကိုလည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ "မိုခါ" မုန်တိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး AA က ကြိုတင်ပြင်ဆင်မှုတွေ၊ နေရာရွှေ့ပြောင်းပေးနေတာတွေနဲ့ ပတ်သက်ပြီးတော့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/yTrP3qBYvbg

#မိုခါ
#ရခိုင်AA
#Sittwe
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2❤1🔥1
ဖားကန့်နှင့်ကာမိုင်းတွင် လက်နက်ကိုင်များ အလင်းဝင်ရန် စစ်ကောင်စီလိုက်လံစည်းရုံး၊ သွေးကြွေးတွင် ဆွေးနွေးစရာမရှိ PDF တုန့်ပြန်
👍9😁4🔥2
ဖားကန့်နှင့်ကာမိုင်းတွင် လက်နက်ကိုင်များ အလင်းဝင်ရန် စစ်ကောင်စီလိုက်လံစည်းရုံး၊ သွေးကြွေးတွင် ဆွေးနွေးစရာမရှိ PDF တုန့်ပြန်
======================

အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ် ဖားကန့်မြို့နှင့်
ကာမိုင်းမြို့တွင် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန်ဟုဆိုကာ ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးထားသော လက်ကမ်းစာစောင်များကို စစ်ကောင်စီက ဖြန့်ဝေနေသည်ဟု ဒေသခံများကပြောသည်။

ယနေ့ မေလ ၁၂ရက် နံနက်က ဖားကန့်မြို့နယ် ပန်းတင်တံတားပတ်ဝန်းကျင်တွင် စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေနေသလို လမ်းဘေးဓာတ်တိုင်များတွင်လည်း ကပ်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ပန်းတင်တံတားနားမှာ လမ်းသွားလမ်းလာတွေကို ဝေနေတာ။ PDF တွေ ဥပဒေဘောင်အတွင်းဝင်ဖို့တဲ့။ စစ်တပ်ကအခုထိ ဥပဒေဆိုတာကို ပြောနေတုန်းပဲ" ဟု ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှဒေသခံတဦးကပြောသည်။

ဖားကန့်မြို့အပြင် ကားမိုင်းမြို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများအပါအဝင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအမျိုးမျိုးကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဟု ရေးသားထားသော စာရွက်များကို အရပ်ဝတ်လူတစ်စုက လိုက်ကပ်သွားသည်ဟု မျက်မြင်တွေ့သူတစ်ဦးက‌ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယခုအခါ နယ်မြို့များ၌ အထက်ပါအတိုင်း လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

" ကျွန်တော်တို့က ဘဝတွေ၊ အသက်တွေ ပေးခဲ့ရပြီးပြီ။ သွေသွေး‌ကြွေးမှာ ဆွေးနွေးစရာမရှိဘူး။

ကျွန်တော် လူငယ်တွေနဲ့ ဒီနေ့တွေ့ပြီးမေးကြည့်တယ်။ အကုန်လုံးက ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်ကြမယ့် သူချည်းပဲ" ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ယခင်ကလည်း PDF များ အလင်းဝင်ပါက ပြစ်မှုမကျုးလွန်သူများကို လက်ခံမည်ဟုကြေညာခဲ့ဖူးသည်။ သို့သော် စစ်ကောင်စီထံ လက်နက်ချသူ မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖားကန့်
#ကာမိုင်း
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3🔥2
This media is not supported in your browser
VIEW IN TELEGRAM
တူရကီ ရွေးကောက်ပွဲကို အီရတ်ကာ့ဒ်တွေ စိတ်၀ င်တစား စောင့်ကြည့်

#Internationalnews #Mizzima #Reels #Shorts #Elections
👍4🔥2
​​Click2 donate (C2D) မှ “ဆယ်ရက်၊ သိန်းတစ်ထောင်” ကမ်းပိန်းပြုလုပ်
==================

ဂျူချန်း
(မဇ္ဈိမ) ။ ။ တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေကာ ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Click2donate (C2D) မှ ၁၀ ရက်အတွင်း သိန်း၁,၀၀၀ ရရှိနိုင်ရန် ကမ်းပိန်းတစ်ခု လုပ်ဆောင်နေသည်။

အဆိုပါကမ်ပိန်းကို မေလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိသတ်မှတ်ထားပြီး နေ့စဉ် ကလစ်နိုင်ရန်အတွက် website လင့်များအား C2D Facebook page မှ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
website များတွင် ကြော်ငြာတက်စေရန် website တစ်ခုတွင် အနည်းဆုံး ငါးမိနစ်ခန့် အချိန်ပေးကာ ကလစ်ရမည်ဖြစ်ပြီး ကလစ်နည်းအသေးစိတ်ကို C2D ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗွီဒီယိုဖိုင်တင်၍ ရှင်းပြထားသည်။

မြန်မာပြည်တွင်းနေထိုင်သူများအနေဖြင့် VPN အသုံးပြုရမည်ဖြစ်ကြောင်း ကမ်ပိန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပဒေသာမှပြောသည်။

“ကိုယ်က မလုပ်တတ်ဘူးဆိုပြီးတော့ အားမငယ်နဲ့၊ မလုပ်ဘဲနဲ့လည်း မနေနဲ့ ။ တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ဒီလိုမျိုး သိန်း တစ်ထောင် ရှာမယ့် ကမ်ပိန်းမှာ ပါဝင်လို့ရမှာ” ဟု ၎င်းက ထပ်မံတိုက်တွန်းသည်။

ကမ်ပိန်းစတင်သည့် မေလ ၁၁ ရက်နေ့ တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိထားပြီး ကလစ်လုပ်ကြသူ ၂,၈၀၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါကမ်ပိန်းမှရရှိသည့် ရန်ပုံငွေများအား စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် မကွေးတိုင်း အတွက် သိန်း ၅၀၀၊ ကရင်နီပြည်နယ်အတွက် သိန်း ၂၀၀၊ တောင်ပိုင်းအတွက် သိန်း ၂၀၀ နှင့် မြို့ပြ ပြောက်ကျားအဖွဲ့များအတွက် သိန်း ၁၀၀ အသီးသီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် US ဒေါ်လာ ၁၄၅,၇၆၂.၁၅ (ကျပ်ငွေ သိန်း ၄,၀၀၀ မှ ၄,၃၀၀ကြား) အား ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် You Tube Channel များမှတစ်ဆင့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးနေသည့်”Padathar Pin-ပဒေသာပင်”သည် လူဝင်နှုန်းကျဆင်းလာမှုကြောင့် ရပ်နားခဲ့ကြသည်။

ကလစ်လုပ်နည်း ဗီဒီယိုလင့် https://fb.watch/ktJDlXw9yJ/
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#Click2donate
#C2D
#ဆယ်ရက်
#သိန်းတစ်ထောင်
#ကမ်ပိန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4😁3
This media is not supported in your browser
VIEW IN TELEGRAM
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကြား ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်

#internationalnews #reels #shorts
👍4👏2🔥1
​​အဆင့် ၅ ဟာရီကိန်းမုန်တိုင်းမှာ ဘာတွေ ပြင်ထားရမလဲ
===========================

တကယ်လို့ အဆင့် ၁ ဟာရီကိန်းမုန်တိုင်းဆိုရင် တော်တော်များများဟာ သူတို့ရဲ့ အသက်အိုးအိမ်အတွက် အနည်းငယ်သာ စိုးရိမ်ကြမှာ ဖြစ်ပေမယ့် အဆင့် ၅ ဆိုရင်တော့ ဆန့်ကျင်ဘက် ဖြစ်သွားပါပြီ။ အဆင့် ၅ ဟာရီကိန်း မုန်တိုင်း ချည်းကပ်လာပြီဆိုတဲ့ ကြေညာချက်တစ်ရပ်ဟာ ရဲရင့်ပါတယ်ဆိုတဲ့ လူတွေကိုတောင် တောင်ကုန်းတွေဆီ ပြေးစေမှာပါ။ ကတ်တရီနာ၊ ဝဲလ်မာနှင့် အင်ဒရူးတို့လို မကြာသေးခင်က အဆင့် ၅ ဟာရီကိန်းတွေကြောင့် ဒီ မုန်တိုင်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို သံသယ ရှိစရာ မလိုပါဘူး။ ပျက်စီးခဲ့ရတဲ့ ပုံရိပ်တွေဟာလည်း ကွက်ကွက်ကွင်းကွင်း ရှိနေတာဖြစ်ပြီး ဘယ်လိုလူမျိုးမှ ဒီလို သဘာဝဘေးတစ်ခုမှာ ဘေးအန္တရာယ် စွန့်စားမှာ မဟုတ်ပါဘူး။
🔥3🥰1
မေလ ၁၂ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

- သံအရာရှိတွေ လိုက်ပါလာတဲ့ ယာဥ်တန်းပစ်ခတ်ခံရမှု နိုင်ငံတကာက စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့အတွက် PNFCတောင်းဆိုလိုက်တဲ့သတင်း

− ထန်းတပင်မြို့နယ်မှာ ပြည်သူ ၁၈ ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့သွားတဲ့သတင်း

− ကျိုင်းတုံလေဆိပ်ကို လာအို၊တရုတ်၊ထိုင်းနိုင်ငံတို့က လေယာဉ်ခရီးစဉ်တွေ တိုက်ရိုက်ပျံသန်းဆင်း သက်နိုင်ဖို့ လုပ်ဆောင်နေတဲ့ သတင်း

− မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြားလိုက်တဲ့သတင်း နဲ့

− ရခိုင်ကမ်းရိုးတန်းကို ဗဟိုပြုနေတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင့်တပ်တော် AA က ရခိုင်ဒေသခံတွေကို ရွှေ့ပြောင်းနေရာချပေးနေတာနဲ့ပက်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် အပါအဝင် တခြားအရေးကြီးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/jXn2S9BZO-A?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5❤1🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ မေ ၂၀၂၃) 
================

အမျိုးသားညီညွတ်ရေး အစိုးရ 
စစ်ကောင်စီတပ်ဖွဲ့များကို အထိနာစေသော လေကြောင်းတိုက်ခိုက်မှုများကြောင့် လူသိများသော Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်သည့် ငွေကြေးများ အားဖြည့်ကူညီမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့က ထုတ်ပြန်သည်။ 

ကေအိုင်အိုအစိုးရရ၏ ၂၀၂၂-၂၃ ပညာသင်နှစ် အထက်တန်းစာမေးပွဲ အောင်မြင်သူများ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခြေခံပညာ ပြီးစီးကြောင်း စာမေးပွဲ (BECA) အောင်မြင်သူ များက ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်ကျောင်း ဝင်ခွင့်လျှောက်လွှာများကို မေ ၂၀ ရက်က စတင်ပြီး ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေးကို မေ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို မေ ၁၁ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အလုပ်သမားရေးရာကော်မတီ နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို မေ ၁၁ ရက်က ပြုလုပ်ခဲ့သည်။ 

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းရှိ ရန်ကုန်တိုင်း စစ်ကောင်စီ အစိုးရအဖွဲ့ရုံးအား မေ ၁၂ ရက်၊ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
👍2🔥2😁1
ရွှေ့ပြောင်းအလုပ်သမားများအား ရွေးကောက်ပွဲနှင့် ချိတ်ဆက်စွပ်စဲခြင်းရပ်တန့်ရန်နှင့် မေဒေးနေ့ဆန္ဒပြမှုအ​ပေါ် သတင်းမှားဖြန့်ဝေခံရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းအစိုးရကိုတောင်းဆို
=================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ မေဒေးနေ့က ရွှေ့ပြောင်းအလုပ်သမားများ၏ လှုပ်ရှားမှုများကို ရွေးကောက်ပွဲနှင့်ချိတ်ဆက်စွပ်စွဲခြင်းအားရပ်တန့်ရန်နှင့်မေဒေးနေ့ချီတက်ပွဲတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမှုအပေါ် သတင်းမှားဖြန့်ဝေခံရခြင်းကို စုံစမ်းစစ်ဆေးရန် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များက ထိုင်းအစိုးကို တောင်းဆိုလိုက်သည်။

" ရွှေ့ပြောင်းအလုပ်သမားများ၏လှုပ်ရှားမှုများကို ရွေးကောက်ပွဲနှင့်ချိတ်ဆက်စွပ်စွဲခြင်းအားရပ်တန့်ရန် အလုပ်သမားဝန်ကြီးဌာန၊ တာဝန်ခံနိုင်ငံရေးပါတီများအား တောင်းဆိုပါသည်။ ... လူမျိုးခွဲခြားရေးရေစီးကြောင်းကိုအကြောင်းပြု၍ မိမိ၏လွှဲချော်ခဲ့သည့်စီမံမှု ဖုံးအုပ်ရန်ကြိုးစားခြင်းသည် နိုင်ငံရေးသမားကျင့်ဝတ်နှင့်လုံး၀မသင့်လျော်ပါ။" ဟု ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့အစည်းများကွန်ရက်မှ မေလ ၉ ရက်နေ့က ထုတ်ပြန်သောကြေညာချက်တွင်ပါရှိသည်။
❤5👍1🥰1😁1
ထို့အပြင် " အဖက်ဖက်မှ ဖြစ်ရပ်မှန်များကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာအစိုးရဌာနများကို တိုက်တွန်းတောင်းဆိုသည်။" ဟုလည်း ပါရှိသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သော မေလ ၁ရက်နေ့ က မြန်မာလုပ်သားများအပါအဝင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအချို့က အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဆန္ဒပြခဲ့ကြသည်။ သို့သော် သတင်းမှားတစ်ခုကြောင့် ထိုင်းနိုင်ငံလူမှုကွန်ရက်တွင် ရွှေ့ပြောင်းလုပ်သားများပေါ် အထင်မြင်လွဲသောဂယက်ရိုက်ခဲ့သည်။

ထိုင်းလုပ်အားအလုပ်သမားခေါင်းဆောင်အဖွဲ့၊ ကယ်ရီအလုပ်သမားအဖွဲ့၊ ဆေးကုသရေးအသင်း၊ ဖန်တီးမှုအလုပ်သမားအဖွဲ့နှင့် ရွှေ့ပြောင်းလုပ်သားအဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ Ratchaprasongလမ်းဆုံမှ Pathumwan လမ်းဆုံးအထိ မေဒေးနေ့က လူစုဝေးပြီး ဆန္ဒပြခဲ့ကြသည်။

ထိုသို့ဆန္ဒပြရာတွင် ရွှေ့ပြောင်းအလုပ်သမားများက အလုပ်သမားများအားလုံးအတွက် လူမှုဖူလုံရေးအာမခံအခွင့်အရေးရရှိရန်ခက်ခဲစေသည့် ဥပဒေများ၊ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်အုလပ်လုပ်ခွင့်ပြုချက်ရရှိရန်နှင့် ကုန်ကျစရိတ်နှင့် စာရွက်စာတမ်းပြဿနာများ၊ နှစ်ဘက်အစိုးရသဘောတူညီချက် (MOU) အလုပ်သက်တမ်း လေးနှစ်ပြည့်ပြီးနောက် တရားမဝင်အလုပ်သမားများဖြစ်သွားရခြင်းနှင့် ထိုသို့တရားမဝင်အလုပ်သမားဖြစ်သွားသည့်အခါ အလုပ်လုပ်ခွင့်သက်တမ်းတိုးရန် စရိတ်ပြန်လည်ကောက်ယူခြင်းများနှင့်ပတ်သက်၍ ထိုင်းအစိုးရက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော်လည်း ထိုင်းအလုပ်သမားအဖွဲ့က ဘုရင်၊ နန်းတွင်းစနစ်ကိုထိခိုက်စေသော ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့ကြသည်ကို ထိုင်းမီဒီယာတစ်ခု၏သတင်းပေးပို့ချက်က နားလည်မှုလွဲမှားမှုများဖြစ်ပေါ်စေတော့သည်။

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့အစည်းများကွန်ရက်၏ ထုန်ပြန်ချက်တွင် အဆိုပါမီဒီယာကိုအပြစ်တင်ထားပြီး " မီဒီယာသတင်းဖြန့်ချိရေးအဖွဲ့မှ ထိုင်းအလုပ်သမားအဖွဲ့မှ ဘုရင်၊ နန်းတွင်းစနစ်ပပျောက်ရေး ဆိုင်းပုဒ်ကိုင်ထားသည်ကို ရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းဆိုင်းပုဒ်ကို ကိုင်ဆောင်ထားသည်ဟု မဟုတ်မမှန် သတင်းဖြန့်ဝေခြင်းသည် သတင်းထောက်၏ကျင့်ဝတ်နှင့် မသင့်လျှော်သကဲ့သို့ လူ့အဖွဲ့အစည်းအတွင်းကြီးမားသော နားလည်မှုလွဲခြင်းဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံမှ နှင်ထုတ်ခြင်းဖြစ်ပေါ်စေသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ကို ထိုင်းနိုင်ငံ လောလောဆယ်ဖြစ်နေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့သည် ပါတီတစ်ခုကို ထောက်ခံကြောင်း မဟုတ်မမှန်ချိတ်ဆက်စွပ်စွဲသည်။" ပါရှိသည်။

သတင်းပေးပို့ချက်နောက်ဆက်တွဲအဖြစ်ထိုင်းအလုပ်သမားဝန်ကြီးဌာန ခေတ္တအလုပ်သမားဝန်ကြီးက ၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် " ရွှေ့ပြောင်းအလုပ်သမားများ ပုဒ်မ ၁၁၂ ကိုဖောက်ဖျက်သောကြောင့် အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းမယ်" ဟူ၍ ရေးသားချက်လည်း ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် အလုပ်အကိုင်ဦးစီးဌာန၏ဝက်ဘ်ဆိုက်တွင် " ပုဒ်မ ၁၁၂ ကို ဖောက်ဖျက်ကျူးလွန်သည့် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရုပ်သိမ်းခွင့်ရှိသည်" ဟု သတိပေးချက်ထွက်ပေါ်ခဲ့သည်။

အလုပ်အကိုင်ဦးစီးဌာနမှ နယ်အသီးသီးဆိုင်ရာဝန်ကြီးများထံ မေလ ၃ နေ့တွင် တိုင်စာပေးပို့ရာတွင် ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင်စုရုံး၍ ဘုရင်၊ နန်းတွင်းစနစ်ကိုထိခိုက်စေနိုင်သည့် အပြုအမူများလုပ်ဆောင်ကြောင်းပါရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့အစည်းများကွန်ရက်က " အချက်အလက်မရှိဘဲစွပ်စွဲခြင်းသည် မလိုအပ်သော အမည်းစက်၊ နှောက်ယှက်မှုနှင့် အာဏာအလွဲသုံးစားမှုကိုဖြစ်ပေါ်စေသည်။ ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံနှင့် လူမှုရေးပဋိပက္ခများကို ဖန်တီးနိုင်သည်။" ဟု ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် တော်ဝင်စနစ်နှင့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရက ဆယ်စုနှစ်တစ်စုနီးပါးအုပ်စိုးလာခဲ့ပြီးနောက် မေလ ၁၄ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်သည်။

မဲဆန္ဒရှင် ၅၂ သန်းခန့်က လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် မဲပေးရွေးချယ်ရမှာဖြစ်ပြီး ယေဘုယျအားဖြင့် ကွန်ဆာဗေးတစ် စစ်ဗိုလ်ချုပ်ကြီးများနှင့် မဟာမိတ်များကတဘက်၊ ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီများကတဘက် အကြိတ်အနယ်အားပြိုင်ကြသည့်ပွဲဖြစ်သည်။
😁4