ဆိုင်ကလုန်းမုန်တိုင်း မိုခါက မြန်မာပြည်သူ ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ဟု ကုလသမဂ္ဂ ပြော
========================
ရခိုင်ပြည်နယ်က “ခုခံအားနည်းပြီး အခြေအနေ ဆိုးနေပြီးသား” နယ်မြေဧရိယာများကို ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ခြင်းက “ခြောက်အိပ်မက် သဖွယ်” ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းအတွင်း ခန့်မှန်းလူပေါင်း ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူးတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢5👍2🔥1
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာ
======================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယခု ရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော်ရှိနေပြီဖြစ် ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှု အပြင် မြေပြင်တွင်လည်း ရွာစဉ်လှည့်စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ် အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်ကုန်း၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနှင့် အလယ်ခုံကျေးရွာ များကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးနေသလို ချပ်သင်းတိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး(ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ၊ ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်း ခြား နှင့် မကျီးကုန်းကျေးရွာများကိုလည်း စစ်ကြောင်းထိုးမှုရှိနေသည်။
ထို့ပြင် ဇီးကုန်းတိုက်နယ်မှ ရေကြည်ဦးကျေးရွာ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့်ကျေးရွာများမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများမှာ ရွာအတွင်းပြန်မဝင်နိုင်ဘဲ အမြဲတမ်း စစ်ရှောင်ရွာများအဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကဆို သည်။
ကန့်ဘလူခရိုင်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများအား စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၆၁)နှင့် ခမရ(၃၆၈) စစ်ကြောင်းများက ကျူးလွန်နေခြင်းဖြစ်ပြီး မေလ ၁၆ ရက် နေ့တွင် ခမရ(၃၆၁)မှာ ကျေးပင်အက်ဆည်ဘက်သို့လှည့်လည်နေပြီး ခမရ(၃၆၈)စစ်ကြောင်းမှာ ချင်မြစ် ကျင်းကျေးရွာဘက်၌ ယာယီတပ်စွဲစခန်းချနေကြောင်းဒေသခံများက ပြောကြားသည်။
ကန့်ဘလူမြို့နယ်အတွင်း၌ ပြည်သူများမနေထိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာထိရှိလာပြီး ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စသည့် ကျေးရွာခုနစ်ရွာမှ ဒေသခံ များမှာ စစ်ကောင်စီ၏စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် မေလ ၁၆ ရက်နေ့အထိ ရွာအတွင်း ပြန်မဝင်နိုင်သေးကြောင်းသိရသည်။
ကန့်ဘလူခရိုင်အတွင်း၌ စစ်ရှောင်ဦးရေမြင့်တက်လာမှုနှင့်အတူ စစ်ရှောင်များအတွက် အဓိကကျသည့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးများလည်း လိုအပ်ချက် မြင့်မားလာနေကြောင်း သိရသည်။
စစ်ရှောင်များအတွက် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌သုံးစွဲရသည့်ဆေးဝါးများ လိုအပ် နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ သတင်းထုတ်ပြန်ထား သည်။
Photo - ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့
(ကန့်ဘလူခရိုင်၊စစ်ဘေးရှောင်ပြည်သူများ)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ဘေးရှောင်
#စစ်ကြောင်းထိုး

😢8👍5🔥1😁1
မေလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အစိုးရသစ်ဖွဲ့စည်းဖို့ ပြင်ဆင်သွားမယ်လို့ ပြောကြား.
#internationalnews #reels #shorts
#internationalnews #reels #shorts
👍12😁8
မေလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:01-“မိုခါ” မုန်တိုင်းကြောင့် စစ်တွေမြို့က ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှုကို အတည်ပြုနိုင်တဲ့သတင်း
02:42-စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ တဲ့သတင်း
06:32-မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီးလို့ ထီးလင်းမြို့နယ် အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်တဲ့သတင်း
08:16-မုန်တိုင်းကြောင့်ရခိုင်နဲ့ စစ်ကိုင်းရှိ စစ်ဘေးဒုက္ခသည်စခန်းတွေ ပျက်စီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/0MNyelcUzdM
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-“မိုခါ” မုန်တိုင်းကြောင့် စစ်တွေမြို့က ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှုကို အတည်ပြုနိုင်တဲ့သတင်း
02:42-စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ တဲ့သတင်း
06:32-မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီးလို့…

👍4😁4
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းမှာ AFP သတင်းထောက် အသတ်ခံရမှုအတွက် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ရှုတ်ချ
https://www.facebook.com/reel/262980799632195
#internationalnews #reels #shorts #Ukraine #AFP

👍5😁3🤬3
ရခိုင်တွင် မိုခါမုန်တိုင်းဘေးမှ ပြန်လည်ထူထောင်ရန် ပန်းချီဆရာများ အနုပညာဖြင့် ပါဝင်ကူညီနိုင်
👍6❤2😁2

===================
ဂျူချန်း
(မဇ္ဈိမ)။ ။ရခိုင်ကမ်းရိုးတန်းဒေသသို့ မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အဖျက်စွမ်းအား ကြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဗဟိုချက်စစ်တွေမြို့အပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံးနီးပါးတွင် မုန်တိုင်းဒဏ်သင့်ကာ နေအိမ်များ၊ အဆောက်အဦးများ ပျက်စီးခဲ့သည်။
ထိုကြောင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ထောက်ပံ့ရန် “Art Aid for Arakan” သို့ ပန်းချီဆရာများ၏ အနုပညာ ပန်းချီလက်ရာများဖြင့်ပါဝင်ကူညီနိုင်ပြီး ပန်းချီကားရောင်းရငွေများအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မေလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ပန်းချီဆရာ ၄၀ ဦးမှ ပန်းချီကားများ လာရောက်လှူဒါန်းထားပြီး ရခိုင် ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းလိုသည့် ပန်းချီဆရာများလည်း ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
ပန်းချီကားများအား မေလ ၁၅ ရက်နေ့ ညမှ စတင်ရောင်းချလျက်ရှိရာ လက်ရှိတွင် ပန်းချီကား ရှစ်ကား ရောင်းချပြီးဖြစ်ကြောင်း “Art Aid for Arakan” အစီအစဉ်အား ဆောင်ရွက်နေသူ ကိုသူရကျော်က မဇ္ဈိမ ပြောသည်။
“ပန်းချီကားက လောလောဆယ်ကအတိကျမသိရသေးဘူးဗျ၊ ပန်းချီဆရာတွေက အခုမှ တောက်လျှောက် ဆက်သွယ်လှူနေကြတာဆိုတော့၊ လောလောဆယ် မနေ့ကတစ်ညနေမှာ ကျနော်တို့ သိန်း ၃၀ ကျော် လောက် ရောင်းထားရပါတယ်၊ လက်ရှိက ပန်းချီဆရာဦးရေ ၄၀ ယောက် ကိုလက်ခံရရှိထားပါတယ်” ဟု ၎င်းက ပြောသည်။
Art Aid for Arakan အစီအစဉ်မှရရှိသည့်ရန်ပုံငွေများအား အမှန်တကယ်လိုအပ်သည့် နေရာများသို့ အကူအညီရောက်ရှိစေရန်အတွက် ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက် (Arakan CSO Network-ACN) နှင့် Arakan Art Gallery တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုကြီးမားခဲ့ရာ ပြည်သူ များအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးနှင့်အတူ အရေး ကြီး အခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံး ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"အပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် ရရှိထားသည်ဟု စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားပြီး မြေပြင်တွင်မူ စစ်တွေ အစိုးရရုံး အနီးတဝိုက်တွင်သာ ရှင်းလင်းရေးလုပ်ဆောင်နေကြကာ စစ်ကောင်စီ၏ မြေပြင်ကူညီကယ်ဆယ်ရေး များကို ထင်ထင်ရှားရှားမတွေ့မြင်ရကြောင်း ဒေသခံများမှ ပြောသည်။
လက်ရှိတွင် ဒေသတွင်းကူညီကယ်ဆယ်ရေးအသင်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများက ကိုယ်ထူကိုယ် ထရန်ပုံငွေရှာဖွေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စစ်တွေဒေသခံများ ထံမှ သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်းဘေး
#Art Aid for Arakan
#ULAAA
#Mizzima

Facebook
#မိုခါမုန်တိုင်းဘေး – Explore
explore #မိုခါမုန်တိုင်းဘေး at Facebook
👍7😁1