Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်သားအင်အား ၂ သိန်းခွဲအောက်သာရှိကြောင်း NUG ထုတ်ပြန်

Watch more detail -
https://youtu.be/I-FpxmVOnyU

#စစ်ကောင်စီ #အင်အား #VideoNews #shorts #Reels
👍10😁3
​​တူရကီ၊ ထိုင်းနဲ့ မြန်မာ အစိုးရအကြီးအကဲ ရွေးချယ်ပွဲများ၊ ဒီမိုကရေစီ စံနှုန်းများကို ဆန်းစစ်ခြင်း
=====================

ခင်မောင်၀င်း
မေလ ၁၄ ရက်ကစလို့ ကမ္ဘာ့သတင်းတွေမှာ ထိပ်တန်းက နေရာခဲ့တဲ့ သတင်းတွေထဲ အဲဒီနေ့တစ်ရက်ထည်းမှာ အတူတူ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးချယ်တင်မြှောက်ပွဲနဲ့ တူရကီနိုင်ငံ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အကြောင်းတွေ ပါ၀င်တယ်။ တရား၀င်ကြေညာခြင်းမရှိသေးပေမဲ့ ထိုင်းနိုင်ငံ ရွေးချယ်တင်မြှောက်ပွဲ ရလဒ်တွေကို ရွေးချယ်တင်မြှောက် ပွဲအပြီး ၂၄ နာရီအကြာ သိထားပြီးဖြစ်ပေမဲ့ တူရကီ သမ္မတ ရွေးချယ်တင်မြှောက်ပွဲက မေလ ၂၈ ရက်မှာ ဒုတိ ယအ ကျော့ ပြန်ရွေးရတာမို့ မေ ၁၄ ရက်ကစတဲ့ သမ္မတရွေးချယ်တင်မြှောက်ပွဲ နောက်ဆုံးရလဒ်ကို သီတင်း နှစ်ပတ်ကြာပြီး မှ သိရတယ်။

ရွေးချယ်တင်မြှောက်ပွဲရလဒ်တွေ သိထားပေမဲ့ ထိုင်းနိုင်ငံမှာက အစိုးရဖွဲ့စည်းရေး မသေချာ မရေရာသေးပါ။ တူရကီမှာ က ချက်ခြင်း သေချာရေရာစွာ သိနေရပါတယ်။ အဲဒီနှစ်နိုင်ငံက ရွေးချယ်တင်မြှောက်ပွဲတွေဟာ မြန်မာနိုင်ငံက အစိုးရ အကြီးအကဲ (head of government) ရွေးချယ် တင်မြှောက်ပွဲတွေနဲ့ နှိုင်းယှဥ် ဆွေးနွေးစရာ အများအပြားရှိပါတယ်။ သုံးနိုင်ငံက အစိုးရအကြီးအကဲရွေးတဲ့ ရွေးချယ်တင်မြှောက်ပွဲတွေရဲ့ ဒီမိုကရေစီစံနှုန်း ရှု့ထောင့်က သုံးသပ် ဆွေးနွေး ပါမယ်။

ရွေးချယ်တင်မြှောက်ပွဲတွေအကြောင်းဆွေးနွေးရာမှာ ဆက်စပ်နေတဲ့ မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ အခြေခံဥပဒေ တွေအရ ပုံဖေါ်ထားတဲ့ နိုင်ငံရေးစနစ်တွေအကြောင်း အကျဥ်းချုပ် ပထမဆုံး တင်ပြချင်ပါတယ်။ တူတာ၊ မတူတာ သိ ထားမှ နှိုင်းယှဥ်တဲ့အခါ ဆိုင်တာ၊ မဆိုင်တာသိပြီး ပန်းသီးနဲ့ လိမ္မော်သီး နှိုင်းယှဥ်တာမျိုး ဟုတ်မဟုတ် သိနိုင်မယ်။

တူရကီ နိုင်ငံရေးစနစ် - တူရကီဟာ နိုင်ငံတော်ဦးသျှောင် (head of state) ရာထူးကို အရွေးခံရသူက ရယူထားတာမို့ နိုင်ငံဦးသျှောင်ကို အခြေပြုသတ်မှတ်တဲ့ နိုင်ငံအမျိုးအစားအရ သမ္မတနိုင်ငံ (republic) ဖြစ်တယ်။ တစ်ဖန် သမ္မတကပဲ အစိုးရအကြီးအကဲ (head of government) ဖြစ်တာမို့ အုပ်ချုပ်ရေးအာဏာ ထိန်းချုပ်မှုကို အခြေပြုသတ်မှတ်တဲ့ အစိုးရအမျိုးအစားအရတော့ သမ္မတဦးဆောင်အစိုးရ (presidential type of government) ဖြစ်ပါတယ်။ သမ္မတ တစ်ဦးတည်းက နိုင်ငံတော်ဦးသျှောင်ရာထူးရော အစိုးရအကြီးအကဲရာထူး နှစ်ခုစလုံး တစ်ပြိုင်နက် တာ၀န်ယူပါတယ်။ သမ္မတဦးဆောင်အစိုးရစနစ်မှာ ၀န်ကြီးချုပ် (prime minister) ဆိုတာ မရှိပါ။

လက်အောက်ခံ ဒေသန္တရယူနစ် (constituent unit) တွေနဲ့ နိုင်ငံတော်အာဏာကို ခွဲ၀ေခြင်းမရှိဘဲ နိုင်ငံတော် အစိုးရကသာ အာဏာတွေကို အဓိက ကျင့်သုံးတဲ့အတွက် အာဏာခွဲ၀ေမှုသဘောအရ သတ်မှတ်တဲ့ နိုင်ငံအမျိုးအစားအရတော့ တစ်ပြည်ထောင်စနစ်နိုင် (unitary state) ဖြစ်ပါ တယ်။ ဥပဒေပြုအဖွဲ့ (legislature) မှာ လွှတ်တော်တစ်ရပ်သာရှိတာမို့ လွှတ်တော်တစ်ရပ် ဥပဒေပြုစနစ် (unicameralism) ဖြစ်ပါတယ်။ လွှတ်တော်အမတ် ၆၀၀ ရှိပြီး သက်တမ်းက ငါးနှစ်ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရအကြီးအကဲ ရွေးချယ်ရာမှာ ပါ၀င်ပတ်သက်ခွင့်မရှိကြပါ။
👍13🔥2
စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြော
=========================

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အကြီးအကဲဟာ တနင်္လာနေ့မှာဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး အခြေအနေကို ကြည့်ရှုခဲ့ပါတယ်။
OIC အတွင်းရေးမှူးချုပ် Hissein Brahim Taha ဟစ်စိန် ဘရာဟင် တာဟာက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်အချို့နဲ့ အ မြင်ချင်း ဖလှယ်ခဲ့ပြီး OIC ဟာ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အမြဲ တက်ကြွနေ တယ်လို့ ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ရေး မြန်မာအစိုးရကို ဖိအားပေးဖို့ OIC ကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

https://youtu.be/SFWWnncTg5Y

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤3😁2🔥1
​​ထိုင်းနိုင်ငံ၏ ပို့ကုန်က ၇ လမြောက် ဆက်တိုက်ကျဆင်းနေ 
=======================

ကမ္ဘာ့ဝယ်လိုအား ဆက်လက်နှေးကွေးနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ဧပြီလအတွင်း၌ ခုနစ်လမြောက် ဆက်တိုက်ကျဆင်းနေပြီး အစောပိုင်းနှစ်ကထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေ ၃၀ ရက်တွင် ကြေညာသည်။
👍7🔥1😁1
မေလ (၃၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

-တရုတ်ကိုယ်စားလှယ်အပါအဝင် မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီ တွေ့ဆုံဖို့ရှိ ဆိုတဲ့သတင်း

-မုံရွာမှာ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနဲ့ ၂ရက်ဆက် တိုက်ခိုက်ခံရတဲ့သတင်း

-စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/XPU5srIG7qU

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1
​​ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် NUG၊ NUCC၊ CRPH တို့နှင့် ဆက်လက်ပူးပေါင်းမည်ဟု KNDF ဖွဲ့စည်းခြင်း ၂နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား
=========================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ NUCC၊ CRPH တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းKNDF ဥက္ကဌ ခွန်ဘီထူးက ပြောကြားသွားသည်။

ယနေ့ မေလ ၃၁ရက်တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်မိန့်ခွန်းတွင် KNDF ဥက္ကဌ ခွန်ဘီထူးက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC မှတစ်ဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဥက္ကဌ ခွန်ဘီထူးက ပြောကြားသွားသည်။

“စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ငြင်းပယ်ပြီး ကရင်နီလူထု ကိုယ်စားပြုအုပ်ချုပ်ရေးကို ကျနော်တို့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းမှတပါး အခြားမရှိဘူး” ဟု ခွန်ဘီထူး ကပြောကြားသည်။

ထို့အပြင် ပြည်နယ်အဆင့်တွင် KSCC နှင့် ကရင်နီပြည်နယ်အစိုးရပေါ်ပေါက်ရေး၊ ပြည်သူများအား ကာကွယ်ပေးရေးအပြင် ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDFဥက္ကဌ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ တန်ဖိုးမဖြတ်နိုင်သည့် အကူအညီများလည်း ရရှိခဲ့ကြောင်းလည်း KNDFက အသိအမှတ်ပြု ထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ/ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့ထံမှ လက်နက်ခဲယမ်းများနှင့် တန်ဖိုးမဖြတ်နိုင်သည့် စစ်ရေး အကူအညီများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်နီအမျိုးသားတပ်မတော် KA တို့နှင့် စစ်ရေးဦးဆောင်မှုတွင် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့၏ စစ်သင်တန်းများနှင့် စည်းရေးနည်းနာများလည်း သင်ယူရရှိခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်ကို ဖတ်ကြားပေးသည့် KNDF ဗဟိုကော်မတီဝင် ရဲဘော် မင်းသားက ပြောသည်။

KNDFသည် နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ စခန်းငယ် ၁၀ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ်သားများထံမှ လက်နက်မျိုးစုံ ၆၀၀ ကျော်ကိုလည်း သိမ်း ဆည်းနိုင်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

နှစ်နှစ်တာကာလအတွင်းတွင် KNDF တပ်သား၁၅၃ ဦး ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုသွားမည်ဟုဆိုသည်။

" အရေးကြီးဆုံးက ကျဆုံးသွားတဲ့ သူရဲကောင်းများနဲ့အတူ တိုင်တည်ထားတဲ့ တော်လှန်ရေးသစ္စာကို အမှန်တကယ်ရရှိအောင် ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ဆက်လက်ကတိပြုလိုပါတယ်"ဟု KNDF ဥက္ကဌ ခွန်ဘီထူးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရန်အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့ မေလ ၃၁ ရက်နေ့တွင် နှစ်နှစ် ပြည့်ခဲ့ပြီဖြစ်သည်။KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ညီနောင်မဟာမိတ် သုံးဖွဲ့ MNDAA၊TNLA၊AA နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF တို့က သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

စာတည်း - မောင်ကြီး
#mizzima
#KNDF
#နှစ်နှစ်ပြည့်
#ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤4😁2🔥1👏1
စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို AA ဘက်မှ ဒုစစ်ဦးစီးချုပ်ဦးဆောင်တက်ရောက်မည်
🤮5👎2😁1
စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို AA ဘက်မှ ဒုစစ်ဦးစီးချုပ်ဦးဆောင်တက်ရောက်မည်
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့တွင်ပြုလုပ်မည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို ရက္ခိုင့်တပ်တော် (AA) ဘက်မှ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့သုံးဖွဲ့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

“ တွေ့ဆုံပွဲကို ကျနော်တို့ဘက်က ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာရှိပါတယ်။ ဘာတွေအသေးစိတ်ဆွေးနွေးမယ်ဆိုတာကတော့ အခုချိန်မှာတော့ ပြောလို့မရသေးပါဘူး။ ဆွေးနွေးပွဲပြီးမှပဲ ကျနော်တို့အဲဒီကိစ္စပြောလို့ရပါမယ်” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မဇ္ဈိမသို့ပြောသည်။

အစည်းအဝေးသည် နှစ်ရက်နီးပါးကြာမြင့်ပြီဖြစ်ပြီး အစီစဉ်အသေးစိတ်နှင့်ပတ်သက်၍ မသိရသေးကြောင်း ဦးခိုင်သုခကပြောသည်။ အစည်းအဝေးကို တက်ရောက်မည့် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ခုသို့ မဇ္ဈိမကဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန်အတွက် ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင်သည်လည်း မိုင်းလားသို့ရောက်ရှိနေပြီဟုသိရသည်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်လာချိန်တွင် တရုတ်တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတာဝန်ရှိသူများကိုတွေ့ဆုံမှုများ ခပ်စိပ်စိပ်ရှိလာသည်။

“ မြန်မာပြည်မှာရှိနေတဲ့ အင်အားစုတွေ စစ်ကောင်စီ၊ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ နိုင်ငံရေးကစားကွက်တွေအမျိုးမျိုး ခြယ်လှယ်ပုံဖော်ပြီးတော့ သူ့ရဲ့ မဟာဗျုဟာရည်မှန်းချက်ကိုတည်ဆောက်နေတာလို့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က ပြောသည်။
ထိုသို့မြန့်မာ့အရေးပေါ် တရုတ်၏ကြားဝင်ဆောင်ရွက်နေမှုကို တားဆီးကန့်ကွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နိုင်ငံတကာသို့တောင်းဆိုသင့်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်အတွင်း တရုတ်သံအမတ်ကြီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး စစ်ကောင်စီဘက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနှင့်တရုတ်အကြားက စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် ပြောဆိုဆွေးနွေးခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့အတွင်းရှိ ကျောက်ဖြူအထူး စီးပွားရေးဇုန်ရေနက် ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်ရန်တိုက်တွန်းပြောဆိုနေသည်ကိုတွေ့ရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#AA
#TNLA
#MNDAA
#မိုင်းလား
#စစ်ကောင်စီ
#ဒေါက်တာညိုထွန်းအောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮5👎2💩2🥰1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြော

Watch more detail -
https://youtu.be/SFWWnncTg5Y

#စစ်ကောင်စီ #ICC #VideoNews #shorts #Reels
👍12👏4❤1🤮1🌚1
ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှင့် သေဆုံးသူ ၈၀ ဝန်းကျင်ရှိ
😭7❤2👍2🔥2👏1
ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှင့် သေဆုံးသူ ၈၀ ဝန်းကျင်ရှိ
=====================

မဇ္စိုမ။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း မြေမြှုပ်မှိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ဦးရေ ၆၀ ကျော်နှင့် သေဆုံးသူ ဦးရေ ၂၀ ဝန်းကျင်ရှိကြောင်း မဇ္ဈိမက ရရှိထားသည့် အချက်အလက်များအရသိရသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများတွင် အသက် နှစ် နှစ်မှ ၁၃ နှစ်အတွင်း ကလေးငယ် ၁၀ ဦးထက်မနည်း ပါဝင်ကြောင်းသိရသည်။

‘’ ကျွန်တော်တို့ လက်လှမ်းမီသလောက် ကောက်ခံရရှိထားတဲ့စာရင်းတွေအရဆိုရင် ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝတွေမှာ မြေမြုပ်မိုင်းကြောင့်ထိခိုက်သေဆုံးခဲ့တဲ့သူတွေပိုများတယ်။ အဲဒီထဲမှာကလေးတွေပါတယ်” ဟု အမည်မဖော်လိုသည့် မိုင်းနှင့်ပတ်သက်၍ စာရင်းကောက်ယူနေသူ တစ်ဦးကထံက သိရသည်။

အလားတူ မတူပီမြို့အဝင် လည်မြိုချောင်းအနီးတဝှိက်၌ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုထားရှိပြီး အဆိုပါဂိတ် ပတ်ပတ်လည်လည်တွင် စစ်တပ်က မြေမြုပ်မိုင်းများထောင်ထားကြောင်းလည်း သိရသည်။

ထိုမြေမြှုပ်မိုင်းများကြောင့် လက်ရှိအချိန်ထိ မတူပီဒေသခံ ငါး ဦးထက်မနည်းသေဆုံးခဲ့ပြီး အသက် ရှစ် နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း မိုင်းထိမှန်၍ ခြေတောက်ဖြတ်တောက်လိုက်ရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၉ ထိ ကိုးနှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိကြောင်း ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၀ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆၉ ဦး ရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မြေမြှုပ်မိုင်း
#ချင်းပြည်နယ်
#ဒဏ်ရာရ
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10🔥2👍1😁1🤬1
​​“မိုခါ” မုန်တိုင်းသင့် ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်လွယ်သည့် အခြေအနေကို ရောက်နေကြောင်း WFP အကြီးအကဲ ပြော
====================

မဇ္ဈိမ။ ။ စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေးသော ရခိုင်ဒေသတွင် ဖျက်အားပြင်း “မိုခါ” ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ပို၍ထိခိုက်လွယ်သည့် အခြေအနေကို ရောက်နေကြကြောင်း WPF ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။

ယနေ့ မေလ ၃၁ ရက်နေ့ ထုတ်ပြန်သော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အစီရင်ခံစာတွင် Mr. Stephen Anderson က ထိုသို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

“အရင်ကတည်းကရှိနေတဲ့ ရှုပ်ထွေးတဲ့ အရေးပေါ် အခြေအနေအပေါ်မှာမှ မုန်တိုင်းကြောင့် အရေးပေါ် အခြေအနေထပ်ဆင့်ဖြစ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ တိုက်ပွဲရှောင် မိသားစုတွေဆိုရင် မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာပေမယ့်လည်း အခုသူတို့မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာဆိုဘာမှ မရှိတော့ပါဘူး။ တစ်ပူပေါ် နှစ်ပူဆင့် ပိုလို့တောင် ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်နေကြပါတယ်” ဟု Mr. Stephen Anderson က ပြောသည်။

ဖျက်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၃၀ မိုင်နှုန်းဖြင့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးအချို့ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းက လူပေါင်း ၂၃၀,၀၀၀ ကျော်ထံသို့ အသက်ကယ် စားနပ်ရိက္ခာ အကူအညီများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း WFP က ယနေ့ မေလ ၃၁ တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လူဦးရေထဲတွင် မုန်တိုင်း မတိုက်ခတ်မီကပင် လက်နက်ကိုင် ပဋိက္ခများကြောင့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည့် စစ်ဘေးဒုက္ခသည် မိသားစုများအပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ ဒုက္ခသည် စခန်းများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ရိုဟင်ဂျာ မိသားစုများလည်း ပါဝင်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာဒေသကပဲဖြစ်ဖြစ် အကူအညီလိုအပ်နေသူတိုင်းအတွက် ကျွန်တော်တို့မှာ ရှိသလောက်စားနပ်ရိက္ခာတွေကို ပို့ဆောင်ပြီး ဖြန့်ဝေပေးနိုင်ဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိက္ခာတွေက လျော့နည်းလာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီး လိုအပ်နေပါတယ်” ဟု Mr. Stephen Anderson က ပြောထားသည်။

လက်ရှိ မုန်တိုင်းဒဏ် ခံခဲ့ရသည့် နေရာဒေသများအတွက် အဓိက အလိုအပ်ဆုံးအရာများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအခက်ခဲတို့ဖြစ်ပြီး မုန်တိုင်းကြောင့် နေအိမ်များ ပြုလဲသွားကာ အသက်မွေးလမ်းကြောင်း အခွင့်အလမ်းများ ဆုံးရှုံးသွားသကဲ့သို့ လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်းများနှင့် ပို့ဆောင်ရေးကွင်းဆက် ထောက်ပံ့ရေးလမ်းကြောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းသင့် ပြည်သူအများစုသည် ပြိုကျ၊ ပျက်စီး၊ အမိုးလန်သွားသော ၎င်းတို့၏ နေအိမ်များကို ငွေကြေးအခက်အခဲကြောင့် ပြန်လည်မပြုပြင်နိုင်သေးသည့်အတွက် မိုးရာသီ ရောက်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရခိုင်
#မိုခါ
#WFP
Photo- WFP (မုန်တိုင်း တိုက်ခတ်မှုအပြီး မေလ ၁၅ ရက်နေ့က တွေ့ရသော စစ်တွေမြို့ မြင်ကွင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥5😢2
This media is not supported in your browser
VIEW IN TELEGRAM
ရုရှား နိုင်ငံခြားရေး၀◌န်ကြီးရဲ့ ခရီးစဥ်အတွင်း မော်စကိုနဲ့ ကုန်သွယ်ရေး တိုးမြှင့်သွားဖို့ ကင်ညာပြော

https://www.facebook.com/reel/187369884268829/?s=single_unit

#Internationalnews #Mizzima #Russia #Reels #shorts
👍4👏2
​​ရက်ပေါင်း ၅၀ အလို ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမှု တစ်သန်းနားကပ်လာ
=-=-========================

ရက်ပေါင်း ၅၀ အလို စတင်မယ့် ၂၀၂၃ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမှုမှာ စောင်ရေ တစ်သန်းနားကပ်လာပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောကြားလိုက်ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ ပူးတွဲကျင်းပမယ့် ဒီပြိုင်ပွဲအတွက် လက်မှတ် ၈၅၀,၀၀၀ ကျော် ရောင်းချပြီးဖြစ်ပါတယ်။

“၂၀၂၃ ဟာ အမျိုးသမီးဘောလုံးလောကအတွက် အထင်ကရအချိန်တစ်ခု ဖြစ်လာမှာပါ”လို့ ဖီဖာအထွေထွေအတွင်းရေးမှူး ဖက်မာ ဆာမိုရာက ပြောပါတယ်။
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
May - 31 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour
#reels #shorts
👍2😁2🤮1
This media is not supported in your browser
VIEW IN TELEGRAM
ကိုဆိုဗိုမြောက်ပိုင်းက ဆန္ဒပြရုန်းရင်းဆန်ခတ်မှုတွေအတွင်း နေတိုးငြိမ်ချမ်းရေးတပ်ဖွဲ့ဝင် ၃၀ ကျော် ဒဏ်ရာရ

https://www.facebook.com/reel/1216437099749197/?s=single_unit

#internationalnews #reels #shorts
👍2🔥1👏1
မေလ (၃၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:01- စစ်ကောင်စီတပ်သားအင်အား ၂ သိန်းခွဲအောက်သာရှိကြောင်း NUG ထုတ်ပြန်တဲ့သတင်း

04:14 - စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို AA ဘက်မှ ဒုစစ်ဦးစီးချုပ်ဦးဆောင်တက်ရောက်မယ့်သတင်း

05:49 - ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးတဲ့သတင်း

07:08 - ထားဝယ်မြို့မှာ ညကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခွေးစာကျွေးနေတဲ့ အမျိုးသား ၂ ဦးသေဆုံးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/nWdPsJg_wcI

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥3😁1