Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်း လေယာဥ်ဖြင့်ဗုံးကြဲခံရ
👏4🔥1
ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်း လေယာဥ်ဖြင့်ဗုံးကြဲခံရ
=================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ နယ်မြေလုံခြုံရေးဂိတ်တစ်ခုကို ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" ပထမကျတဲ့တစ်လုံးက လမ်းမကြီးဘေးမှာကျတယ်။ အဲ့မှာနေတဲ့ရဲဘော်တွေက အသံကြားတာနဲ့ပြေးပုန်းကြတယ်။ နောက်တစ်ခေါက်ပြန်လှည့်လာပြီး ထပ်ကြဲတယ်။ ဂိတ်မှာတည့်တည့်ကျသွားတယ်။ လူကိုတော့ထိခိုက်မှုမရှိဘူး" ဟု ဗုံးကြဲတိုက်မှုနှင့်ပတ်သက်၍ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် နံနက် ၁၀ နာရီခန့်တွင်လည်း ကရင်နီဒေသနှင့် ရှမ်း(တောင်) ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဥ် ကိုးစီးသည် စစ်ရေးဟန်ပြသဘောဖြင့် တစ်ပြိုင်နက်ဖြတ်သန်းသွားခဲ့ကြောင်းမိုးဗြဲ PDF မှထုတ်ပြန်ထားသည်။

အလားတူ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြားမေလအတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သားသေဆုံးမှုလည်း ရှိခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မိုးဗြဲမြို့
#ကယန်းပြည်သစ်
#လေကြောင်းတိုက်ခိုက်
#ဂိတ်စခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3👍1🔥1
​​မုံရွာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးစခန်း ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသူ အသတ်ခံရ
======================

ပါခွီး
(မဇ္စျိမ) ။ ။ မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျပ် ၃၀၀ ခန့် တန်ဖိုးရှိ လက်နက် ၊ ခဲယမ်းများနှင့် ပစ္စည်းများ မီးရှို့ ဖျက်ဆီးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Area 71 က မေလ၃၁ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူတစ်ဦးအား နားထင်ကို သေနတ်ဖြင့် ပစ်သတ်ကာ ပစ္စည်းများနှင့် အတူ မီးရှို့သွားကြောင်း သိရသည်။

ချောင်းဦးမြို့မှ ခင်မွန်ဘက်စုံခြံ ဘက်သို့ Jammer (တယ်လီဖုန်းလိုင်းနှောက်စက်) တပ်ဆင်ထားသည့်ယာဥ်နှစ်ဆင်း၊ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် မုံရွေးရွာ၏ အရှေ့ဘက်တောမှ ကြေးမုံရွာအရှေ့ဘက်သို့ ပိုက်စိတ်တိုက် ရှာဖွေကာ မေလ ၃၁ရက် မနက် ၈နာရီ ၅မိနစ်အချိန်တွင် PDF စခန်းကို စီးနင်းခဲ့ခြင်းဖြစ်သည်။

“ရဲဘော်တွေတစ်ယောက်မှ ဘာမှမဖြစ်တာကိုဝမ်းသာလှပါပြီ ။ ကျနော်တို့ သေနတ်တွေပဲ သယ်နိုင်ခဲ့တာ ၊ ကျန်တာတွေအကုန်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ် ။ လမ်းပြအဖြစ် သူတို့ခေါ်လာတဲ့ လူသားဒိုင်း တစ်ဦးရဲ့ အလောင်း ကို စခန်းကို ပြန်ရှင်းလင်းချိန်မှာ တွေ့ရှိရပါတယ် ” ဟု Area 71 PDF တာဝန်ရှိသူကပြောသည်။

သေဆုံးသွားသူသည် ရုပ်မပီပြင်တော့သဖြင့် မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း ၊ စခန်းအတွင်းရှိ ဆိုင်ကယ်တစ်စီးအပါအဝင် မိုင်း ၊ ယမ်းအိတ်များ ၊ ရိက္ခာများနှင့် အိုးခွက်ပန်းကန်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် PDF စခန်း နေရာ အတိအကျကို သိရှိခြင်း မဟုတ်ဘဲ နယ်မြေရှင်းလင်းရာမှ စခန်းကို တွေ့ရှိသွားခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကင်းထောက်များ၏ သတင်းပေးမှုကြောင့် အချိန်မီစခန်းမှ ထွက်ခွာနိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်းဆိုသည်။

ထိုဖြစ်ရပ်ကြောင့် စိတ်ပျက်လက်လျော့သွားမည် မဟုတ်ဘဲ တတ်နိုင်သည့်နည်းလမ်းများဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။ လက်ရှိတွင် စခန်း ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကူအညီများ လိုလျက်ရှိသောကြောင့် အလှူရှင်များအနေဖြင့် ကူညီပေးကြပါရန် ညှိုးငယ်စွာဖြင့် အကူအညီတောင်းကြောင်း ထိုအဖွဲ့က အသိပေးထားသည်။

Area 71 PDF အဖွဲ့သည် မေလ ၂၈ရက် ည ၉နာရီ ၅မိနစ်အချိန် က စစ်ကိုင်းမှ မုံရွာသို့ထွက်ခွာလာသော ယာဥ် ၁၂စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ချောင်းဦး - မုံရွာကားလမ်းမကြီး၏ နေရာလေးခုတွင် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သိန်း ၃၀၀ နီးပါး ဆုံးရှုံး
#လူသားဒိုင်း
# Area 71
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬7❤2👏1
Media is too big
VIEW IN TELEGRAM
ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ရန် CPJ တောင်းဆို

Watch more detail -
https://youtu.be/VXrJFChTFcU

#PoliticalNews #journalist #တောင်းဆို #VideoNews #shorts #reels #Mizzima
👍7😁2
Business Round Up (1 June 2023)
=============

- စစ်ကောင်စီအတွက် ဝင်ငွေရစေတဲ့ မြန်မာ့ကျောက်မျက်တွေမရောင်းချဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို

- ပြည်တွင်းဆန်ဈေး ဆက်လက်မြင့်တတ်နေ

- ရွှေဈေးမငြိမ်သေးတာကြောင့် မန္တလေးရွှေ‌ဈေးကွက် ဇွန်လ ၃ ရက်အထိ ဆက်ပိတ်ထား

- နိုင်ငံပေါင်း ၂၅ နိုင်ငံက BRICS မဟာမိတ်အုပ်စုထဲပါဝင်ဖို့ ပြင်ဆင်နေ

- တရုတ်နှင့် အမေရိကန်နိုင်ငံအကြား တင်းမာမှုများရှိနေချိန် အီလွန်မတ်စ်က တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာ

https://youtu.be/I5ZI9hONKe8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
​​ထိုင်းအနိုင်ရပါတီခေါင်းဆောင်က မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်၍ ဝန်ကြီးချုပ်ဖြစ်ရန် မသင့်တော်ဟု ဆို
=====================

ထိုင်း ဝန်ကြီးချုပ်လောင်းလျာ ပီတာ လင်ဂျာရွန်ရတ်သည် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာ ပိုင်ဆိုင်ထားသည်ကို တိုင်ကြားခြင်း ခံထားရသဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် စည်းကမ်းနှင့် မညီညွတ်နိုင်ကြောင်း ထိုင်းယာယီဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုက မေ ၃၁ ရက်တွင် ပြောသည်။
👍6😁3🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဘလင်ကင်ပြော

https://www.facebook.com/reel/2320913624744108

#internationalnews #reels #shorts
👍7🔥2🥰1
​​ရေဖြူမြို့နယ်၊ လိန်အောင်မြို့မှ ပြည်သူကို စစ်တပ် ဖမ်းဆီးပစ်သတ်
================

ကိုရွှေမြိတ် (မဲဆောက်)
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သတ်ဖြတ်ခံရသူသည် ကလိန်အောင်မြို့၊ အင်းပြား အမှတ် (၄) ရပ်ကွက်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦးဆိုသူဖြစ်ကြောင်းသိရသည်။

၎င်းသည် မကြားသေးမီက မွန်ပြည်နယ်၊ ရေးမြို့မှနေ၍ ကလိန်အောင်မြို့သို့ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“သူက သိပ်ပြီးစိတ်မနှံ့ဘူးလို့ သိရတယ်။ တံတားကို ဆိုင်ကယ်စီးပြီးသွားဖြတ်တဲ့အချိန်မှာ စစ်တပ်က ရပ်နားခိုင်းတာကိုမရပ်ပေးလို့ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်” ဟု ကလိန်အောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ကိုနိုင်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ကလိန်အောင်တံတားပေါ်ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားဆီးသည်ကို မရပ်ပေးသောကြောင့်ပစ်ခတ်ရာ ခြေထောက်ကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေရာမတွေ့ရှိ၍ အင်းပြား အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်သားများက အကြောင်းကြားပြီး ထပ်မံလိုက်လံ ရှာဖွေခဲ့သည်။

ယင်းနောက် ကိုနိုင်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိခဲ့ပြီး ခေါ်ဆောင်လာစဉ် လမ်းပိုင်း တစ်နေရာ၍ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“သူကို အုပ်ကြီးက ကလိန်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်ပေါ်မှာတွေ့ပြီး ခေါ်ဆောင်လာကာ စစ်တပ် လက်ထဲအပ်လိုက်ချိန်မှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ ကိုနိုင်ဦး၏နာရေးကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မီးသင်္ဂြိုဟ်သွားမည်ဟု ဒေသခံများထံက သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရေဖြူမြို့
#ကလိန်အောင်တံတား
#စစ်ဆေးရေးဂိတ်
#ပစ်သတ်
#အရပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2😢2
ဇွန်လ (၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

00:54 - ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ဖို့ CPJ တောင်းဆိုတဲ့သတင်း

03:48 - လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းမှာ ပစ်ခတ်ရာ သေဆုံးတဲ့သတင်း

05:31 - ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်းလေယာဉ်နဲ့ ဗုံးကြဲခံရတဲ့သတင်း

07:19 - စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/VhEpx5I_DsE

#4pmnews
#Mizzimanewshour
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
This media is not supported in your browser
VIEW IN TELEGRAM
ပိုလန်ရဲ့ ရုရှားလွှမ်းမိုးမှုစုံစမ်းစစ်ဆေးရေးကော်မတီအပေါ် အီးယူနဲ့အမေရိကန်တို့စိုးရိမ်ပူပန်

https://www.facebook.com/reel/195546246779324

#Poland #Russia #internationalnews #reels #shorts
👍5😁2
​​ထိုင်းတွင် မြန်မာရွှေ့ပြောင်းများကို တင်ဆောင်လာသည့် ကား တိမ်းမှောက်၍ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဖမ်းဆီးခံရ
=======================

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စန်ခလာဘူရီ ခရိုင်တွင် မေလ ၃၁ ရက် ညပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီး တိမ်းမှောက်ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး အခြား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ရွှေ့ပြောင်းလုပ်သားများကို မှောင်ခိုပို့ဆောင်သည့် ပစ်ကပ်ထရပ်ကား သုံးစီးအနက် တစ်စီး၏ ဝင်တိုက်မှုကြောင့် ထိုင်းရဲတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
👍8😢2🔥1👏1
ရေလယ်ကျွန်းဒေသမှာစကစတပ်က၄ရက်ဆက်စစ်ကြောင်းထိုး၍ရွာ၂၅ရွာမှနေအိမ်၆၀၀ ကျော်ပျက်စီးပြီးအရပ်သား၅ဦးသတ်ခံရ
======================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မေလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း၊ အင်အား ၃၀၀ နီးပါးနဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၂၅ ရွာက နေအိမ် ၆၅၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

https://youtu.be/KcoZXgpax7o

သတင်း MTO
တင်ဆင်/တည်းဖြတ် MTO

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢8❤3🔥2👍1😁1
This media is not supported in your browser
VIEW IN TELEGRAM
ကိုဆိုဗိုအဓိကရုန်းတွေအပြီး နေတိုးကတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားကြောင်းပြောကြား

https://www.facebook.com/reel/1419842932128301

#internationalnews #reels #shorts
👍7🔥2
​​ယူရိုပါလိဂ်မှာ နာကျင်ရပြီးနောက် အနာဂတ်နဲ့ ပတ်သက်ပြီး မော်ရင်ဟို သံသယတွေ ထပ်များလာ
=================

ဆီဗီလာကို သူ့ရဲ့ ပထမဆုံးဥရောပဖိုင်နယ် ရှုံးနိမ့်မှုအဖြစ် ခါးသီးစွာ နာကျင်ခဲ့ရအပြီးမှာ ဟိုဆေး မော်ရင်ဟိုက သူဟာ "အရမ်းမောပန်းနေပြီ"လို့ ဗုဒ္ဓဟူးနေ့က ပြောရင်း ရိုးမားအသင်းနည်းပြအဖြစ် သူ့ရဲ့ အနာဂတ်ကို နောက်ထပ် သံသယဖြစ်စရာရှိလာခဲ့ပါတယ်။
👍6😁1
မြစ်ကြီးနားမြို့တွင် ၄၄ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်
👍1🔥1