Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန်၊ တူရကီ ဆက်ဆံရေး | VOA On Mizzima
================

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ဆွီဒင်နိုင်ငံအတွက် ရည်ရွယ်ပြီး အမေရိကန် သမ္မတဂျိုးဒိုင်က တူရကီသမ္မတ ရီဂျစ်တာရစ် အာဒိုဝမ်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ တူရကီရဲ့  ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရတဲ့ သက်တမ်းရှည်ကြာ သမ္မတဟာ NATO အဖွဲ့ဝင် ခန့်မှန်းရခက်ခဲတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော် ဗွီအိုအေ သတင်းထောက် Patsy Widakuswara ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။   

https://youtu.be/dw5jks3gn9o
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်၊ တူရကီ ဆက်ဆံရေး | VOA On Mizzima

Watch more detail - https://youtu.be/dw5jks3gn9o

#VOA #VideoNews #American #Turkey #shorts #reels #mizzima
🔥3👍1
ကက်သလစ် အမျိုးသမီးဘုန်းတော်ကြီး မြေအောက်လှုပ်ရှားမှု | VOA On Mizzima
=====================

ဂျာမနီနိုင်ငံမှာ ၂၀၀၂ ခုနှစ်က ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော်တချို့က အမျိုးသမီး ၇ ဦးကို ခရစ်ယာန် ဘုန်းတော်ကြီးတွေအဖြစ် လျှို့ဝှက် သိက္ခာတော်ဘွဲ့ တင်ပေးပြီး ကက်သလစ်ဘာသာရေး မြေအောက် လှုပ်ရှားမှုတချို့ စတင်ခဲ့ပါတယ်။ အမျိုးသမီးတွေ သိက္ခာတော်ရ ဆရာဘွဲ့ ခံယူတာကို ကက်သလစ် အသင်းတော်က ကန့်ကွက်ထားတာပါ။ ဒီလို ကန့်ကွက်ထားတဲ့ကြားကပဲ ကမ္ဘာတဝန်းမှာ အခုထိဆိုရင် ခရစ်ယာန်အမျိုးသမီး သိက္ခာတော်ရ ဆရာမ ၂၅၀ အထိ ရှိလာပါပြီ။ ဗွီအိုအေ အကြီးတန်း သတင်းထောက် Carolyn Presutti ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။  

https://youtu.be/Jzjbv3FT96M 
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4👎1😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ကက်သလစ် အမျိုးသမီးဘုန်းတော်ကြီး မြေအောက်လှုပ်ရှားမှု | VOA On Mizzima

Watch more detail - https://youtu.be/Jzjbv3FT96M

#VOA #VideoNews #ကက်သလစ် #shorts #Reels
👍2😁1🍌1
ကန်နဲ့ တရုတ်စစ်သင်္ဘော တိုက်မိခါနီးဖြစ်ခဲ့ “လူကြည့်များသတင်းတို” | VOA On Mizzima
======================

အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့သတင်းတိုလေးတွေကို ပြောြပပေးချင်ပါတယ်။ တရုတ်စစ်သင်္ဘောက ပဲ့ထိန်းတပ်ဒုံးတင် အမေရိကန်ဖျက်သင်္ဘောရှေ့ကို အတင်းဖြတ်ဝင်လာလို့ တော်တော်အန္တရာယ်ရှိတဲ့ အနေအထားရောက်သွားခဲ့ပါတယ်။ ဒိန်းမတ်မှာတော့ ဖရာရီ ပြိုင်ကား ဆိုက်တူဂိုက်တူ ကားတစီးကို လယ်ဂိုတုံးလေးတွေနဲ့ ဖန်တီးပြထားပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေး တွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။ 

https://youtu.be/1WoKO8mkwzs
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
ဇွန်လ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
ရေကာတာကိုဖြိုချခဲ့တဲ့ ယူကရိန်းကို အရေးယူဖို့ ကုလတရားရုံးကို ရုရှားပြောဆို
==================

https://youtu.be/U1-ccbh1rXc

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁8👍4🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ရေကာတာကိုဖြိုချခဲ့တဲ့ ယူကရိန်းကိုအရေးယူဖို့ ကုလတရားရုံးကို ရုရှားပြောဆို

https://www.facebook.com/reel/247697137879669

#International #MizzimaTV #Ukraine #Russia #UN #mizzima
😁13👍2🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ကန်နဲ့ တရုတ်စစ်သင်္ဘော တိုက်မိခါနီးဖြစ်ခဲ့ “လူကြည့်များသတင်းတို” | VOA On Mizzima

Watch more detail - https://youtu.be/1WoKO8mkwzs

#VOA #VideoNews #China #shorts #reels #American
👏6👍1🔥1
လူ ၅ ဦးသေဆုံးခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသတွေဆီ ယူကရိန်းသမ္မတ သွားရောက်
======================

https://youtu.be/6LwyJVJTfcA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏5🔥1😁1
ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၆၀,၀၀၀ ကျော်ရှိလာ(ရုပ်သံ)
=================

မိုးသောက် | မဲဆောက်(မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနှစ်နှစ်ကျော် ကာလအတွင်း ဆန်ကြမ်းတစ်အိတ်ဈေးမှာ မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျော် ရှိလာပြီလို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)က ဇွန်လ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့ထုတ်ပြန်ချက်တွေအရ ဆန်ကြမ်းစာရင်းဝင်တဲ့ ရက် ၉၀ ဆန်က တစ်အိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ၇၅,၀၀၀ ကျပ်အထိရှိနေပြီး သီးထပ်ဆန်ဟာလည်း မြန်မာကျပ်ငွေ ၆၂,၀၀၀ကျော်အထိ ရှိလာတာပါ။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန်ဈေးတွေဟာ တစ်စတစ်စ ပိုမိုမြင့်တက်လာတယ်လို့ ရန်ကုန်မြို့က ဆန်လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။


https://youtu.be/9BGHkpMn1es

#ဆန်စျေး
#လယ်သမား
#ကုန်စျေးနှုန်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5👍3👎1
ဇွန်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:03 -မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မယ်လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲပြောတဲ့သတင်း

03:11-စစ်ကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန် ၊ ကျောင်းများတွင်လာရောက်ကြည့်ရှုသူမရှိတဲ့သတင်း

05:39-ရေကာတာကိုဖြိုချခဲ့တဲ့ ယူကရိန်းကိုအရေးယူဖို့ ကုလတရားရုံးကို ရုရှားပြောဆိုတဲ့ သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

07:12-မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့သတင်း

https://youtu.be/B3xvz2hCC2Q

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍3😁3🤬1
ရေးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး သေဆုံး
😁2😢2
ရေးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး သေဆုံး
=========================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၈ ရက် နံနက် ၉နာရီကျော်အချိန်က နှစ်ကရင်ကျေးရွာအုပ်စု ၊ ဝယ်ဖယ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ကျေးရွာ၊ ရပ်ကွက်(၅) တွင်နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ရာ ဆေးရုံပို့သည့်လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကို သူတို့ (လက်နက်ကိုင်လူတစ်စု) တွေဝင်လာပြီး ဥက္ကဋ္ဌကို ခေါ်သွားတယ်။ အဲ့ဒါပြီးတာနဲ့ ပစ်တာပဲ။ ၉ နာရီ ခွဲလောက်မှာတစ်ကြိမ်၊ ၉ နာရီ ၄၅မိနစ်မှာ နှစ်ကြိမ် ဆက်တိုက်ပစ်လာတယ်။ ကောင်မလေးတစ်ယောက် ဗိုက်ပေါက်သွားပြီး ဆုံးသွားတယ်။ သူ့မှာ နှစ်နှစ်အရွယ် ကလေးလည်း ကျန်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကိုင်များ၏ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် နှစ်ကရင်ကျေးရွာဥက္ကဋ္ဌသည် ထိုနေ့ညနေ ၄ နာရီခန့်တွင် ၎င်း၏နေအိမ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်လူတစ်စုသည် အရပ်ဝတ်များဖြင့် ဝင်လာခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မသိရှိရကြောင်း ဒေသခံကဆိုသည်။

ထို့နောက် ညနေ ၆ နာရီခန့်တွင် တစ်ကြိမ်၊ ည ၁၀ နာရီကျော်တွင် တစ်ကြိမ် လက်နက်ကြီးသံ ထပ်မံကြားရကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများရှိမည်ဟု ယူဆသည့် နေရာများသို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ရေးမြို့နယ်
#လက်နက်ကြီးကျည်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2❤1