Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေး

Watch more detail -
https://youtu.be/cDzx-FCnngE

#ကလေးအလုပ်သမား #မြန်မာ #အကူအညီ #VideoNews #shorts #reels
👍13😁4
ဇွန်လ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

01:02-ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းငြင်းဆိုတဲ့သတင်း

02:38-ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်တယ်လို့ တော်လှန်ရေးခေါင်ဆောင်တွေ အသိပေးတဲ့သတင်း

06:13-ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတဲ့သတင်း

07:21-ဆားလင်းကြီးမြို့နယ် နှင်းတော ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/eyPOE34IgL4

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
​​ကရင်နီပြည်နယ် နယ်စပ်စစ်ပွဲများမှ ထွက်ပြေးလာသော မြန်မာဒုက္ခသည် ၃,၀၀၀ ကျော်ကို ထိုင်း ကယ်တင်
==================

ကရင်နီပြည်နယ် နယ်စပ်စစ်ပွဲမှ ထွက်ပြေးလာကြသော မြန်မာဒုက္ခသည် ၃,၃၄၂ ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်ထားကြောင်း ပြည်နယ်ရေးရာ အုပ်ချုပ်ရေးမှူး ချက်သာ မိုဆစ်ခါရတ်က ပြောသည်။

မယ်စဲ့မြို့နယ်တွင်းက စစ်ကောင်စီ စစ်စခန်းသုံးခုနှင့် ရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် (PDFs) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့၏ ထောက်ပံ့မှုဖြင့် ကရင်နီတပ်မတော် (KA )က တနင်္လာနေ့တွင် စတင်တိုက်ခိုက်ခြင်း ဖြစ်သည်။

အနည်းဆုံး စစ်ကောင်စီ စခန်းသုံးခုကို သိမ်းပိုက်နိုင်သော KA ၏ စစ်ဆင်ရေးအပြီး၌ ယခုကဲ့သို့ ထိုင်းဘက်သို့ မြန်မာဒုက္ခသည်များ ထွက်ပြေးလာခြင်းကို ကယ်တင်ထားခြင်း ဖြစ်သည်။
👍17😁2🔥1
SSPP/SSA တပ်စခန်း(၁၀)ခု ဖယ်ရှားပေးဖို့ စစ်ကောင်စီတောင်းဆိုမှုကြောင့် စစ်ရေးတင်းမာ
========================

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ လဲချား-ပန်လုံလမ်းမကြီး အနီးမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့တပ်စခန်း(၁၀)ခုကို အာဏာသိမ်းစစ်ကောင်စီက ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။

လဲချားမြို့နယ်ထဲက တပ်စခန်း ၁၀ ကို ရုတ်သိမ်းဖို့အတွက် စစ်ကောင်စီဘက်က ဒီလ ၉ရက်နဲ့ ၁၁ရက်နေ့က နှစ်ကြိမ်တောင်းဆိုခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ဖြည့်တင်းခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီက ဖယ်ရှားပေးဖို့ တောင်းဆိုထားတဲ့ အဲ့ဒီတပ်စခန်းနေရာ (၁၀)ခုဟာ SSPP/SSA ဌာနချုပ်ရဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့နေရာဖြစ်တာကြောင့် မဖယ်ရှားနိုင်တဲ့အကြောင်း SSPP/SSA ကအသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးတင်းမာမှုတွေ ရှိနေကာ SSPP ကတော့ ဒီဒေသအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ တပ်တွေအကြား စစ်ရေးပဋိပက္ခတွေရှိနေတာကြောင့် မရုတ်သိမ်းတာဖြစ်ကြောင်းနဲ့ RCSS ဘက်က တပ်တွေ ရုတ်သိမ်းရင် ပြေလည်မှုရမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

https://youtu.be/pM9XIu2kvx4

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥3😁2❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော ဖိလစ်ပိုင်သို့သွားရောက်

https://www.facebook.com/reel/4233313790226511

#International #MizzimaTV #China #Philippines #Reels #shorts
❤4😁2👍1
ပင်လယ်ထဲ လမ်းပျောက်ကြရသူများ | VOA On Mizzima
==================

ဘင်္ဂလားဒေရှ့် နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းတွင်းက လူပေါင်း ၁၈၀ တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က အင်ဒိုနီးရှားကို လှေနဲ့ ထွက်ခွာခဲ့ကြပါတယ်။ မွေးကင်းစ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်တဲ့ အဲဒီလှေထွက်ခွာလာပြီး သီတင်းတပတ်အကြာမှာ ပင်လယ်ပြင်ထဲမှာ ပျောက်ဆုံးခဲ့ရတာပါ။ ဒီဖြစ်စဉ်ကို AP သတင်းအေဂျင်စီက စုံစမ်းဖော်ထုတ် ရေးသားထားပါတယ်။ မသိင်္ဂီထိုက် တင်ပြထားပါတယ်။

https://youtu.be/9sqPnHG-BdM

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢3👍1🔥1😁1
​​PDFကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ကလိန်အောင်မြို့က အမျိုးသမီးကို စစ်ကောင်စီပြန်လွှတ်
=================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့၊အမှတ် (၃) ရပ်ကွက်နေ ကုန်မာဆိုင် ပိုင်ရှင် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက PDFကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးပြီးနောက် ငါးရက်အကြာ ဇွန်လ ၁၃ ရက် ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံထံက သိရသည်။

မောရ၀တီရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများက ထိုအမျိုးသမီးအား ကားနှင့် နေအိမ်သို့ ပြန်ပို့လာပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလိန်အောင်မြို့မှ ဒေသခံတစ်ဦးက"ည က ကံပေါက် မောရေဝတီ ရေတပ် စစ်ကောင်စီတပ်သားတွေ ကားနဲ့ သူ့အိမ်ကို လာပြန်ပို့ ခဲ့တာပါ၊ ည ၉ နာရီ ခွဲ လောက်ရှိပြီ "ဟု ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညပိုင်းက စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ကား သုံးစီးဖြင့် လာရောက်ကာ ထိုအမျိုးသမီးအား ၎င်း၏နေအိမ်၌ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မေလမှစ၍ စစ်ကောင်စီတပ်က ဒေသခံ အများအပြားကို PDF နှင့် အဆက် အသွယ်ရှိသည်ဟု စွပ်စွဲ ဖမ်းဆီးခဲ့ပြီး အချို့မှာ ယနေ့ အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

အလားတူ လောင်းလုံးမြို့နယ်၊ သဗျာရွာက စားသောက်ဆိုင်တစ်ခုတွင် အမျိုးသား ခြောက်ဦးကို ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ယင်းနေ့ ညနေပိုင်းတွင်ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြော သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကလိန်အောင်မြို့
#စစ်ကောင်စီပြန်လွှတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥3👎1😁1
Media is too big
VIEW IN TELEGRAM
SSPP/SSA တပ်စခန်း(၁၀)ခု ဖယ်ရှားပေးဖို့ စစ်ကောင်စီတောင်းဆိုမှုကြောင့် စစ်ရေးတင်းမာ

Watch more detail -
https://youtu.be/pM9XIu2kvx4#SSPP/SSA

#စစ်ကောင်စီ #စစ်ရေးတင်းမာ #VideoNews #shorts #reels #Mizzima
👍5👏5🔥2
​​ILOအနေဖြင့် NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီဟု အလုပ်သမားရေး ဒုဝန်ကြီးပြော
=========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။။ ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်သည့် အခြေအနေရောက်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကဆိုသည်။

“နှစ်နှစ်ကြာတဲ့အချိန်မှာတော့ NUG ကိုယ်စားလှယ်အဖွဲ့ကို ILO အနေနဲ့ အသိအမှတ်ပြု လက်ခံသင့်တဲ့အခြေအနေ ရောက်နေပါပြီ “ဟု အလုပ်သမားရေးဒုတိယဝန်ကြီး ဦးကျော်နီက မဇ္ဈိမကိုပြောသည်။

NUGသည် ILOညီလာခံများတွင် ကိုယ်စားလှယ်အဖြစ် ဆွေးနွေးခွင့်ရရေးအတွက် ၂၀၂၁ခုနှစ်ထဲက ကိုယ်စားလှယ်အဖွဲ့စာရင်းကိုပေးပို့ခဲ့သော်လည်း ILOအနေဖြင့် အသိအမှတ်ပြုခြင်းမရှိသေးပေ။
ထို့အတူစစ်ကောင်စီဘက် တင်သွင်းသည့် ကိုယ်စားပြုကိုယ်စားလှယ်ကိုလည်း တက်ရောက်ခွင့်မပေးသေးဘဲ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်။

ထိုသို့မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်မှာ ညီလာခံသုံးခုမြောက်ရှိနေပြီဖြစ်နေသည်။ ကိုယ်စားလှယ်နေရာချန် လှပ်ထားခဲ့ရခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ အတိုင်းဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ILOက ဆိုသည်။

“ILO ဟာ အစိုးရတွေကိုပဲ ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး။ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ဖြစ်နေပေမယ့် မိမိအဖွဲ့မှာလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်။ ILO ဟာ စစ်အာဏာရှင် စနစ်အောက်မှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ သဘာဝကို ကောင်းကောင်းသိရှိပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင့်ခဲ့တဲ့ အစဉ်အလာရှိပါတယ် “ဟု ဦးကျော်နီကပြောသည်။

ILOသည် လက်ရှိအချိန်တွင် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင်နေကြသော်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုတားဆီးနိုင်ရေးအတွက် NUG ကိုအသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း လည်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် အလုပ်သမားအများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်များကိုခံနေရသည့်အပြင် လုပ်အားခပြဿနာများ၊ အလုပ်သမားအဖွဲ့စည်းများ ဖွဲ့စည်းနိုင်ခွင့်အပါအဝင် အလုပ်သမားအခွင့်ရေးများလည်း ဆုံးရှုံးနေရသည်။
အကယ်၍ NUGကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများကို ညီလာခံတွင် တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများကလည်းဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ILO
#NUG
Photo- AFP/ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁1💩1
​​ယူကရိန်းကိုပေးသော အကူအညီ၏ ၁ ရာခိုင်နှုန်းရလျှင်ပင် လပိုင်းအတွင်း ပွဲပြတ်မည်ဟု တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်များ ပြော
======================

(မဇ္ဈိမ)
ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့ပေးနေသော အကူအညီ၏ တစ်ရာခိုင်နှုန်း ရလျှင်ပင် မြန်မာ့တော်လှန်ရေးသည် နှစ်များကြာမည့်အစား လပိုင်းအတွင်း အောင်မြင်မှုကို ရယူနိုင်မည်ဟု တော်လှန်ရေးထိပ်တန်းခေါင်းဆောင်များက ပြောသည်။

KIA ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ထင်ရှားသော ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ့ (USIP) တွင် ဇွန်လ ၁၃ ရက်နေ့က ဖော်ကပြခဲ့သော “ ယူကရိန်းနည်းတူ မြန်မာလည်း နိုင်ငံတကာ၏ အကူအညီကို ရထိုက်သည်” ဆောင်းပါးတွင် ရေးသားပြောဆိုထားခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံသားများကဲ့သိုပင် မြန်မာပြည်သူများသည်လည်း ရဲဝံ့သတ္တိရှိပြီး တက်ကြွမာန်ပါကာ စည်းလုံးညီညွတ်ကြသကဲ့သို့ ဒီမိုကရေစီ တိုက်ပွဲအတွက် ကြီးမားသည့် စွန့်လွှတ်မှုကို ပြုလုပ်ရန် စိတ်ဆန္ဒရှိကြကြောင်း ဆိုသည်။

ယူကရိန်းနိုင်ငံသားများနှင့် မတူသည်က မြန်မာနိုင်ငံသားများသည် လွတ်မြောက်ရေး စစ်ပွဲတစ်ခုကို နှစ်များထက်စာရင် လများသို့ ကူညီတိုတောင်းစေနိုင်မည့် အကူအညီမျိုးကို ရရှိမနေခြင်းပင်ဖြစ်ကြောင်း ပြောထားသည်။

“ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်ရန် ယူကရိန်းတို့ ရရှိထားခဲ့သည့် အကူအညီ ပမာဏ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုပင်ရမည် ဆိုလျှင် ယင်းသည် မြန်မာစစ်အာဏာရှင်များကို ဖြုတ်ချဖယ်ရှားရေး တိုက်ပွဲအပေါ် သိသာထင်ရှားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်မည် ဖြစ်သည်” ဟု ၎င်းတို့က ပြောသည်။

လက်ရှိ တော်လှန်ရေး လှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင် ထူးခြားသကဲ့သို့ ဆယ်စုနှစ် ခုနစ်ခုကြာ အဆုံးမသတ်သော စစ်ပွဲပြီးနောက် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ဆောင်ကြဉ်းပေးမည့် အကောင်းဆုံးသော နောက်ပိတ်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ငြိမ်းချမ်းသော ဆန္ဒပြမှုများဖြင့် စတင်ခဲ့သော်လည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ၏ အကြမ်းဖက် တုံ့ပြန်နှိမ်နင်းမှုကြောင့် ဆန့်ကျင်ဘက် လက်နက်ကိုင် ခုခံမှုအသွင်ပြောင်းလဲ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အရပ်သား အုပ်ချုပ်မှုဆီ မူလအတိုင်း ပြန်လည်ရောက်ရှိရန် ရည်ရွယ်သည့် လှုပ်ရှားမှုက စစ်တပ်ထိန်းချုပ်မှု ကင်းလွတ်သည့် အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခုဆီ ဦးတည်မည့် လမ်းကြောင်းသစ်ကို ခိုင်မာအောင် ကြိုးပမ်းမည့် နိုင်ငံအနှံ့ တော်လှန်ရေးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲရောက်ရှိခဲ့ကြောင်းလည်း ဆိုသည်။

“ယင်းက ၁၉၄၈ လွတ်လပ်ရေးရရှိမှု၏ အစောပိုင်းနေ့ရက်များ နောက်ပိုင်း မလိုက်နိုင်ဖြစ်နေခဲ့သည့် ရည်မှန်းချက်တစ်ခုဖြစ်သည်” ဟု ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

လက်နက်ကိုင် တော်လှန်ရေး၏ အလယ်ဗဟိုတွင် ရှိသည့် NUG ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်အုပ်စုကို တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရန် တိုက်ပွဲဝင်နေကြသူများကို ရုရှားဆီကရရှိထားသော စစ်လက်နက်များနှင့် နောက်ဆုံးပေါ် တိုက်လေယာဉ်များဖြင့် အစွမ်းကုန် တိုက်ခိုက်နေသဖြင့် အလူးအလဲ ခုခံနေရကြောင်း ပြောဆိုသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ပဇီကြီး‌ ကျေးရွာကို စစ်တပ်က လေကြောင်းပစ်ခတ်၍ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့် စစ်ရာဇဝတ်မှုဖြစ်စဉ်ကို ထောက်ပြထားပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က အကြမ်းဖက်မှုများကို မရပ်တန့်ဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း ပြောထားသည်။

စစ်တပ်အုပ်ချုပ်မှုကို ဘုံရန်သူတစ်ဦးအဖြစ် အတူတကွသတ်မှတ်ကာ ပြည်သူအားလုံး အသံတစ်သံတည်းဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ရာတွင် နိုင်ငံခြားတိုင်းပြည်များ၌ အလုပ်လုပ်နေသည့် မြန်မာပြည်သူများ၏ လှူဒါန်းငွေဖြင့် ရပ်တည်ချီတက်နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

သို့သော်လည်း အောင်ပွဲကို အလျင်အမြန် ရရှိစေရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံပံ့ပိုးမှုနှင့် အကူအညီများ လိုအပ်နေကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်၊ ဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က ပြောဆိုသည်။

နိုင်ငံတကာက ကူညီထောက်ပံ့မည် ဆိုပါက ပြည်သူတို့၏ သဘောဆန္ဒအရ အချိန်တိုအတွင်းမှာပင် စစ်အာဏာရှင်စနစ်အပေါ် အောင်ပွဲရမည်ဖြစ်ပြီး ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု အလျင်အမြန် ထွက်ပေါ်စေမည်ဖြစ်ကြောင်းလည်း ရေးသား ပြောဆိုထားသည်။

#ယူကရိန်းကဲ့သို့အကူအညီလို
#နွေဦးတော်လှန်ရေးအောင်ပွဲ
#Mizzima
👍24😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
ဥရောပရဲ့ အကျိုးစီးပွားနဲ့စံနှုန်းတွေကို တရုတ်ကတန်ပြန်ဖို့လုပ်နေကြောင်း ဂျာမနီပြော

https://www.facebook.com/reel/1638475106631564

#internationalnews #China #Germany #reels #shorts
👍5😁2
စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ခန့် မီးလောင်ပျက်စီး
🤬10😢3🔥2👍1😁1
စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ခန့် မီးလောင်ပျက်စီး
========================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသရှိ သာဇင်ကျေးရွာကို ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် သာဇင်ကျေးရွာအတွင်းရှိ နေအိမ်ပေါင်း ၆၀၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

“သာဇင်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ခန့် မီးရှို့ခံရပါတယ်။ ပြည်သူတချို့ ဓားစားခံအဖြစ် အဖမ်းခံရတယ် လို့သိရပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပအဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်.

စစ်ကောင်စီတပ်ဝင်ရောက်လာချိန်တွင် ပြေးလွှားရင်း ပိတ်မိခဲ့သည့် ပြည်သူ ၄၀ဦးခန့် ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကောက်စီတပ်က အမျိုးသမီး ၁၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အယောက် ၃၀ ကိုဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ က ဖော်ပြထားသည်။

“ ဖမ်းဆီးခံဓားစာခံတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူလို့ သိရပါတယ်” ဟု စစ်ကိုင်းမြို့ နယ် ပအဖ မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများအတွက် နေရေးထိုင်ရေး စားရေးသောက်ရေးများကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ရှောင်ပြည်သူများကို လုံခြုံတဲ့ရွာတစ်ရွာမှာထားပြီး လတ်တလောလိုအပ်ချက် စားရေး သောက်ရေး၊ နေထိုင်မှုတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ စစ်ကိုင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အတွက် အရန်ရိက္ခာသိုလှောင်ထားမှုရှိတဲ့အတွက် ဆန်ဆီကတော့ မဝယ်ရပါဘူး၊ ရောက်တဲ့နေရာမှာ တစ်ခါတည်းချက်ပြုတ်နိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သာဇင်ကျေးရွာမှ အသက် ၆၀ အရွယ်အဖွားအိုတစ်ဦးကိုလည်း သတ်ဖြတ်ပြီးနောက် အလောင်းကို မီးရှို့ ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ တွင် သာဇင်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ဇွန်လ ၁၄ ရက်နေ့ တွင် အိုင်းဓမ္မ၊ အင်းစ စသည့် ကျေးရွာများကို လည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Information Network က ဖော်ပြထားသည်။

စာတည်း - သန်ဇော်(သန်လျင်)

#mizzima
#သာဇင်ကျေးရွာ
#မီးရှို့
#စစ်ကောင်စီတပ်ဖွဲ့
#စစ်ကိုင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10🔥3👍2❤1😁1
​​အိန္ဒိယ၏ အရှေ့ဖက်နိုင်ငံများ ဦးစားပေး မူဝါဒ နှင့် အရှေ့မြောက်ဒေသအပေါ် သြဇာလွှမ်းမိုးမှု
==========================

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ခါစ အိန္ဒိယသည် အရှေ့မြောက်ဒေသကို လျစ်လျူရှုထားခဲ့သည်။

ယင်း၏ ပိုင်နက်အရှေ့မြောက်ဒေသကို လျစ်လျူရှုထားရုံသာမက အရှေ့တောင်အာရှနိုင်ငံများကိုပါ အာရုံ မစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝန်ကြီးချုပ် ပီဗီ နာရာဆမ်ဟာရာအိုလက်ထက် ၁၉၉၁ ခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် "အရှေ့မျှော်မူဝါဒ(Look East Policy)" ကို အဆိုပြုခဲ့သည်။

ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ပေါက်ဖြစ်သည့် အိန္ဒိယ၏ အရှေ့မြောက်ဒေသသည်လည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်လာခဲ့သည်။
👏4🔥1
Mizzima + Channel ကနေပြီး ထုတ်လွှင့်ပေးနေတဲ့ အစီစဉ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်
=============

ဖျော်ဖြေရေးဆိုတာ ဘ၀အမောတွေ သက်သာစေပြီး စိတ်ခွန်အားရစေတာမို့ နေ့စဉ်ဘ၀မှာ

အရေးကြီးပါတယ်။ ဒါကြောင့် Mizzima + channel ကနေပြီးတော့ လူကြိုက်များတဲ့ နိုင်ငံတကာ ဇာတ်လမ်းတွဲတွေ၊ ကာတွန်းစီးရီးတွေ၊ variety show တွေနဲ့ ပညာပေး ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။

Mizzima + channel ကို မနက် ၆ နာရီကနေစပြီး ည ၁၂ နာရီအထိ မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံများသို့ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

Satellite တွေကနေ တစ်ဆင့် ဖမ်းယူကြည့်ရှုနိုင်သလို ဖုန်းတစ်လုံးရှိယုံနဲ့လည်း Mizzima TV Application ကနေ အလွယ်တကူကြည့်ရှုနိုင်တာမို့ အခုပဲ ဒေါင်းယူပြီး ကြည့်လိုက်ရအောင်။

https://youtu.be/knd6HEAZ9rM

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2🤮1
ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ
😁2
ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ
=====================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက ပြန်ပေးဆွဲခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဖားကန့်မြို့၊ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် သည် ညနေ ၄ နာရီခန့်တွင် ဆံပင်ညှပ်ရန် နေအိမ်မှထွက်ခွာခဲ့ပြီးနောက် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက အတည်ပြုသည်။

“ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီလောက်က ဖုန်းဆက်လာတယ်။ ပိုက်ဆံသိန်း ၃၀၀ နဲ့ ရွှေ ၁၀ သားယူပြီး ဆိုင်းတောင်-ယူမာကားလမ်းအတိုင်းလာခဲ့ဖို့ ဖုန်းဆက်လာတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးသိန်းလွင်သည် ဖားကန့်မြို့၏ မြို့မျက်နှာဖုံးစာရင်းတွင်ပါဝင်ပြီး ဖားကန့်သံဘောင်တံတားတဘက် ခြမ်းရှိ လူအထိုင်များသော မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရနောက် ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ထပ်မံ အဆက်သွယ်မရရှိသေး၍ ဦးသိန်းလွင်၏ အသက်အန္တရာယ်ထိခိုက်မည်ကို မိသားစုဝင်များက စိုးရိမ်နေ ကြကြောင်း နီးစပ်သူများကဆိုသည်။

ဖားကန့်မြို့တွင် ဓားပြမှု၊ လူသတ်မှုများလည်းဖြစ်လေ့ရှိပြီး ယခုပြန်ပေးဆွဲမှုသည် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပြန်ပေးဆွဲ
#မြို့မလက်ဖက်ရည်ဆိုင်
#ဖားကန့်မြို့
ဓာတ်ပုံ - ပြန်ပေးဆွဲခံရသည့် မြို့မလက်ဖက်ရည်ပိုင်ရှင် ဦးသိန်းလွင်၏ပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4🔥2