ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
👍16👏3😁2

======================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
အင်အား ၅၀ ခန့်ရှိ ထိုစစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စခန်းမှာ စစ်ကောင်စီတပ် အင်အား ၅၀ လောက်ရှိတယ်ဆိုပြီး သိရတယ်။ ကျွန်တော်တို့အဖွဲ့တွေရဲ့ သွားရောက်တိုက်ခိုက်မှုမှာ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ၆၀ မမနဲ့လည်း ပြန်ပစ်တယ်။ ကျွန်တော်တို့ လက်နက်ငယ်နဲ့ ပထမဆုံး ပစ်ခတ်တဲ့ စစ်ဆင်ရေးပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး ” ဟု 96 Soldiers-PDF (အညာဒေသတပ်ခွဲ)မှ ကိုဇေယျာလွင်က ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့နှင့် 96 Soldiers-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအပြီး ထိုစစ်ကောင်စီတပ်က ဟံလင်းမြို့ဟောင်းကျေးရွာ အနီးကို စစ်ကြောင်းထိုးမှုများရှိခဲ့ကြောင်း သိရသည်။
“ ဟန်လင်းနားမှာ စိုင်နိုင်ကွေ့ရှိတယ်။ လှတောနဲ့လည်း နီးတယ်။ အဲတော့ သူတို့က ကူးနေတာပေါ့။ ရွှေဘိုထဲကလာတယ် စစ်ကြောင်းထိုးလိုက် အဲ့မှာ၀င်နားလိုက် စစ်ကြောင်းပတ်ထိုးလိုက် အဲ့လိုတော့ ရှိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကလည်း အဲ့နားက ရွာတွေကို မီးရှို့တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုစစ်ကောင်စီတပ် တပ်စွဲထားသည့် ရှစ်လတာ ကာလအတွင်းဟံလင်းမြို့ဟောင်းကျေးရွာအတွင်းရှိ ပြည်သူများအား ပျူစောထီး စစ်သင်တန်း သင်ကြားပေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#ဟံလင်းမြို့ဟောင်း
#၄ ဦးသေဆုံး
#96 Soldiers-PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ဟံလင်းမြို့ဟောင်း – Explore
explore #ဟံလင်းမြို့ဟောင်း at Facebook
👍17😁3❤1
ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက် မှားယွင်းဟုမြောင်ပလဖတုန့်ပြန်၊ စုံစမ်းဖော်ထုတ်အရေးယူရန် စစ်ကိုင်းခရိုင်ရင်း(၁) NUG ထံ တောင်းဆို
=====================
ရောင်နီ
(မဇ္စျိမ)။ ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း၏ စွပ်စွဲချက်သည် မှားယွင်းနေပြီး ယင်းဖြစ်စဥ်အပေါ် NUG အနေဖြင့် စုံစမ်းစစ်ဆေးပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာ၀န်ခံဗိုလ်ကျားသစ်က မဇ္စျိမကို ပြောသည်။
မြောင်နှင့် မြင်းမူမြို့အခြေစိုက် ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးအပါအဝင် လေးဦးကို မြောင်မြို့နယ် ပလဖအဖွဲ့ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီး ယင်းဖြစ်ရပ်အပေါ် မြောင်မြို့နယ် ပလဖအဖွဲ့အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း(၁)က ထုတ်ပြန်ထားသည့် အပေါ် ဗိုလ်ကျားသစ်က တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
ZAMANI Revolution Force (MMU) MYAUNG အဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးနှင့်ကျေးရွာပကဖတာဝန်ခံ တစ်ဦး၊ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးအား မြောင်မြို့နယ်ပလဖအဖွဲ့မှ ဇွန်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်ဆေးစဉ် လက်လွန်ပြီး လေးဦးစလုံး သေဆုံးသည့်သတင်းရရှိကြောင်းနှင့်မြောင်မြို့နယ်ပလဖအဖွဲ့၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများနှင့်တော်လှန်ရေး သမားများကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း (၁)က ဇွန်လ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်အပေါ် ဗိုလ်ကျားသစ်က " အမှားအယွင်းတွေ တင်ထားတာ ဖြစ်ပါတယ်" ဟု တုံ့ပြန် သည်။
ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးသည် မြောင်မြို့နယ် မရိုးကုန်းကျေးရွာမှ တိုက်နယ်ပကဖ ခေါင်းဆောင် ကိုဖိုးထောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးငွေကြေးများလည်း ယူဆောင်သွားကြောင်း၊ ဥပဒေမဲ့လုပ်ရပ်အများအပြား ကျူးလွန်ထားကာ ရွှေဆိုင်နှင့် ဓာတ်ဆီဆိုင်များကို ဓားပြတိုက်ခြင်း၊ ပြည်သူတစ်ဦးကို ဒလန်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဗိုလ်ကျားသစ်က ပြောသည်။ ဗိုလ်ကျားသစ်၏ အဆိုပါ ပြောကြားချက်အပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။ ကိုဇော်မိုးဦးဆောင်သောအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး ကာကွယ်ရေးတပ်ဖွဲ့အချို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဟု ဗိုလ်ကျားသစ်က ယနေ့ ဇွန်လ ၁၄ရက် နေ့လယ်တွင် ပြောသည်။
၎င်းက " တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဖမ်းဆီးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီရောက်ပြီး စစ်ဆေးပြီးတော့ လုပ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဖမ်းဆီးခဲ့ချိန်က သူပစ်ကိုယ်ပစ် ပစ်ရင်း ထိခိုက်သေဆုံးတာပါ" ဟု ယနေ့ ဇွန်လ ၁၄ရက်တွင် ပြောသည်။
ဖမ်းဆီးရာတွင် တဖက်နှင့်တဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကိုဇော်မိုးအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိပြီး လက်ရှိအချိန်အထိ အသက်ရှင်လျက် ဖမ်းဆီးထိန်းသိမ်းထားဆဲဟုဆိုသည်။
စစ်ကိုင်းခရိုင်တပ်ရင်း(၁) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်လာပါက ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
“ NUG ဆိုတာ ကျွန်တော်တို့ အစိုးရလေ။ ကျွန်တော်တို့ အစိုးရချမှတ်တဲ့အတိုင်းခံယူသွားမှာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်“ ဟု ၄င်းက ပြောသည်။
ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းခရိုင် တပ်ရင်း ၁က ထုတ်ပြန်ထားသည့်စာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်အား ပြန်လည်စိစစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့နှင့် ဤအမှုတွင် ပါဝင်ပါတ်သက်သူအားလုံးအား ဖော်ထုတ်အရေးယူပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အသတ်ခံရသူ လေးဦး၏ မိသားစုဝင်များအား မြောင်မြို့နယ် ပလဖ အဖွဲ့အနေဖြင့် တရားဝင်တောင်းပန်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသော လုပ်ရပ်မှန်သမျှအား ပြင်းထန်စွာ ရှုံ့ချသည်ဟု ထုတ်ပြန်ထားသည်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာ၀န်ခံကိုနွေဦးက စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း၏ ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် လွဲချော်နေသည်ဟုမှတ်ချက်ပြုသည်။
" သူတို့ ထင်မြင်ချက်တချို့နဲ့ သူတို့ကြားလိုက်တာလေးတွေကိုပဲ စာထုတ်လိုက်တာ" ဟု ကိုနွေဦးကပြောသည်။
ထုတ်ပြန်ချက်တွင် တာဝန်ခံလက်မှတ်ရေးထိုးထားသည့်စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း ၁ မှူး ဗိုလ်ယက္ခက ၎င်းတို့အနေဖြင့် ဖြစ်စဉ်ကို သေချာစိစစ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့၏ ကျူးလွန်မှုကို NUG အနေဖြင့် စုံစမ်းဖော်ထုတ်ရန် ထပ်မံ တောင်းဆိုသည်။
စာတည်း - မောင်ကြီး
#mizzima
#စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း
#မြောင်မြို့နယ်ပလဖအဖွဲ့
#CDSOM
ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုး

👍23🤣3❤2
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းငြင်း
=======================
001
မဇ္စျိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်အချို့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ငြင်းဆိုသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့သည့်သတင်းမှာ မဟုတ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က BBC Burmeseနှင့် အင်တာဗျူးတွင် ငြင်းဆိုခြင်းဖြစ်သည်။
“ကောလာဟလ သတင်းပဲဖြစ်ပါတယ်။ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းသည်။
စစ်ကောင်စီအနေဖြင့် ညှိနှိုင်းနေရပြီဆိုသော ပုံဖော်လိုသည့်အတွက် လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲသည်။
ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီကို ငြိမ်းချမ်းသည့်နည်းဖြင့် သွားမည်ဟု ပြောဆိုခဲ့သော်လည်း ပါတီများ မှတ်ပုံတင်စဉ်က ပါတီမှတ်ပုံတင်ကိစ္စအတွက် NLD ပါတီဝင်အချို့ သွားရောက်တွေ့ဆုံမှုကို အတွေ့မခံခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကျဆင်းခဲ့မှုကြောင့်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံစွပ်စွဲသည်။
ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီဝင်သုံးဦးက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကောင်စီ၏ စီစဥ်ပေးမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
“ပုံရိပ်ကျဆင်းတယ်ဆိုတာ စစ်ကောင်စီအသိုင်းအဝိုင်းအတွက်တော့ ပုံရိပ်ကျဆင်းမှာပေါ့ဗျာ။ ဒါပေမဲ့ လူထုတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီလို လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုဝိုင်းဝန်းပြီး သန်းနဲ့ချီပြီး ဩဘာပေးနေကြတာဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ပုံရိပ်ကျဆင်းတယ်ဆိုတာက ပုံရိပ်ကို မရှိတော့တဲ့ ဇော်မင်းထွန်းတို့ရဲ့ သဘောထားသာဖြစ်တယ်လို့ ကျွန်တော်ကတော့ အကဲဖြတ်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် အကျပ်အတည်းမျိုးစုံဆိုက်ရောက်နေပြီး စစ်ရေး၊ သံတမန်ရေးအပြင် စီးပွားရေးအရ ကသောင်းကနင်းဖြစ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလောကမှ ထွက်ခွာသွားရန် စစ်ကောင်စီက ဆန္ဒရှိနေကြောင်းလည်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။
ထို့ပြင် အဆိုပါ သတင်းမထွက်ပေါ်မီ ဇွန်လ ၈ ရက်နေ့ကလည်း သန်လျင်သဘာဝတရားရိပ်သာဆရာတော် ဉီးဉတ္တမသာရက NLD ပါတီနာယက သူရဦးတင်ဦးကို ချည်းကပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးလုပ်ရန် သွားရောက်ပြောဆိုခဲ့ပြီး ယင်းစကားများမှာ စစ်ကောင်စီ၏ သဘောထားဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီဘက်က သွားရောက်တွေ့ဆုံခဲ့ခြင်းမှာလည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
NLD ပါတီဝင်အချို့ တွေ့ဆုံလိုမှု ငြင်းပယ်ခံရမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နမူနာပေးပြောဆိုပြီးနောက် "ဖြစ်ပျက်နေတဲ့ အကြောင်းအရာ သိနေတဲ့လူကို ဘာများ ထပ်ပြီးတော့ ရှင်းပြစရာ ပြောပြစရာအကြောင်းရှိလဲလို့ပဲပြောချင်ပါတယ်"ဟု ၎င်းက BBCကိုဖြေသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်အချို့နှင့် တွေ့ဆုံပေးရန် စီစဉ်ပေးမှုနောက်ပိုင်း စစ်ကောင်စီအနေဖြင့် တွေ့ဆုံမှုမရှိဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းသည်။
“အဲ့ဒီအရှေ့ပိုင်းမှာတော့ ဒါ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်ဆိုတာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ကျပြောတာမျိုးပေါ့နော်။ အသိပေးတာမျိုး ရှိကောင်းရှိပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှု ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခင်နေရာတွင်ပင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်ကောင်စီက BBC Burmeseကို ဖြေကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောသည်။
ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံပြီး အမှုကိစ္စများဆွေးနွေးနိုင်ရန် ရှေ့နေအဖွဲ့က တင်ပြထားသော်လည်း စစ်ကောင်စီက တွေ့ဆုံခွင့်မပေးဘဲ လူချင်းတွေ့ဆုံခွင့် အဆက်အသွယ်ဖြတ်တောက်ထားသည်။

👍29🤮3🥰1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/G18xCW9vCLk
#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်ထုတ်လွှင့်မှုများ
#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍14🍌2🍓1
ဇွန်လ (၁၅) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို ခန့်အပ်လိုက်တဲ့သတင်းနဲ့အတူ လက်ရှိမှာ စက်သုံးဆီ နဲ့ မြေဩဇာ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အရင်နှစ်ကထက် ကျဆင်းသွားပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်နေသေးကြောင်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောဆိုလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/sGAtUYdvrO0
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို ခန့်အပ်လိုက်တဲ့သတင်းနဲ့အတူ လက်ရှိမှာ စက်သုံးဆီ နဲ့ မြေဩဇာ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အရင်နှစ်ကထက် ကျဆင်းသွားပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်နေသေးကြောင်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောဆိုလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/sGAtUYdvrO0
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၅) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို ခန့်အပ်လိုက်တဲ့သတင်းနဲ့အတူ လက်ရှိမှာ စက်သုံးဆီ နဲ့ မြေဩဇာ စတဲ့ သွင်းအားစုဈေးနှုန်းတွေ…

👍10😁3❤1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၅ ရက်၊ ၂၀၂၃ | VOA On Mizzima
======================
ဘင်္ဂလားဒေရှ့်ကနေ လှေစီးပြေးတဲ့ ရိုဟင်ဂျာအများအပြား လိုရာခရီးမရောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးကြရ၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံး ငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်း၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/7b5eXyViKB0
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဘင်္ဂလားဒေရှ့်ကနေ လှေစီးပြေးတဲ့ ရိုဟင်ဂျာအများအပြား လိုရာခရီးမရောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးကြရ၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံး ငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်း၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/7b5eXyViKB0
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၅ ရက်၊ ၂၀၂၃ | VOA On Mizzima
ဘင်္ဂလားဒေရှ့်ကနေ လှေစီးပြေးတဲ့ ရိုဟင်ဂျာအများအပြား လိုရာခရီးမရောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးကြရ၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံး ငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်း၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို…
👍9😁2
တရှိန်ထိုးကျနေတဲ့ တောင်အာဖရိက ရန်ဒ်ငွေ | VOA On Mizzima
===================
တောင်အာဖရိကဟာ ရုရှားကိုကူညီနေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကစွပ်စွဲပြီးနောက်၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံးငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်းသွားပြန်ပါတယ်။ အခုလိုကျဆင်းသွားတဲ့အပေါ်တာဝန်ရှိသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်မကင်းဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အကျိုးသက်ရောက်မှု အဆိုးဆုံးလို့ ခံစားရသူတွေ ကတော့ ပြည်သူတွေဖြစ်ပါတယ်။ Zaheer Cassim တောင်အာဖရိကမြို့တော် Johannesburg ကသတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က ပြောပြပေးပါမယ်။
https://youtu.be/pqvMhIytYmY
#မဇ္ဈိမအတွက်ဗွီအိုအေ
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
တောင်အာဖရိကဟာ ရုရှားကိုကူညီနေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကစွပ်စွဲပြီးနောက်၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံးငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်းသွားပြန်ပါတယ်။ အခုလိုကျဆင်းသွားတဲ့အပေါ်တာဝန်ရှိသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်မကင်းဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အကျိုးသက်ရောက်မှု အဆိုးဆုံးလို့ ခံစားရသူတွေ ကတော့ ပြည်သူတွေဖြစ်ပါတယ်။ Zaheer Cassim တောင်အာဖရိကမြို့တော် Johannesburg ကသတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က ပြောပြပေးပါမယ်။
https://youtu.be/pqvMhIytYmY
#မဇ္ဈိမအတွက်ဗွီအိုအေ
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
တရှိန်ထိုးကျနေတဲ့ တောင်အာဖရိက ရန်ဒ်ငွေ | VOA On Mizzima
တောင်အာဖရိကဟာ ရုရှားကိုကူညီနေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကစွပ်စွဲပြီးနောက်၊ အကြပ်အတည်းရင်ဆိုင်နေရတဲ့ တောင်အာဖရိကသုံးငွေတန်ဘိုးဟာ နောက်ထပ်တဟုန်ထိုး ကျဆင်းသွားပြန်ပါတယ်။ အခုလိုကျဆင်းသွားတဲ့အပေါ်တာဝန်ရှိသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်မကင်းဖြစ်ကြပါတယ်။…
👍5😁2❤1
ငရဲခွေးကြီး လွတ်နေသည်
============
အခုနောက်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေက တိုက်တွန်းတာတွေ ရှိလာပါတယ်။
ဒါဟာ အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ခပ်စိတ်စိတ် ဖစ်ပေါ်လာတာလို့ သုံးသပ်ကြသူတွေ ရှိပါတယ်။
စစ်ကောင်စီဟာ ဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလလောက်မှာ NUG အဖွဲ့ဝင်တွေ၊ တာ်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးတွေ၊ နအိမ်တွေကို ချိတ်ပိတ်တာမျိုး လုပ်ခဲ့ပြီးအခု နာက်ပိုင်း မှာတော့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးအထိလုပ်လာတာပါ။
https://youtu.be/mwq_RPJI75Q
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
အခုနောက်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေက တိုက်တွန်းတာတွေ ရှိလာပါတယ်။
ဒါဟာ အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ခပ်စိတ်စိတ် ဖစ်ပေါ်လာတာလို့ သုံးသပ်ကြသူတွေ ရှိပါတယ်။
စစ်ကောင်စီဟာ ဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလလောက်မှာ NUG အဖွဲ့ဝင်တွေ၊ တာ်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးတွေ၊ နအိမ်တွေကို ချိတ်ပိတ်တာမျိုး လုပ်ခဲ့ပြီးအခု နာက်ပိုင်း မှာတော့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးအထိလုပ်လာတာပါ။
https://youtu.be/mwq_RPJI75Q
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ငရဲခွေးကြီး လွတ်နေသည်
အခုနောက်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေက တိုက်တွန်းတာတွေ ရှိလာပါတယ်။
ဒါဟာ အဆိုတော်လီလီနိုင်ကျော်ကို…
ဒါဟာ အဆိုတော်လီလီနိုင်ကျော်ကို…
👍12😁2
အရှေ့အလယ်ပိုင်း အမျိုးသမီးအနုပညာရှင် ပြခန်း | VOA On Mizzima
============================
အမေရိကန်နိုင်ငံ Los Angeles မြို့မှာ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေက အမျိုးသမီးအနုပညာရှင်တွေ စုပေါင်းပြီး “Women Defining Women” လို့အမည်ပေးထားတဲ့ ဓါတ်ပုံနဲ့ ပန်းချီပြပွဲတခု ပြသခဲ့ပါတယ်။ ဒီပြပွဲမှာ ရိုးရာလူမှုအဖွဲ့အစည်းတွေနဲ့ ခေတ်သစ်လူမှုဘဝကို ထင်ဟပ်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ကျုးပြသထားပါတယ်။ VOA သတင်းထောက် Mike O’Sullivan ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြထားပါတယ်။
https://youtu.be/tmrxKKgXpWw
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============================
အမေရိကန်နိုင်ငံ Los Angeles မြို့မှာ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေက အမျိုးသမီးအနုပညာရှင်တွေ စုပေါင်းပြီး “Women Defining Women” လို့အမည်ပေးထားတဲ့ ဓါတ်ပုံနဲ့ ပန်းချီပြပွဲတခု ပြသခဲ့ပါတယ်။ ဒီပြပွဲမှာ ရိုးရာလူမှုအဖွဲ့အစည်းတွေနဲ့ ခေတ်သစ်လူမှုဘဝကို ထင်ဟပ်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ကျုးပြသထားပါတယ်။ VOA သတင်းထောက် Mike O’Sullivan ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြထားပါတယ်။
https://youtu.be/tmrxKKgXpWw
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အရှေ့အလယ်ပိုင်း အမျိုးသမီးအနုပညာရှင် ပြခန်း | VOA On Mizzima
အမေရိကန်နိုင်ငံ Los Angeles မြို့မှာ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေက အမျိုးသမီးအနုပညာရှင်တွေ စုပေါင်းပြီး “Women Defining Women” လို့အမည်ပေးထားတဲ့ ဓါတ်ပုံနဲ့ ပန်းချီပြပွဲတခု ပြသခဲ့ပါတယ်။ ဒီပြပွဲမှာ ရိုးရာလူမှုအဖွဲ့အစည်းတွေနဲ့ ခေတ်သစ်လူမှုဘဝကို ထင်ဟပ်နေတဲ့…
👍4😁3
Social Media ရဲ့ ကောင်းကျိုးက ဘာတွေလဲ ?
================
Social Media ရဲ့ ကောင်းကျိုးက ဘာတွေလဲ ?
ဆိုးကျိုးကရော ဘာတွေလဲ ?
အခုလတ်တလော ခေတ်စားလာတဲ့ AI က ရော ကောင်းကျိုး အပြင် ဘာဆိုးကျိုးတွေ ရှိလာနိုင်သလဲ ?
https://youtu.be/-OA_R1TDMc4
#Social Media
#AI
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
Social Media ရဲ့ ကောင်းကျိုးက ဘာတွေလဲ ?
ဆိုးကျိုးကရော ဘာတွေလဲ ?
အခုလတ်တလော ခေတ်စားလာတဲ့ AI က ရော ကောင်းကျိုး အပြင် ဘာဆိုးကျိုးတွေ ရှိလာနိုင်သလဲ ?
https://youtu.be/-OA_R1TDMc4
#Social Media
#AI
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Social Media ရဲ့ ကောင်းကျိုးက ဘာတွေလဲ ?
Social Media ရဲ့ ကောင်းကျိုးက ဘာတွေလဲ ?
ဆိုးကျိုးကရော ဘာတွေလဲ ?
အခုလတ်တလော ခေတ်စားလာတဲ့ AI က ရော ကောင်းကျိုး အပြင် ဘာဆိုးကျိုးတွေ ရှိလာနိုင်သလဲ ?
#Social Media
#AI
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယ…

👍2🌭1🍌1
ဆိုင်ကလုန်းဒဏ်သင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီ အင်ဒိုနီးရှား ပေးပို့မည်
======================
မကြာသေးခင်က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းကို ခံခဲ့ရသည့် မြန်မာနိုင်ငံထံ အင်ဒိုနီးရှားအစိုးရက လူသားချင်းစာနာမှု အကူအညီ ပေးပို့မည် ဖြစ်ကြောင်း အင်ဒိုနီးရှား၏ ယဉ်ကျေးမှုရေးရာနှင့် လူသား ဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေး ဝန်ကြီး မူဟာဒ်ဂျီ အီဖန်ဒီက ဇွန်လ ၁၄ ရက်တွင် ပြောသည်။
“ပြီးခဲ့တဲ့ မေလမှာ သဘာဝဘေးဒုက္ခဆိုးဒဏ်သင့်ခဲ့တဲ့ မြန်မာအတွက် အင်ဒိုနီးရှားအစိုးရက လူသားချင်းစာနာမှု အကူအညီ ပေးအပ်သွားပါမယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
အကူအညီ၏ အာရုံစိုက်မှုက အရေးပေါ်အခြေအနေမှ ပြန်လည်နာလန်ထူမှုဆီ ကူးပြောင်းရာတွင် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ထောက်ကူပံ့ပိုးရန် ဖြစ်သည်ဟု အင်ဒိုနီးရှားဝန်ကြီးက ပြောသည်။

👏6🤮3🕊2
ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေး
=====================
မြန်မာနိုင်ငံဟာ ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရရှိတဲ့ အကူအညီများရဲ့ ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီးအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်တယ်လို့ တော်လှန်ရေးခေါင်ဆောင်များက အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဆောင်းပါးရေးသားတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဖော်ပြထားတဲ့ ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးမှာ ၊KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သောဗိုလ်ချုပ်ဂွန်မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကပထဆုံးအကြိမ် ပူးပေါင်းရေးသားထားခြင်းဖြစ် ပါတယ်။
မြန်မာပြည်သူလူထုဟာ် စစ်အုပ်ချုပ်မှု အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်သံတည်းထွက်ကာ စည်းလုံးစွာကြိုးပမ်းချီတက်နေကြောင်း အထက်ပါဆောင်းပါးမှာဖော်ပြထားပါတယ်။
https://youtu.be/cDzx-FCnngE
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
မြန်မာနိုင်ငံဟာ ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရရှိတဲ့ အကူအညီများရဲ့ ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီးအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်တယ်လို့ တော်လှန်ရေးခေါင်ဆောင်များက အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဆောင်းပါးရေးသားတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဖော်ပြထားတဲ့ ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးမှာ ၊KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သောဗိုလ်ချုပ်ဂွန်မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကပထဆုံးအကြိမ် ပူးပေါင်းရေးသားထားခြင်းဖြစ် ပါတယ်။
မြန်မာပြည်သူလူထုဟာ် စစ်အုပ်ချုပ်မှု အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်သံတည်းထွက်ကာ စည်းလုံးစွာကြိုးပမ်းချီတက်နေကြောင်း အထက်ပါဆောင်းပါးမှာဖော်ပြထားပါတယ်။
https://youtu.be/cDzx-FCnngE
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ယူကရိန်းကိုပေးတဲ့အကူအညီရဲ့၁ရာခိုင်နှုန်းမျှရခဲ့ရင်အောင်ပွဲရကြောင်းတော်လှန်ရေးခေါင်ဆောင်များအသိပေး
မြန်မာနိုင်ငံဟာ ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရရှိတဲ့ အကူအညီများရဲ့ ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီးအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်တယ်လို့ တော်လှန်…
👍24😁2