This media is not supported in your browser
VIEW IN TELEGRAM
https://www.facebook.com/reel/280533024400998/?s=single_unit
#Internationalnews #Mizzima #Shorts #Reels

🔥4
VIEW IN TELEGRAM
မြန်မာ့အရေးအဖြေရှာဖို့ အကြိမ် ၇ဝ ကျော် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြောကြား
Watch more detail -
https://youtu.be/dvc1OxqMh4s
#မြန်မာ့အရေး #ဆွေးနွေး #အင်ဒိုနီးရှား #VideoNews #shorts #Reels

😁11👍2
ဇွန်လ (၁၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
00:59 - မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေတဲ့သတင်း
03:38 - ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲနှင့် ဆုတောင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပတဲ့သတင်း
04:57 - လက်ဘနွန်လွှတ်တော်အမတ်တွေရဲ့ သမ္မတအသစ်ရွေးချယ်ဖို့ကြိုးစားမှု ၁၂ ကြိမ်မြောက် ပျက်ကွက်ခဲ့တဲ့သတင်း
06:19 - မြန်မာ့အရေးအဖြေရှာဖို့ အကြိမ် ၇ဝ ကျော် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြောကြားတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/baSz2YPkt38
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၁၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 - မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေတဲ့သတင်း
03:38 - ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲနှင့် ဆုတောင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌…

👍5🍌3🌭1
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်းကို ကုလသမဂ္ဂမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာစေဖို့ ရှီကျင့်ဖျင်တောင်းဆို
https://www.facebook.com/reel/286522713816227
#Internationalnews #Mizzima #Reels #Shorts

😁6🔥1
သပိတ်ကျင်းတွင် ဦးခေါင်းကျည်ဖောက်၀င် ဒဏ်ရာများဖြင့် ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့
======================
007
မဇ္စျိမ။ ။မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင်၊ ယမန်နေ့ နေ့လယ်ပိုင်းက၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသား အလောင်းသုံးလောင်း တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံများထံကသိရသည်။
"သုံးလောင်းစလုံးက တစ်နေရာထဲမှာတွေ့တာ၊ အမျိုးသားအလောင်းတွေချည်းပဲ၊ ဒဏ်ရာနှစ်ချက်စီတွေ့တယ်၊ ခေါင်းကိုတေ့ပစ်ပြီး အသတ်ခံထားရတာတွေပါ၊ အလောင်းတစ်လောင်းမှာဆိုရင် ဦးနှောက်တောင်ထွက်ကျနေတယ်၊ အသက် ၂၅ ကနေ ၄၀ ၀န်းကျင်အရွယ်တွေ" ဟု ဒေသခံတစ်ဦးကပြောသည်။
မန္တလေး-ဗန်းမော်ကားလမ်းပိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီးတွင်၊ ယမန်နေ့ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ထိုအလောင်း သုံးလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်း တစ်လောင်းစီတွင်၊ ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ် ချက်စီအပြင်၊ နောက်ကျောနှင့်လက်ပြင်တို့တွင်လည်း ဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးခဲ့သည့်အလောင်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှရရှိသည့် သတင်းအချက်အလက်အရ သိရသည်။
အဆိုပါသတင်းအချက်အလက်အရ၊ အသက် ၂၅ နှစ်ခန့်အမျိုးသားတွင်၊ ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့်နောက်ကျော ကျည်ဆန်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ အသက် ၃၀ ခန့်အမျိုးသားတွင် ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့် ဝဲလက်လက်ပြင် ကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်၊ အသက် ၄၀ ခန့်အမျိုးသားတွင် ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့် နောက်ကျောကျည် ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
"ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ကြာညှပ်ဆေးရုံ(သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ်ဆေးရုံ-ရင်ခွဲရုံ)ပို့ထားတယ် " ဟု နီးစပ်သူတစ်ဦး ကပြောသည်။
မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း မသိရသေးသော်လည်း၊ PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စု၏သတင်းများက ဖော်ပြကြသည်။
မန္တလေး-ဗန်းမော်ကားလမ်းပိုင်းတွင်၊ ဇွန်လ ၁၁ ရက်နေ့ကလည်း၊ မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာ ယက္ကန်းစင်တောင်သွား ကားလမ်းအနီး ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးနေသော အသက် ၃၀ ၀န်းကျင်အရွယ် ပိုင်ရှင်မဲ့အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့သေးသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ပိုင်ရှင်မဲ့
#သပိတ်ကျင်းမြို့နယ်
#ကျည်ဆန်ဖောက်၀င်ဒဏ်ရာ
#ကိုးပင်ကျေးရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁3🔥2😢2❤1
သာဂရကျေးရွာ ( ၄ )ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရ၊ နေအိမ် ၆ လုံးမီးလောင်ပျက်စီး
🤬6🔥4😁1

=========================
MTO
မဇ္ဈိမ။။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်နေ့ တွင် စစ်ကြောင်းထိုးဝင်ရောက်ပီးနောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခြောက်လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
သာဂရကျေးရွာသည် စစ်ကောင်စီတပ်၏ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးပြီးဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ကိုနေသူရက ပြောသည်။
“ နေအိမ်စုစုပေါင်း ၂၀၀ နီးပါးလောက် မီးလောင်ပျက်စီးသွားပြီ။ ရှိတာမှ အိမ်ခြေ ၃၀၀ လောက်ရှိတာ။ သေဆုံးစစ်ကောင်စီတပ်သား အလောင်းတွေကို အလျားပေ ၂၀ ကျော် အနံ လူတစ်ရပ်စာလောက်ကို အထပ်သားတွေ ပတ်လည်တိုင်တွေနဲ့ စနစ်တကျ မီးရှို့သွားတယ် အရိုးစုအားဖြင့် ၁၀ လောင်းထက်မနည်း တွေ့ ရတယ်” ဟု ကိုနေသူရက ပြောသည်။
ဇွန်လ ၁၄ ရက်တွင် ခင်ဦးမြို့ပေါ်မှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေတိုက်ပွဲဖြစ်ပွားပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုများလည်းရှိသဖြင့် ယင်းသို့ သေဆုံးသူများ ရှိခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ သည် ကံသစ်ကျေးရွာကို ဇွန်လ ၁၄ ရက်မနက်ပိုင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခင်ဦးသတင်းမှန် ပြန်ကြားရေးက ဖော်ပြထားသည်။
“ ကံသစ်က ငါးကြိမ်မြောက်ရှို့ခံရတာပါ ။ စုစုပေါင်းနေအိမ် ၆၀၀ဝန်းကျင်လောက်ရှိတာ ၃၀၀ ကျော် လောက်ပါသွားပြီ” ဟု ကိုနေသူရက ပြောသည်။
ယင်း စစ်ဂောာင်စီ စစ်ကြောင်းသည် ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရေဦးမြို့ပေါ်သို့ ရောက် ရှိသွားပြီဖြစ်ပြီး ရေဦးမြို့နယ်တွင် စစ်ဆေးရေးတင်းကျပ်နေကြောင်း ၎င်းကဆိုသည်။
ခင်ဦးမြို့နယ်အတွင်း ဇွန်လ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ကျေးရွာ ငါးရွာ မှ နေအိမ်ပေါင်း ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
လက်ရှိအချိန်တွင် ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများ တိုးပွားလာနေပြီး စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်း များက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သာဂရကျေးရွာ
#မီးလောင်ပျက်စီး

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬7👍5🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
လာမယ့်သီတင်းပတ်အတွင်း ဂျာမနီနဲ့ပြင်သစ်နိုင်ငံတွေဆီ တရုတ်ဝန်ကြီးချုပ် သွားရောက်ဖို့ရှိ
https://www.facebook.com/reel/222408133936221
#internationalnews #Mizzima #Germany #China #reels #shorts

😁6👍2
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
❤28👍2😁1🤮1

===================
001
မဇ္စျိမ။ ။ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်မြောက် မွေးနေ့တွင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ပန်းသပိတ်ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။
“ဒီပန်းသပိတ်တိုက်ပွဲက ဘာကိုရည်ရွယ်သလဲ။ ဘာကိုဖော်ညွှန်းသလဲဆိုရင် ကျွန်တော်တို့ ဒီ စစ်အာဏာရူးတွေပေါ့။ ပြည်သူလူထုကို ကြောက်သွားအောင် ၊ တိတ်သွားအောင်၊ သွေးကြောင်သွားအောင် နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်တယ်။ ဖိနှိပ်တယ်။ သို့သော် ကျွန်တော်တို့ လူထုရဲ့ တော်လှန်သွေး၊ တော်လှန်စိတ်၊ တော်လှန်မာန်တွေကတော့ လုံးဝ ဆုတ်လျော့သွားခြင်း၊ ကျဆင်းသွားခြင်းမရှိဘူး။ လူထုရဲ့ တော်လှန်သွေး ရဲရဲနီဆဲဆိုတာကို ဒီပန်းသပိတ်တိုက်ပွဲကြီးကနေပြီးတော့ ဖော်ဆောင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာ တေဇာဆန်းက ပြောသည်။
ဇွန်လ ၁၉ ရက်နေ့တွင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနှင့် ချီသည့် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသော အားဖြင့်လည်းကောင်း ပန်းသပိတ်လှုပ်ရှားမှုကို နိုင်ငံလုံးကျွတ် ဆင်နွှဲကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဇွန်လ ၁၅ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။
အဆိုပါ ပန်းသပိတ်ကို ပြည်သူများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲနိုင်ပြီး ပန်းအမျိုးအစား၊ အသွေးအရောင် ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် အထူးသဖြင့် စစ်ကောင်စီနယ်မြေတွင် ရှိသူများလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားပြီး ဆောင်ရွက်ကြရန် ဒေါက်တာတေဇာဆန်းက သတိပေးသည်။
“ပြောရရင် အဲ့ဒီနေ့ ဇွန် ၁၉ မှာ ကိုယ့်အိမ်က ဘုရားပန်းအိုးက ပန်းအသစ်လဲတာကအစ ကိုယ့် နိစ္စဓူဝ အလုပ်ခွင်သွားတယ်။ အိမ်မှာနေရင်း အပြင်ထွက်ရင်း ပန်းပန်မယ်။ ပန်းလေး ရင်ဘတ်မှာ ထိုးမယ်။ တခြားပေါ့ဗျာ။ ပန်းပါဝင်တဲ့ ပန်းနဲ့ ပတ်သက် ဆက်စပ်တဲ့ ဖော်ဆောင်မှုတွေကို မိမိတို့ဉာဏ်ရှိသလို ကွန့်မြူးပြီး ဖော်ဆောင်ကြဖို့ဖြစ်ပါတယ်”ဟုဆိုသည်။
ဇွန်လ ၁၉ ရက်နေ့တွင် ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်များနှင့် Social Influencersများကလည်း ခွန်အားဖြည့်မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိသည့် တော်လှန်ရေးအားဖြည့်သီချင်းများကို ဆိုကြ၊ တီးကြမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုးနှလုံးရည်နည်းလို့ခေါ်ရမယ့် လူထုတိုက်ပွဲနည်းတွေကလည်း အာဏာရှင်စနစ်ဆန့်ကျင်ရေးတော်လှန်ရေးမှာအစွမ်းအာနိသင်ကြီးမားတယ်ဆိုတာလည်း ကျွန်တော်တို့ ပြည်သူအများ အသိဖြစ်ပါတယ်။ ဒါကြောင့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကြီး ပုံဖော်ဆင်နွှဲကြပါလို့လို့ အထူးတိုက်တွန်းနှိုးဆော်လိုပါတယ်”ဟု ဒေါက်တာတေဇာဆန်းက တိုက်တွန်းသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ အသက် ၇၆ နှစ်နှင့် ၇၇ နှစ်ပြည့်မွေးနေ့တို့ကိုလည်း စစ်ကောင်စီဖမ်းဆီးချုပ်နှောင်ထားသည့် နေရာတွင်ပင် ဖြတ်သန်းခဲ့ရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#နိုင်ငံတော်အတိုင်ပင်ခံပုဂွိုလ်
#ပန်းသပိတ်
#တော်လှန်ရေးအင်အားစု

❤25👍6🤮2😁1
ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား စစ်ကောင်စီတပ်မီးရှို့ ၊ ရွာခံများကို ဓားစာခံလုပ်ခေါ်ဆောင်သွား
🤬12🔥4😁1😢1

====================
KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ရွာနှင့် ပေါက်မရွာများအား ဇွန်လ ၁၃ ရက်နေ့မှစတင်၍ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းများမှ အကြမ်းဖက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံများကို ဓားစာခံလုပ်ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ အနောက်ဘက် အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် သာဇင်ကျေးရွာကို ဇွန်လ ၁၃ ရက်နေ့တွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၆၀၀ ခန့် မီးလောင်ပြာကျသွားပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် သာဇင်ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အိုင်းဓမ္မရွာမှ နေအိမ် ၁၀ လုံး မီးရှို့ခဲ့သည်။ ၎င်းနောက် ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မရွာ တောင်ခြမ်း၊မြောက်ခြမ်းများကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့သည်။
၎င်းစစ်ကြောင်းသည် သာဇင်ကျေးရွာမှ ပြည်သူ ၂၅ ဦး၊ အိုင်းဓမ္မကျေးရွာနှင့် ပေါက်မရွာ မှ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သိရှိရပြီး မဇ္ဈိမက သီးခြားစုံစမ်းနေဆဲဖြစ်သည်။
ဇွန်လ ၁၄ ရက်နေ့တွင်သာဇင်ကျေးရွာမှ ရွာသား ၄၀ ခန့်ဖမ်းဆီးခံခဲ့ရပြီးနောက် ညနေပိုင်းတွင် အမျိုးသမီးများပြန်လွတ်ခဲ့ကြောင်း၊ အမျိုးသား အယောက် ၃၀ ခန့် ဓားစာခံပြုလုပ်ခံနေရပြီး ယနေ့ချိန်ထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့နယ်နှင့် ဆားတောင်မြို့နယ်သို့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်စဉ် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးဒဏ်ရာရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) မြင်းခြံခရိုင် တပ်ဖွဲခေါင်းဆောင်ကိုသက်ကြီးက မဇ္ဈိမကို ပြောကြားသည်။
"မနေ့က မီတာ ၁၀၀ လောက်ပဲကွာတဲ့စစ်ကြောင်းကို မဟာမိတ် သုံးဖွဲ့ပေါင်းပြီးဖြတ်တိုက်ခဲ့တယ်။ သူတို့ဘက်က ၂၀ ကျော်သေတယ်။ ၂၀ ကျော်လောက်ဒဏ်ရာရတယ်ပေါ့။ ပေါက်မရွာကို မီးရှို့တယ်လို့တော့ ကြားတယ်" ဟု ၎င်းကဆိုသည်။
အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လဆန်းတွင် ဝင်လက်မြို့နယ်မှတစ်ဆင့် စစ်ကိုင်းမြို့နယ် ပဒူရွာကိုဝင်ရောက်ခဲ့ပြီး ရေတွင်းခေါင်း၊ မုံညွန့်၊ အောင်မြေ၊ ကြခပ်၊ စမွန်း၊ ရုံးပင်၊ ဘောက်သောက်၊ လင်းယဉ်၊ ရွာသစ် အစရှိသည့်ကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။
၎င်းနောက် ညောင်ငုတ်တို မှတစ်ဆင့် ဆားတောင်မြို့နယ်ကို ရောက်ရှိလာပြီး သာဇင်ရွာနှင့် ပေါက်မရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် ဇွန်လ ၁၃၊ ၁၄၊ ၁၅ သုံးရက်တာတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဆားတောင်မြို့နယ်၊ သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက်မရွာနှင့်အနီးအနားကျေးရွာဒေသခံ ထောင်ချီမှာ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#ဆားတောင်မြို့နယ်
#ဓားစာခံ
Photo - CJ / စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး
(မီးရှို့ဖျက်ဆီးခံရသည့် သာဇင်ရွာ)

👍13🤬5😢4🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
AIIB ဘဏ် ဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်နေကြောင်း တရုတ်ပြော
https://www.facebook.com/reel/807224250644087
#internationalnews #ALLB_Banks #China #reels #shorts

👍2👏1😁1🖕1
မြန်မာမူးယစ်ကုန်ကူးသူများကို speed ဆေးပြား ၃၀၀,၀၀၀ ကျော်နှင့်အတူ ထိုင်း ဖမ်းမိ
===========================
ထိုင်းနိုင်ငံ ချင်းမိုင်မြောက်ပိုင်းနယ်စပ်ပြည်နယ်၏ ချန်ဒါအိုခရိုင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာမူးယစ်ကုန်ကူးသူနှစ်ဦးကို speed ဆေးပြား ၃၀၀,၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

👍13🔥3