Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် အိမ်စီးကား တိမ်းမှောက်ပြီး ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး
😢10👍3🔥1
မန္တလေးတွင် အိမ်စီးကား တိမ်းမှောက်ပြီး ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး
====================

007
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်းပေါ်တွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကိုင်း-မန္တလေးကားလမ်း၊ ရွှေဂဲပွား ရေဆိုးထုတ် စက်ရုံအနီး ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မိသားစုလေးဦး စီးနင်းလာသော အိမ်စီးကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မိသားစုလေးယောက် အိမ်ကနေ ကားနဲ့ထွက်သွားပြီး သိပ်မကြာဘူး၊ ကားမှောက် တဲ့သတင်း ဝင်လာတာပဲ၊ အဲဒီနားက မကြာခဏ လုယက်မှုဖြစ်လေ့ရှိတော့ တောင်မြို့ (အမရပူရမြို့နယ်)သား တော်တော်များများက အဲဒီနားရောက်တိုင်း အရှိန်တင်မောင်းတတ်ကြတယ်၊ ညကဖြစ်တာက ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆွဲချသွားရာကနေ သားအဖနှစ်ယောက်က အပြင်ကို လွင့်ကျပြီး ဆုံးသွားရှာတာ" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကားတိမ်းမှောက်သည့် နေရာသည် ညအချိန် လူပြတ်လေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုများ မကြာခဏဖြစ်ပွားသည့် နေရာဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

"ကျွန်တော်တို့ရောက်တော့ သီရိဆင်ကာအသင်းကလူတွေလည်း ရောက်နေပြီ၊ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ သူ့ဖခင်နဲ့က ကားအပြင်မှာ သေနေပြီ၊ နောက်ထပ်ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဒဏ်ရာနဲ့ မေ့မြောနေတယ်၊ မိသားစုလိုက်ကြီး အဖြစ်ဆိုးနဲ့ ကြုံရတာပါဗျာ၊ အဲဒီနေရာက စစ်အာဏာသိမ်းတစ်လျှောက်လုံး လုယက်မှုတွေကြောင့် မကြာခဏ Accident ဖြစ်တယ်၊ လုံခြုံမှုမရှိတဲ့ဘဝတွေ ခံနေကြရတာပေါ့ဗျာ" ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် (၃၈) နှစ်အရွယ် ဦးရဲဝင်းထွန်းနှင့် အသက် ငါးနှစ်အရွယ် မောင်ကောင်းစည်သူတို့ သေဆုံးသွားခြင်းဖြစ်ပြီး ဇနီးဖြစ်သူနှင့် အသက်သုံးနှစ်အရွယ်သားတစ်ဦးတို့ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် သေဆုံးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူ များကို သီရိဆင်ကာ ပရဟိတလူမှုကူညီရေး အသင်းက ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အိုးထိန်းမှော်သုဿန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

Photo - သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်း
စာတည်း။ ။ နောင်နောင်

#မန္တလေး
#ယာဉ်တိမ်းမှောက်
#သားဖနှစ်ဦးသေဆုံး
#Mizzima
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13👍9🔥2❤1😁1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပန်းသပိတ်ပြုလုပ်
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး ပန်းသပိတ်ပြုလုပ် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့အတွက်ရည်ရွယ်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

"ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၅)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

#Mizzima
#ဆန္ဒပြ
👍17❤8🥰3🤣2🔥1
​​ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏တပည့် ရန်ကုန်လေဆိပ်လုံခြုံရေးအရာရှိချုပ်ပစ်ခတ်ခံရပြီး သေဆုံး
==========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်၊ဗိုလ်မှူးဟောင်း ရဲခိုင်ကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်းUrban Owls ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

" ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်၊(Chief of Security Division) ဖြစ်သူ ဗိုလ်မှူးဟောင်းရဲခိုင်ကို ကျွန်ုပ်တို့ Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၉ ရက်နေ့ ၂၀၂၃ ခုနှစ်၊ ညနေ (၇း၀၀) အချိန်တွင် ပစ်ခတ်ရှင်းလင်းသုတ်သင်ခဲ့သည်" ဟု ထုတ်ပြန်ထားသည်။

ဗိုလ်မှူးဟောင်းရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်း လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး စစ်တပ်၏ စီးပွားရေးထောက်တိုင် Asia World ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင်၏ လူယုံတစ်ဦး ဖြစ်သလို စစ်ကောင်စီ ဒုခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့်လည်း ဖြစ်သည်ဟု Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

"ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက် စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေ ကျွန်တော်တို့လက်ထဲ ရထားပြီ" ဟု Urban Owls စစ်ဆင်ရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

ဗိုလ်မှူးဟောင်းရဲခိုင်သည် ၂ဝ၂၁ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား ပြည်ပထွက်ခွါခွင့်ပိတ်ပင်ခြင်းနှင့် ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့) အလုပ်လုပ်ရန် ထွက်ခွါမည့်သူများအား ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက်ရပ်တည်သော အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများအား ငွေညှစ် ဓားပြတိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်သူဖြစ်သည်ဟု Urban Owls က ရှင်းပြထားသည်။

၎င်းတို့ အပါအဝင် ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့များသည် လေတပ်အရာရှိများ၊ လေဆိပ်တွင် ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်သူများ၊ အကြမ်းဖက်စစ်တပ်အား ကူညီပေးနေသော လေကြောင်းလိုင်းမှတာဝန်ရှိသူများ၏ စာရင်းကို စနစ်တကျပြုစုနေပြီး သတင်းအချက်လက်များစွာလည်း ရရှိထားပြီးဖြစ်သည်ဟု Urban Owls အသိပေးထားသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ ရင်ဆိုင်နေရသည့် မလုံခြုံမှုများ၊ စီးပွားရေးနှင့် ကျပ်ငွေတန်ဖိုးတရှိန်ထိုး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများ၊ လျှပ်စစ်မီးပျက်တောက်ခြင်းအပါအဝင် ယိုယွင်းလာသည့် အခြေနေများအားလုံးသည် စစ်ကောင်စီပြုတ်ကျမှာသာ ပြေလည်မည့် ကိစ္စများဖြစ်သည်ဟု Urban Owlsက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့နေ ပြည်သူလူထုအနေဖြင့် အရှိန်မြင့်လာမည့် တော်လှန်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ထားကြရန်၊ တော်လှန်ရေးနှင့် လုံခြုံရေး အသိသတိရှိကြရန်၊ တော်လှန်ရေးနှင့် ရဲဘော်များအား ရရာနည်းလမ်းဖြင့်ကူညီ ပံ့ပိုးသွားကြရန်လည်း တိုက်တွန်းထားသည်။

" တော်လှန်ရေး၏ အရေးပါဆုံးကာလသို့ မကြာခင်မှာ ရောက်ရှိလာတော့မည်ဖြစ်သည်" ဟု Urban Owls၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့သည် စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ ပြောင်းရွှေ့ပေးနေသော ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင် ဦးမင်းတေဇညွန့်တင်အား မတ်လ ၂၄ ရက်နေ့က သန်လျှင်မြို့တွင် ရှင်းလင်းမှုပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ဦးမင်းတေဇညွန့်တင်အား ပစ်ခတ်ရှင်းလင်းပြီး သုံးလခန့်အကြာတွင် စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိတစ်ဦးကို ထပ်မံရှင်းလင်းခြင်းဖြစ်သည်။

Urban Owls စစ်ဆင်ရေးတာဝန်ခံက " ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်။ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်" ဟုလူထုအားတောင်းဆိုသည်။

ဓာတ်ပုံ - ဗိုလ်မှူးဟောင်းရဲခိုင်
စာတည်း - မောင်ကြီး

#mizzima
#ရန်ကုန်လေဆိပ်လုံခြုံရေးအရာရှိချုပ်
#ဗိုလ်မှူးဟောင်းရဲခိုင်
#ပစ်ခတ်ရှင်းလင်း
#Urban Owls
👍78👏17❤12😁3🥰2
ရေဝါးရွက်ရဲ့အကျိုးကျေးဇူးများ
==========

-ရေဝါးရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ရေဝါးရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ရေဝါးရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/VSVAWepsL3U

#naturearticle
#videonews
#ရေဝါးရွက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1🌭1
ဇွန်လ (၂၀) ရက် ၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

ဗိုလ်ကြီးဆိုင်ဂုံ ဖမ်းဆီးစစ်ဆေးခံနေရမှု ရိုးရှင်းမှုမရှိဘူးလို့ ပြည်သူ့စစ်သားဦးဆောင်အဖွဲ့ကပြောတဲ့ သတင်းနဲ့အတူ အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာတွေကို ဘယ်လိုသယ်နေလဲ ဆိုတဲ့ သတင်းလွှာတွေပါဝင်တဲ့

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/zLbottjWwLc

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

အိမ်ဝေးသူတို့မျှော်လင့်ချက် ကမ္ဘာ့ဒုက္ခသည်များနေ့အထူးအစီအစဉ်အပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/bU_jM1vvmtY

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2❤1🤮1
အိမ်ဝေးသူတို့ရဲ့ မျှော်လင့်ချက် | VOA On Mizzima
=============

သိန်းချီတဲ့ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တရားဝင်အလုပ်အကိုင်လုပ်ကိုင်ခွင့်ပေးဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ စနစ်တကျသင်ကြားပေးဖို့ ရိုဟင်ဂျာတွေက တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ကိုကိုယ် မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြု ရှာဖွေစားသောက်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီးကလည်း တိုက်တွန်းဆော်သြထားပါတယ်။ မွေးရပ်မြေရဲ့ အဝေးကိုထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ “Hope Away from Home 2023” အိမ်ဝေးသူတို့မျှော်လင့်ချက် ကမ္ဘာ့ဒုက္ခသည်များနေ့အထူးအစီအစဉ်အဖြစ် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းပြီး မဆုမွန်စုစည်းတင်ပြထားပါတယ်။

https://youtu.be/CpGtW4rj7l0

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
Media is too big
VIEW IN TELEGRAM
ရေဝါးရွက်ရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://www.youtube.com/watch?v=VSVAWepsL3U

#naturearticle
#reels
#shorts
#ရေဝါးရွက်
👍4🌭1🍌1
စိတ်ရူးပေါက်ပြီး ထင်တိုင်းရိုင်းနေတဲ့ စစ်ကောင်စီ
===============

မိုင်းလားဆွေးနွေးပွဲမှာ အရှက်ကွဲခဲ့တဲ့ စစ်ကောင်စီဟာ စိတ်ရူးပေါက်ပြီး ထင်တိုင်းရိုင်းနေပါတယ်။

ဆွေးနွေးပွဲမှာ သူတို့လိုချင်တဲ့အဖြေထွက်မလာတဲ့နောက် နိုင်ငံရေးလှည့်ကွက်လို့ပြောရမှာတောင်ရှက်စရာကောင်းတဲ့ လုပ်ရပ် တွေကို စိတ်ရူးပေါက်တိုင်း လျှောက်လုပ်နေတာဖြစ်ပါတယ်။

ပထမဆုံးမိုင်းလားဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင် စီဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)/ကိုးကန့် တပ်စခန်းကိုစတိုက်ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေဖန်တီးခဲ့တာတွေ့ရပါတယ်။

တရုတ်စီစဉ်မှုနဲ့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ ဇွန် ၁ ရက်က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ဆွေးနွေးပွဲ ဒုတိယရက်အရောက်မှာပဲ စစ်ကောင်စီတပ်တွေဟာ ကိုးကန့်တပ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

https://youtu.be/yJaiqBU_bIc

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁4🔥1👏1
ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့ | VOA On Mizzima
=======================

ကမ္ဘာပေါ်မှာ ၃ မိနစ်တိုင်း လူတဦးဟာ အိုးအိမ်စွန့်ခွာနေရပ်ပျောက်နေရတာပါ။ လူ ၉၇ ဦးမှာ တဦးက ခိုလှုံခွင့်တောင်းခံသူ (asylum seeker) ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာပြေးရသူ (IDP) သို့မဟုတ် ဒုက္ခသည် (refugee) ဖြစ်ကြရပါတယ်။ ဒီလို ဒုက္ခသည်ဆိုင်ရာ ခေါ်ဝေါ်အသုံးအနှုန်းတွေက ဘယ်လိုကွာခြားပါသလဲ။ ဇွန်လ ၂၀ရက် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် တင်ဆက်ထားတဲ့ ဗွီအိုအေ ပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင်က ပြောပြထားပါတယ်။

https://youtu.be/Q3y4wl6MH3g

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥2😁1
အွန်လိုင်းလိမ်လည်သူ ၆ ဦးကို တရုတ်သို့ လက်လွှဲပေးအပ်
=====================

တရုတ်သည် ထိုကဲ့သို့သော ရာဇဝတ်မှုများအတွက် မြန်မာနှင့် ထိုင်းတို့နှင့် ဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်တိုင်းကမယုံကြည်မှုတွေ ကြီးထွားလာချိန်မှာ ဂျာမနီကို တရုတ်ဝန်ကြီးချုပ်အလည်အပတ် ရောက်ရှိ

https://www.facebook.com/reel/1201115157220671

#internationalnews #reels #shorts #Chain #Germany #Mizzima
👍5😁5
ဇွန်လ ၂၀ ရက်နေ့ မနက် ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
မြန်မာမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်မဟာမင်းကြီးပြော
======================

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လေးပတ်ကြာအစည်းအဝေး အဖွင့်နေ့မှာပြောတဲ့ ကုလ လူ့အခွင့်အရေးအကြီးအကဲရဲ့ မိန့်ခွန်းထဲမှာ မြန်မာ အပါအဝင် ကမ္ဘာတဝန်းလူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေပြီး အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ် (Volker Türk) က ပြောလိုက်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံအများအပြားဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ လူသားအားလုံးရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်နေပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ အစိုးရတွေဟာ လူ့အခွင့်အရေး တိုးတက်စေဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးထက် ကိုယ်ကျိုးစီးပွား ကို ဦးစားပေး ရှေ့တန်းတင်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အခြေအနေကိုလည်း ထည့်သွင်း ပြောခဲ့ပြီး စစ်ကောင်စီ ဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိသလို ကုလ အထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆိုနေတယ်လို့ ထောက်ပြထားပါတယ်။

https://youtu.be/VVrCE3foSiA

#politicalnews
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1😁1😢1💩1
This media is not supported in your browser
VIEW IN TELEGRAM
June - 20 [ 12 Pm ] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍3😁1🍌1