Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်မဟာမင်းကြီးပြော

Watch more detail - https://www.youtube.com/watch?v=VVrCE3foSiA

#PoliticalNews #reels #shorts
👍7🔥3❤1😁1
ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိ
=======================

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ ဒုက္ခသည်သန်း ၁၁၀ လောက်ရှိနေပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာတင် မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံတွေမှာတင် လူတသန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကိုလည်း ထောက်ပြပါတယ်။

ဒုက္ခသည် ၁.၄ သန်း ရှိတဲ့ အာရှ၊ ပစိဖိတ်ဒေသမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူ ၁.၂ သန်း ရှိနေတဲ့ မြန်မာနိုင်ငံကတော့ အများဆုံး ဖြစ်တယ်လို့လည်း UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဒါ့အပြင် မြန်မာမှာ မိုခါမုန်တိုင်းနဲ့ လက်နက်ကိုင်ပဋိက္ခတွေကြောင့် လူဦးရေ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွါတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) ကလည်း ထုတ်ပြန်လာပါတယ်။

https://youtu.be/UM2Cc-ZW82U

#politicalnews
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢5🔥2❤1😁1
စစ်ကောင်စီဝန်ကြီးကို ဖိတ်ပြီး မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်သည့် ထိုင်းကို အင်ဒိုနီးရှား ဝေဖန်
========================

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတစ်ခုကို အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပသည့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားအစိုးရက ဇွန်လ ၁၉ ရက်တွင် ဝေဖန်လိုက်သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထည့်သွင်းပါဝင်စေသည့် ထိုင်း၏ လုပ်နည်းကိုင်နည်းက အာဆီယံ ဘုံသဘောတူညီချက် ငါးချက်၏ လုပ်ပိုင်ခွင့်အာဏာကို ချိုးဖောက်ရာ ရောက်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ ဒေသတွင်း ဒစ်ပလိုမေစီဆိုင်ရာ အထူးဦးစီးအရာရှိ ငူရာ ဆဝါဂျာယာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“နိုင်ငံတစ်နိုင်ငံက ဒီလိုမျိုး ဆောင်ရွက်ချက်ကို လုပ်တယ်ဆိုရင် လုပ်ပါ။ ဒါက သူတို့ရဲ့အခွင့်အရေးပဲ။ ဒါပေမယ့် အာဆီယံ အကြောင်းအရာထဲမှာ ပြောကြဆိုကြတဲ့အခါကျရင် ကျွန်တော်တို့ဟာ လေးစားလိုက်နာရမယ့် လုပ်ငန်း စည်းမျဉ်းတွေ ရှိပါတယ်” ဟု ဆဝါဂျာယာက ပြောသည်။

လုပ်ငန်း စည်းမျဉ်းစည်းကမ်းများ ဆိုသည်မှာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးများ၏ ရလဒ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ရည်ညွှန်းကိုးကားချက် ဖြစ်နေဆဲ ဆိုတာကို အာဆီယံခေါင်းဆောင်တွေအကြားမှာ သဘောတူညီချက်တစ်ခု ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရှာရန်နှင့် အားလုံးပါဝင်သော ဆွေးနွေးမှုကို အားပေးရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူ အားလုံး ပါဝင်သော လုပ်နည်းကိုင်နည်းတစ်ခုကိုသာ လုပ်ဆောင်ရလိမ့်မည် ဖြစ်ကြောင်း ဆဝါဂျာယာက ပြောသည်။ သက်ဆိုင်ပတ်သက်သူ တစ်ဦးတစ်ယောက်နှင့်သာ ထိတွေ့ဆက်ဆံခြင်းက အာဆီယံ၏ မြန်မာ ငြိမ်းချမ်းရေး အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဟု ဆဝါဂျာယာက ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသက်ဝင်စေရန် အာဏာသိမ်း စစ်ကောင်စီ အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သော၊ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ တို့အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူအားလုံးနီးပါးနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းထားခဲ့သည်ဟု ၎င်းက ပြောသည်။

“အားလုံးပါဝင်တဲ့ ဆွေးနွေးမှုကနေတစ်ဆင့် ပြေလည်အောင် ဖြေရှင်းတာကပဲ ရေရှည်ခိုင်မြဲတဲ့၊ တာရှည်ခံတဲ့ ငြိမ်းချမ်းမှုတစ်ခုကို ဖန်တီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများကို ဇွန် ၁၉ ရက်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည်။

ဇွန်လ ၁၈-၁၉ တွင် ပတ္တယားတွင် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့သည်။

သို့သော် အင်ဒိုနီးရှား အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထိုအစည်းအဝေးကို သဘောမတူကြောင်း ပြသသည့်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ငြင်းဆန်ခဲ့ကြသည်။
👍20👏3😁2
ဇွန်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

00:57- ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ တပည့် ရန်ကုန်လေဆိပ်လုံခြုံရေးအရာရှိချုပ်ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း

03:18- အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော် သေဆုံးတဲ့သတင်း

06:24- မြိတ်မှာ ဆိုင်ကယ်စီးခွင့် ကန့်သတ်ပြီးနောက် သုံးဘီးမောင်းသူတွေ တွက်ခြေ မကိုက် ဖြစ်လာတဲ့သတင်းနဲ့

10:35- အီတလီမီးရထားစီမံကိန်းကြောင့် ပြင်သစ်ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/b1Zb53DGIeA

Photo - CJ

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
Media is too big
VIEW IN TELEGRAM
ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိ

Watch more detail - https://www.youtube.com/watch?v=UM2Cc-ZW82U

#PoliticalNews #reels #shorts
😢8👍2🔥2😁1
မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်
=======================

မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရ သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ပြဿနာတွေကို ဖြေရှင်းရာ မှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါ ဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်သလို စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည် ရေး လမ်းစရရှိနိုင်မှာ မဟုတ်ဘူးလို့NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://youtu.be/ka9Haxv3R6M

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🤮1
This media is not supported in your browser
VIEW IN TELEGRAM
ဂြိုလ်တုလွှတ်တင်မှု မအောင်မြင်ခြင်းအပေါ် မြောက်ကိုရီးယားအာဏာရပါတီရဲ့ ပင်မအစည်းအဝေးမှာ ပြစ်တင်ရှုတ်ချ

https://www.facebook.com/reel/981969879818855

#internationalnews #reels #shorts #Mizzima
😁3
Media is too big
VIEW IN TELEGRAM
မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

Watch more detail - https://www.youtube.com/watch?v=b1Zb53DGIeA

#PoliticalNews #reels #shorts
👍14❤1🔥1
ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)တပ်ဖွဲ့ နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားပြီး ဖားဆောင်း PDFမှ ရဲဘော်နှစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိသည်ဟု ၎င်းကပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မယ်စဲ့မြို့ကို သွားပြီးတော့ စစ်ကူဖြည့်ပေးမယ်လို့တော့ ကျနော်တို့ ယူဆပါတယ်” ဟု ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မယ်စဲ့မြို့ဘက်သို့ အင်အားဖြည့်တင်းရန် မြေပြင်မှ စစ်ကြောင်းထိုးလာသော်လည်း ကြားဖြတ်တိုက်ခံနေရသဖြင့် ရိက္ခာ၊ လက်နက်နှင့် လူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နေရကြောင်း သိရသည်။

အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇွန် ၁၆ ရက် ညနေ ၃နာရီခွဲမှစတင်ကာ ဖားဆောင်းမြို့မှ ထွက်ခွာလာပြီး ကာကွယ်ရေးတပ်ဖွဲ့များရှိသည့် သံလွင်မြစ်အရှေ့ဘက်ခြမ်းသို့ ကူးလာသဖြင့် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း၌ ဖားဆောင်းမြို့ ကျောက်ပန်းညိုကျေးရွာအဝင်တွင် ကင်းစောင့်နေသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဘော်လခဲ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီခန့်တွင်လည်း ဖားဆောင်းမြို့ထဲမှ လက်နက်ကြီး သုံးချက်ပစ်ခတ်သံကြားရကာ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးတင်းမာနေသည့် ဖားဆောင်းမြို့၊ သံလွင်မြစ်အရှေ့ခြမ်းဘက်တွင် သွားလာခြင်းမပြုလုပ်ကြရန် ကာကွယ်ရေး တပ်ဖွဲ့များမှ အသိပေးထားသည်။

“သူတို့ကလည်း နောက်မဆုတ်သလို ကျနော်တို့လည်း နောက်မဆုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် တပ်ဆိုင်နေသလိုဖြစ်နေတာ။ သူတို့ဘက်ကလှုပ်ရှားမှုရှိရင် ကျနော်တို့ ဦးရင်ပစ်တယ်။ ကျနော်တို့ဘက်က လှုပ်ရှားမှုရှိလို့ သူတို့ဘက်က ဦးရင် သူတို့က လှမ်းပစ်တယ်” ဟု ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ထိုဖားဆောင်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘော်လခဲPDF အမှတ်(၁၁၀၅)၊ ဖားဆောင်း PDF အမှတ်(၁၁၀၈) ၊ လွိုင်ကော် PDF အမှတ်(၁၁၀၃) နှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့တို့ ပူးပေါင်းကာ မယ်စဲ့ဘက်သို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ပန်းညိုကျေးရွာအား ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ထိုနေ့မှစတင်ကာ ကျောက်ပန်းညိုကျေးရွာအပါအဝင်၊ အနီးအနားရှိ ဝမ်အောင်းကျေးရွာ(ကရင်နီ)၊ ဝမ်အောင်းကျေးရွာ(ရှမ်း) တို့မှ ဒေသခံများ နီးစပ်ရာ တောတောင်များထဲတွင်တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#ဖားဆောင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

ဓါတ်ပုံ-ဘော်လခဲ PDF (ပုံဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2👏1😢1
ဖားဆောင်းမြိုနယ်တွင် စစ်ကောင်စီတပ်ဖွဲ နှင့် ကာကွယ်ရေးတပ်ဖွဲတို ထိတွေ့တိုက်ပွဲဖြစ်ပွား
🔥3🥰2👏1
နတ်တလင်းမြို့နယ်မှ ပြည်သူ ၃ ဦး ပန်းပန်မှုဖြင့် ဖမ်းဆီးခံရ
🤬10👍2🔥1
နတ်တလင်းမြို့နယ်မှ ပြည်သူ ၃ ဦး ပန်းပန်မှုဖြင့် ဖမ်းဆီးခံရ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ ပြည်သူသုံးဦးသည် ပန်းပန်၍ လူမှုကွန်ရက်တွင်ပုံတင်မိ၍ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ မဇ္ဈိမသို့ပြောသည်။

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့နယ် တာပွန်မြို့တွင်နေထိုင်သည့် မဝင်းလေး၊ ရွာသာကုန်းရွာမှ ကိုသန့်ဇင်ထက်နှင့် နတ်တလင်းမြို့ပေါ်မှ မခင်ပြည့်ပြည့်အောင်တို့ဖြစ်ပြီး လက်ရှိတွင် နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်းသိရသည်။

“ မနေ့က ညနေပိုင်းကဖမ်းသွားတာပါ။ လူမှုကွန်ရက်မှာ ပန်းပန်တဲ့ပုံတွေတင်တဲ့အတွက် စစ်လော်ဘီချန်နယ်တွေမှာ ဖမ်းဖို့စာရင်းတက်လာပြီးတဲ့နောက် လာဖမ်းသွားတာပါ ” ဟု နတ်တလင်းမြို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများအနက် ကိုသန့်ဇင်ထွန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းစကာလက ပုဒ်မ ၅၀၅−က ဖြင့် တစ်ကြိမ်ဖမ်းဆီးခံခဲ့ရဖူးပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

၎င်းတို့သုံးဦးအပြင် ပဲခူးတိုင်းအတွင်း၌ ပန်းသပိတ်တွင်ပါဝင်မှုဖြင့် အခြားသော ဖမ်းဆီးခံထားရသူများလည်းရှိနေပြီး အရေအတွက်အတိအကျကို မဇ္ဈိမအနေဖြင့်စုံစမ်းနေဆဲ ဖြစ်သည်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံနှင့်အဝှမ်း ပန်းသပိတ်ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ပန်းသပိတ်တွင်ပါဝင်ကာ လူမှုကွန်ရက်တွင် ပုံတင်ထားသူများအား ဖမ်းဆီးရန် စစ်ကောင်စီသတင်းပေး တယ်လီဂရမ်ချန်နယ်များတွင် ပုံများနှင့်တကွတင်ထားသည်များရှိသကဲ့သို့ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးတင်းကျပ်ကာ ပန်းပန်ထားသည်များရှိပါက ဖြုတ်ခိုင်းခြင်း ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#နတ်တလင်းမြို့နယ်
#ပန်းပန်မှု
#ပန်းသပိတ်
#ဖမ်းဆီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍6🔥2
ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်
👍14🔥1😁1
ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်
=======================

မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက် ခိုက်နေကြောင်း တိုးတက်သောကရင်နီပြည်အင်အားစု(PKPF)က ယနေ့ ဇွန်လ ၂၀ ရက်တွင် သတင်း ထုတ်ပြန်သည်။

4 K တပ်ပေါင်းစုတွင် KNU/KNLA ၊ KNPP/KA ၊ KNDF သုံးဖွဲ့အပြင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ခံထားရသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)တို့ ပါဝင်သည်။

ယခုကဲ့သို့ တပ်ပေါင်းစုအဖြစ်တိုက်ခိုက်ခြင်းမှာ ကရင်နီပြည်စစ်ရေးအတွက် အပြောင်းအလဲကြီးမားသည် ဟု PKPF က သုံးသပ်သည်။
KNPLF သည် ၁၉၉၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တပ်ရင်းနှစ်ခု နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံခဲ့ရသည်။

ယခုနှစ် ဇွန်လတွင် BGF အဖြစ် အသွင်ပြောင်းခံထားရသည့် အဆိုပါတပ်ရင်းနှစ်ခုမှာ KNPLF တပ်ဖွဲ့ အဖြစ်ပြန်လည်ရပ်တည်ကာ မိခင်အဖွဲ့အစည်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်နေခြင်းဖြစ် သည်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်းအခြေစိုက် BGF တပ်ရင်းအမှတ်(၁၀၀၄)သည် မူလအတိုင်း KNPLF (4878) တပ်ရင်းအဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်း KNPLF (7894)တပ်ရင်းအဖြစ်လည်းကောင်း ပြန်လည်ရပ်တည်ပြီး အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ်များ ကိုလည်း ပြောင်းလဲတပ်ဆင်ခဲ့ကြသည်ဟု PKPF က ဆိုသည်။

ဇွန် ၁၄ ရက်မှစ၍ ကလလတ(KNPLF) သည် ဌာနချုပ်အခြေစိုက်ရာ ဟိုစဲမြို့သစ် ဝန်းကျင်ရှိ စစ်ကောင်စီ ၏ မယ်စဲ့မြို့မ ရဲစခန်း၊ ဗျူဟာကုန်းနှင့် ထိုင်းမြန်မာနယ်ခြားအမှတ် BP (14) တပ်စခန်း၊ BP (15) မယ် တနွယ်စခန်း၊ BP (16) တောင်လှစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နယ်ခြားစောင့်တပ် အမှတ် (၁၀၀၄) နှင့် (၁၀၀၅) တပ်ရင်းဌာနချုပ်စခန်း နှစ်ခုကိုလည်း တပါတည်း စီးနင်းထိန်းချုပ်ထားခဲ့သည်ဟု PKPF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ဟိုစဲ့မြို့သစ်ရှိ ကလလတ(KNPLF)၏ ဌာနချုပ်၊ ဖားဆောင်းမြို့၏ သံလွင်မြစ်တဖက် ကမ်းမှ KNPLF စခန်းများ၊ ဂိတ်များကိုလေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခြင်းတို့ကို အပြင်း အထန် ပြုလုပ်ခဲ့သည်။

ရက်သတ္တပတ်ခန့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လေယာဉ်တို့ကို အင်အားအလွန်အကျွံသုံး ကာ BGF (၁၀၀၄) စခန်းကို စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည် ဟု PKPF က ဆို သည်။

လတ်တလောအခြေအနေများအရ မယ်စဲ့မြို့နယ်တခုလုံးတွင် စစ်ကောင်စီတပ်များသည် BGF (၁၀၀၄) နှင့် BP(13) စခန်းနှစ်ခုတွင်သာ တပ်စွဲနိုင်တော့ကြောင်း၊ ဒီးမော့ဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်ရန် ရောက်ရှိ နေသောတပ်များ၊ ဖရူဆို-ဘောလခဲနှင့် ဖားဆောင်းအခြေစိုက်တပ်များကို ဖားဆောင်းတွင် အင်အားစုဖွဲ့ ပြီး မယ်စဲ့မြို့နယ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု PKPF က ထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ထားရာမှ စစ်ကောင်စီတပ်ဖွဲ့ကို စတင်တိုက်ခိုက်သည့် တပ်များမှာ ကရင်နီရှိ BGF (၁၀၀၄) ၊ (၁၀၀၅) တို့သည် ပထမဆုံးတပ်ရင်းများဖြစ်သည်ဟု PKPF က ဆိုသည်။

အများပြည်သူနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဝန်းရံမှုအားကောင်းပါက KNPLF (ကလလတ) ဌာန ချုပ်အခြေစိုက်ရာ မယ်စဲ့မြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်မှုလက်လွှတ်လိုက်ရသည့် မြို့နယ် တခုဖြစ်လာရန် အလားအလာရှိသည်ဟု PKPF က သုံးသပ်သည်။

စစ်ကောင်စီဘက်ကလည်း မယ်စဲ့မြို့နယ်လုံးကျွတ် လက်လွှတ်ရမှု၊ BGF တပ်ရင်းနှစ်ခု ပြန်လည်တွန်း လှန်တိုက်ခိုက်မှုတို့မှာ အရှိုက်ထိသည့် ထိုးနှက်ချက်ဖြစ်၍ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူဆရကြောင်း၊ တပ်မအသစ်များ၊ အတွဲလိုက်ဒုံးများ၊ ဟောက်ဝှစ်ဇာအမြောက်ကြီးများ၊ ရဟတ်ယာဉ်၊ လေယာဉ်တို့ဖြင့် အင်အားဖြည့်ပြီး ကြီးမားစွာတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း PKPF သတင်းနှင့်ပြန် ကြားရေးဗျူရိုက ထုတ်ပြန်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#PKPF
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံစာ- ၂၀၂၁ ခုနှစ်က ကရင်နီပြည် မိုင်းလုံးရပ်ကွက် သပိတ်စစ်ကြောင်းကို စစ်ကောင်စီဖြိုခွင်းရန် ကြိုးစားစဉ် KNPLF က ဆန္ဒပြသူများကို ကာကွယ်ပေးနေစဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့၌ ဂျီနီဗာမှာ နိုင်ငံတကာအလှူရှင်များ ညီလာခံကျင်းပဖို့ရှိနေ

https://www.facebook.com/reel/2034997383506791

#internationalnews #reels #shorts #Mizzima
👍5🔥1
ကရင်နီပြည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် KNPP တိုက်တွန်း
👍14😁2🔥1
ကရင်နီပြည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် KNPP တိုက်တွန်း
==================

မဇ္ဈိမ။ ။ကရင်နီအမျိုးသားများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ကရင်နီပြည်ဖြစ်ပေါ်လာရေးအတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် ကရင်နီအမျိုး သားများတိုးတက်ရေးပါတီ (KNPP) က တိုက်တွန်းလိုက်သည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်မည့် (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေး ပို့သော သဝဏ်လွှာတွင် KNPP က ထိုသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးတွင်ပါဝင်ကာ ပိုမိုစည်းလုံးညီညွတ်ပြီး ကျစ်လစ်ခိုင်မာစေရန် တည်ဆောက်နိုင်ရေးသည် အရေးတကြီးလိုအပ်နေကြောင်းလည်း ဆိုသည်။

အင်အားစုများအားလုံး စည်းလုံးညီညွတ်မှသာ တော်လှန်ရေးကာလမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးကာလအထိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအပိုင်းတွင် ခိုင်ခိုင်မာမာချမှတ် ကျင့်သုံးသွားနိုင်မည်ဖြစ်ကြောင်း KNPP က ပြောသည်။

“မှန်ကန်သည့် ဆုံးဖြတ်ချက်၊ ဘုံရပ်တည်ချက်များနှင့်အတူ အကြမ်းဖက် စစ်အာဏာရှင် ချုပ်ငြိမ်းရေး အတွက် အမြန်ဆုံးဆောက်ရွက်ကြရန် လိုအပ်နေပြီ” ဟု KNPP က ပြောထားသည်။
အာဏာရှင်ဟူသမျှချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် အခြားနိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ NUCC ၊ NUG တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း KNPP က ပြောသည်။

ထို့ပြင် စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလအစိုးရတရပ်၏အုပ်ချုပ်ရေးကို ဖော်ဆောင်ရန် ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ကရင်နီပြည်နယ်တွင် ကရင်နီတပ်မတော် (KA) မှ စစ်ရေးအရ ဦးဆောင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးတပ်များ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အာဏာသိမ်း စစ်ကောင်စီသည် ကရင်နီပြည်နယ်အပါအဝင် စစ်မက်ဖြစ်ပွားနေသော အခြားပြည်နယ် များ၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသများတွင် သာလွန်အင်အားဖြစ်သော လက်နက်ကြီးများ၊ အတွဲလိုက် ပစ်ဒုံးကျည်များအပြင် လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

စာတည်း ။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ကြားကာလကောင်စီ
#တိုက်ပွဲ
#ကရင်နီအမျိုးသားနေ့
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2🔥1😁1
မြန်မာအကျပ်အတည်းအခြေအနေ ပိုမိုဆိုးဝါးလာဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော
🤮5👍1👏1
မြန်မာအကျပ်အတည်းအခြေအနေ ပိုမိုဆိုးဝါးလာဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော
=======================

ယခုအချိန်တွင် မြန်မာ၏ အခြေအနေက ပြေလည်အောင် မဖြေရှင်းနိုင်သည့်အပြင် ပိုမို ဆိုးဝါးလာသည့်ပုံပေါ်နေကြောင်း ဟွန်ဆန်က မှတ်ချက်ပြုသည်။ အရေးအကြီးဆုံးသော အချက်က မြန်မာနိုင်ငံ လုံးလုံးလျားလျား ပြည်တွင်းစစ်တစ်ခုထဲ သက်ဆင်းမသွားစေရေး ကာကွယ်ရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣8👍6