Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးဗြဲတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး စစ်ကောင်စီတပ်သားများအား ပြန်လည်ထိမှန်
===================

ဂျူချန်း(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်ရပ်ကွက်များရှိ အရပ်သားနေအိမ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ပြန်လည်ထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြကြောင်း KNDF-UAV မှ ထုတ်ပြန်ထားသည်။

KNDF-UAV မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲတွင် မိုးဗြဲမြို့ပေါ်၌ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် အရပ်သားနေအိမ်တစ်အိမ်အား လက်နက်ကြီး ထိမှန်ခဲ့ရာ ဒဏ်ရာရရှိသည့် စစ်သားများအား ကယ်ထုတ်နေသည်ကို တွေ့ရသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့၊ ဒုန်းဒူထန် ရပ်ကွက်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းနှင့် လွိုင်ကော်အမြောက်တပ်တို့က လက်နက်ကြီးပစ်ကူများပစ်ခတ်ခဲ့ရာ ယင်းကဲ့သို့ အချင်းချင်း ပြန်လည်ပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အဲ့လို မှားပြီးပစ်ခဲ့တာမျိုးတွေ ကြုံတွေ့ရတယ်။ မိုးဗြဲမှာတင် နှစ်ကြိမ်လောက်ရှိပြီ ကျနော်တို့ တွေ့ရတာ။ မိုးဗြဲက တခြားတိုက်ပွဲတွေမှာလည်း အဲ့လိုဖြစ်စဉ်မျိုးတွေ ခဏခဏ ကြားရတယ်။ ပေ၂၀၊ ၃၀ ဝန်းကျင်လေးမှာပဲတိုက်ပွဲဖြစ်နေတော့ ကိုယ့်ဆီမရောက်ဘဲ သူတို့ဆီပဲ ပြန်ကျသွားတာမျိုးတွေပေါ့” ဟု မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ခံ ကိုနေကြောင်း ကပြောသည်။

ယခင် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မိုးဗြဲမြို့ စက်တော်ရာကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့စဉ်တွင်လည်း စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်မှ ပစ်ခတ်ခဲ့သည့် ၁၂၀မမ အမျိုးအစား လက်နက်ကြီးသည် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စက်တော်ရာကုန်းကို ထိမှန်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး အလားတူဖြစ်စဉ်မျိုး မကြာခဏ ဖြစ်လေ့ရှိကြောင်း ကိုနေကောင်းက ဆက်ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ တွင် မိုးဗြဲမြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ မိုးဗြဲ PDF ပူးပေါင်းအဖွဲ့မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦနှင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း မိုးဗြဲမြို့ စည်ကားရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ပွဲကုန်းရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စက်တော်ရာကုန်း စသည့် နေရာများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်များမှ သိရသည်။

https://youtu.be/ylN_rAFIE4Q

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မိုးဗြဲမြို့
#လက်နက်ကြီး
#ကာကွယ်ရေးတပ်
#PDF

video- KNDF-UAV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤9👍3👏3🔥2😁2
This media is not supported in your browser
VIEW IN TELEGRAM
June - 20 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍2🍌1🖕1
ကနီတွင် ကင်းလှည့်နေသည့်ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
👍10😁4❤2
ကနီတွင် ကင်းလှည့်နေသည့်ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့၊ အမှတ်(၃)ရပ်ကွက် ကြို့ပင်သာဘုရားအနီးတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၉ ရက် နံနက် ၇ နာရီတွင် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးသေဆုံးသွားသည်ဟု Dictatorship People’s Revolution Army (DRPA)တပ်ဖွဲ့ထံမှ သိရပါသည်။

“ကျနော်တို့ဘက်က အင်အား ၅၀ လောက်နဲ့ စောင့်ကြိုပြီးတိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့်အတွင်း ရဲတပ်သား သုံးဦးသေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရသူတွေများမယ်” ဟု DRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည် ကနီဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်များထံမှ G3 မောင်းပြန်သေနတ် တစ်လက် ၊ G3 ကျည်အတောင့် ၉၀၊ ကျည်ဘောက်သုံးခု၊ ဖုန်းတလုံး၊ ကျည်ကာနှစ်ခု၊ စာရွက်စာတန်းများနှင့် ငွေကျပ် ၂၀၀,၀၀၀ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) (DRPA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း ကနီမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ဒေသခံတဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း DRPA တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကနီမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3❤2
This media is not supported in your browser
VIEW IN TELEGRAM
ဘလင်ကင်ရဲ့ခရီးစဉ်အပေါ် အမေရိကန်နဲ့တရုတ်တို့က ပိုမိုတည်ငြိမ်တဲ့ ဆက်ဆံရေးလမ်းကြောင်းကို မျှော်လင့်ထား

https://www.facebook.com/reel/1502724617220564

#internationalnews #reels #shorts #Mizzima
👍6😁3🔥1
ဇွန်လ (၂၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:00 − မြန်မာစစ်အစိုးရနဲ့အလွတ်သဘောတွေ့ဆုံခဲ့တဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က ရှုတ်ချလိုက်တဲ့သတင်း

05:15− ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိနေကြောင်း UNHCR ပြောတဲ့သတင်း

08:28 − မြန်မာ့အရေးပြဿနာတွေဖြေရှင်းရာမှာ ‌ဒေါ်အောင်ဆန်းစုကြည်က အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ကထုတ်ပြန်တဲ့သတင်းနဲ့

10:22 − ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။

https://youtu.be/_YXODamwcAo

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဘရပ်ဆဲလ်နဲ့အာဖရိကဆက်ဆံရေးကိုမြှင့်တင်ဖို့ အီးယူနဲ့ကင်ညာတို့ကြား ကုန်သွယ်ရေး သဘောတူညီချက်ရယူနိုင်ခဲ့

https://www.facebook.com/reel/831623988423143

#Mizzima #internationalnews
#reels #shorts
👍1🔥1
ရွေးကောက်ပွဲရလဒ် အတည်ပြု၍ ထိုင်းလွှတ်တော် မကြာခင် စတင်မည်
👍9🔥2
ရွေးကောက်ပွဲရလဒ် အတည်ပြု၍ ထိုင်းလွှတ်တော် မကြာခင် စတင်မည်
======================

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်လ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုလိုက်ပြီးဖြစ်ရာ အစိုးရသစ် မဖွဲ့မီ လာမည့် သီတင်းပတ်အနည်းငယ်၌ လွှတ်တော်၏ ပထမအစည်းအဝေးများကို ဆင့်ခေါ်ဖြစ်တော့မည် ဖြစ်သည်။

အောက်လွှတ်တော် အမတ် ၅၀၀ စလုံး၌ အနိုင်ရသူများကို အတည်ပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် ကြေညာလာခြင်း ဖြစ်ပြီး အောက်လွှတ်တော်အနေနဖြင့် ၁၅ ရက်အတွင်း ဥက္ကဋ္ဌဖြစ်သူကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကာ ဥက္ကဋ္ဌက ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ရေးအတွက် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးကို ဆင့်ခေါ်ရမည် ဖြစ်သည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် တိုးတက်ရေးဝါဒီ Move Forward ပါတီက အံ့အားသင့်ဖွယ် အနိုင်ရပြီး ယင်းနောက်တွင် လူကြိုက်များသော ဖျူထိုင်းပါတီက ကပ်လျက် ဒုတိယနေရာ အနိုင်ရခြင်း ဖြစ်သည်။ ယခု ရွေးကောက်ပွဲရလဒ်က စစ်တပ် ဦးဆောင်သော သို့မဟုတ် ကျောထောက်နောက်ခံပြုသော အစိုးရ၏ ကိုးနှစ်တာ အုပ်ချုပ်မှုနောက် သစ္စာခံစစ်တပ်နှင့် မိတ်ဖက်မဟာမိတ်များကို အတိုက်အခံများက အနိုင်ရလိုက်ခြင်းလည်း ဖြစ်သည်။

အတိုက်အခံများက ရှစ်ပါတီပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်း ညွန့်ပေါင်းအဖွဲ့က Move Forward ပါတီ၏ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ခေါင်‌း​ေ ဆာင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးကြနိုင်ပြီး လာမည့် လ၌ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းဖြစ်ဖို့ များသည်။

ယခု ရွေးကောက်ပွဲရလဒ်ကို အတည်ပြုလိုက်ခြင်းက ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲနောက်ပိုင်း မရေရာမှုအချို့ကို ရှင်းလင်းပေးလိုက်လင့်ကစား အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှ မဲ ၃၇၆ မဲ ထောက်ခံရန် လိုအပ်သော ဝန်ကြီးချုပ်နေရာအတွက် ပီတာက လုံလောက်သော ထောက်ခံမှု ရနိုင်မရနိုင်က မရေရာသေးဘဲ ရှိနေဆဲ ဖြစ်သည်။

မဟာမိတ် ညွန့်ပေါင်းအနေဖြင့် အမတ်နေရာ ၃၁၂ မဲ နေရာ ထိန်းချုပ်ထားရာ ပြိုင်ဖက်ပါတီများ သို့မဟုတ် ၂၀၁၄ အာဏာသိမ်းမှုနောက် စစ်တပ်အုပ်ချုပ်ရေးအောက် ခန့်အပ်သော ဆီးနိတ်လွှတ်တော်အမတ် ၂၅၀ မှ အချို့၏ ထောက်ခံမှု ရရှိရန် လိုအပ်လိမ့်မည် ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ခန့်အပ်ရေးအတွက် သဘောတူညီမှု ရရှိရန် ကြာသပတေးနေ့တွင် တွေ့ဆုံကြမည် ဖြစ်ကြောင်း Move Forward ပါတီ၏ မဟာမိတ်ညွန့်ပေါင်းအဖွဲ့က ပြောထားသည်။
👍7🔥1
Business Roundup (20 June 2023)
================

- စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့

- အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

- ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် မန္တလေးရွှေအသင်း ထုတ်ရောင်း

- အယ်နီညိုကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိနိုင်

https://youtu.be/Obp-ibuK7MY

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2
This media is not supported in your browser
VIEW IN TELEGRAM
တူနီးရှားနိုင်ငံရှိ ဘရာဇီးသံရုံးရှေ့မှာ အစောင့်တစ်ဦး ဓားနဲ့ထိုးသတ်ခံရ

https://www.facebook.com/reel/243026815103293/?s=single_unit

#Mizzima #internationalnews
#reels #shorts
👍2🔥2😢1
​​ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ
====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က အင်အားသုံး၍ နေအိမ်၌ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် သားဖြစ်သူနှင့် အဆက်အသွယ် ရှိလားဟုမေးမြန်းကာ ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူ အသက် ၆၅ နှစ် အရွယ်ရှိ ဦးအောင်ဖေကို အကြမ်းဖက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ မနေ့ကဖမ်းဆီးသွားတော့ ဒီမနက်မိသားစုဝင်တွေသွားတွေ့တာ ဘယ်သူနဲ့မှတွေ့ခွင့် မပေးသေးဘူးလို့ သိရတယ်။ လိုအပ်တဲ့ အဝတ်အစားနဲ့ စားစရာတွေတော့ အပြင်မှာ ပေးခဲ့ရတယ်” ဟု သားဖြစ်သူ ကိုမင်းလွင်ဦးက ပြောသည်။

၎င်း၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်သို့ ကားလေးစီး၊ အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းအချို့ကိုဖျက်ဆီးခဲ့သည့်အပြင် ဖုန်းနှစ်လုံးနှင့် ငွေကျပ် ရှစ်သိန်းကိုပါ ယူဆောင်သွားကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူ ဦးအောင်ဖေသည် ကျန်းမာရေးမကောင်းသည့်အပြင် အသက်အရွယ်ကြီးရင့်နေသူဖြစ်၍ ဖခင်အတွက်အလွန်စိုးရိမ်နေရသည်ဟု ကိုမင်းလွင်ဦးက ဆိုသည်။

“ ဒါကတော့ သူတို့က ကျွန်တော်ကို လိုချင်လို့ မိသားစုဝင်တွေကို ဓားစာခံ အနေနဲ့ ခြိမ်းခြောက် ဖမ်းဆီးတာပါ။ ဦးဆောင်သူကို ဖမ်းမမိတဲ့အတွက် အခုလို ဖမ်းဆီးခြင်းဟာ စစ်တပ်၏ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး အဆိုပါလုပ်ရပ်များကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့မှ မိသားစုဝင်များအပြင် ဇနီးနှင့် ကလေးကိုပါ ဖမ်းဆီးသတ်ဖြတ်မည်ဟု မကြာခဏခြိမ်းခြောက်ခံခဲ့ရကြောင်း ကာယကံရှင်က ဆက်ပြောသည်။

ထိုအတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်သားများက နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ဖူးသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်က ဝရမ်းထုတ်ထားဖူးပြီး ဖမ်းဆီးပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း မက်လုံးပေး ကြေညာထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ထားဝယ်ခရိုင်
#သပိတ်ကော်မတီဝင်
#ဖမ်းဆီး
#မိသားစုဝင်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍7🔥3😁1
​​Bitcoin ကို တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ
===================

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
Bitcoin ကို တရား၀င်ငွေကြး အဖြစ် သတ်မှတ်ခဲ့ တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံက El Salvador နိုင်ငံ ဖြစ်ပါတယ်။ El Salvador နိုင်ငံဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ က စတင်ပြီးတေ့ Bitcoin ကို တရား၀င်ငွေကကြေးအဖြစ်သတ်လိုက်တဲ့ ကမ္ဘာမှာ ပထမဆုံးသော နိုင်ငံဖြစ်ပါတယ်။ ဧရိယာ 21,041 စတုရန်းကီလိုမီတာသာရှိပြီး မြန်မာနိုင်ငံထက် အဆပေါင်း ၃၀ လောက် သေးပါတယ်။ အမေရိက အလယ်ပိုင်း‌ဒေသမှာရှိတဲ့ အသေးငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီနိုင်ငံငယ်လေးမှာ Bitcoin စနစ် တရား၀င်မဖြစ်ခင်က ကျွမ်းကျင်တဲ့ သူတစ်ခုက အဲ့လိုပြောင်းလဲမှု ဟာ ငွေကြေး မတည်ငြိမ်မှုဖြစ်စေ နိုင်တယ်လို့ သတိပေးမှု တွေ ရှိခဲ့သလို အပြောင်းအလဲတွေ ပြုလုပ်ချိန်မှာလည်း အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် El Salvador အစိုးရက အဲ့လို ငွေကြေး အဖြစ်သတ်မှတ်ခြင်းက စီးပွားရေးမြင့်တင်ရန်နဲ့ ငွေကြေးလည် ပတ်မှု ပိုမို အဆင်ပြေဖို့အတွက် ဖြစ်တယ်လို့ ပြန်လည်ပြီးတော့ခုခံပြောဆိုခဲ့ပါတယ်။

BItcoin ကိုတရား၀င် ငွေကြေး အဖြစ် အသုံးပြုပြီးတည်း က El Salvador မှာ Digital Currency အသုံးပြုခြင်းက မြင့်တတ်လာပါတယ်။ Bitcoin ကို တရား၀င်‌ငွေကြေးအဖြစ် သတ်မှတ်ခြင်း ဥပဒေအတည်ပြုပြီးတဲ့ နောက်မှာ Bitcoin ATM ပေါင်း ၂၀ မှ ၂၀၀ အထိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ အစိုးရဟာ Bitcoin Wallet အတွက် Register လုပ်သူတိုင်းကို ဒေါ်လာ ၃၀ တန်တဲ့ Bitcoin တွေပေးပြီးတော့ Bitcoin အသုံးပြုသူ များပြားလာအောင်လုပ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းအများစု ဟာလည်း Bitcoin ဖြင့် ငွေပေးချေမှု ကို စတင်လက်ခံပြီးဥပဒေ အတည်ပြုပြီးသည်နဲ့ တပြိုင်နက် ပြည်ပမှာ ရှိတဲ့ နိုင်ငံသားတွေမှ ပြည်တွင်းကို ငွေလွဲမှုများလည်းမြင့်တက်လာကြောင်း အစိုးရကနေပြီး ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် Bitcoin ရဲ့ စျေးမတည်ငြိမ်မှု တွေက နိုင်ငံ ရဲ့ စီးပွားရေး မှာ အန္တရာယ် ရှိနိုင်တယ်လို့ ပညာရှင်တချို့က ထပ်မံပြီး ပြောဆိုထားပါတယ်။ စိန်ခေါ် မှု များ ရှိသော် လည်း အစိုးရက သူတို့ ရဲ့ လုပ်ဆောင်မှု ကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ကတိပြုခဲ့ပါသေးတယ်။ နောက်ပြီး သမ္မတ Nayib Bukele က “Bitcoin က ကမ္ဘာသုံးငွေကြေးတစ်ခု ဖြစ်လာမယ်ဆိုတာ ကို သူယုံကြည်ပါတယ်၊ အချိန်တွေက အဲ့တာကိုသက်သေ ပြသွားပါလိမ့် မယ်” လို့ ပြောဆိုထားပါတယ်။

ကိုးကား:
Aljazeera : El Salvador passes law on cryptocurrency transfers
Reuters : El Salvador partnership to build $1 billion bitcoin mining farm Bitcoin က El Salvador နိုင်ငံမှာ ဘယ်လို ကူညီပေးနေလဲ ?

Bitcoin ဟာ နိုင်ငံခြားရောက်နေတဲ့ El Salvador နိုင်ငံမှ နိုင်ငံသားတွေ ကနေသူတို့အိမ်ကို ငွေလွဲ ငွေပို့လုပ်တဲ့ အခါမှာ တော်တော်အဆင်ပြေတယ် “ အရင် တရား၀င် ငွေကြေးမဖြစ်ခင်က ငွေလွဲ ငွေပို့ လုပ်ရင် အခကြေးငွေတွေ အများကြီး ပေးရတယ် Bitcoin နဲ့က လွယ်လွယ်ကူကူလုပ်လို့ ရတယ် လို့ နိုင်ငံသားတစ်ယောက်က interview တစ်ခုမှာ ပြောပြထားပါတယ်။ နောက်ထပ်တစ်ခု ကတော့ ကျေးလက်ဒေသတွေနဲ့ ဘဏ်၀င်ဆောင်မှု ကောင်းမွန်စွာ မရရှိတဲ့ နေရာဒေသတွေမှာလည်း Bitcoin ဟာ ငွေပေးချေမှု စနစ်အတွက် များစွာအထောက်အကူပြုနေပါသေးတယ်။ El Salvador နိုင်ငံဟာ Bitcoin သုံးစွဲမှုဟာ တစနဲ့ တစ ပိုမို တိုးတက်လာပြီးတော့ နိုင်ငံရဲ့ စီးပွား‌ရေး တိုးတက် မှု မှာလည်း Bitcoin ဟာ ငွေကြေးဖောင်းပွ မှုများနဲ့ တခြားသော နိုင်ငံရဲ့ လူမှု ရေး အခွင့်အလမ်းများစွာ မှာ ကူညီပေးနေလျက် ရှိပါတယ်။

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

‌Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဖက်ကမ်းမှာ အစ္စရေးရဟတ်ယာဉ်တွေ စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံး

https://www.facebook.com/reel/6317292048355507

#Mizzima #internationalnews
#reels #shorts
👍3🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
June - 20 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍3😁1🤮1