Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ
👍11❤3👏2😁1
ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ
====================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ကင်းပုန်း၀ပ်နေသည့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်များ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေး၀န်ကြီးဌာနက ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာမှ ပျူစောထီး လေးဦး စပါးသယ်ယူရန် ကင်းပုန်း၀ပ်စောင့်ဆိုင်းနေစဥ် ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ဆင်အင်းရွာနှင့် မြင်းစီးရွာအကြားတွင် ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ စပါးသယ်တာတွေက သူတို့အမြဲတမ်း လုပ်ဆောင်နေကြတာပါ။ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ထဲက စပါးတွေကို ရိတ်သိမ်းတဲ့အချိန်ကျမှ လာသယ်တာတွေလည်းရှိတယ်။ အဲ့နေ့ကတော့ ဆင်အင်းရွာမှာ သိမ်းထားတဲ့စပါးတွေ ခိုးထားတဲ့ စပါးတွေကို သယ်တာပါ၊တိတိကျကျတော့ မသိရပါဘူး “ ဟု ရွှေဘိုအနောက်ခြမ်း ပကဖ တာ၀န်ရှိသူ ဗိုလ်သူရိန်က မဇ္စျိမကို ပြောသည်။

ထိုသို့ စပါးသယ်ယူရန် ကင်းပုန်း၀ပ်နေသည့် ပျူစောထီးများကို တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှုအချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး လေးဦးစလုံး သေဆုံးခဲ့ကာ လက်နက်အပါအ၀င် စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် လက်နက်များမှာ ကာဘိုင် သုံးလက်၊ AK-47 တစ်လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ဘောက် လေးခုနှင့် ချပ်ဝတ်တန်ဆာ လေးခုတို့ ဖြစ်သည်။

“ အဲ့နေ့က သူတို့လက်နက်တွေပါသွားတော့ အတင်းပြန်လိုက်ရှာတယ်၊ ပုဇင်းခေါင်းကား တစ်စီးနဲ့လည်း စစ်ကူလာတယ်၊ အဲ့ကားကိုလည်း မိုင်းဆွဲတိုက်ခိုက်တာမှာ ကားကပက်လက်လန်သွားတယ်၊ အထိအခိုက်တော့ မသိရသေးဘူး” ဟု ရွှေဘိုအနောက်ခြမ်းပကဖ တာ၀န်ရှိသူက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၄) နှင့် ဆင်အင်းရွာ(ပကဖ) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်ထားသည်။

ရွှေဘိုမြို့နယ်ရှိ မြင်းစီးကျေးရွာနှင့် ဆင်အင်းကျေးရွာသည် ပျူစောထီးကြီးစိုးအားကောင်းသည့် ကျေးရွာများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရပြီး လက်နက်ဆုံးရှုံးမှုရှိခဲ့သည့် စစ်ကောင်စီတပ်က ယင်းကျေးရွာများတွင် အင်အားတိုးမြှင့်ချထားမှုများရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။
ထို့အပြင် မြင်းစီးကျေးရွာအနီးတွင်ရှိသည့် စိုက်ပျိုးရေးကျောင်းတွင်လည်း စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းထားကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နယ်မြေတစ်၀ိုက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေဘိုမြို့နယ်
#ကင်းပုန်း
#ပျူစောထီး
#မြင်းစီးကျေးရွာ
#စိုက်ပျိုးရေးကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3❤1
Business Round Up (21 June 2023)
=================

- ထိုင်း - မြန်မာ နယ်စပ်က UWSA တပ်စခန်း (၅) ခုကို ဖယ်ရှားပေးရန် ထိုင်း တောင်းဆိုချက် UWSA လက်မခံ

- NUG က ဒစ်ဂျစ်တယ်ဘဏ် ဖွင့်လှစ်မည်

- ဆန်ဈေး မြင့်တက်မှု မေလတွင် စံချိန်တင်ခဲ့ဟု FAO ပြော

- ဖမ်းဆီးခံအလုပ်သမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဥရောပသမဂ္ဂမှ တောင်းဆို

- အိန္ဒိယမှာ အပူလှိုင်းရိုက်ခတ်မှုကြောင့် လူသေဆုံးမှုစံချိန်တင်များပြားလာနေ

https://youtu.be/ysnH5ojpuFs

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤1😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာက အမှုဆောင်အရာရှိချုပ်အသစ်ခန့်အပ်

https://www.facebook.com/reel/962433768337483

#internationalnews #reels #shorts
❤5🔥1
​​ထိုင်းဝန်ကြီးချုပ်လောင်း COVID-19 ကူးစက်ခံရ
===================

ထိုင်းဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရွန်ရတ်သည် COVID-19 ကူးစက်ခံရကြောင်း သိရသည်။
Move Forward Party ၏ ခေါင်းဆောင် အသက် ၄၂ နှစ်အရွယ် ၎င်းသည် မေ ၁၄ ရက် ရွေးကောက်ပွဲ၌ ပါတီက အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် နိုင်ငံအနှံ့က ထောက်ခံသူများနှင့် တက်တက်ကြွကြွ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ COVID-19 လက္ခဏာများကို ခံစားရကြောင်း ပီတာက တွစ်တာတွင် တနင်္ဂနွေနေ့၌ ပို့စ်တင်ခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11😁1🤮1
ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်အစိုးရပိုင်ရေနံကော်ပိုရေးရှင်းနဲ့ ကာတာနိုင်ငံတို့ကြား ဓါတ်ငွေ့ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

https://www.facebook.com/reel/258767880134782

#internationalnews #China #Qatar #reels #shorts
👍3😁2❤1
​​ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အာဆီယံ ရွှေ့ဆိုင်း
========================

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံသည် ပထမဆုံးဖြစ်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ရွှေ့ဆိုင်းကြောင်း အင်ဒိုနီးရှားစစ်တပ်က အင်္ဂါနေ့တွင် ပြောပြီး တရုတ်နှင့် အငြင်းပွားသော ရေပြင်မှ ဝေးရာတွင် ပြုလုပ်မည်ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8🔥2
​​စစ်ကောင်စီလက်အောက် နေရပ်စွန့်ခွာရမှုအခြေအနေ ပိုမိုဆိုးဝါးလာ
======================

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်၏ အတောမသတ်သည့် တိုက်ခိုက်မှုများကြောင့် နိုင်ငံတွင်း၌ အသေအလဲ ဖြစ်နေခဲ့သော နေရပ်စွန့်ခွာရမှုနှင့် လူသားချင်းစာနာမှု အခြေအနေကို ထပ်မံ၍ အကြီးအကျယ် ဆိုးဝါးစေခဲ့ကြောင်း လူသားချင်းစာနာမှု အဖွဲ့အစည်း Progressive Voce က ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥7👍2😁1
​​ဖမ်းဆီးထားသည့် ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထား
======================

ဗီယက်နမ်နိုင်ငံတွင် အခွန်ရှောင်တိမ်းမှုဖြင့် ဖမ်းဆီးခံထားရသည့် နာမည်ကြီး ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားပြီး ရှေ့နေလည်း ငှားရမ်းခွင့် မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက အင်္ဂါနေ့တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3
​​ကမ္ဘာ့နံပါတ်တစ်ဖြစ်လာဖို့ အိပ်မက်တွေမက်နေတဲ့ တောင်ကိုရီးယား ကြက်တောင်အားကစားကြယ်ပွင့်
=====================

တောင်ကိုရီးယားရဲ့ တက်သစ်စ ကြက်တောင်အကျော်အမော် အန်း စီ-ယောင်းဟာ အမျိုးသမီး ကမ္ဘာ့နံပါတ်တစ် ဖြစ်လာဖို့နဲ့ ဆယ်စုနှစ်များအတွင်း အောင်မြင်မှုရရှိမယ့် သူမနိုင်ငံမှ ပထမဆုံး အမျိုးသမီးဖြစ်လာဖို့ အိပ်မက်အကြောင်းကို မေးမြန်းရာမှာ ပြုံးပြပါတယ်။

ကမ္ဘာ့နံပါတ် (၂) ကြက်တောင်အားကစားမယ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အင်ဒိုနီးရှားအိုးပင်း ဆီမီးဖိုင်နယ် ရှုံးပွဲမတိုင်ခင် ကွာတားဖိုင်နယ် အနိုင်ရရာမှာ ဒဏ်ရာရရှိခဲ့ကာ ထိုးနှက်ချက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် အသက် ၂၁ နှစ်အရွယ် အားကစားမယ်ဟာ ထူးထူးခြားခြား အအောင်မြင်တဲ့ အခိုက်အတန့်တွေ ရှိနေပါတယ်။
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ရာနေရာအနီးမှာ ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကို အပူတပြင်းရှာဖွေနေ

https://www.facebook.com/reel/1782526942205049

#internationalnews #Mizzima #Reels #shorts
👍3🔥2😁1
တရားဥပဒေကင်းမဲ့နေတဲ့ ဒီကာလမှာ အမျိုးသမီးတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲ | Two Years After Coup (Ep-5)
====================

"အရမ်းလည်းရှက်တယ်၊ Suicide လုပ်ချင်တယ်၊ မိဘတွေကိုလည်း မျက်နှာမပြရဲတော့ဘူး၊ အိမ်ထဲကအိမ်ပြင်လည်း မထွက်ရဲတော့ဘူး"
 
တရားဥပဒေအကာအကွယ်ကင်းမဲ့နေတဲ့ ဒီကာလမှာ အမျိုးသမီးတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
Two Years After Coup အစီအစဉ်ရဲ့ အပိုင်း (၅) ဖြစ်ပါတယ်။

https://youtu.be/Z-ZMdLhLna4
 
#two_years_after_coup #episode5 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
👍4🤬4🔥2👏1
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
=================

အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့၍ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃)ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးတိုက်နယ်ရုံးကို ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ရုံးအစောင့်အပြင် အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဖားကန့်မြို့မှ KIA အရာရှိတဦးက ဆိုသည်။

“ ဒီမနက်မှ ရုံးကိုမီးရှို့လိုက်တာ။ စစ်သားတွေဝင်စီးတဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ရုံးအတွင်းမှာ ရှိတဲ့သူတွေအပြင် အနီးတဝိုက်မှာနေတဲ့ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက ထိခိုက်ထားတဲ့သူတွေကို လာသယ်သွားတာ” ဟု ၎င်းကပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သူနှင့် သေဆုံးသူ ၁၂ ဦးခန့်ရှိခဲ့ကာ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရ ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ ကနဦးစုံစမ်းသိရှိထားပြီး အတိအကျကို အတည်ပြုဖော်ပြနိုင် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စီးနင်းမှုအပြီးတွင် KIA ကဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင် သွားကြောင်း KIA သတင်းရင်းမြစ်က ပြောကြားသည်။

“KIA ကဖြေရှင်းရမယ့် အကျဉ်းသား တွေရှိတယ်လေ။ သူတို့ခေါ်ထားတာ။ သတင်းက အကုန်မရသေးဘူး။ သေတဲ့သူလည်းရှိတယ်လို့ပြောတယ်။ သေချာတော့ မသိသေးဘူး။ အဲဒီမှာစစ်သားတွေရှိနေသေးတော့ သတင်းသေချာယူဖို့က ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးအတွင်း အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ကဝင်ရောက်စီးနင်ခဲ့၍ KIA အရာရှိများအပါအဝင် အရပ် သား ၃၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသေးသည်။

Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#KIO
#အုပ်ချုပ်ရေးရုံး
#မီးရှို့
#ဖမ်းဆီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍3🔥2👏1