တောင်ငူ- လိပ်သို ကားလမ်းတွင် စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရ
👍9🥴2🔥1

====================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်၊ တောင်ငူ- လိပ်သို ကားလမ်းမကြီးပေါ်တွင် သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင်နှစ်ဦး အသတ်ခံလိုက်ရကြောင်း KNU တပ်မဟာ (၂) ရှိ သတင်းရင်းမြစ်ထံက သိရသည်။
သံတောင်မြို့ ၁၃ မိုင်မှ ပျားစခန်းကျေးရွာတစ်လျှောက်၊ သံတောင်- တောင်ငူ ကားလမ်းမဘေးရှိ ကျွန်းခင်းများမှ ကျွန်းသစ်များကို ကိုယ်ကျိုးအတွက် အချိန်ပြည့် ခုတ်ယူနေသည့် သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူ ပျားစခန်းကျေးရွာနေ စောခင်မောင်လွင်နှင့် ဘိုဗရာတို့နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDF- ThanDaung တာဝန်ရှိသူကပြောသည်။
" ဖုန်းနဲ့မျှားခေါ်ပြီး တောင်ငူ-လိပ်သိုကားလမ်း၊ ကျောက်တိုင်နှင့် ကျွန်းကုန်းကျေးရွာအကြားမှာ လာတော့ ကားရပ်ခိုင်းပြီး တစ်ယောက်ကို နှစ်ချက်စီ ပစ်လိုက်တယ်။ သေနတ်ကို အရယူပြီး ကားကို မီးရှို့ပစ်လိုက်တာ" ဟု KNU တပ်မဟာ (၂) သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုအပြီး ၎င်းတို့၏ M1 ကာဘိုင် သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် မှတ်ပုံတင်များ၊ အဖွဲ့ဝင်ကတ်ပြားများကို သိမ်းဆည်းကာ ၎င်းတို့ မောင်းနှင်လာသော Mark- II အဖြူရောင်ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့သည် သံတောင်ကြီးမြို့နယ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ အထူးပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း PDF- ThanDaung တာဝန်ခံနှင့် KNU တပ်မဟာ (၂) သတင်းရင်းမြစ်ထံက သိရသည်။
People Defense Force- ThanDaung အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်း အခြေချ လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီထောက်တိုင်များအား မကြာခဏ တိုက်ခိုက်လေ့ရှိသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်
#PDF- ThanDaung
ဓါတ်ပုံ- မီးရှို့ဖျက်ဆီးခဲ့သော Mark-II အဖြူရောင်ကားနှင့် သိမ်းဆည်းရမိခဲ့သော ပစ္စည်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍13👏2🔥1🥴1
ဇူလိုင်လ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:02-သန်လျင်မှာ မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရတဲ့သတင်း
02:20-ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း ကွယ်လွန်တဲ့သတင်း
03:09-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း
06:40-စင်ကာပူမှာ သေဒဏ်ကျခံရသူတစ်ဦးရဲ့ ကွပ်မျက်မခံရမီ နောက်ဆုံးဓါတ်ပုံတွေကြောင့် လူအများစိတ်မကောင်း ဖြစ်ကြရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/AzYK2DywryA
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-သန်လျင်မှာ မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရတဲ့သတင်း
02:20-ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း ကွယ်လွန်တဲ့သတင်း
03:09-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့…

👍1😁1🍌1
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် ==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုကြသည်။
ထိုဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၆ ရက်မြောက်ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
http://www.mizzimaburmese.com/article/130494
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုကြသည်။
ထိုဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၆ ရက်မြောက်ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
http://www.mizzimaburmese.com/article/130494
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍1🔥1😁1
မုန်တိုင်းအကူအညီကို ပိတ်ဆို့ခြင်းက စစ်ကောင်စီ၏ သံတမန်ရေးရာ အရေးပျက်ပြားမှုကို မီးမောင်းထိုးပြ
=====================
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နေရာအချို့ဆီ ဆိုင်ကလုန်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သီတင်းငါးပတ်ရှိသည့်တိုင် မြန်မာစစ်ကောင်စီသည် မုန်တိုင်းဒဏ်သင့် ပြည်သူတစ်သန်းကျော်ထက်မနည်း၏ အားချင်း လိုအပ်သော အကူအညီများကို ကန့်သတ်ပိတ်ဆို့နေဆဲ ဖြစ်သည်။
ပိုမိုလိုအပ်သော အကူအညီများ ပေးပို့မှုတွင် ကုလသမဂ္ဂနှင့် အာဆီယံတို့အား ကဖျက်ကယက် လုပ်ဆောင်နေခြင်းက စစ်ကောင်စီ၏ ပိုမို အထီးကျန်လာမှုကို မီးမောင်းထိုးပြနေပြီး AA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တင်းမာမှုများ မြင့်တက်စေသည်။
အဆင့် ၅ အပူပိုင်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းဆီ ဝင်ရောက်တိုက်ခတ်ရာ မြို့တော် စစ်တွေနှင့် အခြား မြို့နယ်များတွင် အိမ်များ ပြိုလဲရသကဲ့သို့ အခြေခံအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးရစေကာ ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။

👍12🔥1🤣1
Media is too big
VIEW IN TELEGRAM
IAEA ရဲ့အစီရင်ခံစာကို ဖူကူရှီးမားရေစွန့်ထုတ်ခွင့်အဖြစ် ဂျပန်ကအသုံးပြုလို့မရကြောင်း တရုတ်ပြော
#internationalnews #reels #shorts #Mizzima #IAEA #Japan #China

🔥4👏2
ဝက်လက်တွင် စစ်ကောင်စီတပ်က ဈေးသည် ၇ ဦးကို သတ်ဖြတ်သွားဟုဆို
==================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၄နာရီခန့်က ဈေးရောင်းထွက်လာသော ဈေးသည် ခုနစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်သွားပြီး အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာသို့ ခြေလျင် စစ်ကြောင်း ထိုးလာခဲ့သော စစ်ကောင်စီတပ်က သမရိုးရွာထိပ်အရောက်တွင် ဈေးသည် ခုနစ်ဦးကို သတ်ဖြတ်သွားခြင်းဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
“ သေဆုံးခဲ့သူတွေက အရပ်သားတွေချည်းပဲ။ သူတို့စစ်ကြောင်းဝင်လာတာကို ဘယ်သူမှ မသိလိုက်ဘူး။ စစ်တပ်က ရွာထဲ ဝင်တဲ့အချိန်ကစပြီး တောက်လျောက် ရမ်းပစ်လာတာ။ အဲ့အချိန် မနက်အစော စျေးထွက်ရောင်းတဲ့ စျေးသည်တွေနဲ့ ပြည်သူတွေထိကုန်တာပါ” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၃၀နှစ်မှ အသက် ၆၀ကြားရှိ ဈေးသည် အမျိုးသမီး လေးဦး၊ အမျိုးသား သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။သေဆုံးသွားသူများမှာ သမားရိုးကျေးရွာမှဒေါ်နှင်းလှိုင်၊ဒေါ်အေးနုဝင်းနှင့် ဒေါ်မွေလီ၊ဦးဖိုးလွင်၊ ဦးသိန်းလှိုင်၊ကိုဝေမိုးနှင့် ကူးတို့ကိုင်းရွာမှဒေါ်ဖြူတို့ ဖြစ်ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ထားသည်။
" ဈေးသည်တွေက ဆိုင်ကယ်နဲ့ ဈေးထွက်ရောင်းကြတာပါ။ အခုသေဆုံးတာ အရပ်သားတွေချည်းပါပဲ" ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါဝင်ပြီး သမားရိုးတံတားပေါ်မှဖြတ်ကာဝက်လက်နှင့် တစ်ဆက်တည်းဖြစ်သော အရာတော်မြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ လမ်းတလျှောက်ရှိ အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်းဖမ်းဆီးသွားသည်ဟု ဆိုသည်။ ဖမ်းဆီးခံအရပ်သားများနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် ဝက်လက်နှင့် အရာတော်မြို့နယ်ကြားရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ညနေ ၅နာရီတွင် ရရှိသော သတင်းအရ အဆိုပါစစ်ကြောင်းသည် အရာတော်မြို့နယ်မှ ပျူစောထီးရွာဖြစ်သော ငွေတွင်းရွာတွင် ရောက်ရှိနေကြောင်း ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။
စာတည်း- မောင်ကြီး
#mizzima
#ဝက်လက်မြို့နယ်
#ဈေးသည်ခုနစ်ဦး
#သတ်ဖြတ်ခံရ

🤬16😢5😁2❤1👍1
ကံပေါက်ဒေသ သဲချောင်းရွာက ပျောက်ဆုံးနေသည့် ၃ နှစ်အရွယ် ကလေးငယ်အား သေဆုံးလျက် ပြန်တွေ့
😢14🔥3👍1
ကံပေါက်ဒေသ သဲချောင်းရွာက ပျောက်ဆုံးနေသည့် ၃ နှစ်အရွယ် ကလေးငယ်အား သေဆုံးလျက် ပြန်တွေ့
==================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ သဲချောင်းရွာတွင် နေအိမ်မှပျောက်ဆုံးသွားသည့် သုံးနှစ်အရွယ် သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက် မနက်၁၀ နာရီတွင် ထိုရွာ၏ လယ်ကွင်း၌ သေဆုံးလျက်ပြန်တွေ့ကြောင်း ကလေး၏ ဖခင်ဖြစ်သူ ဦးဇော်လတ်ထံက သိရသည်။
ကလေးငယ်ကို နေအိမ်နှင့် မနီးမဝေး အရှေ့တောင်ဘက် လယ်ကွင်း အနီး ရေထဲတွင် မြက်ပင် ကိုင်လျက် ပက်လက် အနေအထားဖြင့် အလောင်းကိုတွေ့ရှိရသည်ဟု မိသားစုဝင်များက ပြောသည်။
ကလေးငယ်၏ အမည်မှာ မနဒီရွှေစင်ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်အား အိမ်ပြင်ထွက်ရှာရာမှ ပျောက်ဆုံးရခြင်းဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူက ခန့်မှန်းပြောဆိုသည်။ ဇူလိုင်လ ၄ ရက် မွန်းတည့်ချိန်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အလောင်းပြန်တွေ့သည့် နေရာနှင့် နေအိမ်သည် တစ်ဖာလုံခန့် ( ၁၀ မိနစ်ခန့်လမ်းလျှောက်ရသည့် အကွာအဝေး)တွင်ရှိကြောင်း သိရသည်။
ဖခင်ဖြစ်သူ ဦးဇော်လတ်က"ကျွန်တော် သမီးက သာမန် ရေနစ်ပြီး သေဆုံးတာပဲလို့ ယူဆရပါတယ်။ သမီးငယ်လေးက သူ့အမေ ပြန်မလာတာကြာလို့ အိမ်ကနေ လိုက်သွားရင်း ရေမြောင်းထဲကို ပြုတ်ကျပြီး ဆုံးသွားတာ ဖြစ်နိုင်ခြေ များတယ်။ သူ့အမေ အိမ်ပေါ်ကနေ ဆင်းသွားတဲ့ လမ်းကို သူသိတယ်"ဟု ပြောသည်။
အလောင်းကို ပေါက်တိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ဆရာဝန်၏ ဆေးစစ်ချက် အဖြေ ရယူကာ နေအိမ်သို့ ပြန်မသယ်တော့ဘဲ သုသာန်တွင် ယနေ့ သဂြိုဟ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။
ဖခင်ဖြစ်သူ ဦးဇော်လတ်က သမီးဖြစ်သူ ပျောက်ဆုံး သွားသည့် နေ့မှစ၍ အနီးအနား ကျေးရွာများ ဖြစ်ကြသည့် သဲချောင်း၊ သဘွတ်ချောင်း၊ ရေဘူး၊ ဒိုးဖာ၊ ကောင်းမှုနှင့် ဖောင်းတောရွာ အစရှိသည့် ရွာများကို လူပျောက် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
ပုံစာ၊ သေဆုံးသူ မနဒီရွှေစင်
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သုံးနှစ်အရွယ်ကလေးငယ်
#သေဆုံး

😢15👍2🔥2
တရုတ် လူငယ်များအတွက် အလုပ်လက်မဲ့ ပြသနာသည် နိုင်ငံရေးအန္တရာယ် ဖြစ်နိုင်ကြောင်း ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ပြောကြား
====================
တရုတ်အစိုးရအနေဖြင့် မြင့်တက်လာသော လူငယ်အလုပ်လက်မဲ့နှုန်းကို ကောင်းစွာမကိုင်တွယ်ပါက နိုင်ငံရေးပြဿနာများ ဖြစ်လာနိုင်သည်ဟု သမ္မတ ရှီကျင့်ဖျင် အစိုးရ၏ နာမည်ကြီး အကြံပေး စီးပွားရေးပညာရှင် တစ်ဦးက သတိပေးထားသည်။
“လူငယ်အလုပ်လက်မဲ့ပြဿနာဟာ လာမယ့်ဆယ်စုနှစ်အထိ ဆက်ဖြစ်နိုင်ပြီး ကာလတိုအတွင်း ပိုဆိုးလာမှာပါ” ဟု ပေါ်လစ်ဗျူရို ထိပ်တန်းဆုံးဖြတ်ချက်ချများ ခြင်း အပါအဝင် တရုတ် စီးပွားရေး ဆိုင်ရာ လမ်းညွှန်မှုများပေးသူ လူရောင်ချမ်း က ဧပြီ ၂၂ တွင် ပြောကြားခဲ့သည်။

👍11😁4
အင်ဒိုနီးရှားက တရားဝင် ကမ်းခြေစောင့်တပ် ဖွဲ့စည်းထူထောင်မည်
====================
ပင်လယ်ပြင် နယ်စပ်လုံခြုံရေးအား မြှင့်တင်ရေးနှင့် မှောင်ခိုကုန်ကူးမှုများနှင့် ဥပဒေမဲ့ လုပ်ငန်းများအား တားဆီးကာကွယ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းထူထောင်မည်ဖြစ်ကြောင်း နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
“အနာဂတ် အင်ဒိုနီးရှား ကမ်းခြေစောင့်တပ် ဖွဲ့စည်းထူထောင်ရေးအတွက် သမ္မတက အမိန့်ထုတ် ညွှန်ကြားထားတယ်”ဟု မိုဟာမတ် မတ်ရှ်ဖက်ဒ်က ပြောကြောင်း ပြည်တွင်းသတင်းစာ Jakarta Globe က ကိုးကားဖော်ပြသည်။
လက်ရှိ၌ ပင်လယ်ပြင်လုံခြုံရေးနှင့် မှောင်ခိုဥပဒေမဲ့ လုပ်ငန်းများ တားဆီးတို့အတွက် တာဝန်သည် အင်ဒိုနီးရှား ပင်လယ်ပြင်လုံခြုံရေးဌာနက တာဝန်ယူထားရခြင်း ဖြစ်သည်။

👍13🔥1
စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် အကူအညီပေးရေးလုပ်သား ၄၀ ဦး သတ်ဖြတ်ခံခဲ့ရဟု ကုလ ပြော
===================
ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် မြန်မာတွင် အကူအညီပေးရေးလုပ်သား ၄၀ ဦးအထိ သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာ တာ့ခ်က ဇူလိုင်လ ၆ ရက်တွင် ပြောသည်။
မြန်မာ၌ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့်အဖွဲ့များအကြား တိုက်ခိုက်မှုများအတွင်း ပြည်တွင်းအဖွဲ့အစည်းများအတွက် အဓိကအလုပ်လုပ်သော အကူအညီပေးရေးလုပ်သားများအား “တိုက်ရိုက် တိုက်ခိုက်မှုများ” အပေါ် တာ့ခ်က ကုလ လူ့အခွင့်အရေးကောင်စီသို့ ပေးပို့သော အစီရင်ခံစာတစ်ရပ်ထဲတွင် ပြစ်တင်ဝေဖန်ထားသည်။
အကူအညီပေးရေးလုပ်သားများ သေဆုံးမှုများက အကူအညီကို ပိတ်ဆို့တားဆီးရန် “တမင်ရည်ရွယ်၊ ပစ်မှတ်ထားသော” ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသဖြစ်သလို “ပြည်သူတို့အတွက် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို တမင် ငြင်းဆန်ပိတ်ပင်ခြင်း” ဖြစ်သည်ဟု တာ့ခ်က ပြောသည်။

👍16🔥4
Media is too big
VIEW IN TELEGRAM
July - 6 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

🍌3👍2
အညာဒေသမှာ စစ်ကောင်စီတပ်က ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်လာ
=====================
MTO ။ ။မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်က သာမန်စစ်ကြောင်းထိုး တိုက်ခိုက်ရာကနေ လက်ရှိမှာ ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက် အညာဒေသက ခုခံတော်လှန်သူ တွေကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
လက်ရှိမှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာတာနဲ့ အတူ အခြေစိုက် တပ်စခန်းတွေနဲ့ စစ်ယာဉ်တန်းတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရချိန်မှာ စစ်ကောင်စီတပ်ဘက် အခုလို ဗျူဟာပြောင်းလာတာ ဖြစ်ပါတယ်။
အရင်က အင်အားအလုံးအရင်း နဲ့ ပေါ်ပေါ်တင်တင်ထိုးစစ်ဆင်နေရာက နေ လက်ရှိမှာ ပြောက်ကျားပုံစံကို ပြောင်းလဲတာ ဖြစ်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/VvCyyk9OoiE
တည်းဖြတ်/တင်ဆက် = MTO
#ပြောက်ကျား
#စစ်တပ်ကဗျူဟာပြောင်းလာ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
MTO ။ ။မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်က သာမန်စစ်ကြောင်းထိုး တိုက်ခိုက်ရာကနေ လက်ရှိမှာ ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက် အညာဒေသက ခုခံတော်လှန်သူ တွေကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
လက်ရှိမှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာတာနဲ့ အတူ အခြေစိုက် တပ်စခန်းတွေနဲ့ စစ်ယာဉ်တန်းတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရချိန်မှာ စစ်ကောင်စီတပ်ဘက် အခုလို ဗျူဟာပြောင်းလာတာ ဖြစ်ပါတယ်။
အရင်က အင်အားအလုံးအရင်း နဲ့ ပေါ်ပေါ်တင်တင်ထိုးစစ်ဆင်နေရာက နေ လက်ရှိမှာ ပြောက်ကျားပုံစံကို ပြောင်းလဲတာ ဖြစ်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/VvCyyk9OoiE
တည်းဖြတ်/တင်ဆက် = MTO
#ပြောက်ကျား
#စစ်တပ်ကဗျူဟာပြောင်းလာ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အညာဒေသမှာ စစ်ကောင်စီတပ်က ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်လာ
MTO ။ ။မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်က သာမန်စစ်ကြောင်းထိုး တိုက်ခိုက်ရာကနေ လက်ရှိမှာ ပြောက်ကျားနည်းဗျူဟာပြောင်း တိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်…
စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်…
👍9😁9🥰1
၂၀၂၃ ခုနှစ် ၆ လတာအတွင်း ချင်းလူမျိုးများ မတရားသတ်ဖြတ်ခံရမှု စံချိန်တင်ဟု ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်
==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကောင်စီတပ်က ချင်းလူမျိုးများကို မတရားသတ်ဖြတ်မှု ၂၀၂၃ ခုနှစ် ခြောက်လတာကာလ အတွင်း စံချိန်တင်များပြားခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) က ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီး အတင်းအဓမ္မအုပ်ချုပ်ခဲ့သည်မှာ နှစ်နှစ်ခွဲနီးပါးကြာမြင့် ပြီဖြစ်ပြီး ယင်းကာလများအနက် ၂၀၂၃ ခုနှစ် ခြောက်လတာ၌ ချင်းလူမျိုးသေဆုံးမှု ၁၀၉ ဦးရှိခဲ့ကြောင်း ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ချင်းလူမျိုးများအပေါ် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်မှုပေါင်း ၁၆၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မတရားသတ်ဖြတ်ခံရပြီးသေဆုံးသူ ချင်းလူမျိုး စုစုပေါင်း ၁၉၅ ဦးရှိကြောင်း ဆိုသည်။
၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ချင်းလူမျိုးများအပေါ် မတရားသတ် ဖြတ် မှုပေါင်း ၁၀၉ ဦးထိရှိကြောင်း ဆိုသည်။
ယင်းအချက်အလက်များပေါ်အခြေခံ၍ ၂၁၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် ၂၃ လတာတွင် ချင်းလူမျိုးများ သတ် ဖြတ်ခံရမှု ၃၅၉ ဦးရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ခြောက်လတာတွင် ၁၀၉ ဦးသေဆုံးခဲ့ခြင်းကြောင့် သိသာစွာမြင့် တက်သွားခြင်းဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ကြေညာချက်တွင်ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ခြောက်လတာအတွင်းသေဆုံးခဲ့သည့် ချင်းလူမျိုးများမှာ အရပ်သား ၅၀ ဦ်းနှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့ဝင် ၅၉ ဦးဖြစ်ကာ ယင်းသေဆုံးမှုတွင် အသက် ၁၈ နှစ်အောက် ၁၀ ဦးနှင့် အမျိုးသမီး ၃၅ ဦး ပါ ဝင်ကြောင်း ကြေညာချက်က ဖော်ပြသည်၊၊
“ကျနော်တို့ ဒီအချက်အလက်တွေကို မြေပြင်မှာရှိတဲ့ staff တွေ၊ အွန်းလိုင်းနဲ့ မြို့နယ်အသီးသီးကထုတ် ပြန်ထားတွေကို စုစည်းထားတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ အထူးဂရုစိုက်ပြီး ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ တိုက်တွန်းချင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်က ပြည်တွင်းစစ်အနေဖြင့်မဟုတ်ဘဲ နိုင်ငံအချင်းချင်းကြားတွင်ဖြစ်နေသကဲ့သို့ တိုက် ခိုက်နေပြီး အင်းအားအလွန်အကျွံသုံးစွဲသည့်အတွက် စစ်တမ်းများအရ ပြည်သူလူထုသေဆုံးမှုမှာ ယူက ရိန်းပြည်သူများသေဆုံးမှုနှင့် ကိန်းဂဏန်းမကွာကြောင်း ဆိုသည်။
ယခုအခါ ချင်းပြည်နယ်တွင် တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲ၌ ချင်းကာကွယ်ရေး တပ်ဖွဲ့များခုခံနိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်ရန် အခက်အခဲများရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို အဓိကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသဖြင့် လေကြောင်းရန်မှ ကာကွယ်ရန် ဗုံးခိုကျင်းများ အဆင်သင့်ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့မလုပ်ဆောင်ပါက ချင်း လူမျိုးသေဆုံးမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဆလိုင်းဗန်ဆွီးစံက သုံးသပ်ပြောဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်ပြည်နယ်
#ချင်းရေးရာအဖွဲ့ချုပ်
#မတရားသတ်ဖြတ်ခံရမှု
#စံချိန်တင်

😢15👍9😁2