Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်း
===============

လင်းသူရိန်/ရုပ်သံ (မဇ္ဈိမ)။ ။ ပြည်သူ့ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ရက်နေ့မှာ သမဂ္ဂရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။

CDMဝန်ထမ်းများနဲ့ အတူရပ်တည်ဆောင်ရွက်ဖို့အပြင် နိုင်ငံရေးရည်မှန်းချက်တွေနဲ့ သမဂ္ဂကိုဖွဲ့စည်းတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်လင်းထွန်းက မဇ္ဈိမကိုပြောပါတယ်။

"ကျနော်တို့လုပ်ငန်းစဉ်ကတော့ ကျစ်လျစ်ခိုင်မာပြီးအားကောင်းတဲ့ သမဂ္ဂတစ်ရပ်တည်ဆောက်မယ်။ ပြီးတဲ့ အခါမှ စစ်သုံးစစ်ဆန့်ကျင်ရေး သဘောထားရှိကြတဲ့ ရည်ရွယ်ချက်တူတဲ့ သမဂ္ဂအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်မယ်။ CDM  ဝန်ထမ်းများကို တတ်အားသရွေ့ရပ်တည်ပံ့ပိုးဖို့ ရည်ရွယ်ချက်တွေရှိပါတယ်" လို့ သူက ပြောပါတယ်။

သမဂ္ဂကို ၂၀၂၂ခုနှစ် ဩဂုတ်လက စတင်တည်ထောင်ခဲ့ပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေအပြင် ဖွဲ့စည်းပုံ ရေးဆွဲရေးတွေ ဆောင်ရွက်နေရတဲ့အတွက် ယခုချိန်တွင်မှ ပြည်သူလူထုကို အသိပေးရခြင်းဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

https://youtu.be/j-6TwHGZ1fQ

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ
#CDM
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁3👎1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်း တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လူထုသပိတ်လှုပ်ရှားမှုကို “ 7 July စိတ်ဓာတ်ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာတန်းကိုင်ဆောင်၍ ချီတက်ခဲ့ကြပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ခဲ့ကြသည်။

website link >>> http://www.mizzimaburmese.com/article/130608

#တနင်္သာရီတိုင်း
#DDMSC
#လောင်းလုံးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍17🥰2😁2👎1
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (ဇူလိုင်လ ဒုတိယပတ်၊၂၀၂၃ ခုနှစ်)
===================

မင်္ဂလာပါရှင်။ ကယား (ကရင်နီ) ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ဘေးရှောင် တွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။ အသစ်တွေတိုးလာသလို အဟောင်းတွေလည်း နေရပ်ကို မပြန်နိုင်ကြသေးပါ ဘူး။ ဒီလို မပြန်နိုင်ကြသေးတဲ့ စစ်ရှောင်တွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ နေရာတွေ စစ်ရှောင်နေရပါတယ်။ အဲ့ဒီထဲက ထိုင်း-မြန်မာနယ်စပ်က ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင်စခန်းမှာ စစ် ရှောင် ၅၀၀၀ ကျော်ရှိနေပြီး အခုဆိုရင် ရိက္ခာ ပြတ်လပ်မှုရှိနေတယ်လို့ စစ်ဘေး ရှောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကို ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးသွားပါ့မယ်ရှင့်....

https://youtu.be/YvAjJ7Ty2r8

#ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ်
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢5🔥1
​​တရုတ်အစိုးရက မိမိကို တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း ဒလိုင်းလားမားပြောကြား
==================

တရုတ်အစိုးရသည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည် သဘောပေါက်လာသောကြောင့် မိမိအား ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားသည်။ 

တရုတ်အစိုးရက ဒလိုင်းလားမားနှင့် တွေ့ဆုံဆွေးနွေး လိုကြောင်းနှင့် တိဗက်သည် လွတ်လပ်ရေးကို မတောင်းဆို ကြောင်း ဒလိုင်းလားမားက သူ ၈၈ နှစ်မြောက် မွေးနေ့ကို ကျင်းပပြီး ၂ ရက်အကြာတွင် ပြောကြားလိုက်သည်။

တရုတ်သည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည်သဘောပေါက်လာကြောင်းနှင့် ၎င်းအနေဖြင့် တရုတ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် အမြဲတမ်း လမ်းဖွင့်ထားကြောင်း အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ် ဒရမ်ရှလာ တွင် သတင်းထောက်များအား ဒလိုင်းလားမားက ပြောကြားခဲ့သည်။
👍10🥴1
​​ကရင်နီရှေ့တန်းမှ ပြန်လာသည့် စစ်သားများတွင် ရွှေနှင့်ငွေအများအပြားပါလာ၊ နေအိမ်ဖောက်ထွင်းခံရဟု ကရင်နီဒေသခံများပြော
======================

ရွှေနွယ်၊ ဂျူချန်း
ကရင်နီပြည်ရှေ့တန်းမှ မင်းလှမြို့အခြေစိုက် ခလရ (၁) တပ်သို့ ပြီးခဲ့သည့်သတင်းပတ်အတွင်းက ပြန်လာသော သုံးပွင့်ဗိုလ်ကြီးတိုးလှိုင်မြင့်နှင့် တပ်ကြပ်တင်ဇော်မိုးတို့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေကြေး အများအပြားပါလာသည်ဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ကရင်နီရှေ့တန်းတွင် တာဝန်ကျနေသော တပ်ကြပ်ကြီး ကြည်ခိုင်၊ တပ်ကြပ်ကြီး ရဲဝင်း နှင့် တပ်ကြပ် သန်းထိုက်တို့က လူကြုံ ထည့်ပေးလိုက်သည့် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

"ကရင်နီကပြန်လာတာ ပါလာတာအများကြီး သိန်းရာဂဏန်းတောင်ရှိမလားမသိ။ သူတို့က ရောက်တဲ့အရပ်မှာအကုန်ယူတယ်။ ရွှေရရွှေ ငွေရငွေ နောက်ဆုံး စောင်နဲ့ထမီတောင် သစ်ရင်သယ်ပါတယ်ဆို။ ပြီးခဲ့တဲ့အခေါက်ကလည်း အဲ့လိုပဲပါလာသေးတယ် ရွှေအစစ်ထင်ပြီး မင်းလှမြို့ပေါ်တက်ရောင်းတာမှာ ရွှေတွေက ရွှေရည်စိမ်အတုတွေဖြစ်နေလို့။ သူတို့က ဟိုးအရင် ၂၀၀၇(ရွှေဝါရောင်သံဃာ့အရေးအခင်းဖြစ်ပွားသည့်နှစ်) တုန်းကလည်း ရန်ကုန်တာဝန်ကျက အပြန် ဘုန်းကြီးကျောင်းတွေက ပစ္စည်းတွေယူလာတာ ဆွမ်းချိုင့်တွေက အစပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်မှပြောသည်။

တပ်ကြပ်တင်ဇော်မိုးမှာ ကားမောင်းရန်ရှိသည့်အတွက် လူအပြောင်းအလဲလုပ်ခြင်းဖြစ်ကာ သုံးပွင့်ဗိုလ်ကြီးတိုးလှိုင်မြင့်မှာ ထွက်ခွင့်တင်ထားသည်မှာ ကြာပြီဖြစ်သည့်အတွက် နောက်တန်းသို့ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁) သည် အင်းမမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် တပ်မ(၆၆) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး အဆိုပါ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် စစ်အာဏာသိမ်းပြီးစ၂၀၂၁ ခုနှစ်မှစကာ ကရင်နီဒေသတွင် တာဝန်ကျနေကြခြင်းဖြစ်သည်။

"ကရင်နီမှာ တပ်မ ၆၆ က ရှိနေတာကြာပြီ။ ဒီကအခြေစိုက်တပ်တွေနဲ့ ရောနေတာ။ ဒီးမော့ဆိုမှာဆိုရင် မြို့ပေါ်မှာလူတွေ တစ်ယောက်မှ မရှိကြတော့ဘူး စစ်ကောင်စီက မြို့အတွင်းမှာနေရာယူထားတာ တစ်နှစ်ကျော်ပြီ။ သူတို့နေရာယူထားပြီးတဲ့နောက်မှာ PDF တွေဘက်က ဒရုန်းနဲ့ကင်းထောက်ကြည့်တာမှာ ပြည်သူပိုင်အိမ်တွေထဲက ဗီဒိုတွေဘာတွေစစ်သွားတာတွေမြင်ရတယ်” ဟု ဒီးမော့ဆိုဒေသခံက မဇ္ဈိမကိုပြောသည်။

အလားတူ ရွာသစ်မြို့၊ ဖရူဆိုမြို့နှင့် ဖားဆောင်းမြို့နှင့် အခြားမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်၍ စစ်ရေးတင်းမာနေသောကြောင့် ပြည်သူများတိမ်းရှောင်နေရချိန်တွင် စစ်ကောင်စီက နေအိမ်များကို ဖောက်ထွင်းသည်ဟု ကရင်နီဒေသခံများက ပြောသည်။

"ဖရူဆိုမှာလည်း အရင်က ဖြစ်တာပေါ့။ အဖောက်ခံရတဲ့အိမ်တွေ ရေတောင် မရေနိုင်ဘူး။ တချို့လည်း နှစ်ချီပြီးအိမ်မပြန်ကြရတော့ ဘာတွေပျောက်လို့ ပျောက်မှန်းတောင် မသိရဘူး။ စစ်ကောင်စီတပ်သားတွေ ယူသွားကြတယ်" ဟု ဖရူဆိုမြို့ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်းက ဒီးမော့ဆို PDF ထံသို့ထွက်ပြေးလာသော ခမရ(၄၂၈)တပ်မှ စစ်ကောင်စီတပ်သားမျိုးဝင်းက "သူတို့က တွေ့တဲ့ပစ္စည်းတွေဆို ယူလာတယ် ။ ပြီးရင်သူတို့ခွဲယူကြတယ်။ ကျွန်တော့်ကိုကျတော့ သူတို့မလိုချင်တာမှ ပေးတယ်။ ကျွန်တော်က ယူမလာပါဘူး။ တပ်ထဲမှာ မူးယစ်ဆေးဝါးတွေလည်း သုံးကြတယ်" ဟု ဝန်ခံဖြေဆိုထားသည်ကို တွေ့ရသည်။

ကရင်နီပြည်တွင်သာမက စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်ကဲ့သို့သော စစ်ရေး ပြင်းထန်သည့် ဒေသများတွင်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အခါ ပြည်သူပိုင်နေအိမ်များအတွင်းမှ ရွှေ၊ ငွေ ၊အိမ်သုံးပစ္စည်းနှင့် ကျွဲနွားတိရိစ္ဆာန်များပါ ယူဆောင်သွားလေ့ရှိသည်ဟု သတင်းမီဒီယာများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များတွင် မကြာခဏမြင်တွေ့ရလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းကလည်း တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်တွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများတွင် ပြည်သူ့ထံမှ ခိုးယူ၊ လုယက်ထားသော ရွှေငွေ ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နေအိမ်ဖောက်ထွင်းခံရ
#ကရင်နီပြည်
ခလရ၁ တပ်မှာစစ်ကောင်စီတပ်သားများ(ပုံဟောင်း)
၂၀၂၁ခု နှစ်အတွင်းက ဒီးမော့ဆိုမြို့ငွေတောင်ကျေးရွာရှိပြည်သူပိုင်နေအိမ်နှင့်ဆိုင်ခန်းများဖောက်ထွင်းခံထားရသည့်ပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
🤬18👍13🤮3❤1🔥1
“မိုခါအပြီး အမိုးအကာအောက်ကို မရောက်နိုင်ကြသေးတဲ့ ရခိုင်ဒေသခံတွေ”
==================

မိုခါအလွန် ရခိုင်ဒေသအခြေအနေတွေကို နားဆင်ကြရပါမယ်။
နားဆင်ကြရမှာကတော့ “မိုခါအပြီး အမိုးအကာအောက်ကို မရောက်နိုင်ကြသေးတဲ့ ရခိုင်ဒေသခံတွေ” အကြောင်း ဖြစ်ပါတယ်။

https://youtu.be/YJgHCpMOqxw

#postmocha
#Mizzima
#Rakhine
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢12👍2🔥2
This media is not supported in your browser
VIEW IN TELEGRAM
လိုင်ဇာမြို့တွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်နေပြီဖြစ်ကြောင်း ဗီဒီယိုအဟောင်းဖြင့် သတင်းတုဖြန့်

သတင်းအပြည့်အစုံဖတ်ရန် --- https://buff.ly/44U8yNZ

#Misinformation_Buster #Fake_News #Shorts #Reels #KIA #KIO #လိုင်ဇာ
😁12🥴3🍌1
This media is not supported in your browser
VIEW IN TELEGRAM
ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်သည်ဆိုသော သတင်းအမှား

သတင်းအပြည့်အစုံဖတ်ရန် --https://www.mizzimaburmese.com/article/130563

#Misinformation_Buster #Fake_News #Shorts #Reels #France #မီးလောင်
👍9😁4
ရန်ကုန် PDF တပ်ရင်း(၅၁၀၁)၏ စစ်ဆင်ရေးတာဝန်ခံ ကိုဒေဝနှင့် တွေ့ဆုံမေးမြန်းချက်
====================

ဂန္ဒမာ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းစစ်ဒေသခွဲ ဌာနချုပ်မှ ရန်ကုန် PDF တပ်ရင်း (၅၁၀၁)ကိုဖွဲ့စည်းကာ မြို့ပြစစ်ဆင်ရေးများကို စီစဉ်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ ဌာနချုပ်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း (၅၁၀၁) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။

ယခင်က ရန်ကုန်တွင် မြို့ပြပြောက်ကျား လှုပ်ရှားမှုသာ ရှိသော်လည်း ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မြို့ပြတွင် PDF များ၏ စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်တော့မည်ဟု ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံကပြောသည်။

တပ်ရင်း ၅၁၀၁ ပေါ်ပေါက်လာပုံနှင့်မြို့ပြလှုပ်ရှားမှုများဖော်ဆောင်မည့်အကြောင်းအား ရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံ ကိုဒေဝ နှင့် တွေ့ဆုံမေးမြန်းထားသည်။

https://youtu.be/Ex-zLFFMMhA

ရိုက်ကူး - ဂန္ဒမာ
တည်းဖြတ် - ဂျူချမ်း

#ရန်ကုန်တိုင်း
#PDF
#NUG
#မြို့ပြစစ်ဆင်ရေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25😁2
This media is not supported in your browser
VIEW IN TELEGRAM
လယ်ကူစိုက်ပေးနေသည့် PDF များ၏ ပုံကိုအသုံးပြုပြီး ပိုင်ရှင်ကိုသတ်ကာ လယ်မြေအတင်းအဓမ္မယူဟု သတင်းမှားဖြန့်

သတင်းအပြည့်အစုံဖတ်ရန် --https://www.mizzimaburmese.com/article/130507

#Misinformation_Buster #Fake_News #Shorts #Reels #PDF #Mandalay
👍15😁9❤1🤔1
ဇူလိုင်လ (၁၀) ရက်၊ တနင်္လာနေ့မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့

လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့သတင်းနဲ့အတူ

ကြာအင်းဆိပ်ကြီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံကို အမေရိကန်ထုတ် ရှေ့ထွက်မိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က သိန်းပေါင်း ၁၅,၀၀၀ ကျော် ဆုံးရှုံးသွားတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် ထုတ်လွှင့်သွားမယ့် အစီအစဉ်သစ် တစ်ခုဖြစ်တဲ့ Post Mocha အစီအစဉ်ကို နားဆင်ကြရမှာပါ။

ဒီအစီအစဉ်မှာတော့ မိုခါအလွန် ရခိုင်ဒေသအခြေအနေတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါရှင်။

https://youtu.be/bfLwdo5sjY0

#Morningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁2❤1
Rembrandt လက်ရာ ရာသက်ပန်သိမ်းထားနိုင်အောင် | VOA On Mizzima
======================

၁၇ ရာစုခေတ် Netherlands ကပန်းချီအကျော်အမော်ကြီး Rembrandt ရဲ့ ပုံတွေကို ကိုယ်နဲ့မကွာ စုဆောင်းထားနိုင်ဖို့ Rembrandt House ပြတိုက်က ထူးခြားတဲ့ အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ Amsterdam မြို့က နာမည်ကြီးတက်တူးပညာရှင်တွေနဲ့ ပန်းချီပုံတွေကို တက်တူးထိုးနိုင်အောင် လုပ်ခဲ့တာပါ။ ဈေးကြီးကြီးမပေးရဘဲ Rembrandt လက်ရာတွေပိုင်ဆိုင်နိုင်အောင်လုပ်ပေးတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

https://youtu.be/LbNwWDKLQIs

#မဇ္ဈိမအတွက်ဗွီအိုအေ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1😁1
ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်
=====================

https://youtu.be/k-I2IOCREm4

#InternationalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢7👍4🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

ပါရီမြို့က ရှေးဟောင်းရုပ်တု ပုံတူလုပ်ငန်းအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇူလိုင်လ ၁၀ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/S0PZHqA266g

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2
အိန္ဒိယနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၇ ဦးသေဆုံး
===================

https://youtu.be/KE6PY_bYkFs

#InternationalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2