Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် ရွာပေါင်းစုံသပိတ်
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများက စုပေါင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၁၆ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဆိုသည့် စာတန်းကို ကိုင်စွဲ ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်ကြောင်သိရသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း (၈၄၆) ရက်အဖြစ် သွေးမအေးသည့် ရွှေနွယ်သွေး သပိတ် စစ်ကြောင်းနှင့် ပူးပေါင်းချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2
Media is too big
VIEW IN TELEGRAM
လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း​| ကျန်းမာသုတ လူမှုဘဝ Episode - 25

https://youtu.be/sRPiJr8GXGg

#SexuallyTransmittedDiseases #Stds #reels #Shorts #Mizzima
👍6😁1
ရေဖြူမြို့ တွင် ၂ ရက် အတွင်း အမျိုးသမီး ၄ ဦး အပါအဝင် ဒေသခံ ၁၀ ဦး‌‌ဝန်းကျင် ဖမ်းဆီးခံရ
😢7🔥2😁2🤬2
ရေဖြူမြို့ တွင် ၂ ရက် အတွင်း အမျိုးသမီး ၄ ဦး အပါအဝင် ဒေသခံ ၁၀ ဦး‌‌ဝန်းကျင် ဖမ်းဆီးခံရ
========================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း အမျိုးသမီး လေးဦး အပါအဝင် ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကံပေါက်ဒေသတွင် ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံရသူများထဲတွင် ကုန်စုံဆိုင် ပိုင်ရှင် မိသားစုဝင်များ အပြင် ဆိုင်ဝန်ထမ်းများလည်း ပါဝင်သည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရ သည်။

လုံခြုံရေး အရ အမည်မဖော်လိုသော ဒေသခံ တစ်ဦးက"နှစ် ရက် အတွင်း ဆိုင်တွေမှာ လာဖမ်းသွားတာပါ။ ဖမ်းခံရတဲ့ အထဲမှာ အမျိုးသား၊ အမျိုးသမီးတွေရော ပါတယ်။ စစ်ဆေး စရာ ရှိလို့ ဆိုပြီး လာဖမ်းသွားတာ ဖြစ်တယ်"ဟု ပြောသည်။

ကံပေါက်ဒေသတွင် ဇူလိုင်လ ၅ ရက်နေ့က သစ်တောရုံး လမ်းဆုံတွင် မိုင်း တစ်လုံး တွေ့ရှိဟု ဆိုကာ မောရ၀တီ ရေတပ်မှ စစ်ကောင်စီ တပ်သားများက လာရောက် စစ်ဆေးပြီး နောက် ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် မအေးအေးသူ နှင့် သီရိမင်္ဂလာ ရပ်ကွက်နေ အသက် ၃၂ အရွယ် မသဇင်လွင်၊ မဂ္ဂင်ရပ်ကွက်ရှိ ကံပေါက်ဈေး ကုန်စုံဆိုင်မှ ကုန်စုံဆိုင်ပိုင်ရှိ ဒေါ်စန်းမြင့် (ခ) ဒေါ်ဒီးဒုတ်၊ ဒေါ်မီးချို (ခ) ဒေါ်ချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော်နှ င့် ဆိုင်ဝန်ထမ်း နှစ်ဦး ဖြစ်သော ကိုမင်းသူအောင်နှင့် ကိုကျန်ကျောင်းတို့ ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် မဇ္ဈိမက ဖမ်းဆီးခံရသူ ၈ ဦး၏ နာမည်စာရင်းများကို ရရှိထားပြီး ကျန်သူများ၏ နာမည်ကို စုံစမ်းနေဆဲဖြစ်သည်။
"နာမည် အတိအကျနဲ့ လာပြီးကို ဖမ်းသွားတာ၊ ရောက်လာတာနဲ့ စစ်ကောင်စီတပ်သားတွေ သူတို့ရဲ့ ဆိုင်ရှေ့မှာ နားလိုက်တာပဲ။ ပြီးတာနဲ့ ဆိုင်ထဲဝင် စစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်"လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြော သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လုံခြုံရေး အကြောင်းပြကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုနေပြီး ထပ်မံ ဖမ်းဆီးခံနေရသူများလည်း ရှိနေနိုင်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရေဖြူမြို့
#ဒေသခံ ၉ ဦး‌‌ ကျော် ဖမ်းဆီးခံရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍3😁2🔥1
လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း​| ကျန်းမာသုတ လူမှုဘဝ Episode - 25
========================

လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် ကာကွယ်တာဟာ ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝနဲ့ မျိုးဆက်ပွား ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။

ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေက ဘာတွေလဲ။
ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတာနဲ့ ကာကွယ်ရမယ့်နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/sRPiJr8GXGg

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#လိင်ကတစ်ဆင့်ကူးစက်သောရောဂါများ
#SexuallyTransmittedDiseases
#Stds
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
​​မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် - https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey
#mizzimaudiencesurvey
👍11👎3
Media is too big
VIEW IN TELEGRAM
“ပဋိပက္ခ၊ သင့်မြတ်ရေးနှင့် လူထုသတင်းသိပိုင်ခွင့်” _ Editors’ Talk Episode-17

https://youtu.be/jZFKBnXE-8Y

#စကားဝိုင်း #reels #shorts #EditorTalk #Mizzima
👍5🔥2❤1
ဇူလိုင်လ( ၁၆ )ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=============================

ဒီကနေ့ညအစီအစဥ်မှာ နားဆင်ရမှာတွေကတော့ ...

စစ်ကောင်စီတပ်က ကား ၆၅ စီးနဲ့ ဧရာဝတီတိုင်းအတွင်းမှာ ပေါ်ဆန်းစပါးတွေလိုက်လံဝယ်ယူခဲ့တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင်လ ၁၆ ရက်မှာ ကျေးရွာ ၁၂ ရွာက အရပ်သားရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရမှာ ဖြစ်သလို တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကျ အပတ်စဉ်အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/1A2ke4FhQnQ

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဇူလိုင် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန (မွန်ပြည် နယ်၊တနင်္သာရီတိုင်း) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့သည်။

• ဒီပဲယင်းတွင် ဖဲစုရိုက်နေသည့် ရန်သူ့တပ်သားများ ကို PDFက ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ရေးဦးက အကြမ်း ဖက်စစ်တပ်ကိုလည်း Fix Wings နဲ့ ဗုံးသီးချတိုက်ခိုက်မှု ရန်သူ့တပ်သား ၆ဦးဒဏ်ရာ ရခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်သည်။
•
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၄ ရက်မှာ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

• စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများးရှိကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ က ဇူလိုင်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

• ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်း မှန်ပြန်ကြား ရေး အဖွဲ့ထံမှ သိရသည်။
•
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီထံမှ သိရသည်။

• ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများ အပြား ပါသွားကြောင်း ဒေသခံတဦးကပြောသည်။

• မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ် တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက် အ၀န်း ထံက သိရသည်။

• တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာကို ဇူလိုင်လ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖမ်းဆီးနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍16😁2
​​ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်ရှေ့ ပစ်သတ်ခံရ
================

007
(မဇ္စျိမ) ။ ။ မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်တွင် ယင်းမာပင်ခရိုင် ပညာရေးမှူးဒေါ်သီတာချိုသည် ဇူလိုင်လ ၁၄ရက်က ၎င်း၏ အိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

ဒေါ်သီတာချိုသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်သော်လည်း ၎င်း၏လုံခြုံရေး စိတ်မချသဖြင့် မုံရွာမြို့ အင်းရွာသစ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ခေတ္တလာရောက်နေထိုင်စဉ် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ ကျောင်းကနေ အိမ်ပြန်အလာ အိမ်ပေါက်၀အရောက်မှာ အပစ်ခံလိုက်ရတယ်။ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာပါ၊ တစ်ချက်တည်းနဲ့ နေရာမှာ တင်သေတယ်” ဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဒေါ်သီတာချိုတွင် လည်ပင်းဖောက်၀င်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် သတင်းများအရ သိရသည်။
လုပ်ဆောင်ခဲ့ကြောင်း ကြေညာသည့် အဖွဲ့အစည်းမရှိသေးသော်လည်း PDF လက်ချက်ဖြစ်သည်ဟု ၎င်းသတင်းများက ဆိုသည်။

“တာ၀န်ကျတဲ့နေရာမှာ မနေရဲလို့ မုံရွာကသူ့အိမ်မှာပြန်နေနေတာသိပ်မကြာသေးဘူး။ ယာယီရုံးခန်းလုပ်ထားတဲ့ မုံရွာအထက(၃)ကျောင်းကိုနေ့စဉ် အသွားအလာလုပ်တယ်။ အဲဒီနေ့က ကျောင်းကအပြန်မှာ အိမ်ပေါက်ဝရောက်ရုံလေးရှိသေးတယ် အပစ်ခံလိုက်ရတာပါ” ဟု ဒေသခံတစ်ဦးကပြော သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေး၀န်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ကြသော်လည်း ထိုအထဲတွင် ပညာရေးမှူးများပါ၀င်မှုမရှိသလောက်နည်းခဲ့သည်။

၎င်းတို့ကို CDM တွင်ပါ၀င်ကြရန် ပြည်သူနှင့်တော်လှန်ရေးအင်အားစုများက တိုက်တွန်းတောင်းဆိုခဲ့သော်လည်း CDM မလုပ်သည့်အပြင် CDM ပညာရေး၀န်ထမ်းများကိုပါ ဖိနှိပ်ခြိမ်းခြောက်ခြင်းများပြုလုပ်လာသဖြင့်ဒေသတချို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ပညာရေးမှူးများ သတ်ဖြတ်ခံရသည့်ဖြစ် စဉ်များပေါ်ပေါက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင် မြို့နယ်ဒုတိယပညာရေးမှူးဦးအေးထွန်းဆိုသူ သတ်ဖြတ်ခံရပြီးနောက် ယမန်နှစ်က မကွေးတိုင်းအတွင်း ပခုက္ကူနှင့်နတ်မောက်မြို့တို့မှပညာရေးမှူးနှစ်ဦး အလားတူသတ်ဖြတ်ခံခဲ့ရသည်။
ထို့အပြင် အောက်တိုဘာလ ၂ ရက်နေ့တွင်၊ ရခိုင်ပြည်နယ် မောင်တောခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်းဆိုသူ ဓားထိုးအသတ်ခံခဲ့ရပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင်လည်း ချင်းပြည်နယ် မတူပီမြို့ကမြို့နယ်ပညာရေးမှူးဦးတင်လွေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယင်းမာပင်ခရိုင် ပညာရေးမှူး
#မုံရွာမြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1🔥1🤬1
“ပဋိပက္ခ၊ သင့်မြတ်ရေးနှင့် လူထုသတင်းသိပိုင်ခွင့်” | Editors’ Talk Episode-17
====================

မြန်မာလူထုအနေနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အဖြစ်မှန်အတိုင်း သိခွင့်ရနေကြပါရဲ့လား၊ လူထုရဲ့ သတင်းသိပိုင်ခွင့် ဘယ်လောက်ထိ ခိုင်မာ အားကောင်းနေပါသလဲ၊ ပဋိပက္ခလျှော့ချနိုင်ဖို့၊ လူမှုအဝန်းအဝိုင်း တခုနဲ့တခုကြား သင့်မြတ်ေစေဖို့ စတာတွေမှာ လူထုရဲ့ သတင်းသိပိုင်ခွင့်က ဘယ်လောက်ထိ အရေးကြီးပါသလဲ၊ လူထု သတင်းသိပိုင်ခွင့် လျော့နည်း ထိခိုက်လာတဲ့အခါ ဘယ်လို အကျိုးဆက်တွေ ဖြစ်စေပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညို၊ မဇ္ဈိမမီဒီယာရဲ့ မန်းနေးဂျင်း အယ်ဒီတာ ဦးစိန်ဝင်းတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/jZFKBnXE-8Y
👍8🔥2❤1👏1
​​စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အဖွဲ့ ၅၀ ကျော်ဖြင့် ကူညီပေးရေး လုပ်ငန်းများ စတင်လုပ်ဆောင်
===================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေးများဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းပြည်သူဖေမကူကွန်ရက် ကို အဖွဲ့ ဝင် အဖွဲ့အစည်း ၅၀ ကျော်ဖြင့် ဆောင်ရွက်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ ဝင် ကိုလွမ်းသူက ပြောသည်။

၎င်းက “ အဖွဲ့ဝင် အဖွဲ့အစည်း ၅၀ လောက်ပဲရှိပါသေးတယ် ။ ဆက်ပြီးတော့လည်း ဒေသအလိုက်ထပ်ပြီး ချိတ်ဆက်မယ့် အဖွဲ့အစည်းတွေလည်းရှိပါတယ်။ အဖွဲ့ ဝင်အဖွဲ့အစည်းတွေက နဂိုကတည်းကလည်း မြေပြင်မှာ စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ကွန်ရက်အနေနဲ့လည်း မီးဘေးသင့် စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေ စတင်နေပြီလို့ ပြောလို့ ရပါတယ်” ဟုပြော သည်။

စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကို လွှမ်းခြုံနိုင်သည့် ကွန်ရက်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု နည်းနေသေးသည့်အတွက် ပိုမို ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုလွှမ်းသူက ဆိုသည်။

“တစ်တိုင်းလုံးကို လွှမ်းခြုံနိုင်တဲ့ စစ်ရှောင်ကူကယ်လုပ်ငန်းတွေကို ကွန်ရက်အနေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ နောက်ပြီး တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ချိတ်ဆက်ပြီးတော့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာ ပိုမိုစနစ်ကျဖို့ အတွက်လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ် “ ဟု ကိုလွမ်းသူက ပြောသည်။

မြို့နယ်အလိုက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို စုစည်းကာကူညီကယ်ဆယ်ရေးများကို စနစ်တကျ နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရန် ကွန်ရက်ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
“ အဖွဲ့အစည်းတွေကို ချုပ်ကိုင်ဖို့ မဟုတ်ဘဲနဲ့ အဖွဲ့အစည်းတွေကြားမှာ ရှိတဲ့ အခက်အခဲတွေ ဖြေရှင်း ဆောင်ရွက်တဲ့နေရာမှာ အပြန်အလှန်ကူညီပြီးတော့ လူထုအတွက် ပိုမိုထိရောက်တဲ့ စစ်ရှောင်ကူကယ် လုပ်ငန်းတွေကို လုပ်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ကိုလွမ်းသူက ပြောသည်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို စစ်ကိုင်းဖိုရမ် အစည်းအဝေးဆုံဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်ရက်အနေဖြင့် အဖွဲ့ဝင် အဖွဲ့အစည်းအသစ်များကို ဖိတ်ခေါ်နေသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#စစ်ဘေးရှောင် ကယ်ဆယ်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤4🔥2
ရွှေကျင်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ
😢9😁2🔥1
ရွှေကျင်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နှစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၄,၁၁၇ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ကျေးရွာ ကိုးရွာနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

"လက်နက်ကြီးနဲ့ပစ်တာက ပစ်နေတာပဲ။ ထွက်ပြေးတိမ်းရှောင်တာက ရွာလုံးကျွတ်တော့ မဟုတ်ဘူး။ တချို့လူတွေက နေခဲ့ကြတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ရွှေကျင်မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ရင်း (၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နှစ်ပတ်တာအတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၀)နှင့် ခြေလျင်တပ်ရင်း ခလရ (၂၆၄) တို့မှ စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးမှုကြောင့် ရွှေကျင်မြို့နယ်တွင် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရထားပြီး ဒေသခံနေအိမ်သုံးလုံး ပျက်စီးခဲ့ကာ ဒေသခံသုံးဦး ဖမ်းဆီးခံထားရကြောင်း ဆိုသည်။

" အဖမ်းခံထားရတာက ပျဉ်ရေအရှေ့ဘက်ကမ်းရွာက အုပ်ချုပ်ရေးမှူးလင်မယား၊ သူ့ကို စစ်ကောင်စီကပဲ အုပ်ချုပ်ရေးမှူး ခန့်ထားတာပဲ။ ညောင်လေးပင်ကနေ ပြန်လာရင်း ဖမ်းခံလိုက်ရတာ။ နောက်တစ်ယောက်ကတော့ ရွာသားပဲဗျ။ နာမည်တော့ မသိဘူး" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် ဒေသခံများ ဝယ်ယူလာသည့် ရိက္ခာပစ္စည်းများအား သိမ်းဆည်းမှုများပြုလုပ်နေပြီး ဆန်နှင့် ဓါတ်ဆီအား ရွှေကျင်မြို့နယ်အတွင်းသို့ လုံးဝသယ်ယူခွင့်မပြုကြောင်းလည်း ဖော်ပြထားသည်။

ရွှေကျင်မြို့နယ် ပျဉ်ရေကျေးရွာ၊ ဝိုင်ကျွန်းကျေးရွာ၊ သိုက်တူးကုန်းကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စုကျေးရွာ၊ သက်ကယ်ကုန်းကျေးရွာ၊ အင်္ဂနီကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် စံဖဲကျေးရွာ စသည့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း မုန်းမြို့နယ်၌ စစ်ကောင်စီတပ်​၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံ ၃,၃၃၅ ဦးထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က KNU ဗဟိုက ထုတ်ပြန်ထားသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေသခံ ၁၅,၀၀၀ နီးပါး
#ထွက်ပြေးတိမ်းရှောင်
#ရွှေကျင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🔥1🥰1
​​ဆောမြို့နယ် ရင်းကဲတိုက်ပွဲအတွင်း ပြည်သူ ၂ဦး အပါအဝင် နှစ်ဖက် အကျ အဆုံးရှိ ဟုဆို
======================

ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ ဆောမြို့နယ် ရင်းကဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်အကျအဆုံး ရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ကန်ပက်လက်မြို့နယ်) သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ် ကန်ပက်လက်နယ်စပ် ရင်းကဲရွာအနီးတွင် တင့်ကား နှစ်စီးအပါအဝင် စစ်ကောင်စီယာဉ် အစီး ၂၀ကျော်နှင့် အင်အား ၃၀၀ခန့်ပါသော စစ်ကြောင်းနှင့် ယောနယ်အခြေစိုက်နှင့်ချင်းကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့ကြား ဇူလိုင်လ ၁၅ရက်နေ့ နံနက် ၄နာရီတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ဒေသခံထဲက မိန်းကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်သေတယ်။ PDF ကငါးယောက်ကျတယ် ။ စစ်ကောင်စီဘက်ကလည်း သေတာများတယ်။ အရေအတွက်တော့ မသိရဘူး” ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

လေးနာရီကျော်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိန်းကလေး (အသက်၁၃နှစ်) တစ်ဦး နှင့် အမျိုးသား (အသက်၅၀) တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက် ငါးဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်ကလည်း အကျဆုံးများကြောင်းသိရသည်။

အကျအဆုံးများသည့်စစ်ကောင်စီတပ်သည် အိမ်ခြေ ၃၅၀ခန့်ရှိသော ရင်းကဲကျေးရွာ သို့ဝင်၍ မီးရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ခန့် မီးလောင်ကျွမ်းခဲ့ပြီး လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ကြောင်း ပအဖ အဖွဲ့ဝင်က ဆက်ပြောသည်။

တိမ်းရှောင်ရာမှ ယင်းသို့ မီးလောင်ကျွမ်းခဲ့သည်ကို သိရှိ၍ သွားရောက်ကြည့်ရှုသည့် ဒေသခံ ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လောင်းရှည်မြို့ဘက်သို့ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မကွေးတိုင်း လောင်းရှည် မှ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ကျင်းဒွေးရှိ စစ်အခြေစိုက်စခန်းသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ရန်လာခြင်းဖြစ်ကြောင်းသိရသည်။

မကွေးတိုင်း ၊ ကျောက်ထုဘက်မှ အင်အား ၁၅၀ခန့်နှင့် လောင်းရှည်ဘက်မှ အင်အား ၃၀၀ခန့်ပါသော စစ်ကြောင်းနှစ်ကြောင်းသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေမြို့ ဘက်သို့ စစ်ကြောင်းထိုးလာနိုင်ခြေရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်နိုင်သဖြင့် ယင်းလမ်းကြောင်းပေါ်နှင့် အနီးတဝိုက်နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် စစ်ရေးအခြေအနေကိုသတိပြုနေထိုင်ကြရန်နှင့် ပအဖ နှင့် ကာကွယ်ရေးတပ်ဖွဲ့များ သတိပေး ၊ တားမြစ်ချက်များကို လိုက်နာကြရန် ဇူလိုင်လ ၁၃ရက်နေ့က ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးက သတိပေးထားသည်။

ယနေ့ ဇူလိုင်လ ၁၆ရက်တွင် လောင်းရှည်မြို့ဘက်မှ ချင်းပြည်နယ်ဘက်သို့ဆက်လက် ထွက်ခွာလာနေသည်ကို သတင်းရရှိကြောင်း ပြန်ကြားရေးအဖွဲ့ဝင်ထံက သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရင်းကဲတိုက်ပွဲ
#ဆောမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😢7🔥2😁2👎1