ဇူလိုင်လ (၁၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================
00:59 - ရခိုင်မှာ “မိုခါ”တုံ့ပြန်ရေး အကူအညီတွေကို လက်ရှိအချိန်ထိ စစ်ကောင်စီက ကန့်သတ်ထားတဲ့ သတင်း
04:48 - ဝက်လက်မြို့နယ်က စစ်ရှောင် ၂၀၀ ဖျားနာပြီး အကူအညီလိုအပ်နေတဲ့ သတင်း
07:44 - ဗေဒင်ဆရာ လင်းညို့တာရာ ကို စစ်ကောင်စီ ထပ်မံ ဖမ်းဆီးတဲ့ သတင်းနဲ့
09:04 - ပြင်းထန်တဲ့ရာသီဥတုဒဏ်အပေါ်ကိုင်တွယ်မှုကို အလုံးစုံပြုပြင်ပြောင်းလဲရေး တောင်ကိုရီးယား သမ္မတကတိပြုတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/JPh-b94ve08
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၁၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:59 - ရခိုင်မှာ “မိုခါ”တုံ့ပြန်ရေး အကူအညီတွေကို လက်ရှိအချိန်ထိ စစ်ကောင်စီက ကန့်သတ်ထားတဲ့ သတင်း
04:48 - ဝက်လက်မြို့နယ်က စစ်ရှောင် ၂၀၀ ဖျားနာပြီး အကူအညီလိုအပ်နေတဲ့ သတင်း
07:44 - ဗေဒင်ဆရာ လင်းညို့တာရာ ကို စစ်ကောင်စီ ထပ်မံ ဖမ်းဆီးတဲ့ သတင်းနဲ့
09:04 - ပြ…

👍7🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပြင်းထန်တဲ့ရာသီဥတုဒဏ်အပေါ်ကိုင်တွယ်မှုကို အလုံးစုံပြုပြင်ပြောင်းလဲရေး တောင်ကိုရီးယား သမ္မတကတိပြု
#internationalnews #reels #shorts #Mizzima #SouthKorea

👍4🔥2
China says US climate envoy Kerry talks to 'meet challenges'
==================
https://youtu.be/MWFY8yEa0aM

Beijing says on Monday that the talks with US climate envoy John Kerry will "implement the spirit of the Bali meeting" and the two sides will exchange views on climate issues and work together "to meet challenges".
Beijing also says there is "no problem…
Beijing also says there is "no problem…
🤬3🔥1👏1
မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် BGF စခန်းကုန်းအချို့ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ
=========================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ကရင်နယ်ခြားစောင့် တပ် (BGF) တပ်စခန်းကုန်းအချို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မြဝတီမြို့အနီးရှိ စိမ်းလဲ့မြိုင်ကားဝင်း၊ ကျောက်တောင်ဒေသနှင့် လတ်ခတ်တောင်ဒေသတို့တွင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် တော်လှန်ရေးအင်အားစုများဘက်မှ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
“မနေ့က ည ၈နာရီလောက်မှာ စစ်ကောင်စီရဲ့ အမြောက်ကုန်းတွေကနေ အလုံးကြီးတွေ ဆက်တိုက်ပစ် နေတယ်၊ အခုမနက်ထိကို လက်နက်ကြီး ပစ်နေတာတွေရှိနေတယ်၊ အရင်ရက်တွေက လက်နက်ကြီးပစ် ပေမယ့် အခုလောက် အကြိမ်ရေမများဘူး၊ နေရာသုံးနေရာထက်မနည်း တိုက်ပွဲဖြစ်နေတယ်”ဟု မြေပြင် သတင်းရင်းမြစ်တဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခလရ (၂၇၅) နှင့် သင်္ဃန်းညီနောင် ဗျူဟာကုန်းတို့မှ ၈၁ မမ၊ ၁၂၀ မမနှင့် အတွဲလိုက်ပစ် ၁၂၂ မစ်ဇိုင်းတို့ဖြင့် အကြိမ်ရေ ၁၀၀ နီးပါး ပစ်ခတ် ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဒေသ၊ ကျောက်တောင်ဒေသက စစ်ကောင်စီတပ်စခန်းနှင့် BGF တပ်စခန်းအချို့ကို ယမန်နေ့၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် တုံ့ပြန်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
လက်နက်ကြီးပစ်ခတ်သံများကို မြဝတီမြို့တဘက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှလည်း ကျယ်လောင် စွာကြားနေရပြီး ယခင်နေ့များက ထိုသို့ပြင်းထန်သည့် အသံမျိုးကြားရခြင်းမရှိကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF အင်အား၂၀၀ ခန့်သည် ထီးမယ်ဝါးခီး၊ မယ်ထောသလေးနှင့် မေတ္တာလင်းမြိုင်တို့သို့ ထပ်မံဝင်ရောက်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မြို့တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ PDF နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်အပြင် လက်နက်ကိုင်တပ်ဖွဲ့ အများ အပြား အခြေပြုလှုပ်ရှားရာ နယ်စပ်မြို့ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် အာရှလမ်းမကြီးတလျှောက် တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲများပြင်းထန် နေသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မြဝတီမြို့အနီးရှိ နယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်းနှင့် တပ်စခန်းကုန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုအပြင် ၁၀ ဦးထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မြဝတီမြို့
#တိုက်ပွဲပြင်းထန်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17🔥3🥰2🥱1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်အပေါ်မေးခွန်းထုတ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆော်လမွန်ဝန်ကြီးချုပ် တိုက်ခိုက်ပြောဆို
#internationalnews #reels #shorts #Mizzima #China

😁6👍2❤1🔥1🤬1
လက်နက်ခဲယမ်းနှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်
❤11👍4😁3👏2
လက်နက်ခဲယမ်းနှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်
==========================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ လက်နက်ခဲယမ်းဖြင့် CDM ပြုလုပ် လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန် ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။
၎င်းသည် MA1 သေနတ်တလက်၊ ကျည်အိမ်လေးခုနှင့် ကျည်ဆံ ၁၂၆ တောင့်ကိုယူဆောင်၍ ဇူလိုင်လ ၁၇ ရက်နေ့တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။
“ စစ်တပ်ထဲကို သူ့သဘောအလျောက်နဲ့ ဝင်ရောက်ခဲ့တာမျိုးမဟုတ်ပဲ မိဘကအတင်းအကျပ်ဝင်ခိုင်းတဲ့ အတွက်ဝင်ခဲ့ရပြီး တပ်တွင်းမှာလည်း ဖိနှိပ်မှုနဲ့ အဓမ္မခိုင်းစေမှုတွေရှိလို့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကို သူ့အနေနဲ့လက်မခံနိုင်တော့တဲ့အတွက် အခုလို CDM လုပ်ရတာ” ဟု CDM ဝင်လာသူက ဝန်ခံကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ပြောသည်။
ယင်းစစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်ပြီးနောက် လုံခြုံသည့်နေရာသို့ပို့ဆောင်ပေးခဲ့ပြီး ဇူလိုင်လ အတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသုံးဦးရှိပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆို သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကိုအဓမ္မသိမ်းယူခဲ့သည့်နောက်ပိုင်း CDM Support Team ထံ ဝင်ရောက်ခဲ့သည့် စာရင်းမပါဘဲ CDF – Hakha ထံသို့ စစ်ကောင်စီ လက်အောက်ခံလက်နက်ကိုင် ၃၁ ဦး ဝင်ရောက်ခဲ့ပြီးကြောင်းလည်း သိရသည်။
ယင်း ၃၁ ဦးတွင် ရဲ ၁၁ ဦးနှင့် စစ်သား ၂၀ ဦးဖြစ်ပြီး လက်နက် ၂၁ လက်သယ်ယူလာကြောင်းနှင့် လက်နက် ယူဆောင်လာသူများကို တဦးလျှင် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် လက်နက်ကိုင်များအနေဖြင့် ပြည်သူလူထု ကို ရန်သူအဖြစ်မသတ်မှတ်ကြရန်နှင့် စစ်ကောင်စီတပ်ကသာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိစေလိုသည်ဟု ဆိုသည်။
စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း၍ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် တော်လှန် သွား မည်ဖြစ်ပြီး လက်လျော့ရန်အကြောင်းမရှိကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လတ်တလောတိုက်ပွဲအခြေအနေမှာ ဟာခါးမြို့နယ်အတွင်းရှိ သီးမြစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သား များ ဆက်လက်နေရာယူထားနေပြီး လှုပ်ရှားမှုမရှိသေးကြောင်း သိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#CDM
#ဆုငွေ
#ဟားခါးမြို့နယ်
#CDF
-----------------------

👍11❤6😁3
Media is too big
VIEW IN TELEGRAM
စစ်အာဏာရှင် ဖီဂျီဝန်ကြီးချုပ်ဟောင်းကို အာဏာအလွဲသုံးမှုအတွက် ရုံးတင်စစ်ဆေးမှုစတင်
#internationalnews #reels #shorts #Mizzima

👍12🔥2
China youth unemployment rises to record 21.3% in June
====================
https://youtu.be/__kHHCjq7rk

Unemployment among Chinese youths jumped to a record 21.3 percent in June, the National Bureau of Statistics said on Monday.
Overall urban unemployment remained at 5.2 percent, the NBS said in a statement.
-----------------------------------------
မဇ္ဈိမကို…

🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 18 [ 2 Pm ] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #reels #shorts #mizzimadailynews

👍4🍌2
မြန်မာနှင့် ထိုင်းတွင် လူကြိုက်များသည့် အလှမွေးငါးက သိပ္ပံမျိုးစိတ်သစ် ဖြစ်
========================
ထိုင်းနှင့် မြန်မာနယ်စပ် အတ္တရံမြစ်၏ သေးငယ်သောအပိုင်းတွင် အရေအတွက် နည်းပါးစွာရှိနေသော redtail garas (Gara panitvongi) ငါးအချို့ကို ဖလော်ရီဒါ အမျိုးသားသမိုင်းပြတိုက်မှ ပြတိုက်မှူး လာရီပေ့ချ်၏ ကွင်းဆင်းမှုအတွင်း တွေ့ရှိခဲ့သည်။ ၎င်းငါးများ၏ နေထိုင်ကျက်စားရာ နေရာသည် သီးခြားဆန်ပြီး ရောက်ဖို့ရန် ခက်ခဲသဖြင့် ကမ္ဘာ၌ အလှမွေးငါးအဖြစ် အသိအမှတ်ပြုထားသည့်တိုင် ယင်းငါးများက သဘာဝတောရိုင်းအတွင်း မထင်မရှား ရှိနေသည်။
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ထိုင်းနှင့် မြန်မာနယ်စပ် အတ္တရံမြစ်၏ သေးငယ်သောအပိုင်းတွင် အရေအတွက် နည်းပါးစွာရှိနေသော redtail garas (Gara panitvongi) ငါးအချို့ကို ဖလော်ရီဒါ အမျိုးသားသမိုင်းပြတိုက်မှ ပြတိုက်မှူး လာရီပေ့ချ်၏ ကွင်းဆင်းမှုအတွင်း တွေ့ရှိခဲ့သည်။ ၎င်းငါးများ၏ နေထိုင်ကျက်စားရာ နေရာသည် သီးခြားဆန်ပြီး ရောက်ဖို့ရန် ခက်ခဲသဖြင့် ကမ္ဘာ၌ အလှမွေးငါးအဖြစ် အသိအမှတ်ပြုထားသည့်တိုင် ယင်းငါးများက သဘာဝတောရိုင်းအတွင်း မထင်မရှား ရှိနေသည်။
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာနှင့် သိန္နီမြို့နယ် ကောင်းခမ်း ကျေးရွာကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် သိန္နီမြို့အခြေစိုက် စကခ(၁၆) လက်အောက်ခံ ခလရ(၆၉) တပ်သည် မန်ပြိန်းကျေးရွာနှင့် ကောင်းခမ်းကျေးရွာကြား TNLA တပ်များရှိရာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် နာရီဝက်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျနော်တို့ လှုပ်ရှားတဲ့နားအထိ သူတို့တက်လာတော့ ကျနော်တို့ဘက်က စတိုက်လိုက်တာ။ အထိခိုက် အနည်းအကျဉ်းတော့ရှိမယ်၊ အတိအကျတော့ ကျနော်တို့လည်း မသိပါဘူး” ဟု PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကို ပြောသည်။
ထိုနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃နာရီခွဲခန့်တွင်လည်း ကွတ်ခိုင်မြို့ဘက်မှ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီဘက်သို့ စစ်ကူပေးရန် ဆင်းလာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီးကို TNLA မှ ထပ်မံတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးတွင် စစ်သား ၂၀ဦးခန့် ပါနိုင်ကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
“မန်ပြိန်းနဲ့ ကောင်းခမ်းကြားက ကျနော်တို့ လှုပ်ရှားတဲ့နေရာဖြစ်တယ်။ မနက်တိုက်ပွဲဖြစ်ပြီးတော့ ညနေလောက်ကျတော့ ကွတ်ခိုင်ဘက်ကနေ ယာဉ်တန်းနဲ့လာတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး၊ စစ်ကူပေးမယ့်အနေအထားတော့ ရှိတာပေါ့။ အဲ့ဒီယာဉ်တန်းက စစ်ကူပေးမယ့်ဟာကို ကျနော်တို့ ဖြတ်ပြီးတိုက်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအတွင်းတွင် အရပ်သားထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်အချက်အလက်ကိုမူ အတည်မပြုနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာနှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့နှင့် ဇူလိုင်လ ၁၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာနှင့် မူဆယ်မြို့နယ်၊ နမ့်တောင်းရွာ အနီးတို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးထံမှ သိရသည်။
ဓါတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေး
ပုံစာ- PSLF/TNLA နှင့် လူထုတွေ့ဆုံပွဲတွင် လုံခြုံရေးယူနေသည့် တပ်သားတစ်ဦး (ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာ၊ ဇွန် ၁၂)
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#TNLA
#စစ်ကောင်စီတပ်
#ကွတ်ခိုင်မြို့နယ်
#တိုက်ပွဲ

👍20😁3
Media is too big
VIEW IN TELEGRAM
ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ် ပြော
Watch more detail - https://www.youtube.com/watch?v=RijN4zE3bvs
#politicalnews #reels #shorts #Mizzima

👍9😁1🍌1
ဇွန်လ (၁၈) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================
00:58− ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်တဲ့သတင်း
03:43− မြဝတီမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ BGF စခန်းကုန်းအချို့ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတဲ့သတင်း
05:29− ရေးနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့သတင်းနဲ့
08:02− လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာနေတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/G3wsVkbIxy4
Photo - CJ
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

05:29− ရေးနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ…

👍5😁2🍌1
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ
Watch more detail - https://www.youtube.com/watch?v=L6Q0OQ0NbaU
#politicalnews #reels #shorts #Mizzima
Watch more detail - https://www.youtube.com/watch?v=L6Q0OQ0NbaU
#politicalnews #reels #shorts #Mizzima
😢6😁2
မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိပေးချက်NUG ထုတ်ပြန်
====================
ရောင်နီ
မဇ္စျိမ။ ။မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုဘေး သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်စာ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ထားပြီး ရေဘေးအတွက် သတိပေးထားခြင်း ဖြစ်သည်။
မိုးများမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရေကြီးရေလျှံ၊ မြေပြိုဘေးများ အထူးသတိထားပြင်ဆင်နေထိုင်သင့်ကြောင်း အထက်ပါဒေသနှစ်ခုကို MOHADM က သတိပေးထားသည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာသွန်းနိုင်ကြောင်းအသိပေးထားသည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်၌ အပူပိုင်းမုန်တိုင်း“တာလင်း”(Talim) ဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ ပုံမှန်ထက်မိုးကောင်းခဲ့သည်ဟု ရာသီဥတုအရေးလေ့လာသူများကပြောသည်။
အဆိုပါမုန်တိုင်းသည်ယနေ့ ဇူလိုင် ၁၈ရက်နံနက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဝင်ရောက်ပြီး အားလျော့သွားနိုင်သည်ဟု မိုးလေဝသခန့်မှန်းရေးအေဂျင်စီအချို့ကထုတ်ပြန်ထားသည်။
မုတ်သုံလေအားကောင်းခြင်းနှင့်တောင်တရုတ်ပင်လယ်မှအပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးကောင်းနေစဉ် မြစ်ချောင်းများ ရေတိုးလာနေသည်။ ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် မြင့်တက်နေသည်ဟု စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း တစ်ပေခန့် ဆက်လက်မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။
ယနေ့နံနက်ပိုင်းအခြေအနေတွင် မွန်ပြည်နယ်မှ ရေးနှင့် သံဖြုဇရပ်မြို့နယ်၊ တနင်္သာရီတိုင်းမှ မြတ်၊ ထားဝယ်၊ လောင်းလုံမြို့တို့တွင် မိုးကောင်းပြီး မြေနိမ့်ပိုင်း နေရာများ ရေကြီးနစ်မြုပ်နေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#mizzima
#မုတ်သုံ
#မွန်ပြည်နယ်
#တနသ်ာရီတိုင်း
#ရေဘေး
#MOHADM
Photo - ရေးမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်း ရေကြီးနစ်မြုပ်မှုအခြေအနေ

👍8👏2🔥1
မြန်မာ့စိန်ခေါ်မှုများအား ဖြေရှင်းရေး ‘ပြည်သူ့ဗဟိုပြုလမ်းစဉ်’ ကို အိန္ဒိယ အဆိုပြု
====================
“ကျွန်တော်တို့ နယ်စပ်ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်းကို အလေးထား ပြောလိုတယ်၊ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အရာမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုက စိုးရိမ်စရာ ဖြစ်တယ်၊ မှောင်ခိုကုန်ကူးခံရသူတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်”ဟု ဂျေရှန်ကာက တွစ်တာတွင် ရေးသားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
“ကျွန်တော်တို့ နယ်စပ်ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်းကို အလေးထား ပြောလိုတယ်၊ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အရာမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုက စိုးရိမ်စရာ ဖြစ်တယ်၊ မှောင်ခိုကုန်ကူးခံရသူတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်”ဟု ဂျေရှန်ကာက တွစ်တာတွင် ရေးသားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2😁1
ပြည်မြို့ မိုးမေတ္တာနာကူအသင်းကို စစ်ကောင်စီတပ်က ဖျက်သိမ်းပြီး ပစ္စည်းများကိုခွဲဝေ
=======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ပြည်မြို့အခြေစိုက် မိုးမေတ္တာနာကူအသင်းကို စစ်ကောင်စီတပ်က ဖျက်သိမ်းပြီး လူနာတင်ယာဉ်နှင့် အသင်းပိုင်ပစ္စည်းများကို သဲကုန်းသီတဂူကျောင်းအပါအဝင် ၎င်းနှင့်ပူးပေါင်းနေသူများထံ ခွဲဝေပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မောင်ဖြိုးဝေယံကျော်နှင့် မောင်ထက်မြတ်အောင်တို့၏နာရေးကို ကူညီပေးခဲ့မှုအပေါ်အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၄ ရက်တွင် အသင်းကိုဝင်ရောက်စီးနင်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် အသင်းပိုင် လူနာတင်ယာဉ် ၁၄ စီးအနက် လေးစီးအား စစ်ကောင်စီတပ်မှအသုံးပြုကာ ကျန်မော်တော်ယာဉ်များနှင့် အသင်းပိုင်ပစ္စည်းများကို ခွဲဝေပေးခဲ့ခြင်းဟု သိရသည်။
" စစ်ကောင်စီကတော့ လျှောက်လွှာနဲ့တင်ပြီး ယူလို့ရတယ်ပြောတယ်။ အသင်းဖျက်ပြီးတည်းက အော်ရဂျင်နယ် Ambulance ကားကြီးကို သဲကုန်းမြို့က သီတဂူကျောင်းကယူသွားတယ်။ ဆံတော်မီးသတ်မှာက တစ်စီးရောက်နေတယ်။ ပေါင်းတည်အဖွဲ့ကိုလည်း တစ်စီးပေးတယ် ကြားတယ်။ ပန်းတောင်းဘက်ကို ပေးတယ်လည်း ကြားတယ် ” ဟု ပြည်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုအပြင် အသင်းပိုင်ပစ္စည်းများဖြစ်သည့် Cool Box များနှင့် အောက်စီဂျင်ဘူးများကိုလည်း ကိုဗစ်တတိယလှိုင်းအတွင်းက ပြည်မြို့ရှိ ဒကစတပ် (ဒေသကွက်ကဲမှုစစ်ဌာနချုပ်) အတွင်းသို့ ယူဆောင်သွားသည်ဟု မြို့ခံ၏ပြောဆိုချက်အရ သိရသည်။
" ပြည်ခရိုင်မှာ အဓိက အားကိုးအားထားပြုနေရတဲ့ အသင်းကြီးက နှစ်သင်းပဲရှိတာဗျ၊ ဒါကို မိုးမေတ္တာကို ဖျက်သိမ်းလိုက်တော့ ကျန်တဲ့တစ်သင်း ခေတ္တရာအသင်းအပေါ်မှာတော့ ဝန်သွားပိတာပေါ့ဗျာ။ စဉ်းစားကြည့်လေ တစ်နေ့ကို နာရေး ခုနစ်ခု၊ ရှစ်ခုကို ကူညီပေးနေတာကို ဒီအသင်းကိုဖျက်လိုက်တော့ မြို့ခံတွေအတွက်လည်း ထိခိုက်တာပေါ့။ နောက်ပြီး အသင်းပိုင်ပစ္စည်းတွေကို အခြားပရဟိတအသင်းတွေက ခွဲဝေယူသွားတာကတော့ အနည်းဆုံး ပြည်သူသုံးလို့ရနိုင်သေးတယ်။ သူတို့ယူသွားတာတွေကတော့ ဘယ်ပြည်သူမှ မသုံးရဘူး ” ဟု ပြည်မြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးမေတ္တာနာရေးကူညီမှုအသင်းသည် ပြည်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ အားကိုးအားထားပြုရသည့် အသင်းဖြစ်ကြောင်းလည်း ဒေသခံအချို့ကဆိုကြသည်။
မိုးမေတ္တာအသင်းအား စစ်ကောင်စီမှဖျက်သိမ်းပြီးနောက် အသင်းပိုင်လူနာတင်ယာဉ် ခြောက်စီး၊ နိဗ္ဗာန်ယာဉ် ငါးစီး၊ အသင်းပိုင်အလှူငွေများ၊ ရုံးသုံးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ CCTV နှင့်ဆက်စပ်ပစ္စည်းများကို သိမ်းယူခဲ့သည်။
အလားတူ အသင်းပိုင်မဟုတ်ဘဲ အသင်းသားများပိုင်ဆိုင်သည့် ကိုယ်ပိုင်ငွေကြေးများ၊ ဖုန်း ၁၀ လုံးခန့်၊ အသင်းသားများ၏ တစ်ကိုယ်ရည်သုံးပစ္စည်းများကိုပါ သိမ်းယူခဲ့ကြောင်း မိုးမေတ္တာနာရေးကူညီမှုအသင်း−ပြည်၏ မေလ ၄ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မိုးမေတ္တာ
#နာရေးကူညီမှုအသင်း
#ပစ္စည်း
#ခွဲဝေ
#ဖျက်သိမ်း

🤬12👍5😁2❤1🔥1
ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် တိုက်ခိုက်ခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံး
😢8👍1👏1😁1