Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🏳️‍🌈“တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများအတွက် LGBT များ၏ မျှော်မှန်းချက်များ”🏳️‍🌈 စကားဝိုင်းဆွေးနွေးပွဲ
အမျိုးသမီးများကိုအကြမ်းဖက်မှုပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့်
🏳️‍🌈LGBT Alliance Myanmar 🏳️‍🌈နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန (MOHR) တို့ ပူးပေါင်းပြီး 🏳️‍🌈“တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများအတွက် LGBT များ၏ မျှော်မှန်းချက်များ”🏳️‍🌈 အမည်ရှိတဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို အခုလာမည့် နိုဝင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီအချိန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
LGBT များလူ့အခွင့်အရေးအပြည့်အဝရရှိရန်၊ LGBT အပေါ် အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရန်နှင့် LGBT များအပေါ် သတိမပြုမိဘဲသုံးနှုန်းမိသောအသုံးများနှင့်ပတ်သတ်၍ဆွေးနွေးသိရှိစေရန် ရည်ရွယ်ပြီး ယခုစကားဝိုင်းဆွေးနွေးကျင်းပသွားမှာ ဖြစ်ပါတယ်။
ဦးဆောင်ဆွေးနွေးမယ့်သူများအဖြစ်
ဦးအောင်မျိုးမင်း - အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး
မြင့်မြတ် - LGBT Alliance (မုံရွာ)🏳️‍🌈
Justin မင်းဟိန်း - LGBT Union - Mandalay🏳️‍🌈
N သျှားစစ်ဇော် - LGBT Community Yangon🏳️‍🌈
စောဟန်နွေဦး - LGBT စာရေးဆရာမ တို့က ဦးဆောင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲမှာတော့ စစ်ကောင်စီ က LGBT🏳️‍🌈 ဒီမိုကရေစီဘက်တော်သားများနှင့် တော်လှန်ရေးရဲဘော်များအပေါ် ပြုလုပ်နေသော ခွဲခြားဆက်ဆံမှုများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှာ LGBT🏳️‍🌈များ၏ ပါဝင်မှုအခန်းကဏ္ဍ၊ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရာမှာ ချန်ထားခဲ့ရမယ့် LGBTများအပေါ်ခွဲခြားဆက်ဆံမှုများနဲ့ ပြောင်းလဲရမယ့်အမြင်များ စတဲ့အကြောင်းအရာများကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကိုတော့
🏳️‍🌈LGBT Alliance Myanmar 🏳️‍🌈
D day channel
🏳️‍🌈LGBT Union- Mandalay 🏳️‍🌈နဲ့
Red News Agency တို့ရဲ့ ဖေ့ဘုတ်စာမျက်နှာများမှတဆင့် LIVE နားဆင်နိုင်မှာဖြစ်တဲ့အတွက် အားလုံးပဲ စောင့်မျှော်ကြည့်ရှုပေးကြဖို့ သတင်းကောင်းပါးပါရစေ။
#ခြောက်ပေမယ့်ကြောက်မနေဘူး
#MoHR
#LGBTALLIANCEMYANMAR
#16daysofActivism2021
#ခြောက်မကြောက်တို့သွေးသောက်
#ခွဲခြားနှိမ်ချမှုများအဆုံးသတ်LGBTတို့အနာဂါတ် https://fb.me/e/2oL7FWVPv