ဩစတြေးလျ မြန်မာစစ်သံရုံးရှေ့ဆန္ဒပြသူများ ဖမ်းဆီးခံရဆိုသည်မှာ သတင်းအမှားသာဖြစ်
TK
မဇ္ဈိမ ။ ။ ဩစတြေးလျနိုင်ငံရှိ မြန်မာစစ်သံရုံးရှေ့ဆန္ဒပြသူအချိူ့ ဖမ်းဆီးခံရကြောင်း သတင်းများထွက် ပေါ်နေသည်။ ယင်းမှာ မှားယွင်းနေသည်။
“Tartay” အမည်ရှိ ဖေ့ဘုတ်စ်အကောင့် မှ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် “ဩစတြေးလျ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြတဲ့ အဖွဲ့ဖမ်းဆီးခံရ”ဟု ပုံလေးပုံနှင့်အတူ ဖြန့်ဝေခဲ့သည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁၀၀ ကျော် နေပြီဖြစ်သည်။
အလားတူ တယ်လီဂရမ်တွင် “ကိုလှရွှေ(သတင်းမှန်)နှင့် အခြားချန်နယ်ရှစ်ခုတွင်လည်း ပျံ့နှံ့နေသည်။
မဇ္ဈိမအနေဖြင့် ဩစတြေးလျနိုင်ငံရှိ မြန်မာစစ်သံရုံးရှေ့ဆန္ဒပြသူများဖမ်းဆီးခံရသည့်ပုံများကို စစ်ဆေး ခဲ့ရာ အမျိုးသမီးတစ်ဦးကို သံကြိုးဖြင့်ချည်နှောင်ထားသည့်ပုံမှာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ခေတ်သစ် သတင်းဌာနကဖော်ပြသည့် ဗီဒီယိုဖိုင်မှဖြစ်သည်။ သတင်းတွင် မြန်မာ့နွေဦးတော်လှန်ရေး(၂)နှစ်ပြည့် အဖြစ် ဆန္ဒပြခြင်းဖြစ်ပြီး သံရုံးဝန်ထမ်းများ သံရုံးအတွင်းဝင်မရစေရန် ဂိတ်တံခါးရှေ့တွင် ဆန္ဒပြသူများက မိမိတို့ခန္ဒာကိုယ်ကို သံကြိုးများချည်၍ ပိတ်ဆို့ဆန္ဒပြနေကြခြင်း ဖြစ်သည်။ အဖမ်းခံရသည်ဟူသော အကြောင်းအရာ မပါဝင်ပေ။ လင့် - https://bit.ly/3WZfTar
အဆိုပါ ဆန္ဒပြမှုနှင့်ပက်သက်၍ ဩစတြေးလျအခြေစိုက် United Myanmar Community of South Australia (UMCSA) ၏ ပြောရေဆိုခွင့်ရှိသူ "Judah K Thang- ယုဒကေထန်" နှင့် ဆက်သွယ်မေးမြန်းခဲ့ သည်။
၎င်းက “သံအမတ်ဟောင်းနေတဲ့အိမ်ရှေ့မှာပဲ ဆန္ဒပြကြတာပါ၊ ဖမ်းဆီးတာတွေ လုံးဝမရှိပါဘူး၊ activities တွေဖက်က အဓိကဦးဆောင်ပြီးဆန္ဒပြတာဆိုတော့ ရဲတွေဖက်ကလာမေးတာတွေပဲရှိတယ်။ ဆန္ဒဖော် ထုတ်ခွင့်ဆိုတာ ဒီမိုကရေစီနိုင်တစ်နိုင်ငံရဲ့အခြေခံပါ”ဟု ဆန္ဒပြသူများက ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ ရဲများ မှ လာရောက်မေးမြန်းခဲ့ခြင်းသာဖြစ်ကြောင်း အတည်ပြုသည်။
ထိုဆန္ဒပြပွဲသို့သွားရောက်သည့် လူပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ ဖေ့ဘုတ်အကောင့်တွင် Live လွှင့်ခဲ့ သည်။ ထိုထဲတွင် ရဲများကလာရောက်စကားပြောဆိုသော်လည်း ဖမ်းဆီးခြင်းမရှိပေ။ Myo Oo အကောင့်မှ ၎င်း၏ ပိုစ့်တွင် နေရာယူထားသည်မှာ တံခါးကိုသံကြိုးနှင့်ပိတ်ထားခြင်းဖြစ်ပြီး သံရုံးလမ်းတဖက်တွင်သာ ဆန္ဒပြခွင့်ရှိသောကြောင့် ရဲများက သုံးမိနစ်အတွင်းရောက်ရှိလာပြီး ညှိနှိုင်းကာ ၉ နာရီခွဲအထိ ဆန္ဒပြခဲ့ ကြောင်း မှတ်ချက်တွင် ရှင်းပြထားသည်။
ထို Live များတွင် ရဲကဖမ်းဆီးနေခြင်းမဟုတ်ဘဲ အနီးအနားတွင်ရှိနေကာ ၎င်းတို့အလုပ်ကိုလုပ်နေခြင်း သာ ဖြစ်သည်။
လင့် - t.ly/jFlf
အဆိုပါ ဆန္ဒပြပွဲကို Generation X,Y,Z ဩစတြေးလျမှ ဦးဆောင်ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟုသိရ သည်။ အဆိုပါဆန္ဒပြပွဲအားဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမောင်မောင်သန်းက “ကျွန်တော်တို့ သံရုံးရှေ့ သံကြိုးတွေခတ်ပြီး ဆန္ဒပြတော့ ရဲတွေရောက်လာပါတယ်၊ ကျွန်တော်နဲ့ ကိုစိုးလွင်ကိုဖမ်းဖို့လုပ်ပါတယ်၊ ဒါမဲ့ ချက်ချင်းရဲကားပေါ်မတင်ပါဘူး။ ကျွန်တော်တို့ ညှိကြပါတယ်၊ အဲဒီနောက် ကိုးနာရီကျော်အထိ ဆန္ဒပြ ခွင့်ရခဲ့ပါတယ်။ အဖမ်းအဆီးမရှိခဲ့ပါဘူး” ဟု ဆိုသည်။
ထို့ကြောင့် ဩစတြေးလျရှိ မြန်မာစစ်သံရုံးရှေ့ဆန္ဒပြသူများဖမ်းဆီးခံရဆိုသည်မှာ မဟုတ်မှန်ဘဲ ရဲများက လုံခြုံရေးအရလာရောက်မေးမြန်းခြင်းသာဖြစ်ပြီး ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မရှိခဲ့ပေ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Australia
#Myanmar_Embassy

👍15😁4
#Australia says #China warned of 'live fire' #drill off east coast
https://eng.mizzima.com/2025/02/22/19447

👍5
https://www.youtube.com/watch?v=90vN2kwfbyA
#Gunmen kill 11 at #Jewish festival on #Australia's #Bondi Beach

YouTube

Two gunmen shot and killed 11 people and wounded many others at Sydney's Bondi Beach in a "terrorist" attack on a gathering for the Jewish festival of Hanukk...
👍7❤1👎1
https://www.youtube.com/watch?v=dBg1i_qn_zk
#Supporters in #Australia block #Iran women’s #football team bus amid fears for their #safety

Iranians in Australia block the road as a bus carrying members of Iran's women's football team leaves for the airport.Five players from the team have claimed...
🔥5
https://www.youtube.com/watch?v=m5EE4audEt8
#PrinceHarry and #Meghan visit #Australia in first trip since royal rift

Prince Harry and wife Meghan have arrived in Australia for their first visit down under since their headline-dominating rift with Britain's royal family.The ...
🥰3