BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို မဖိတ်ရန် India for Myamar တောင်းဆို
-------------
သီရိလင်္ကာနိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် (၅) ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မပြုရန် India for Myanmar က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။
မတ်လ ၃၀ ရက်နေ့ စတင် ကျင်းပမည့် အစည်းအဝေးသို့ မင်းအောင်လှိုင်အား ဖိတ်ကြားပါက BIMSTEC အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးနှင့် တက်ကြွ လှုပ်ရှားသူများ၏ ပြင်းထန်သည့် ဆန့်ကျင်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဆိုသည်။
လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထား ရသည့် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ဆက်စပ် ပတ်သက်သမျှ ရပ်တန်းက ရပ်ရမည်ဖြစ်ကြောင်း ဆိုသည်။
BIMSTEC အဖွဲ့သည် စစ်ကောင်စီအား စစ်ရေးလေ့ကျင့်မှု အပါအဝင် အစည်းအဝေးများ ဖိတ်ခေါ်၍ အသိမှတ်ပြုမှုများသည် ဂုဏ်သိက္ခာကို ကျဆင်းစေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှု၊ နွေဉီးတော်လှန်ရေး တောင်းဆိုချက်များအား လေးစား လိုက်နာရမည်ဟု India for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နှစ်နှစ် တစ်ကြိမ် ပြုလုပ်သည့် ယင်းညီလာခံ (၄) ကြိမ်မြောက်ကို နီပေါနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဉီးဝင်းမြင့် တက်ရောက်ခဲ့သည်။
India for Myanmar သည် တောင်အာရှ ဒေသတွင်း ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အိန္ဒိယ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သွေးစည်းညီညွတ်မှု နှိုးဆော်ရေး လူထုလှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်သည်။
BIMSTEC သည် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ရေရှည် တည်တံ့သည့် ဒေသကြီး ဖြစ်လာရန် ဆွေးနွေးကာ အမြင့်ဆုံးသော မူဝါဒ ချမှတ်လေ့ရှိပြီး အဖွဲ့ဝင်များဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ တက်ရောက်ကြမည် ဖြစ်သည်။
#BIMSTEC
#သီရိလင်္ကာနိုင်ငံ
#စစ်ခေါင်းဆောင်မင်းအောင်လှိုင်
#India_for_Myanmar
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

👍8❤3
သီရိလင်္ကာတွင် လုပ်မည့် BIMSTEC အစည်းအဝေးသို့ စစ်အာဏာသိမ်းခေါင်းဆောင်ကို မဖိတ်ရန် တောင်းဆိုစာများ ပေးပို့
------------
သီရိလင်္ကာ နိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် (၅) ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား မဖိတ်ရန် တိုက်တွန်းတောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို India for Myanmar လှုပ်ရှားမှုတွင် ပါဝင်သူများက ပေးပို့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ BIMSTEC အဖွဲ့ဝင် သံရုံးများနှင့် ဝန်ကြီးချုပ် ရုံးများကို India for Myanmar က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် လိုက်လံ ပေးပို့ခြင်း ဖြစ်သည်။
“ကမ္ဘာမှာ မင်းအောင်လှိုင်ကို နိုင်ငံကိုယ်စား လက်ခံတာ နှစ်နေရာပဲရှိတယ်။ အဲဒါ ICJ နဲ့ BIMSTEC ပဲ။ ICJ ကိုတော့ သွားပါစေ။ BIMSTEC မှာ အသိအမှတ်ပြု လက်ခံနေတာ အတွက် နိုင်ငံတကာ ရောက် မြန်မာများ အနေနဲ့ BIMSTEC အဖွဲ့ဝင် သံရုံးများကို အိတ်ဖွင့်ပေးစာ ပေးကြဖို့နဲ့ ဖိအားပေးကြဖို့ မေတ္တာရပ်ခံ ချင်တယ်” ဟု India for Myanmar လှုပ်ရှားမှု ပါဝင်သူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။
မတ်လ ၃၀ ရက်နေ့တွင် စတင် ကျင်းပမည့် ထိုအစည်းအဝေးသို့ မင်းအောင်လှိုင်အား ဖိတ်ကြားပါက BIMSTEC အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးနှင့် တက်ကြွ လှုပ်ရှားသူများ၏ ပြင်းထန်သည့် ဆန့်ကျင်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယနေ့တွင် သံရုံးများမှ ပေးစာများ လက်ခံသည့်အချိန် ကျော်လွန်သွားခဲ့သည့် အတွက် သီရိလင်္ကာ ၊ နီပေါ သံရုံးနှင့် အိန္ဒိယ ဝန်ကြီးချုပ်ရုံးသို့ ပေးပိုခဲ့ပြီး ကျန်သော အဖွဲ့ဝင် သံရုံးများကို မနက်ဖြန်တွင် ဆက်လက် ပေးသွားမည်ဖြစ်သည်ဟု လှုပ်ရှားမှုတွင် ပါဝင်သူက ဆိုသည်။
လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထား ရသည့် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ဆက်စပ် ပတ်သက်သမျှ ရပ်တန်းက ရပ်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယခု အိတ်ဖွင့်စာပေးခဲ့ခြင်းအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့ပါက သီရိလင်္ကာ သံရုံး ရှေ့တွင် ဆန္ဒပြခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း သိရသည်။
BIMSTEC အဖွဲ့သည် မြန်မာပြည်သူများ ၏ ဒီမိုကရေစီ လှုပ်ရှားမှု၊ နွေဦးတော်လှန်ရေး တောင်းဆိုချက်များအား လေးစား လိုက်နာရမည်ဟု India for Myanmar ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
နှစ်နှစ် တစ်ကြိမ် ပြုလုပ်သည့် ယင်းညီလာခံ (၄) ကြိမ်မြောက်ကို နီပေါနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့သည်။
BIMSTEC အစည်းအဝေးကို လာမည့် မတ်လ ၃၀ ရက်နေ့တွင် သိရိလင်္ကာနိုင်ငံ၌ ပြုလုပ်မည် ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ တက်ရောက်ကြမည် ဖြစ်သည်။
India for Myanmar သည် တောင်အာရှ ဒေသတွင်း ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အိန္ဒိယ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သွေးစည်း ညီညွတ်မှု နှိုးဆော်ရေး လူထု လှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်သည်။
#သီရိလင်္ကာ

👍7
BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီအား ဖိတ်ကြားမှု အရပ်ဘက် အဖွဲ့ ၁၃၆ ဖွဲ့ကန့်ကွက်
===========
သီရိလင်္ကာနိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ (၅) ကြိမ်မြောက် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် အရပ်ဘက် အဖွဲ့ ၁၃၆ ဖွဲ့ လက်မှတ်ထိုးကာ အိန္ဒိယ ဝန်ကြီးချုပ်ရုံးနှင့် အဖွဲ့ဝင်နိုင်ငံများသို့ ယနေ့ မတ်လ ၂၃ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
“အမေရိကန် အစိုးရက မြန်မာ စစ်ကောင်စီကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန် တယ်လို့ တရားဝင် ကြေညာ ထားတယ်။ နိုင်ငံတကာမှာ လက်မခံတော့တဲ့ စစ်ကောင်စီကို BIMSTEC မှာ လာတက်လို့ မရအောင် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု India for Myanmar အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။
မတ်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် ယင်းအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုရန် အွန်လိုင်းမှ လက်မှတ် ကောက်ခံခဲ့ရာ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများ၊ မြန်မာ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားနေသည့် အဖွဲ့အစည်းများ လက်မှတ် ရေးထိုးခဲ့ကြောင်း ဆိုသည်။
ယနေ့ ပို့ပေးခဲ့သော စာတွင် ဖက်ဆစ် စစ်တပ်နှင့် ဆက်စပ် ပတ်သက်မှုများ ရပ်တန့်ရန် ၊ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကြီး၏ တောင်းဆိုချက်များ အလေးထားရန်၊ BIMSTEC ခေါင်းဆောင်များသည် ထိပ်သီး ညီလာခံတွင် မြန်မာ့ အရေး လူသား ဂုဏ်သိက္ခာနှင့် လူသားမျိုးနွယ်တို့၏ အရေး ရှေးရှု ဆွေးနွေးရန် တောင်းဆို ထားသည်။
India for Myanmar အနေဖြင့် ဒုတိယ အကြိမ်မြောက် ကန့်ကွက်စာ ပေးပို့ခြင်း ဖြစ်ပြီး သံရုံး အရာရှိများ ပြန်လည် ဆက်သွယ် မေးမြန်းခြင်းများ ရှိသောကြောင့် အကျိုးသက်ရောက်မှု ရှိမည်ဟု ဆိုသည်။
BIMSTEC အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ နီပေါ နှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
နှစ်ခြာက်လုံးနေ့ ကလည်း BIMSTEC ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုးဒီနှင့် အိန္ဒိယနိုင်ငံ အခြေစိုက် BIMSTEC အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများသို့ India for Myanmar က အိတ်ဖွင့် ပေးစာများ ပေးပို့ခဲ့သည်။
#Mizzima
#BIMSTEC
#အိန္ဒိယနိုင်ငံ
#India for Myanmar
#ကန့်ကွက်

👍11
BIMSTEC ထိပ်သီး ညီလာခံသို့ စစ်ကောင်စီအားဖိတ်ကြားမှု ကန့်ကွက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ
=======================
သိရိလင်္ကာနိုင်ငံတွင်ကျင်းပမည့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ (၅) ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီး အစည်းအဝေးအား မတ်လ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ရာ စစ်ကောင်စီအား ဖိတ်ကြား ခြင်းမပြုရန် တောင်းဆိုဆန္ဒပြခဲ့သော လှုပ်ရှားတက်ကြွသူ မြန်မာနိုင်ငံသားများကို ၁၀ နာရီကြာမျှ ထိမ်းသိမ်းခဲ့ ကြောင်းသိရသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် နယူးဒေလီရှိ သီရိလင်္ကာသံရုံးရှေ့တွင် India for Myanmar အဖွဲ့ ၂၁ဉီး ဆန္ဒပြပြီး သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုခဲ့သော်လည်း ၁၅ မိနစ်ခန့်အကြာတွင် ၎င်းတို့အား ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းပြီး ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ ကြောင်းဆိုသည်။
“ကျနော်တို့ကို ရဲစခန်းကိုခေါ်ပြီးဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာကို စစ်ဆေးမေးမြန်းပါတယ် သူတို့ရဲအရာရှိတွေ သံရုံးကို သွားဆွေးနွေးလိုက် တခြား အဆင့်မြင့်အရာရှိများနှင့် မြန်မာစစ်ကောင်စီကို ဖိတ်ကြားတဲ့အပေါ်ကန့်ကွက်တာကို အချိန်အတော်ကြာဆွေးနွေးနေကြတာကိုသိခဲ့ရတယ် ဒါဟာ ကျနော်တို့လှုပ်ရှားမှုရဲ့ အသီးအပွင့်တစ်ခုပါ” ဟု India for Myanmar လှုပ်ရှား သူ တစ်ဉီးမှ မဇ္စျိမ ကိုပြောသည်။
ရဲများက သံရုံးဧရိယာအတွင်း စုရုံးဆန္ဒပြခြင်းအား ဥပဒေအရ ခွင့်မပြု ကြောင်း နောက်နောင် ယခုကဲ့သို့ မပြုလုပ်ရန် ပြောကြားခဲ့ပြီး ခွင့်ပြုထားသည့် စည်းကမ်းဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်သွားရန် သဘောတူကြောင်း ဝန်ခံကတိလက်မှတ်များထိုးခဲ့ရကြောင်းဆိုသည်။
မတ်လ၂၃ရက်နေ့ကလည်းဒုတိယအကြိမ်ကန့်ကွက်မှုအဖြစ် BIMSTEC ထိပ်သီး အစည်းသို့ စစ်ကောင်စီအား ဖိတ်ကြားမှု ကို ကန့်ကွက်ကြောင်း မြန်မာ့အရေးလှုပ်ရှား နေသည့် အရပ်ဘက်အဖွဲ့ ၁၃၆ ဖွဲ့လက်မှတ်ထိုးကာ အိန္ဒိယဝန်ကြီးချုပ်ရုံးနှင့် အဖွဲ့ဝင် နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းသိရသည်။
BIMSTEC အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ သိရိလင်္ကာ ၊ ထိုင်း နီပေါနှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၆ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ဒီဇင်ဘာ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်လာခဲ့သည်။
#BIMSTEC
#ဆန္ဒပြ
#Mizzima
#PhotoNews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8👍6
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုဖိတ်ကြား
Watch more detail - https://youtu.be/P41rUgKFlOs
#PoliticalNews #Thailand #BIMSTEC #VideoNews #shorts #reels

💩8❤2🥴1
Media is too big
VIEW IN TELEGRAM
BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့ သီးသန့်တွေ့ဆုံခဲ့
Watch more detail - https://youtu.be/EB8J8JdYZRQ
#စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတတ်ရောက် #BIMSTEC #အစည်းအဝေး #VideoNews #shorts #reels #Mizzima

🤮13👍2❤1👏1