Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်အာဏာရှင်ကို တွန်းလှန်သူများအား ထောက်ပံ့မည့် အစီအစဉ်ပါဝင်သော အမေရိကန် ကာကွယ်ရေးဥပဒေကြမ်း သမ္မတ Biden လက်မှတ်ထိုးအတည်ပြု

မဇ္ဈိမ
စစ်အာဏာရှင်ကို တွန်းလှန်သူများအား ထောက်ပံ့မည့် အစီအစဉ်ပါဝင်သော အမေရိကန် ကာကွယ်ရေးဥပဒေကြမ်းကို သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးအတည်ပြုလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး VOA က သတင်းဖော်ပြသည်။
အမေရိကန်သမ္မတက လက်မှတ်ရေးထိုးလိုက်သည့် NDAA တွင်
၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားသည်။
NDAA တွင် မြန်မာစစ်အာဏာရှင်ကို တွန်းလှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များ အစရှိသူတို့ကို လက်နက်မဟုတ်သော နည်းပညာနှင့် အထောက်အပံ့များ အကူအညီပေးမည် ဖြစ်သည်။
တိုင်းရင်းသားပြည်နယ်များတွင် ဖယ်ဒရယ်စနစ် ခိုင်မာလာစေရေး အထောက်အကူဖြစ်မည့် အစီအစဉ်များ၊ စစ်တပ် အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်သားအုပ်ချုပ်မှု ပြန်လည်ပေါ်ပေါက်ရန် လှုပ်ရှားနေသည့် စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ရန်၊ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် စသည်တို့ကိုလည်း ထည့်သွင်းထားသည်။
ထို့ပြင် စစ်ကောင်စီ၏ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်သော MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ခြင်းအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် မြန်မာစစ်ကောင်စီနှင့် ပတ်သက်သူများကို ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် ထည့်သွင်းထားသည်ဟု VOA က ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖယ်ဒရယ်စနစ်
#ကာကွယ်ရေးဥပဒေကြမ်း
#Biden
#အမေရိကန်
👍54❤8🔥2👏2🥴1
​​ယူကရိန်းရဲ့တန်ပြန်ထိုးစစ် အောင်မြင်ပါစေကြောင်း လက်သင်္ကေတနဲ့ ဘိုင်ဒင်ပြသ

https://www.facebook.com/reel/979947553159832

#InternationalNews #reels #shorts #Ukraine #Biden
❤14🤣3👍1
This media is not supported in your browser
VIEW IN TELEGRAM
နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းကိုလျှော့ပေါ့ပေးမှာမဟုတ်ကြောင်း ဘိုင်ဒင်ပြော

https://www.facebook.com/reel/924280868866983

#InternationalNews #Biden #Ukraine #reels #shorts
👍8😁3
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်နဲ့ပူတင် မတက်လာနိုင်တဲ့ ဂျီ-၂၀ ကိုစည်းရုံးနိုင်ဖို့ ဂျိုးဘိုင်ဒင် ဦးဆောင်နေ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Putin #Biden
👍9😁2
#Trump's energy chief vows reversal of #Biden #climate policies
https://eng.mizzima.com/2025/03/11/19944
👍3