မဇ္ဈိမရဲ့ သတင်းအမှားများကို တိုက်ဖျက်ခြင်းအစီအစဉ်ကနေ တစ်ပတ်မှာတော့
=============
PDF တွေ ပိုက်ဆံ အတုလုပ်တယ် ဆိုတဲ့ သတင်းမှား
ပြည်ခိုင်ဖြိုးပါတီကို တိုက်ခိုက်တဲ့သူကို ဇာဂနာက ဆန့်ကျင်သွားမယ်ဆိုတဲ့ သတင်းမှား
ဟားခါးတွင် CNF အဖွဲ့ဝင်နှစ်ဦးအား ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
သတင်းတုသတင်းအမှားတွေအမြဲတစေဖော်ပြလေ့ရှိတဲ့ Radio Free Myanmar အကြောင်းတို့ကိုလဲတင်ဆက်ပေးသွားမှာပါ။
#Misinformation_Buster
#PDF
#ပြည်ခိုင်ဖြိုးပါတီ
#CNF
#Radio_Free_Myanmar
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7
ကျဆုံးနိုင်ငံတော်သို့ ဦးတည်နေပြီဟု CNF သတိပေး
==========================
စစ်ကောင်စီက မတရား အာဏာသိမ်းခဲ့သည့် တစ်နှစ် ကာလ အတွင်း တိုင်းပြည်သည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အပြင် လူမှုစီးပွား အခြေအနေများ ပိုမိုဆိုးရွားကာ ကျဆုံးနိုင်ငံ (Failed State) သို့ ဦးတည် နေကြောင်း မတ်လ ၂၀ ရက် ယနေ့ ကျရောက်သည့် (၃၄) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသား တပ်ဦး CNF က ထုတ်ပြန် ကြေညာသည်။
ယနေ့သည် လွတ်လပ်မှု၊ တန်းတူမှု နှင့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက် အပြည့်အဝ ရှိပြီး ချင်းပြည်ထောင်နှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အတွက် ချင်းအမျိုးသား တပ်ဦး ဖွဲ့စည်း၍ လက်နက်ကိုင် တော်လှန်ခဲ့သည့် (၃၄) နှစ်ပြည့် ဖြစ်သည်။
တော်လှန်ရေး ကာလအတွင်း အသက်ပေးလှူ သွားသော ရဲဘော် ရဲမေ များနှင့် ပြည်သူများအား ဦးညွှတ် ဂါရဝပြုကြောင်း ဖော်ပြသည်။
ချင်းအမျိုးသားတပ်ဦးသည် လူတန်းစား တစ်ရပ်၊ မျိုးနွယ်စု တစ်စိတ်တစ်ပိုင်း၊ ဘာသာ အယူဝါဒတို့ အတွက် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ ချင်းသာမက ပြည်ထောင်စု တိုင်းရင်းသား တစ်ရပ်လုံး ပါဝင်သည့် ပြည်သူ့ တော်လှန်ရေး လမ်းစဉ် ကိုင်စွဲ၍ နိုင်ငံရေး ရပ်တည်ချက်တူသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ဆိုသည်။
ချင်းပြည် ပြန်လည် ထူထောင်ရေး အတွက် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ညီနောင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးအရှိန် ဟန်ချက်ညီညီ မြှင့်တင်ပြီး စစ်ကောင်စီအား တိုက်ခိုက် ချေမှုန်းရန်နှင့် ဒေသ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးများ တစ်ဆင့်ချင်း အကောင်ထည် ဖော်မည်ဟု ဖော်ပြသည်။
ထို့အပြင် တော်လှန်ရေးတွင် ကျွမ်းကျင်မှု အလိုက် ပါဝင် လက်တွဲကြရန်၊ စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်မှုများ အခွင့်အရေး တောင်းဆိုမှုများ အထူး ရှောင်ရှားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
#Mizzima
#ချင်းပြည်
#CNF
#ချင်းတော်လှန်ရေးနေ့
#လူမှုစီးပွား

👍6
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ၍ ရဲဘော် ၅ ဦး ကျဆုံး
==========================
ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF/CNA) ဌာနချုပ် (ဗစ်တိုးရီးယားစခန်း) ကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော် ငါးဦး ကျဆုံးခဲ့သည်။
ဇန်နဝါရီလ ၁၀ရက်၊ ညနေ ၄ နာရီခွဲတွင် လေယာဉ်နှစ်စီးဖြင့် ဗုံးငါးလုံး ချခဲ့ခြင်းဖြစ်ပြီး ဗုံးတစ်လုံးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ရဲ့ ရဲဘော်တွေက ဗုံးကျတဲ့အနားမှာရှိတဲ့ မြေကြီးပိလို့ ကျဆုံးသွားရှာတာပါ။ ဗုံးငါးလုံးလာချတာမှာ တစ်လုံးက လယ်ကွက်ထဲမှာကွဲတယ်။ သုံးလုံးက စခန်းထဲမှာကွဲပြီး ကျန်တစ်လုံးကတော့ အိန္ဒိယနိုင်ငံထဲမှာ ပေါက်ကွဲသွားတယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမသို့ ပြောသည်။
ဗစ်တိုးရီးယားစခန်းသည် အိန္ဒိယ - မြန်မာနယ်စပ်တွင် ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်မှ CNF/CNA စခန်းကို ဗုံးကြဲခဲ့ရာတွင် အိန္ဒိယနိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဗုံးကြဲမှုကြောင့် ကျဆုံးဒဏ်ရာရရှိသူများအပြင် လူနေအိမ်၊အဆောက်အဦ အကာအရံများလည်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း ဆိုသည်။
နိုဝင်ဘာ ၇ ရက်၊ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်မှ CNF/CNA ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်မည့် စစ်ရေးပစ်မှတ် ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) မှလည်း ပြင်းထန်စွာ ရှုတ်ချထားသည်။
လေကြောင်းမှ ဗုံးကြဲမှုသည် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် အကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟူသော စစ်ကောင်စီ၏ ဖော်ထုတ်ပြောဆိုချက်သည် အလိမ်အညာသက်သက်ဖြစ်ကြောင်း ဝန်ခံနေခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်မှားယွင်းပြီး လူမျိုးရေးအရ ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒဏ်ရာများ ပိုမိုနက်ရှိုင်း ခိုင်မာသွားစေမည် ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ချင်းလူမျိုးတို့၏သမိုင်းတွင် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်၍ ပြည်သူများနှင့် တော်လှန်ရေးအင်အားစု အသီးသီးအနေဖြင့် ညီညီညွတ်ညွတ်လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်သည့်အထိ အစွမ်းကုန်ကြိုးပမ်းကြရန်လည်း ICNCC မှ တိုက်တွန်းထားသည်။
စာတည်း။ ။ စိုးသူအောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းအမျိုးသားတပ်ဦး
#CNF
#CNA
#ထန်တလန်
#ဗုံးကျဲတိုက်ခိုက်

Facebook
#ချင်းအမျိုးသားတပ်ဦး – Explore
explore #ချင်းအမျိုးသားတပ်ဦး at Facebook
😢12👍4😁3🔥2
အိန္ဒိယနိုင်ငံပိုင်နက်အတွင်သို့ ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း ဓာတ်ပုံသက်သေနှင့်တကွ CIC ထုတ်ပြန်
=========================
ဂျူချန်း
မဇ္ဈိမ။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး CNF/CNA ဌာနချုပ် ဗစ်တိုးရီးယား စခန်းဗုံးကျဲခံရမှုတွင် အိန္ဒိယနိုင်ငံပိုင်နက်အတွင်းသို့ ဗုံးနှစ်လုံးကျရောက်ခဲ့ကြောင်း Chinland Information Center (CIC) မှ ဓာတ်ပုံသက်သေနှင့်တကွ ထုတ်ပြန်ထားသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့ တို့တွင် အိန္ဒိယဝေဟင်ပိုင်အထိ ကျူးကျော်ဝင်ရောက်ပြီး တိုက်လေယာဉ်များဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။
ဗုံးနှစ်လုံးမှာ အိန္ဒိယနိုင်ငံပိုက်နက်အတွင်းရှိ ကားလမ်းတစ်ခုအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးဒဏ် ကြောင့် ထိခိုက်ခဲ့သောကားမှန်ကွဲစများနှင့် လူသွားလမ်းဝန်းကျင်တွင် ကျိုးကျခဲ့သော သစ်ပင်၊ သစ်ကိုင်း များအပြင် ဗုံးပေါက်ကွဲထားသည့်ပုံများကို ရရှိထားခြင်းဖြစ်သည်။
အဆိုပါဓါတ်ပုံများ၏တည်နေရာ၊ ဗုံးပေါက်ကွဲပုံနှင့် တိုက်လေယာဉ်အမျိုးအစားများကိုအခြေခံကာ အိန္ဒိယနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ စစ်ကောင်စီ၏တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ပုံကိုလည်း CNF/CNA ပညာရှင်များက သုံးသပ်ရေးဆွဲထားခဲ့သည်။
ရရှိထားသော အချက်အလက်များအရ ၎င်းတို့လွဲချော်ခဲ့သည့် ပစ်မှတ်မှာ CNF ၏ စက်ချုပ်ဌာန ဖြစ်နိုင် ကြောင်းလည်း သုံးသပ်ထားကြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲမှုများရှိ သည်ဟု ဒေသခံများက ၎င်းတို့၏ အစိုးရကိုတိုင်ကြားမှုများရှိခဲ့သည်။
သို့သော် လက်ရှိအချိန်ထိ အိန္ဒိယအစိုးရမှ ဝေဟင်ပိုင်နက်ကျူးကျော်မှုအပြင် ဗုံးကျရောက်ခဲ့မှုများနှင့် ပတ်သက်၍ အရေးယူခြင်း တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် CNF မှ ရဲဘော်၊ ရဲမေ ငါးဦးကျဆုံးခဲ့ရကာ ဌာနချုပ်အတွင်းရှိ အရပ်ဖက် အခြေခံအဆောက်အဦးများ ပျက်စီးခဲ့ရသည်။ ထို့ပြင် လူနေအိမ်များနှင့် ဆေးကုသဆောင် တစ်ခုပါ ထိခိုက်ခဲ့သည်။
အဆိုပါကိစ္စရပ်ကို “လူမဆန်၊ သူရဲဘောကြောင်သောလုပ်ရပ်” ဟူ၍ CNF မှပြောကြားလိုက်ပြီး လူသေ ဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုလုပ်နိုင်ရန် ပံ့ပိုးထောက်ကူပေးသည့်အပေါ်လည်း “ပြင်းပြင်းထန် ထန် ရှုတ်ချကြောင်း” ထုတ်ပြန်ထားသည်။
စာတည်း ။ ။ စိုးသူအောင်
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းအမျိုးသားတပ်ဦး
#CNF_CNA
#အိန္ဒိယနိုင်ငံ
#လေကြောင်းတိုက်ခိုက်မှု
#ဗုံးကျဲ

👍12🔥2😁2
This media is not supported in your browser
VIEW IN TELEGRAM
ထန်တလန်ရဲစခန်းက သိမ်းဆည်းခဲ့တဲ့လက်နက်တွေကို ပုံအဟောင်းဆိုပြီး သတင်းအမှားဖြန့်နေပါတယ်။
အပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6408715299163321/
#Misinformation_Buster #Reels #Shorts #Fake_News #ထန်တလန် #weapons #CNF

👍6🤮1
ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေး အကောင်အထည်ဖော်မည်
-----------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေးကို Stakeholders များနှင့်အတူ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးတပ်မတော်(CNF/CNA) သည် လက်ရှိဆင်နွှဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ် ခံယူလျက် နိုင်ငံရေးဦးတည်ချက် ၊ ရည်မှန်းချက်တူညီသော ညီနောင်မဟာမိတ်လက်နက်ကိုင်များ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“ချင်းအမျိုးသားတည်ဆောက်ရေးဆိုတာ ကျနော်တို့က ကျနော်တို့ ဓလေ့ထုံးတမ်း ၊ အစဉ်အလာ အဲဒါတွေကအစ အခုအချိန်မှာ ဘယ်ဖွဲ့စည်းပုံက မှလာပြီး မစွက်ဖက်ဘူး ၊ မကျင့်သုံးဘူး ၊ ကိုယ်ဟာကိုယ်တည်ဆောက်နေတဲ့ ချင်းအမျိုးသားအရေး ၊ ချင်းပြည်ထောင်အရေး တည်ဆောက်ရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်မှာ ဖြစ်တယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ သို့ပြောသည်။
ယခုလက်ရှိအခြေအနေအရ စစ်ကောင်စီက ပြုလုပ်နေသော ပြည်နယ် ၊ ပြည်နယ်ဝန်ကြီးချုပ်စသည်များကို ၎င်းတို့အနေဖြင့်အသိအမှတ်ပြု လက်ခံခြင်းမရှိဘဲ ချင်းအမျိုးသားရေးကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ဆိုသည်။
ပင်လုံတွင် စာချုပ်ချုပ်စဉ်က Holding together မဟုတ်ဘဲနဲ့ Coming together နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို အဓိက ချင်း ၊ ကချင် ၊ ရှမ်း နှင့် ဗမာအစိုးရ နှင့် အင်္ဂလိပ် အစိုးရက သီးခြားအုပ်ချုပ်တဲ့ ပြည်များကို ပြည်ထောင်စုတွင် မိမိတို့ ပြည်ထောင်အလိုက် လာပြီး ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့အချိန် နွေဦးတော်လှန်ရေးတွင် ပင်လုံမတိုင်မီ၊ အင်္ဂလိပ်မလာမီ အခြေအနေသို့ ရောက်ရှိနေပြီး ချင်းပြည်ထောင်ကို မိမိတို့တည်ဆောက်ခဲ့သကဲ့သို့ ယခု ချင်းအမျိုးသားတည်ဆောက်ရေး ၊ ချင်းပြည်ထောင်တည်ဆောက်ရေးမှသည် ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆလိုင်း ထက်နီ က ဆက်လက် ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခြင်းကြောင့် ချင်းပြည်သူများအပါအဝင် တိုင်းရင်းသားပေါင်းစုံ ၊အလွှာစုံမှ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်ပေါင်းများစွာစတေးလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ရန် ခုခံတော်လှန်စစ်ကို ဆင်နွှဲလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
နွေဦးတော်လှန်ရေးတွင် သွေးမြေကျခဲ့ရသော အာဇာနည်များ ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစားစာနာကြောင်း အလေးအနက် ဖော်ပြအပ်ပါကြောင်းဆိုသည်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ကျရောက်သော(၇၅)နှစ် မြောက် ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားတစ်ရပ်အဖြစ် အမျိူးသားစုစည်းမှုကို ထုတ်ဖော်ပြသပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအပါအဝင် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက် မိရိုးဖလာကျင့်သုံးခဲ့သည့် အမွေဆက်ခံအုပ်ချုပ်ရေးစနစ်ဟောင်းမှ ချင်းလဲန်းတစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးကျင့်သုံးရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင် နေ့ထူးနေမြတ်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ခုနှစ်အလွန် အာဏာရှင်ဆန့်ကျင်တွန်းလှန်သည့် စစ်ရေး ၊ နိုင်ငံရေး လှုပ်ရှားမှုသည် ပြည်သူ့အခြေပြု ပြည်သူ့တော်လှန်ရေးဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် CNF/CNA နှင့်အတူ မိမိတတ်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
ယခုကျရောက်မည့် ချင်းအမျိုးသားနေ့ကို ချင်းလဲန်းနှင့် အနယ်နယ်အရပ်ရပ်ရှိ ချင်းအမျိုးသားပြည်သူတစ်ရပ်လုံးမှ အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်စေကြောင်း ဆုတောင်းမေတ္တာ ပို့သထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ချင်းအမျိုးသားနေ့
#ချင်းပြည်ထောင်တည်ဆောက်ရေး
#CNF
#NUG

👍8😁1🤮1
ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်
==================
ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ ဆန္ဒပြချီတက်မှု နှစ်နှစ်မြောက် အဖြစ် မတ်လ ၉ရက် နေ့တွင် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက်ခဲ့ကြသည်။
နှစ်နှစ်မြောက် အထိမ်းအမှတ် ချီတက်ပွဲတွင် အမျိုးသမီးမဟာမိတ် အင်အားစု (WAB) ၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်း ၊ တောင်ပုသွေး သပိတ်စစ်ကြောင်း ၊ ရွှေဥက္ကံ သပိတ်စစ်ကြောင်း ၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာ သပိတ်စစ်ကြောင်းမှ ဦးဆောင်သူများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
လူထုစစ်ကြောင်းများသည် ထိုင်သပိတ်အခမ်းအနားပြုလုပ်ခဲ့ပြီး WAB ရဲဘော်တစ်ဦးမှ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးဆိုင်ရာများဟောပြောခဲ့ပြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တစ်ဦးမှ ချင်းအမျိုးသားတပ်ဦး (CNF) မှ ပေးပို့ လာသည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့သည့် ရဲဘော်များကို ဦီးညွှတ်အလေးပြုကြပြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုလွမ်းသူ မှ နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။
ရွာပေါင်းစုံ သပိတ်စစ်ကြောင်း နှစ် နှစ်ပြည့်ချီတက်ပွဲအခမ်းအနားကို သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့နယ်
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း

#mizzima – Explore
explore #mizzima at Facebook
👍10❤4🔥1😁1
ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်
=================

https://youtu.be/X5Tnmn0g1Gg
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့နယ်
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း
#CNF
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်
ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ ဆန္ဒပြချီတက်မှု နှစ်နှစ်မြောက် အဖြစ် မတ်လ ၉ရက် နေ့တွင် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက…

👍11😁2
ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်
====================
ပါခွီး
(မဇ္စျိမ)။ ။ ချင်းပြည်နယ်အတွင်း ဒေသခံချင်းလူမျိုးများမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ယမန်နေ့ ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည်။
ချင်းပြည်နယ်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ(CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံမှ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဆိုသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံသားမှတ်ပုံတင်တွေ လုပ်ပေးပြီး အရပ်သားပုံစံလုပ်ပြီး အင်အားဖြည့်တင်းလာတယ်လို့ ကျနော်တို့ အခိုင်အမာ သတင်းရထားတယ် ။ အဲဒါကြောင့် စစ်ရေးအရ ပြည်သူလူထုကို ကာကွယ်နိုင်ဘို့ ။ စစ်ကောင်စီ အင်အားဖြည့်တင်းလာတာဟာ ချင်းတောင်အတွက် စစ်ရေးပဋိပက္ခများ ပိုများလာမယ့် အခြေအနေတွေရှိတာကြောင့် အခုလိုထုတ်ပြန်ရတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မြေပြင်မှ စစ်ကားများဖြင့် အင်အားဖြည့်တင်းမှုများကို ချင်းအမျိုးသားတပ်မတော် နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက တုံ့ပြန်ချေမှုန်း နိုင်ခဲ့ကြောင်းနှင့် စစ်အင်အားအသုံးပြုနိုင်ရေးအတွက် စစ်သုံးလေယာဉ်များကလည်း မထိရောက်သောကြောင့် ယခုကဲ့သို့ အရပ်သုံးယာဉ်များကို အသုံးပြုလာခြင်းဖြစ်ကြောင်း ဆိုသည်။
အခြားဖက်တွင်လည်း ချင်းတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုအား လွပ်လပ်စွာသွားလာခွင့် ဖွင့်ထားပေးသည်ကို စစ်ကောင်စီတပ်ဖွဲ့က အခွင့်ကောင်းယူ၍ ယခုကဲ့သို့ အင်အားတိုးချဲ့လာခြင်းကို ထိန်းချုပ်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ၊ ကလေးမြို့ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က အရပ်ဖက်သုံးယာဉ်များကို ယူဆောင်ကာ အသုံးပြုနေကြောင်း သတင်းများသိရှိရကြောင်း ဆိုသည်။
အများပြည်သူ ခရီးသွားယာဉ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ (သို့) လက်နက်ခဲယမ်း ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်ပါ အချက်အလက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်း ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အောက်တွင် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်အချက် အလက်များကို တပ်ဖွဲ့ဝင်များထံ ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသောသူများကို ထိုက်သင့်သော အပြစ်ဒဏ်ပေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ ချင်းအမျိုးသား တပ်မတော်နှင့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မေလ ၂၆ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၅၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ဦးခန့်ရှိကာ ချင်းပူးပေါင်းတပ်ဖွဲ့ ဘက်မှ ၁၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ချင်းအမျိုးသား တပ်မတော်ထံမှ သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#CNF
#စစ်ကောင်စီ
ဓာတ်ပုံ - ချင်းတောင်ကားလမ်း (ပုံဟောင်း)

👍19❤2🔥2
အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် CNF တိုက်တွန်း
====================
ပါခွီး
(မဇ္စျိမ) ။ ။ အိမ်နီးချင်းနိုင်ငံများတွင်ရောက်ရှိနေသော ချင်းလူမျိုးများအနေဖြင့် ပြည်တွင်းနိုင်ငံရေးကို ပါဝင်စွက်ဖက်ခြင်းမပြုကြရန်နှင့် အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။
CNF ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ထုတ်ပြန်ခဲ့ရာ၌ ယင်းသို့ ချင်းပြည်သူများကို ဇူလိုင်လ ၁၆ရက်နေ့တွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် တရားမဝင်သောနည်းလမ်းဖြင့် နိုင်ငံသားအသိအမှတ်ပြုကဒ်များရယူခြင်း မပြုလုပ်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောတရားမဝင်လှုပ်ရှားမှုများ မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“အခုလိုထုတ်ပြန်တာကောင်းပါတယ် ၊ ကျနော်တို့ နိုင်ငံသားတွေကလည်း ထိန်းသိမ်းဘို့လိုနေတာတွေရှိပါတယ် ၊ ကိုယ်တွေက နိုင်ငံခြားသားဖြစ်နေပြီး ဒီဖက်ကနိုင်ငံရေး ပါတီတွေကို ထောက်ခံနေတဲ့အကြောင်း လူသိရှင်ကြားပြောဆိုနေတာတွေက သူတို့ နိုင်ငံရေးတွေကြားမှာ ကြားညှပ်သွားမဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမ ကိုပြောသည်။
မြန်မာပြည်မှ လာသောစစ်ဘေးရှောင်များထဲတွင် ဒေသခံနိုင်ငံသား အထောက်အထားများကိုသာမက ပတ်စပို့များရယူနိုင်ရန်ကြိုးစားမှုများရှိလာနေသဖြင့် ဒေသခံများ၏ ငြိုငြင်မှုကို ခံလာရနိုင်ကြောင်း ဆိုသည်။
အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းနှင့် တရားမဝင်မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများကို CNF နှင့် မဟာမိတ်များက လုံးဝ သည်းခံမည်မဟုတ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံမှ တင်သွင်သော ဘိန်းဖြူအပါအဝင် စိတ်ကြွဆေးများမှာ မီဇိုရမ်ပြည်နယ်အတွင် ယခုလတွင် ဖမ်းဆီးမှု နှစ်ဆခန့်မြင့်တက်လာနေကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ချင်းလူမျိုး များအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက်များကို လက်မခံဘဲ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းလူမျိုးများ၏ အကျိုးစီးပွားအတွက်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေးစီရေးတို့အတွက် ရည်မှန်းချက်များမြှင့်တင်ရန်အတတ်နိုင်ဆုံးကြိုးပမ်းနေကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ချင်းလူမျိုးများ
#CNF
#တရားဥပဒေစိုးမိုးရေး

👍21🔥1😁1
CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်
=======================
ZZ
(မဇ္ဈိမ) ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင် ၂၀၀ လက်နက်ချကာ အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
“ရန်ကြီးအောင်”အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၄ ရက်နေ့တွင် ပုံသုံးပုံဖြင့် “မြန်မာတပ် မတော်ကို အပြုတ်တိုက်မယ်ဆိုတဲ့ Cdf ချင်းပလုံးပဒက် အင်အား 200 ခန့် အိန္ဒိယနိုင်ငံသို့ လက်နက် အပ်နှံပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသွားပါကြောင်း သတင်းရရှိပါသည်” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဖြန့်ဝေခဲ့သည်။
ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရုပ်ကိုးခုတွင် ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူ ၆,၀၀၀ ကျော်ရှိသည်။ အလားတူပင် ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများလည်း ရှိနေသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါဖြန့်ဝေမှုတွင်ပါဝင်သည့် ဓာတ်ပုံနှင့် အကြောင်း အရာများအား အချက်အလက်စစ်ဆေးခဲ့သည်။
ဓာတ်ပုံများထဲမှ တတိယပုံသည် ၂၀၂၂ ခုနှစ်ကတည်းကရှိနေခဲ့သည့် ပုံဟောင်းဖြစ်သည်။ “Titus Tang” အမည်ရှိ YouTube အသုံးပြုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ချင်းဘာသာစကားဖြင့် တင် ဆက်ထားသည့် ဗီဒီယိုဖိုင်၌ပါဝင်သည့် ဓာတ်ပုံဖြစ်သည်။
CDF တပ်ဖွဲ့ဝင်များ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သက်၍ အိန္ဒိယသတင်းဌာနများဖြစ်သည့် India Today ၊ NDTV ၊ The Indian Express ၊ The Economic Times တို့တွင် ရှာဖွေခဲ့ရာ၌ သတင်းတု ကဖော်ပြထားသည့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည်ဟူသည့် အကြောင်းအရာကို မတွေ့ရချေ။
အလားတူပင် မြန်မာသတင်းဌာနများ၌လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းဖော်ပြမှု မရှိပေ။
ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် Chinland Joint Defense Committee (CJDC) တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကို အဆိုပါအကြောင်းအရာနှင့်ပတ်သက် ပြီး ဆက်သွယ်မေးမြန်းခဲ့သည်။
၎င်းမှ “မကြားမိပါဘူး အကို။ တကယ်လို့ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ကြားသင့်ပါတယ်။ မသိလိုက်ဘူး နော်။ တစ်ဖက်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့သူ မရှိသေးဘူး” ဟု ပြောသည်။
ထို့ကြောင့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် လက်နက်ချကာ နိုင်ငံရေးခိုလှုံခွင့် အိန္ဒိယနိုင်ငံကိုတောင်းသည်ဆို သောသတင်းမှာ အမှန်တကယ်မရှိသည့်အကြောင်းအရာကို လုပ်ကြံဖန်တီးရေးသားထားသည့် သတင်း အမှားသာဖြစ်သည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#CNF
---------------------

👍13😁6🤯1🤣1
လက်နက်ကိုင်အဖွဲ့များ ဇိုမီးဒေသမှ ထွက်ခွာရန် စစ်ကောင်စီနှင့်ပူးပေါင်းထားသည့် ZRA မှ သတိပေး
====================
(မဇ္ဈိမ) ။ ။ စစ်ကောင်စီတပ်နှင့်ပူးပေါင်းထားသည့် Zomi Revolution Army( ZRA )အရှေ့ပိုင်းတိုင်း၏ ခွင့်ပြုချက်မရရှိဘဲ လာရောက်အခြေချသည့် လက်နက်ကိုင်အဖွဲ့များကို ဇိုမီးဒေသအတွင်းမှ ထွက်ခွာသွားကြရန် ZRAအဖွဲ့မှ သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အနီးအခြေချထားသည့် CDF Tonzang တပ်ရင်း(၃)စခန်းကို မဏီပူရ်အခြေစိုက် Zomi Revolution Army (ZRA) အဖွဲ့နှင့် စစ်ကောင်စီတပ်ပူးပေါင်းပြီး ယမန်နေ့ ဩဂုတ် ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့ သတိပေးစာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယမန်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနှင့်အတူ Zomi Revolution Army (ZRA) အဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF Tonzang တပ်ရင်း( ၃)ရှိ စခန်းထဲက ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ် အခြေစိုက် ZRA သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေကြသည့် ချင်းလက်နက်ကိုင် (CNF/A, CDFs) တပ်ဖွဲ့ဝင်များအပေါ် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့ကလည်း ဟားခါး-ကလေးလမ်းပေါ်ရှိ တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း Zomi Revolution Army (ZRA) မှ စစ်ကောင်စီတပ်ဘက်မှ ၀င်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ် ဧပြီလ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ချင်းအမျိူးသားတပ်ဦး (CNF)ဗဟိုဌာနချုပ် ဝိတိုရိယစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ - Chinland Joint Defense Committee (CDJC) ၏ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ ချင်းပြည်နယ်အတွင်း Zomi Revolution Organization/Zomi Revolution Army (Eastern Command) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
လက်ရှိတွင် Zomi Revolution Army (Eastern Command) (ZRA)အရှေ့တိုင်းအနေဖြင့် တီးတိန်၊ တွန်းဇန်မြို့နယ်များကို ၎င်းတို့၏ ဇိုမီးဒေသဟုသတ်မှတ်ပြီး ၎င်းနယ်မြေအတွင်းအခြေချနေသည့်ဒေသခံကာကွယ်ရေးတပ်များနှင့် CANတပ်များကို စစ်ကောင်စီတပ်နှင့်အတူပူးပေါင်းတိုက်ခိုက်နေကြောင်းလည်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မဏီပူပြည်နယ်
#ZRA
#CDJC
#CNF
#Hardnews
#Ethnic
ပုံ/ Zomi Revolution Army အဖွဲ့များ

👍11🤬7🔥2
မီဇိုရမ်တွင် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
====================
ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါး နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိ ကျန်းဖိုင်းရဲတပ်ဖွဲ့မှ Chalbawiha Junction Khankawn ရဲဂိတ်တွင် ကားတစီးကို စက်တင်ဘာလ ၁၁ရက်နေ့တွင် စစ်ဆေးရာ ကားဘီးအပိုပါလာသည့် တာယာအတွင်းမှ ဘိန်းဖြူများဖမ်းဆီးရမိခြင်း ဖြစ်သည်။
ကားပေါ်တွင်ပါလာသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ခေါမွိုင်းရွာနေထိုင်သူ လားထန်းဗွန်ငါ (၄၇နှစ်)ကို ဘိန်းဖြူ ၄၁၀ ဂရမ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသား ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
တဖန် မီဇိုရမ်ပြည်နယ် တောင်ပိုင်း ဆိုင်ဟားခရိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦးနှင့် ဒေသခံအမျိုးသားတဦးထံမှ AK 47 ကျည်ဆန် ၁,၈၀၀ ကို အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ရဲ များက ဖမ်းဆီးရမိကြောင်းလည်း ထုတ်ပြန်ထားသည်။
ကြိုတင်သတင်းရရှိထားချက်အရ လောင်တလိုင်မြို့ဖက်ကို ဦးတည်မောင်းနှင့် လာသည့် ဆိုင်ကယ်သုံးစီးကို ဆိုင်ဟားခရိုင် တလိုင်ပွီးကွန် အရောက်တွင် စက်တင်ဘာလ ၁၂ရက်က စစ်ဆေးခဲ့ရာ ကျည်ဆန်များဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးနှင့် ဒေသခံကို တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆိုင်ဟား ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
“အခုလို မြန်မာနိုင်ငံသားတွေဆီက မူးယစ်ဆေးဝါးတွေခပ်စိပ်စိပ်ပြန်ဖမ်းမိလာတဲ့အပေါ်မှာ ဒေသခံတွေက စစ်ဘေးရှောင်တွေအပေါ်မှာ အမြင်းစောင်းပြီး ငြိုငြင်လာမှာကို စိုးရိမ်ပါတယ်”ဟု ဟု မြန်မာစစ်ဘေးရှောင်ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမ ကို ပြောသည်။
အကူအညီပေးနေသည့် ဒေသခံ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်လာသူများနှင့် မူးယစ်ဆေးဝါးမှောင်ခို လုပ်သူများကို ခွဲခြားမြင်သော်လည်း ဒေသခံအချို့မှာ မြန်မာနိုင်ငံသားများက ၎င်းတို့ ပြည်နယ်အတွက် အနှောက်အယှက်ပေးနေသည်ဟု ရေးသားပြောဆိုမှုများရှိကြောင်းဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသား ၄၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ချင်းအမျိုးသားတပ်ဦး (CNF)က အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ဇူလိုင်လ ၁၆ရက်နေ့က ထုတ်ပြန်ရာတွင် ချင်းပြည်သူများကို မိမိတို့ရောက်ရှိနေကြသည့်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်ချင်းမပြုကြရန် သတိပေးထားသည်။
တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမပြုကြရန်နှင့် အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများအားလုံးကို သည်းခံမည်မဟုတ်ဘဲ လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများကိုတွေ့ရစဥ်
ဓါတ်ပုံ - မီဇိုရမ် ရဲတပ်ဖွဲ့
#mizzima
#CNF
#မီဇိုရမ်ပြည်နယ်
#မြန်မာနိုင်ငံသား

👍12🔥1
ထန်တလန်မြို့တိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ
=============
ပါခွီး
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၁၂ရက်နေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးချင်းကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟွားငိုလ်းရမ်း(CDF – Hualngoram) မှ အသက်(၂၄)နှစ်အရွယ်ရဲဘော်နှင့် နောက်တဦး ကျဆုံးခဲ့ခြင်းဟု သိရသည်။ ဒဏ်ရာရသူ သုံးဦးကို ဆေးကုသပေးနေရဆဲဖြစ်သည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက " စစ်ကောင်စီဘက်မှာ ဒဏ်ရာရတဲ့သူတွေလည်းများတယ်” ဟုဆိုသည်။
ထန်တလန်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့ တိုက်ပွဲ၌ ဆေးရုံနှင့် စာသင်ကျောင်းနေရာကို ကောင်စီတပ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးရဲဘော်များကပြောသည်။ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟုဆိုသည်။
စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ထန်တလန်မြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီကလည်း ထန်တလန်မြို့ကို အကြိမ်ကြိမ်တိုက်ခိုက်နေရာ ဒေသခံများ နေရပ်စွန့် ခွာခဲ့ကြရပြီး အနီးပတ်ဝန်းကျင်ရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံနေကြရကြောင်း သိရသည်။ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းကာကွာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့အား ထိန်းချုပ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည်။
လတ်တလော ထန်တလန်မြို့ စစ်ရေးနှင့် ဒေသတွင်း အခြေအနေများကိုသိရှိနိုင်ရန် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မဇ္ဈိမက ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။
ပုံအညွှန်း - ထန်တလန်မြို့တိုက်ပွဲအတွင်းကျဆုံးသွားသည့်ချင်းကာကွယ်ရေးရဲဘော်
ဓါတ်ပုံ - Zofa Journal
စာတည်း - အေးချမ်း
#mizzima
#ထန်တလန်မြို့
#တိုက်ပွဲပြင်းထန်
#CNF
-----------------------

😢8👍5😁3❤2
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်
=============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ညီနောင် မဟာမိတ် သုံးဖွဲ့၏ "၁ဝ၂၇ စစ်ဆင်ရေး"နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး(CNF) က ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန် နိုင်ငံရေးအခွင့်အခါကောင်းရရှိခြင်းပင်ဖြစ်ပြီး ထိုအခွင့်ထူးကို မိမိတို့ အနေဖြင့် အမိအရဆုပ်ကိုင်ပြီး စစ်ရေး ၊နိုင်ငံရေးတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြပါရန် တိုက်တွန်းလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒီနွေဦးတော်လှန်ရေးကာလမှာ အခုလို ညီနောင်သုံးဖွဲ့အနေနဲ့ အဲဒီဒေသအတွင်းမှာ စစ်ဆင်ရေးအကြီးကြီးတွေ လုပ်ပြီးတော့ အောင်မြင်မှုတွေအလီလီရထားတာတွေ့ရတော့ ကျွန်တော်တို့အတွက် အင်မတန်မှ အားရှိတယ်။ ထောက်လည်းထောက်ခံတယ်၊ ကြိုဆိုတယ်၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေဆက်တိုက်ရပါစေလို့ပဲ ကျွန်တော်ဆန္ဒပြုချင်ပါတယ်။” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် သုံး ဖွဲ့၏ "၁၀၂၇ စစ်ဆင်ရေး"တွင် ရန်သူ့တပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းပြီး အောင်ပွဲအလီလီရရှိမှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း အလေးအနက် ဆန္ဒပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်( ULA/AA )တို့မှ ပြည်သူလူထု တရပ်လုံး လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၊ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိနယ်မြေပိုမို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေးအတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက်"၁၀၂၇စစ်ဆင်ရေး" ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုပါကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း-သန့်ဇော်(သန်လျင်)
#mizzima
#CNF
#မြန်မာသတင်း
#၁ဝ၂၇စစ်ဆင်ရေး
ပုံအညွှန်း။ ။ ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များ

❤13👍4😁1🥴1
ချင်းပြည်(Chinland)ဖွဲ့စည်းပုံဥပဒေမူကြမ်း ဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲ
============
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဒုတိယအကြိမ်ပြင်ဆင် ရေးဆွဲနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီညီလာခံဖြစ်မြောက်ရေးအလုပ်အဖွဲ့ (WCCCC) က အောက်တိုဘာ ၂၈ရက်နေ့တွင်ထုတ်ပြန်သည်။
“အရွေ့တခုကိုကောင်းကောင်း လုပ်နိုင်တဲ့ အစည်းအဝေးတခု ၊ အောင်မြင်တယ်လို့ ကျနော်အနေနဲ့သုံးသပ်ပါတယ်” ဟု WCCCC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ငိုင်တမ်းမောင် က မဇ္စျိမကို ပြောသည်။
အလုပ်အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ချင်းအမျိုးသားတပ်ဦး(CNF) ဒေသ အုပ်ချုပ်ရေး နှင့် ကာကွယ်ရေးအဖွဲ့ဝင်များပါဝင်သဖြင့် နိုင်ငံရေး တော်လှန်ရေး နောက်ခံမတူညီသောကြောင့် အစည်းအဝေးတွင် ညှိနှိုင်းမှုများစွာပြုလုပ်ခဲ့ရကြောင်း ဆိုသည်။
သို့သော် တော်လှန်ရေး ထိရောက်မြန်ဆန်စွာပြီးဆုံးနိုင်ရေးနှင့် ချင်းအမျိုးသား စည်းလုံးညီညွတ်မှုအခြေခံမှ ဆွေးနွေးခဲ့ကြသဖြင့် ဆုံးဖြတ်ချက်မချနိုင်သည့် အကြောင်းအရာများရှိခဲ့သော်လည်း အရေးကြီးသည့် ကိစ္စများကိုမူ သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း ဒေါက်တာ ငိုင်တမ်းမောင် က ဆက်ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲခဲ့သည့်အပြင် ချင်းညီလာခံဖြစ်မြောက်ရေးအတွက် ပြင်ဆင်ခြင်း ၊ တာဝန်ခွဲဝေခြင်းများကိုလည်း အစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုအတွက် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးနှင့် စစ်ရေးပိုင်းတွင် ဗျူဟာကျကျ အချက်ကျကျ လုပ်ကိုင်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို အမြန်ဆုံးအတည်ပြုလိုသော်လည်း အရင်လိုသဖြင့် ခိုင်မာမှုမရှိသော ဖွဲ့စည်းပုံ မဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
အလုပ်အဖွဲ့အနေဖြင့် ရှေဆက်၍ ညှိနှိုင်းရေးလုပ်ငန်းများ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အခြေခံမူကြမ်းပေါ်ပေါက်လာပါက ညီလာခံခေါ်ယူအတည်ပြုကာ ဖွဲ့စည်းပုံနှင့်အညီ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနှင့် ဥပဒေပြု မဏ္ဍိုင်သုံးရပ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးများတွင် မြို့နယ်အဆင့်ကိုယ်စားပြုသော အဖွဲ့ နှစ်ဖွဲ့ပါဝင်လာခြင်းမရှိသေးသဖြင့် ၎င်းတို့နှင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း ဒေါက်တာငိုက်တမ်းမောင် က ပြောဆိုသည်။
ယခု အလုပ်အဖွဲ့အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာတွင် အောက်တိုဘာလ ၂၄ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းညီလာခံဖြစ်မြောက်ရေးဖြစ်မြောက်ရေး အလုပ်အဖွဲ့ကို ချင်းလွှတ်တော် ကိုယ်စားလှယ်များ ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဒေသအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များမှ ကိုယ်စားလှယ် ၁၀၈ ဦးတက်ရောက်ခဲ့သည့် အစည်းအဝေးမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ချင်းညီလာခံ

👍20🔥2
ချင်းပြည်နယ်တွင် ပထမဆုံးလွတ်မြောက်သည့် ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဟုဆို
==================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ပထမဦးဆုံး လွတ်မြောက်ခဲ့သည့် မြို့ဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က နိုဝင်ဘာလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။
လူထုလုံခြုံရေး ၊ ဒေသတည်ငြိမ်ရေးနှင့် အမှတ်(၂) အိန္ဒိယ-မြန်မာကုန်သွယ်မှုအဆင်ပြေစေရေးကို ရှေ့ရှုလျက် ဒေသခံများကိုယ်တိုင် ဖော်ဆောင်သည့် ရိဒ်ခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို CNF နှင့်အတူ Hualngoram People Organization (HPO)တို့က ပူးတွဲအကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ဒေသမှာ ပြည်သူတွေက မြို့မိ ၊ မြို့ဖနဲ့ လေးစားတဲ့သူတွေကနေတဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ခဲ့ပြီးသားပါ ၊ အခုမှ အသစ်ဖွဲ့တာမဟုတ်ပါဘူး ၊မြို့မသိမ်းခင်ကတည်းကရှိပြီးသား အဖွဲ့က ဆက်တာဝန်ယူသွားမှာပါ ၊ CNF ကနေ ကျနော်တို့ကို ဝိုင်းအားဖြည့်ပေးမဲ့ သဘောပါ” ဟု HPO အထွေထွေအတွင်းရေးမှူး ဂျွန်ရိုဗာ က မဇ္စျိမကိုပြောသည်။
စစ်အာဏာသိမ်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမရှိတော့သည့်အတွက် ယင်းနေရာအစားထိုးရန် တော်လှန်ရေးအဖွဲ့ဘက်တော်သားများနှင့် မြို့ရှိလေးစားအပ်သူများမှတဆင့် ရွေးချယ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့မှလျှို့ဝှက်စွာဖြင့် ရပ်ရွာအရေးကိစ္စများကို ခက်ခဲစွာယခုအချိန်ထိ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
အုပ်ချုပ်ရေးလုပ်ငန်း အသေးစိတ်အခြေအနေများကို ပြောပြချိန် စောနေသေးကြောင်း HPO အတွင်းရေးမှူးက ဆက်ပြောသည်။
ရိဒ်ခေါဒါရ်မြို့သည် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ပြည်သူ့လုံခြုံရေး ၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အထူးလိုအပ်ကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုကို CNA ၊ CDF – Zanniatram ၊ People Defence Army (PDA) ၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram ပူးပေါင်းတပ်ဖွဲ့များမှ နိုဝင်ဘာလ ၁၃ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲကြောင့် တိမ်းရှောင်သွားခဲ့ရသည့် ဒေသခံပြည်သူများ လုံခြုံချောမွေ့ စွာ ပြန်လည်ဝင်ရောက်နိုင်ရေး ၊ ပြန်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးများကို ပြည်သူလူထုပူးပေါင်းမှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
မိုင်းအခြေအနေကြောင့် နေရာအချို့ကန့်သတ်ထားသည်မှအပ ပြန်လည်နေထိုင်ကြရန်အသိပေးထားပြီး စစ်ဘေးရှောင်တချို့မှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ရှိနိုင်ကြောင်း စိုးရိမ်၍ ပြန်မလာသူ အနည်းငယ်ကျန်ရှိသေးကြောင်း အတွင်းရေးမှူးက ပြောဆိုသည်။
ရိဒ်ခေါရ်ဒါမြို့ လွတ်မြောက်ပြီးနောက် ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များကိုလည်း လွတ်မြောက်ရန်ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ယခုဖော်ဆောင်မည့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများတွင်လည်း ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးကြပါရန် ဂျွန်ရိုဗာ က ဖိတ်ခေါ်ထားသည်။
နှစ်ဖက်တိုက်ပွဲအတွင်း အသက်အန္တရာယ်လုံခြုံရေးအတွက် ယာယီစစ်ဘေးရှောင်များ ၊ ဒဏ်ရာရရဲဘော်များနှင့် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးသော အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ၊ မီဇိုရမ်ပြည်နယ်အစိုးရ နှင့်ပြည်သူများ လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးအထူးတင်ရှိကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရိဒ်ခေါဒါရ်မြို့

👍14❤1🔥1