Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
(၇၆)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ်အခမ်းအနား နယူးဒေလီတွင်ကျင်းပ

ပါခွီး
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် (၇၆)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် CRPH/NUG Support Group – India မှ ဦးဆောင်ကျင်းပပြီး အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဓမ္မဆရာများနှင့် နယူးဒေလီရှိ မြန်မာကွန်မြူနတီ အသီးသီးက တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းရင်းသားကိုယ်စားလှယ်အချို့က ပင်လုံစာချုပ်ချုပ်ဆိုစဉ်က အခြေအနေများနှင့် လက်ရှိ နွေဦးတော်လှန်ရေးကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ထို့ပြင် တက်ရောက်လာသူများမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် လက်ရှိအခြေအနေများ အတွက်ဆုတောင်းခြင်းနှင့် မြန်မာနိုင်ငံအား စစ်အာဏာရှင် မိစ္ဆာလက်အောက်မှ အမြန်ဆုံးလွတ်မြောက် နိုင်ရန်မေတ္တာပို့ခဲ့ကြသည်။
ထို့နောက် “အလိုမရှိ” တေးသီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာနိုင်ငံသားများက အာဏာသိမ်းမှု နှစ် နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆန့်ကျင်ကန့်ကွက်ရန် စီစဉ်ခဲ့ကြသော်လည်း ဒေသအာဏာပိုင်များက ခွင့်မပြုသဖြင့် တရားဝင်ဆန္ဒပြခွင့်မရခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#အိန္ဒိယနိုင်ငံ
#နယူးဒေလီမြို့
#ပင်လုံစာချုပ်
#NUG
#CRPH
👍11😁1🤮1
​​ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းမေးမြန်း

မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင်အသုံးပြုမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က မေးခွန်း မေးမြန်းခဲ့သည်။
၎င်းက “နွေဦးတော်လှန်ရေးအပြီးတွင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရန် အတွက် မြေပြန့်တောင်ပေါ်ဒေသမကျန် တိုင်းရင်းသားပြည်သူပေါင်းစုံလက်ခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သို့သောအခြေခံမူများဖြင့် ရေးဆွဲ ပြဌာန်းသွားမည်ကို သိလိုကြောင်း “
မေးမြန်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်စဉ် ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။
မေးမြန်းမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဒုတိယဝန်ကြီး မိုင်းဝင်းထူးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းနေကြောင်း ဖြေကြားသည်။
အထူးသဖြင့် ၂၀၂၁ ခုနှစ်၊မတ်လ ၃၁ ရက်နေ့တွင် CRPH မှထုတ်ပြန်ခဲ့သည့် ဖက်ဒရယ်ပဋိညာဥ် အစိတ်အပိုင်း (၁)နှင့် (၂) ကို ပြင်ဆင်ပြဌာန်းရေး ဆောင်ရွက်ခဲ့ကြကြောင်းဆိုသည်။ အဆိုပါ ဖက်ဒရယ်ပဋိညာဥ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ရက် အထိကျင်းပခဲ့သည့် ပြည့်သူ့ညီလာခံတွင် အတည်ပြုခဲ့ကြပြီးဖြစ်သည်ဟုလည်း ဒုတိယဝန်ကြီး မိုင်းဝင်းထူးက ပြောသည်။
“ ဖက်ဒရယ်ပဋိညာဥ်၊ အထူးသဖြင့် ပဋိညာဥ်ရဲ့ အစိတ်အပိုင်း(၁) ဟာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းညွန်အခြေခံမူကြီးဖြစ်တဲ့အတွက် ကြောင့်မို့ ယင်းကို အခြေခံကျောရိုးအဖြစ် လက်ကိုင်ပြု၍ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် ပြင်ဆင်လျက်ရှိပါတယ် " ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖက်ဒရယ်ပဋိညာဥ်အရ လွှတ်တော်များ ခေါ်ယူကျင်းပနေခြင်းဖြစ်ကြောင်းသိရသည်။
“ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်ကို ခေါ်ယူတာမဟုတ်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ကျွန်တော်တို့ စစ်အုပ်စုနဲ့မပူးပေါင်းတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ပြည်ထောင်စုလွှတ်တော်လုပ်ငန်းလမ်းညွှန်အရ အစည်းအဝေးအထမြောက်မှု၊ တက်ရောက်ခွင့်ရှိသူတွေကို စိစစ်တယ်။ တက်ရောက်ခွင့်ရှိသူ ၄၀၇ ဦး မှာ ၃၃၇ ယောက် တက်လာတယ်။ ၈၂ ရာခိုင်နှုန်းကျော် ထက်ဝက်ကျော်တက်ရောက်တဲ့အတွက်ကြောင့် အထမြောက်တယ်ဆိုတာကြေညာနိုင်ခဲ့တယ်” ဟု CRPH ပြောရေးဆိုခွင့်ရှိသူဦးစည်သူမောင်က ရှင်းပြသည်။
ယခုကျင်းပနေသည့်လွှတ်တော်ထဲတွင် စစ်သားများပါဝင်မှုမရှိဘဲ အရပ်သားရွေးကောက်ခံများသာပါဝင်သည့် လွှတ်တော်ဖြစ်ကြောင်းနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စုစုပေါင်းငါးကြိမ် ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သည် ယခင်ကထက် နိုင်ငံတကာ၏အသိအမှတ်ပြုမှု ပိုမိုအားကောင်းလာပြီး နိုင်ငံတကာသံရုံးများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် - မောင်ကြီး
#ဖက်ဒရယ်
#ပြည်ထောင်စု
#အခြေခံဉပေဒ
#ပြည်ထောင်စုလွှတ်တော်
#CRPH
❤4👍3🤮1
​​စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏တပ်ဦးနေရာတွင်ရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယကဆို
=====================

ဂန္ဒမာ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေးအတွင်း စံနမူနာယူကြရသည့် တိုင်းဒေသကြီးဖြစ်ပြီး တော်လှန်ရေး၏ တပ်ဦးနေရာတွင်ရှိနေသည်ဟု CRPH ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ကပြောသည်။

မတ်လ ၁ ရက်နေ့ ပြုလုပ်ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမိန့်ခွန်းတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" စစ်ကိုင်းတိုင်းအတွင်းမှာရှိကြသော ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များဟာ ပေးဆပ်မှုပေါင်း မြောက်များစွာနဲ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ မဆုတ်မနစ် ပါဝင်ဆင်နွှဲနေကြတာ ကမ္ဘာကပင် အသိအမှတ်ပြုနေရပါတယ်။ ဘဝကိုပေးဆပ်ပြီး လမ်းသစ်ဖောက်ကာ လျှောက်လှမ်းနေကြရတာလည်းဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် လူထုလူတန်းစား အလွှာအသီးသီးမှ ရောက်ရှိလာကြသူများ ဖြစ်သော်လည်း ပြည်သူများ၏လိုလားချက်ကို ဖြည့်ဆည်းပေးရန်ဟူသည့် ခံယူချက်တူညီစွာဖြင့် ဆွေးနွေးညှိနှိုင်း ပူး‌ပေါင်း‌ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ပြည်သူကို ကိုယ်စားပြု တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးများကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်ကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များအားလုံးသည် မိမိတို့မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ စုစည်းမှုအင်အားကိုအခြေပြုကာ နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကာ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြမည်ဟု ဦးအောင်ကြည်ညွန့် က နိဂုံးချုပ်ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးရေ ၇၆ ဦး တက်ရောက်ခွင့်ရှိသည့်အနက် တက်ရောက်သူဦးရေ ၄၃ ဦးရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပွားနေသည့် တော်လှန်ရေးကာလ အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်အတွင်းဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နေအိမ်ပေါင်း ၅၇,၈၀၇ လုံး မီးရှို့ခံခဲ့ရကြောင်း ISP Myanmar က ထုတ်ပြန်သည်။

အလားတူ PDF များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု များအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအများအပြားကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ကြောင်း NUG မှလည်း ရေးသား ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

#စစ်ကိုင်းတိုင်း
#လွှတ်တော်
#နွေဦးတော်လှန်ရေး
#CRPH
👍17🤮3😁1
​​ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး CRPH နှင့် NUG ခေါင်းဆောင်များ၏ပြောကြားချက်ဆိုကာ သတင်းမှား ဖြန့်နေ

JC
မဇ္ဈိမ ။ ။ပြည်ထောင်စုလွှတ်တော်ကိုယ်စာပြုကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် စသည့်ပုဂ္ဂိုလ်များ၏ပုံများဖြင့် ဖက်ဒရယ်အရေး၊ တော်လှန်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏ပြောကြားချက် ဆိုကာ လူမှုကွန်ရက်တွင် ဖြန့်ဝေနေကြသည်။ ထိုစကားစုများကို ကာယကံရှင်များက ပြောကြားခဲ့ခြင်း မရှိပေ။
ဦးအောင်ကြည်ညွှန့်ပုံဖြင့် “၎င်းတို့အုပ်ချုပ်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် ၁၀ နှစ်အတူ နေကြည့်ရန် နှင့် မကြိုက်ပါက ကတိအတိုင်း ခွဲထွက်နိုင်ကြောင်း” နှင့် “ဗမာပြည်နယ်များ ဖက်ဒရယ်ဖွဲ့စည်းပုံများသည် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ဆုံးဖြတ်ချက်မချနိုင်ကြောင်း တိုင်းရင်းသားအားလုံးမှ ဒေါ်အောင်ဆန်းစု ကြည် ပြန်လွတ်လာအောင် စစ်တိုက်ပေးရန်လိုကြောင်း” အကြောင်းအရာနှစ်ခုဖြင့် ပုံနှစ်ပုံ ပျံ့နှံ့နေသည်။
တဖန် ဒေါ်ဇင်မာအောင်ပုံဖြင့် တော်လှန်ရေးတွင် လက်နက်ကအဓိကကျပြီး တော်လှန်ရေးအောင်မြင်ရန် အတွက် NUG အစိုးရကို များများလှူပေးရန် မေတ္တာရပ်ခံကြောင်းဖြင့် ဖြန့်ထားသည်။
ဦးနေဘုန်းလတ်ပုံတွင်မူ “နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD က CEC တွေမပါဘဲ NUG က အရာရာကို မဆုံးဖြတ်နိုင်ဘူး” ဟု ရေးသားထားသည်။
ထိုပုံသည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် VOA-Burmese မှ “NUG စစ်ရေးထိုးစစ်လုပ်ဆောင်နိုင်မှု တွေ့ဆုံ မေးမြန်းခန်း”မှ ပုံကိုသုံးထားပြီး ကိုနေဘုန်းလတ်ပြောဆိုခဲ့ခြင်းမရှိသည့် စကားများဖြင့် ဖြန့်ဝေထားခြင်း ဖြစ်သည်။ VOA လင့် - bit.ly/3SKKTdT
ယခုပျံ့နှံ့နေသည့်ပုံလေးပုံနှင့်ပတ်သက်၍ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုက သူရဲ့ သွေးခွဲရေး ဗျူဟာကို စနစ်တကျခင်းနေတယ်၊ ကိုယ့်ဘက်က သူ့အကွက်ထဲမဝင်မိအောင် ပါးနပ်ကြဖို့ပါ” ဟု ရေး သားကာ ထိုပုံများမှာ အတုများဖြစ်ကြောင်း‌ဖော်ပြထားသည်။ လင့် bit.ly/3Yf2prK
ထို့အပြင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း ၎င်းနှင့် ဦးအောင်ကြည်ညွန့်တို့ပြော ကြားခဲ့ခြင်းမရှိခဲ့ဖူးသည့် စကားများဖြင့် ဖြန့်ဝေနေကြကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထား သည်။ လင့် bit.ly/3ZHX4dN
“သတင်းအမှားကြီးဗျ။ ကျနော်တို့ပြောတာမဟုတ်ဘဲနဲ့ တော်လှန်ရေးအရှိန် အဟုန်ကောင်းနေတဲ့အချိန် မှာ ကျနော်တို့နဲ့ EROs တိုင်းရင်းသားအဖွဲ့တွေနဲ့ သဘောထားကွဲအောင်ဆိုပြီးတော့ တမင်ကိုဖန်တီးထား တဲ့ လုပ်ကြံသတင်းကြီးဗျ။ ဒီလို သဘောသက်ရောက်တဲ့စကားမျိုး လုံးဝ(လုံးဝ)ကို မပြောဖူးဘူးဗျ” ဟု အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဦးအောင်ကြည်ညွန့်က မဇ္ဈိမသို့ ပြောကြားသည်။
ထို့ကြောင့် ယခုပျံ့နှံ့နေသည့်ပုံများသည် ကာယကံရှင်များမှ အမှန်တကယ်ပြောဆိုခြင်းမရှိသည့် စကား များကို ပုံများဖြင့်တွဲ၍တမင်ဖန်တီးကာ နွေဦးတော်လှန်ရေးအင်အားယုတ်လျော့စေရန် ဝါဒဖြန့်တိုက်ခိုက် ထားခြင်းသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#NUG
#CRPH
👍11😁3🤬1
Media is too big
VIEW IN TELEGRAM
ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး CRPH / NUG ခေါင်းဆောင်တွေရဲ့ပြောကြားချက်ဆိုပြီးသတင်းအမှားတွေဖြန့်နေပါတယ်

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6476361599065357

#Misinformation_Buster #Shorts #Reels #CRPH #NUG
👍2🔥1
အဆိုပါခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိ ကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Chris Van Hollen ၊ National Democratic Institute (NDI) ၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#CRPH
#အမေရိကန်နိုင်ငံ
#ဝါရှင်တန်ဒီစီ
#အလုပ်သဘောခရီးစဉ်
👍10😁2
​​အနာဂတ်တိုင်းပြည် လုံခြုံရေးကဏ္ဍအတွက် ပြုပြင်ပြောင်းလဲရန် NUG ပြင်ဆင်နေ
=======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အနာဂတ်မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍအတွက် အာဏာသိမ်းစစ်တပ်နေရာတွင် ဖက်ဒရယ်တပ်မတော်ကို အစားထိုးပြီး ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်ဆင်နေသည်ဟု သိရသည်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူများဖြင့် ဖွဲ့စည်းထားသည့် CRPH၊ NUG၊ နှင့်NUCCတို့သည် ဖက်ဒရယ်နိုင်ငံတော် တည်ထောင်နိုင်ရေးအတွက် ကြိုးစားနေသကဲ့သို့ တစ်ဖက်တွင်လည်း လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး( security sector reform)အတွက် ပြင်ဆင်တည်ဆောက်နေသည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“PDFတွေရှိမယ်။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေရှိမယ်။ ဒါတွေအားလုံးဟာ တစ်ချိန်ချိန်မှာ ဖက်ဒရယ်တပ်မတော်ဆိုတာကို မျှော်မှန်းပြီးတော့ security sectorကြီးတစ်ခုလုံးကို reformလုပ်မယ့် အစားထိုးနိုင်ဖို့ကို ကြိုးစားနေတာဖြစ်တယ်” ဟု၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအပါအဝင် အချို့အနေဖြင့် အနာဂတ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်(စစ်ကောင်စီတပ်)ဆက်လက်ပြီး မဖြစ်မနေရှိနေမည်ဟူသည့် စဉ်းစားချက်သည် အလွဲကြီးလွဲနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက မှတ်ချက်ပြုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးစားနေသည့် NUGသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို ပြီးခဲ့သည့်၂၀၂၁ခုနှစ်၊ မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်ပြည့်ပြီဖြစ်သည်။

တူးမီးဖြင့် စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို စတင်တိုက်ခိုက်ခဲ့ရာမှ လက်ရှိအချိန်တွင် လက်နက်အမျိုးမျိုး တပ်နိုင်ပြီဖြစ်သည့်အပြင် ကိုယ်ပိုင် လက်နက်ထုတ်လုပ်ခြင်းသည်လည်း အောင်မြင်ပေါက်ရောက်နေပြီဟုသိရသည်။ ထို့ကြောင့် ခံစစ်ဗျူဟာမှသည် တန်ပြန်ထိုးစစ်အကြိုကာလကို ရောက်ရှိလာပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

လက်နက်ထုတ်လုပ်မှုများနှင့်အတူ စစ်ကောင်စီကို အမှည့်ချွေ ချွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်းရုပ်ပိုင်းအားပြတ်စေခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ပြီး စိုးမိုးနယ်မြေများစွာ တည်ဆောက်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်အထိ နိုင်ငံအဝှမ်းတွင် PDFတပ်ရင်း ၃၀၀ကျော် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၅၀ကျော် ဖွဲ့စည်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားသုံးသောင်းခန့်ကိုလည်း နှိမ်နင်းခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ခုခံစစ်ဆင်နွှဲနေရင်း တစ်ဖက်တွင်လည်း စစ်ကောင်စီဘက်မှ တပ်သားများကို ပြည်သူ့ရင်ခွင်သို့ ခိုလှုံသည့် လုပ်ငန်း တစ်နည်းအားဖြင့် CDM လုပ်ဆောင်လာစေရန် လုပ်ဆောင်လျက်ရှိရာ စစ်သား(စစ်ကောင်စီတပ်သား)နှင့်ရဲ(ရဲတပ်သား)၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း သိရသည်။ ၎င်းတို့သည်လည်း အနာဂတ်တပ်မတော် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် ပါဝင်လျက်ရှိနေကြောင်း NUGက ဆိုသည်။

တပ်မတော်ကို ပြုပြင်ပြောင်းလဲရမည့် ကိစ္စအပေါ်တွင် CDMဗိုလ်ကြီး ဇင်ယော်က “ နိုင်ငံတော်မှာ ခံယူချက်နည်းတဲ့သူတွေနဲ့ စုဖွဲ့ထားတာဖြစ်တဲ့အတွက် ဒီအဖွဲ့ကြီး ဒီလိုမျိုးဖြစ်နေတာ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်တွေကို ဖြစ်နေတာ။ အဲတာကြောင့် သူတို့ကိုတကယ် Reformလုပ်ကို လုပ်ရမယ်” ဟု ဆိုသည်။

အရပ်သားအစိုးထံမှ အာဏာသိမ်းယူထားသည့်စစ်တပ်(စစ်ကောင်စီ)သည် လက်ရှိအချိန်ထိ လေကြောင်းအပြင် လက်နက်အင်အားများကို အစွမ်းကုန်အသုံးပြု၍ အရပ်သားများကို သတ်ဖြတ်ခြင်း၊မုဒိမ်းကျင့်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းအပါအဝင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်လျက် ရှိနေသည်။

ထို့ကြောင့် အဆိုပါအကြမ်းဖက်စစ်တပ်(စစ်ကောင်စီတပ်)ကိုဖြုတ်ချပြီး ပြည်သူလူထုကို ကာကွယ်ပေးသည့် ဖက်ဒရယ်တပ်မတော်တစ်ခုကို ထူထောင်နိုင်ရန်အတွက် နိုင်ငံရေးအစုအဖွဲ့များနှင့် ပြည်သူလူထုက အားပေးမျှော်လင့်နေကြဆဲ ဖြစ်သည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး( security sector reform)အတွက် လက်ရှိစစ်တပ်ဖွဲ့စည်းပုံနှင့်တာဝန် ၊ ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်နှင့် ရာထူးခန့် စစ်ဆေးစည်းမျဉ်းများကို မဖြစ်မနေပြုပြင်ပြောင်းလဲသင့်ကြောင်း အမြင်ရှိသူတစ်ဦးဖြစ်သည်။

“နိုင်ငံရေးမှာ စစ်ဘက်ကဘယ်လိုမှ ပါဝင်ပတ်သက်ခွင့်မရှိဖို့ အဓိကထားရမှာမို့ပါ။ သူ့ မူလ စစ်ဖက်စွမ်းဆောင်ရည်တစ်ခုအတွက်ပဲ လုပ်ပိုင်ခွင့်နဲ့ တာဝန်ခံမှုရှိစေရပါမယ်” ဟု ၎င်းကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
Photo- NUG(PDF တပ်ဖွဲ့ဝင်အချို့)

#NUG
#CRPH
#NUCC
#ဖက်ဒရယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28❤3😁2🤮1
​​စစ်ကောင်စီကျုးလွန်နေသည့် ရာဇဝတ်မှုများရပ်တန့်ရန်အတွက် R2P ဝင်ရောက်ဆောင်ရွက်ပေးရန် CRPH တောင်းဆို

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူး လွန်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများရပ်တန့်ရန်အတွက် R2P ဝင်ရောက်ဆောင်ရွက်ပေးရန် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တောင်းဆိုလိုက်သည်။
ယနေ့ မေလ ၈ ရက်နေ့တွင် CRPH က အထူးအစည်းအဝေးပြုလုပ်ပြီး R2P ဝင်ရောက်ရေးအပြင် နိုင်ငံတကာအကူညီများပေးရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရေး၊ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးအပေါ် ကူညီဆောင်ရွက်ပေးရေး စသည့်အချက်များပါဝင်သည့် ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်ကောင်စီခေါင်းဆောင်များနှင့် မိသားစုဝင်များကို စီးပွားရေး အရ အရေးယူပိတ်ဆို့မှုများပြုလုပ်ရေးအတွက်လည်း CRPH က တောင်းဆိုထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပုံစံအမျိုးမျိုးဖြင့် နေ့စဉ် တိုက်ခိုက်နေပြီး အရပ်သားကျေးရွာများကိုပါ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အတွက် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးရေးနှင့် လေယာဉ်ဆီအပါအဝင် စစ်လက်နက်များ၊ အသုံးအဆောင်ပစ္စည်း များ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးခြင်းများ ထိရောက်စွာပြုလုပ်ပေးရန် တိုက်တွန်းထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အထူးအစည်းအဝေးကို နှစ်နာရီကျော်ကြာပြုလုပ်ခဲ့ ပြီးနောက် ဆုံးဖြတ်ချက် ၁၃ ချက်ထွက်ပေါ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ကန့်ကွက် ခြင်းမရှိ အတည်ပြုခဲ့ကြသည်။
ရရှိလာသည့် ဆုံးဖြတ်ချက်များကို နိုင်ငံတကာပါလီမန်အဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကောင်စီ။
#R2P
#CRPH
#စစ်ရာဇဝတ်မှု

Photo- AFP(ပုံဟောင်းဖြစ်သည်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31🤣2😁1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း

Watch more detail -
https://youtu.be/SXcymgqzh5I

#စစ်ကောင်စီ #အိန္ဒိယ #CRPH တိုက်တွန်း #VideoNews #shorts #reels
👍12👏2😁2
​​အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ် ပူးတွဲထုတ်ပြန်ချက် အပေါ် CRPH ကြိုဆို
===================

ပါခွီး
(မဇ္စျိမ) ။ ။ အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် အိန္ဒိနိုင်ငံတို့ ပူးတွဲထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေညာချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က ဇွန်လ ၂၈ရက်နေ့ တွင်ထုတ်ပြန်သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဇွန်လ ၂၂ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပိုဒ် (၃၀) တွင် “ခေါင်းဆောင်များမှ ဆိုးရွာလာနေသည့် မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး မတရားဖမ်းဆီးခံ ချုပ်နှောင်ခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရေး ၊အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးကို ရှေးရှု၍ မြန်မာအသွင်ကူးပြောင်းရေးတို့ကို တောင်းဆိုခဲ့သည်” ဟု ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင်ပါရှိသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အား ဖော်ဆောင်နိုင်မည့် မြန်မာ့နိုင်ငံ၏ အသွင်ကူးပြောင်းရေး စသည့် တောင်းဆိုချက်များကို ထောက်ခံကြိုဆိုကြောင်း CRPH ထုတ်ပြန်ချက်တွင် ဆိုသည်။

သို့သော် CRPH က အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးဟု ဆိုရာ၌ လက်ရှိမြန်မာပြည်သူများ၏ ပြင်းပြသည့် နိုင်ငံရေးအာသီသ ဖော်ဆောင်မှုဖြစ်သော စစ်အာဏာရှင်စနစ် အဆုံးသတ်မည့် တော်လှန်ရေးအရှိန်အဟုန်ကို မျက်ကွယ်ပြုရန် မဖြစ်နိုင်ကြောင်းနှင့် စစ်အာဏာရှင်များက ကျူးလွန်ခဲ့ ၊ ကျူးလွန်ဆဲဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရေးနှင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ အခြေအနေများ ထပ်မံမဖြစ်ပေါ်ရေးတို့သည်လည်း အရေးကြီးသော ကဏ္ဍဖြစ်သည်ကို အလေးအနက်သတိချပ်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ခေါင်းဆောင်နှစ်ဦး စိုးရိမ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေများကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်မှာ အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရေး အပါအဝင် စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံတော်အား တရားမဝင်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေမှုကို အဆုံးသတ်လိုအပ်သောကြောင့် လက်တွေ့ကျသော ထိရောက်သော ကူညီမှုများပေးရန် အထူးလိုအပ်ကြောင်းလည်း CRPH က ဆိုသည်။

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေ သော မြန်မာပြည်သူများ၏ ရုန်းကန်မှုကို စာနာသောအားဖြင့် စစ်ကောင်စီနှင့် စီးပွားရေး ၊ သံတမန်ရေး နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်နှင့် ကိုယ်တိုင်သော်၎င်း အမေရိကန်နှင့် ပူးပေါင်း၍သော်၎င်း စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် CRPH က အိန္ဒိယနိုင်ငံကို တိုက်တွန်းထားသည်။

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

“ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးနှစ်နိုင်ငံတွေ့ဆုံမှုက ဒီမိုကရေစီအရေး စိုးရိမ်မိတဲ့အကြောင်းထုတ်ဖော်မှုလို့ပဲ ယူဆတယ် ။ ဒီတွေ့ဆုံဆွေးနွေးမှုကနေ မြန်မာနိုင်ငံအရေးအတွက် ပြောင်းလဲဖို့ ကြီးကြီးမားမား ပေါ်ပေါက်လာအောင် အတွင်းကျကျ ဆွေးနွေးလိမ့်မယ်လို့မယူဆဘူး. ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အထူးအထွေမျော်လင့်ချက်မရှိပါဘူး” ဟု India For Myanmar လှုပ်ရှားမှုတာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်အပေါ် စစ်ကောင်စီဘက်က ကန့်ကွက်စာထုတ်ပြန်လာသည့်အတွက် အိန္ဒိယနှင့် စစ်ကောင်စီဆက်ဆံရေးတွင် အနည်းငယ်ပြောင်းလဲနိုင်ကြောင်းဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ပြီး တော်လှန်ရေးဘက်သို့ ပါဝင်လာနိုင်ရန်မှာ အလွန်ပင်နည်းပါးလွန်းသော အနေအထားဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံက စစ်ကောင်စီတပ်ကို အဆင့်မြင့်နည်းပညာများအကူအညီပေးခြင်း ၊ စစ်လက်နက်ရောင်းချခြင်းများနှင့် စွမ်းရည်မြှင့်သင်တန်းများပေးနေသည်ကို သိရှိရသော်လည်း လက်တွေ့ကျသော သတင်းထုတ်ပြန်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ထုတ်ဖော်ကြေညာခြင်းမပြုလုပ်နိုင်လျက်ရှိကြောင်း India For Myanmar တာဝန်ရှိသူကပြောဆိုသည်။

India For Myanmar လှုပ်ရှားမှုအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အဖွဲ့ဝင်များ စတင် စုစည်းခဲ့ပြီး လွတ်လပ်အမှီခိုကင်းသည့်လှုပ်ရှားမှုဖြစ်ကာ အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရှင် များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#CRPH
#အိန္ဒိယ
👍21👏3😁3❤1🤮1
ပစ်ချခံ တိုက်လေယာဉ်၏ လေယာဉ်မှူးနှစ်ဦးအား ရာထူးတိုး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသည့် ကရင်နီပြည်နယ် ရွာသစ်မြို့အနီးတွင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဉ်မောင်းနှစ်ဦးအား စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူးတစ်ဆင့်စီတိုးပေးကာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း ကလလတ မှ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်သည် တောင်ငူလေတပ်မှ ဇွန်လ ၃၀ ရက်နေ့တွင် ထွက်ခွာခဲ့သည့် K8W အမျိုးအစားဖြစ်ပြီး လေယာဉ်အမှတ်(၃၉၃၅) ဖြစ်ကာ ဗိုလ်ကြီးသော်ဇင်(လေ ၄၁၉၈) နှင့် ဗိုလ်အောင်ဖြိုးကျော်(လေ ၄၃၄၉) တို့ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ကလလတ မှ စုံစမ်းရရှိထားသည့် တပ်တွင်းအချက်အလက်တွင် ဖော်ပြထားသည်။

ထိုအချက်အလက်ထဲတွင် ဗိုလ်ကြီး သော်ဇင်နှင့်၊ ဗိုလ်အောင်ဖြိုးကျော် တို့ သည် K8W လေယာဉ်အမှတ်(၃၉၃၅) အား ဇွန်လ ၃၀ ရက်နေ့တွင် ရွာသစ်အနီး ခမမပည(LB 464160) နေရာသို့ ၂၃ မမကျည် ၈၀တောင့်၊ ၅၀ KG ဗုံး လေးလုံး၊ ၁၂၀ ပေါင်ဗုံး နှစ်လုံးတပ်ဆင်ကာ တောင်ငူလေယာဉ်ကွင်းမှ နံနက် ၁၀နာရီ ၄၃ မိနစ်တွင် စတင်ပျံတက်ခဲ့ပြီး ရည်မှန်းချက်နေရာအား တိုက်ခိုက်ခဲ့ကာ ၁၀နာရီ ၅၉မိနစ်တွင် ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း၊ ပြန်လည်ဆင်းသက်ရမည့် သတ်မှတ်ချိန်အတွင်း တောင်ငူလေယာဉ်ကွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ ဟု စစ်ကောင်စီ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ စာအမှတ် ၃၀၂၁၁၅/၂၁၂၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နီတွင် ပစ်ချခံရသည့် လေယာဉ်သည် တောင်ငူလေတပ်မှ K8အမျိုးအစား တိုက်လေယာဉ်ဖြစ်ပြီး ယာဉ်မောင်းနှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း တောင်ငူလေတပ် တပ်တွင်းသတင်းပေးက မဇ္ဈိမကို ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်နေ့တွင် အတည်ပြု ပြောခဲ့သည်။

တောင်ငူလေတပ်မှ လေယာဉ်မှူးနှစ်ဦး တာဝန်ထမ်းဆောင်နေစဉ် လေယာဉ်နှင့်အတူ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဗိုလ်မှူး ရဲလင်းမြတ်(လေ ၂၉၇၆) ကို ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင်အဖြစ် ဗိုလ်ကြီး အောင်မြင့်မြတ် (လေ ၃၅၃၅) နှင့် ဗိုလ် ဖြိုးပြည့်စိုး (လေ ၄၁၀၀) တို့အား ဇူလိုင်လ ၃ ရက်နေ့တွင် တာတန်ပေးအပ်ခဲ့ကြောင်း တပ်တွင်းအချက်အလက်အရ သိရသည်။
ပစ်ချခံရသည့် လေယာဉ်နှင့်အတူ တစ်ပါတည်းသေဆုံးခဲ့သည့် လေယာဉ်မှူးနှစ်ဦးအား စစ်ကောင်စီခေါင်းဆောင် မှ အမိန့်ကြော်ငြာစာအမှတ် ၁၂၅/၂၀၂၃ တွင် ရာထူးတစ်ဆင့်စီ တိုးမြှင့်ခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ကြောင်း ကလလတ မှ ထုတ်ပြန်ခဲ့သည်။

လေယာဉ်မောင်း ဗိုလ်ကြီးသော်ဇင်ကို ဗိုလ်မှူး ရာထူးတိုးကာ “သူရဘွဲ့” ချီးမြှင့်ခဲ့ပြီး ဗိုလ်အောင်ဖြိုးကျော်ကိုမူ ဗိုလ်ကြီး ရာထူးတိုးကာ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဇူလိုင် ၂၄ ရက်နေ့၌ ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့နံနက် ၁၁နာရီခန့်တွင် ဘော်လခဲခရိုင် ရွာသစ်မြို့၊ BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကလလတ ဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

"ဂျက်လေယာဥ်က ခပ်နိမ့်နိမ့်ပျံသွားတာကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ဆီမှာ လေယာဥ်ပစ်လည်းမရှိပါဘူး ။ ကျွန်တော်တို့ဆီမှာရှိတဲ့ လက်နက်အကုန်လုံးနဲ့ ဝိုင်းပစ်ကြတာ၊ ရှိတာထဲမှာ အကြီးဆုံးဆိုလို့ သူတို့ဆီကရထားတဲ့ G4 ပဲရှိတယ်" ဟု ကလလတမှ ရဲဘော်လော်ရင်းစိုးက မဇ္ဈိမကိုပြောသည်။

နအဖ စစ်အစိုးရလက်ထက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခံခဲ့ရသည့် ကလလတ သည် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် မယ်စဲ့တိုက်ပွဲမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ပြီး NUG၊ CRPH အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်နှင့် ထိုင်းနယ်စပ်တွင်တိုက်ပွဲဖြစ်ပွားနေသဖြင့် မယ်စဲ့၊ ဘော်လခဲနှင့် ဖားဆောင်းမှ ဒေသခံ ၅,၀၀၀ ခန့်သည် ထိုင်းနိုင်ငံနယ်စပ်တွင် စစ်ဘေးရှောင်နေရဆဲဖြစ်ကာ လက်ရှိတွင် ဖားဆောင်းမြို့၊ သံလွင်မြစ်အရှေ့ခြမ်း နှင့် လွိုင်ကော်-မိုးဗြဲ လမ်းတစ်လျှောက်တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဖားဆောင်း PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#CRPH
#PDF
#ကရင်နီပြည်နယ်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁6🤣4🤮2
ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်များ သ၀ဏ်လွှာပေးပို့
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားအား ကရင်နီတပ်မတော်(KA) ထိန်းချုပ်နယ်မြေများတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် မဟာမိတ်များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်နီတပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က မိန့်ခွန်းပြောကြားရာ၌ “တော်လှန်ရေး မအောင်မြင်လျှင် သားစဉ်မျိုးဆက် ခုနှစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါသည်” ဟု သတိပေးသွားပြီး လက်ရှိတော်လှန်ရေးကို အောင်မြင်အောင် ကြိုးစားကြရန်၊ စည်းလုံးညီညွတ်ကြရန် KAနှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်( KNDF) တပ်ဖွဲ့ဝင်များအား တိုက်တွန်းသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် ဗမာလူမျိုးအများစု ပါဝင်တော်လှန်နေကြသဖြင့် အောင်မြင်မည်ဟု လုံးဝယုံကြည်ကြောင်းလည်း ဆိုသည်။

ယနေ့ တွင်ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) တို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အလျင်အမြန် ရောက်ရှိနိုင်ရေး ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပူး‌ပေါင်းကြိုးပမ်းသွားမည်ဟု ကတိသစ္စာပြု‌ကြောင်းCRPH၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို လွတ်လပ်ရေးကြေညာပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလအစိုးရက ကရင်နီပြည်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား တိုက်ခိုက်ခဲ့သည်။ကရင်နီပြည်တော်လှန်ရေးအင်အားစုများက ခုခံတော်လှန်ခဲ့ကြရာ ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။ တပတ်ခန့်အကြာ သြဂုတ် ၁၇ ရက်နေ့တွင် တပ်မှူးခုနစ်ဦး၊ရဲဘော်ခုနစ်ဦးဖြင့် လွတ်လပ်သော ကရင်နီပြည်ထောင်စုတပ်မတော်(UKSIA) ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ကရင်နီပြည်တပ်မတော် KA ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

ယနေ့အခမ်းအနားသို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၊ အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွှီး၊ အမှတ်(၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မယ်ရယ် အပါအဝင် ကရင်နီတပ်မတော် ဗိုလ်မှူးများ၊ တပ်သားများနှင့် ပြည်သူအချို့လည်း တက်ရောက်ခဲ့ကြသည်။

စာတည်း - မောင်ကြီး

#mizzima
#ကရင်နီပြည်တပ်မတော်နေ့
#ကရင်နီတပ်မတော်(KA)
#ဗိုလ်မှုးချုပ်အောင်မြတ်
#CRPH

ဓါတ်ပုံ- KnIC & CTER-Karenni
ပုံစာ- ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍5😁1🤮1
​​နေပြည်တော်တွင် ကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း
=======================

001
(မဇ္စျိမ)။ ။ နေပြည်တော်တွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

အဆိုပါ အာဆီယံ လေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ကြောင်း CRPH ကဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတဝန်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးဖြင့် ပြည်သူများအပေါ် တိုးမြှင့် ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်ကောင်စီသည် ပြည်သူပေါင်း ၄,၀၀၀ ကျော်အားသတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ သိန်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည့်အပြင် ပြည်သူ ၁၈ သန်းကျော်မှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း CRPH က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး အရေးတကြီး လိုအပ်ချက်လျက်ရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများကို လုံးဝရပ်တန့်ပေးရန်လည်း CRPH က ထပ်လောင်းတောင်းဆိုထားသည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခြင်း ၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့မှာ အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်ကြောင်းလည်း သတိပေးထားသည်။
အဆိုပါ အာဆီယံ လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar ကလည်း စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

အစည်းအဝေးဦးဆောင်ကျင်းပမည့် စစ်ကောင်စီ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကွဲသူဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံ
#CRPH
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤1👏1😁1
#CRPH discusses opposition to #Myanmar# junta #elections with #ASEAN parliamentarians: https://eng.mizzima.com/2025/03/02/19667
👍6😁1
#CRPH’s #Eid al-Fitr message of prayer and #condolences following deadly #quake

Read more: https://eng.mizzima.com/2025/03/31/20752

(Muslims offer morning prayers to start the Eid al-Fitr festival, marking the end of the holy fasting month of Ramadan on a road near destroyed mosques in Mandalay on March 31, 2025, three days after the deadly Myanmar earthquake. Photo: Sai Aung Main/AFP)