Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထို့အပြင် အဆိုတော်လင်းလင်း ဇာတ်ညွန်းရေးသားပြီး ချစ်သုဝေ၊ မြတ်နိုးအေး၊ အောင်မြင့်မြတ်၊ Russell တို့ပါဝင်သရုပ်‌ဆောင်ထားသည့် လမ်း ( The Way ) အမည်ရ The Musical Fim မှာလည်း Cannes World Film Festival တွင် Best Mobile Phone Feature Film ဆု ရရှိခဲ့သည်။
တော်လှန်ရေးကာလအတွင်းဖန်တီးထားသည့် အနုပညာနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆုရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ကာယကံရှင် အနုပညာရှင်များက ၎င်းတို့၏ ဖေစ့်ဘွတ်စာမျက်နှာတွင် အသီးသီးမျှဝေထားကြသည်။
“နိုင်ရာဝန်နဲ့ ငါတို့အသံ​တွေ တိတ်မ​နေဖို့ ကြိုးစားခဲ့ကြတာ" ဟု အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေက ၎င်း၏ ဖေစ့်ဘွတ်စာမျက်နှာတွင် ရေးသား ထားသည်။
ဇာတ်ကားနှစ်ခုလုံးအတွက် ဇာတ်ညွှန်းရေးသားဖန်တီးခဲ့သည့် အဆိုတော် လင်းလင်းကလည်း စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးစားပြီးရရှိခဲ့သည့် ဂုဏ်ယူဖွယ်ရာ ရလဒ်ဟု ဆိုသည်။
ထို့အပြင် လမ်း(The Way) ဇာတ်ကားတွင် ပါဝင်ထားသည့် သရုပ်ဆောင် မြတ်နိုးအေးက “ဒီဘက် ကမ္ဘာအခြမ်းမှာ ပညာအစုံတွေရှိကြတဲ့လူတွေက ပစ္စည်းတော့ မစုံမလင်၊ ရှိတာလေးတွေနဲ့ကိုမှ ဖုန်းလေးနဲ့ပဲ ရိုက်ခဲ့ရတဲ့ ကားလေး"ဟု ရေးသားထားပြီး ၎င်းတို့ ကြုံခဲ့ရသော အခက်အခဲများကို ပြန်ရှင်းပြထားကာ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ပြောဆိုထားသည်။
ကိန်းရုပ်ရှင်ပွဲတော်(Cannes World Film Festival) သည် နိုင်ငံတကာ ရုပ်ရှင်အသိုင်းအဝိုင်းတွင် အစဉ်အလာကြီးမားသည့် ပွဲတော်ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် လာမည့် မေလ ၁၆ရက်မှ မေလ ၂၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
စာတည်း - မောင်ကြီး
#mizzima
#တော်လှန်အနုပညာရှင်များ
#The Beginning
#The Way
#Cannes World Film Festival
#ဆု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤7👏3😁1🤮1