Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ
====================

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှုကို တုံ့ပြန်ရန် ၁၀ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း ၂,၀၀၀ ကျော်ရရှိကြောင်း Click2donate က ကြေညာသည်။
လေယာဥ်ပစ် လက်နက်ဝယ်ယူနိုင်ရန် နိုင်ငံအသီးသီးတွင် နေထိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။
"ပြည်သူတွေဟာ ဘယ်လောက်တောင် ငှက်ကင်ချင်နေလဲဆိုရင် ပထမတစ်ရက်မှာတင် ၂၀ရာခိုင်နှုန်း သိန်း ၂,၀၀၀ ကျော် ရရှိထားပါတယ်ခင်ဗျာ။ စင်ကာပူကလည်း ကြမ်းနေဆဲ ကြမ်းနေမြဲပါခင်ဗျာ။ US ကလည်း အိပ်ယာနိုးကတည်း​က ရှယ်ကြမ်းကြတာ သိန်း ၁,၀၀၀ နားကပ်နေပါပြီခင်ဗျာ" ဟု Click2donate က ရေးသားထားသည်။
Project Dragonfly ပရောဂျက်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့က ဦးဆောင်ကာ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဥ်ပစ် လက်နက်ဝယ်ယူရန် စီစဥ်နေခြင်းဖြစ်ရာ အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ နှင့် သြစတြေးလျ အစရှိသည့်နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

#Mizzima
#ProjectDragonfly
#လေကြောင်းပစ်ခတ်မှု
#Click2donate
=====================
 လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
 သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
 Follow the link : https://bit.ly/2VhJ12U
👍10❤9
​​PROJECT DRAGONFLY ကျပ်သိန်းတစ်သောင်းသုံးထောင်အား သုံးရက်အတွင်းပြည့်မီခဲ့ပြီး ဒေါ်လာ ၁ သန်း ရရှိထား
=====================

PROJECT DRAGONFLY ကျပ်သိန်းတစ်သောင်းသုံးထောင်အား သုံးရက်အတွင်းပြည့်မီခဲ့ပြီး ဒေါ်လာ ၁ သန်း ရရှိထားကြောင်း Click2donate ကကြေညာသည်။

စစ်ကောင်စီ၏လေယာဥ်များကို ပစ်ချနိုင်ရန်အတွက် လေယာဥ်ပစ်လက်နက်ဝယ်ယူရန် နိုင်ငံပေါင်းစုံမှ အလှူငွေလက်ခံနေခြင်းဖြစ်သည်။

"ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ အခုဆိုရင် ဒေါ်လာ 1 Million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နှစ်ဆရဖို့ နည်းနည်းပဲလိုတော့တာကြောင့် ကျွန်တော်တို့ အရင် ရမယ့်ပစ္စည်းတွေထက် နှစ်ဆအထိ ရရှိဖို့အရမ်းနီးစပ်သွားခဲ့ပါပြီ" ဟု Click2donate ကဆိုသည်။

ယင်းကြောင့် လိုအပ်သည့်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဒေါ်လာ ၁ ဒသမ ၅ သန်းဖိုး မှာယူထားပြီး အလှူငွေများလှူဒါန်းကြရန် Click2donate ကတိုက်တွန်းသည်။

" တခါထဲ ရေမီးစုံ Complete Package ရဖို့ ကျွန်တော်တို့ ပြည်သူ့အားကို ယုံကြည်ချက်နဲ့ 1.5 Million ဖိုး မှာလိုက်ပါပြီ။ 1.5 Million ပြည့်တဲ့အထိဆက်ပြီး ပြည်သူ့အားကို အားကိုးပါရစေခင်ဗျာ" ဟု Click2donate က ကြေညာထားသည်။

အဆိုပါ ပရောဂျက်အား Click2donate နှင့် ပန်ဆယ်လိုက ဦးဆောင်ကာ အလှူငွေကောက်ခံခဲ့ပြီး အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ဥရောပ နိုင်ငံများရှိ မြန်မာများထံမှ အလှူခံခြင်းဖြစ်သည်။

"အရှိန်လေးကိုဆက်ထိမ်းထားပြီး ကိုယ့်လက်နဲ့ ဒီအကြမ်းဖက်တွေကိုဆုံးမလိုက်ရတယ်ဆိုတဲ့ သမိုင်း လေးပါဝင်သွားအောင် ဆက်လက်ပါဝင်ပေးကြပါဦးခင်ဗျာ။ လစာထုတ်ရက်နောက်ကျမှာမို့၊ စုနေကြ တုန်းမို့ အစရှိသည်ဖြင့် စောင့်ပါဦးပြောထားကြတဲ့ တစ်ယောက်စီတိုင်းကို စောင့်ပေးချင်သေးတာမို့ ကျွန်တော်တို့ Target Date ကို ၁၀ ရက်နေ့အထိ ထားထားတာဖြစ်ပါတယ်ခင်ဗျာ" ဟု Click2donate ကဆိုသည်။

#Mizzima
#PROJECTDRAGONFLY
#Click2donate
#လေယာဥ်ပစ်လက်နက်
=====================
 လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
 သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
 Follow the link : https://bit.ly/2VhJ12U
👍12
​​စစ်ကောင်စီ၏ လေယာဥ်များကိုပစ်ချမည့် Dragonfly ပရောဂျက် ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိ
======================

စစ်ကောင်စီ၏ လေယာဥ်များကိုပစ်ချမည့် Dragonfly ပရောဂျက် အတွက် ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိကြောင်း Click2donate ကကြေညာသည်။

"အနည်းငယ် တိတိကျကျပြောရရင်
USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ
2.2 million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ။ အစွန်းထွက်တွေနဲ့ လုံးဝ အတိအကျကတော့ ငွေလွှဲတဲ့ ကိစ္စတွေပြီးမှပဲထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ။ ဒီပရောဂျက်လေးကို နှစ်ယောက်ထဲ လုပ်ခဲ့ရမယ်ထင်ခဲ့ပေမယ့် တကယ်လဲစရော နိုင်ငံအသီးသီးမှာရှိတဲ့ OFP အဖွဲ့တွေ individual fundraiser အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပက fundraiser(ထောက်ပို့တာဝန်ယူထားသူတွေ) တွေ အပြင် BTS ARMY တို့လို့ kpop fandom တွေကစ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီပေးကြတဲ့အပြင် တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ခံပေးကြတဲ့ ပြည်ပရောက် အစ်ကိုအစ်မတွေပါ ဝိုင်းဝန်းကူညီပြီး ပြည်သူအားလုံးရဲ့ ပရောဂျက်တစ်ခု အနေနဲ့ကို အင်တိုက်အားတိုက် ပါဝင်ပေးခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်လဲ ဒီ ၁၀ ရက်ဆိုတဲ့အချိန်တိုလေးအတွင်းမှာတင် သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိနိုင်ခဲ့တာဖြစ်ပါတယ်" ဟု Click2donate ကကြေညာသည်။

ယင်းပရောဂျက်ကို Click2donate နှင့် ပန်ဆယ်လိုပူးပေါင်းကာ စတင်လုပ်ဆောင်ခဲ့ပြီး ပြည်ပရှိ အဖွဲ့အစည်းများကလည်း ပါဝင်လုပ်ဆောင်ပေးမှုကြောင့် သတ်မှတ်ပမာဏထက် ပိုမိုရရှိခဲ့သည်။
၁၀ ရက်တာ အလှူငွေကောက်ခံသည့် ယင်းပရောဂျက်ကို ထိုင်း၊စင်ကာပူ၊ အမေရိကန်၊ သြစတြေးလျ၊ ယူအေအီး၊ ဂျပန်အစရှိသည့် နိုင်ငံများတွင် နေထိုင်သူများထံမှ အလှူငွေကောက်ခံခြင်းဖြစ်သည်။

"ပါဝင်အားဖြည့်ပေးကြသူတွေရော သူများတွေကိုပါ လှုံ့ဆော်ပေးကြသူတွေရောတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးအထူးတင်ပါကြောင်း" Click2donate ကဆိုသည်။

#Mizzima
#Dragonfly
#Click2donate
#စစ်ကောင်စီ
#လေယာဉ်
====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
❤13👍2
နည်းပညာအသုံးပြုပြီး လှူဒါန်းမှုများပြုလုပ်သွား မယ်ဆိုတဲ့ The PDF Game တီထွင်သူ လူငယ်များနှင့်တွေ့ဆုံမေးမြန်းခြင်း
==================

ထွန်းထွန်းဝင်း

စစ်ကောင်စီဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေကို စစ်ကောင်စီ ဟာ အကြမ်းဖက်နည်းလမ်း ပေါင်းစုံကို အသုံးပြု သတ်ဖြတ် နှိမ်နင်းရာမှ လူငယ်အများစုဟာ စစ်ကောင်စီတပ်ကို တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ စစ်ကောင်စီကို တော်လှန်နိုင်ဖို့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ နွေဦးထီ ဝယ်ယူခြင်း ၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်း အပါအဝင် ဈေးရောင်းပွဲတော်များ ကျင်းပ၍ အလှူငွေရှာခြင်း၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများမှ စုပေါင်းလှူဒါန်းခြင်း ၊ ပြည်တွင်းရှိ ပြည်သူများက အစုအဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းစီ လှူဒါန်းခြင်း စသည့် နည်းလမ်းများဖြင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့များထံ နည်းလမ်းအမျိုးမျိုးနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာမှ လူငယ်တွေ ၊ နည်းပညာရှင်တွေနဲ့ IT ကျွမ်းကျင်သူတွေဟာ ဝင်ငွေပိုလျှံမှု မရှိ၍ လှူဒါန်းခြင်းမပြုနိုင်သူတွေကို အွန်လိုင်းတွင် ကြော်ငြာကြည့်ခြင်း ၊ အွန်လိုင်း ဂိမ်းကစားခြင်းတို့ဖြင့် တော်လှန်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်နိုင်အောင် တီထွင်ခဲ့ကြပါတယ်။
အဲ့ဒါကတော့ ဖုန်းထဲမှာ install လုပ်ပြီး သုံးလို့ရ ၊ ဆော့လို့ရတဲ့ App(application) မျိုးတွေကို ဖန်တီးထားပေးတာမျိုးပါ။ အဲ့ဒီ App တွေကိုအသုံးပြုတဲ့အခါ သုံးနေရင်း ဂိမ်း ဆိုရင်လည်း ဆော့နေရင်းနဲ့ ကြော်ငြာလေးတွေ ပြအောင်လုပ်ထားပါတယ်။ အဲ့ဒီလို တက်လာတဲ့ကြော်ငြာ တွေကို ကြည့်ပေးခြင်းဖြင့်အဲ့ဒီ Appတွေ ကို ဖန်တီးပြုလုပ်ထားတဲ့ အဖွဲ့‌တွေက ကြော်ငြာပြပေးခ ပိုက်ဆံရကြပါတယ်။ အဲ့ဒီလို ရလာတဲ့ ပိုက်ဆံတွေကို လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်း ထောက်ပံ့ကြပါတယ်။
အဲ့ဒီလို App တွေကိုဖုန်းထဲမှာ install လုပ်ပြီး အသုံးပြုပေး ဆော့ပေးရင်း ကြော်ငြာကြည့်ပေးတာကို Click လုပ်တယ်လို့ခေါ်ကြပါတယ်။ ဖုန်းပေါ်မှာ click နှိပ်ပြီး သုံးနေရတာမို့ Click လုပ်တယ်လို့ ပြောကြတာပါ။ ယခုဆို မြန်မာနိုင်ငံမှာရှိနေတဲ့ စစ်အာဏာရှင် မုန်းတီးသူ ဆယ်ပုံပုံရင်တစ်ပုံလောက်ဟာ ဂိမ်းဆော့ရင်း ကလစ်နှိပ်ရင်း လှူဒါန်းပေးနေတာဟာ နေ့စဉ် သိန်းပေါင်း ရာချီရှိလာပါပြီ။
စစ်ကောင်စီကို မုန်းတီးသူတိုင်း အခုလို ကြော်ငြာကြည့်ပေး Click လုပ်ပေးမယ်ဆိုရင် နေ့စဉ် သိန်းပေါင်း ထောင်ချီတဲ့အထိ လှူဒါန်းပေးနိုင်မယ်လို အဲ့ဒီလို App ဖန်တီးပေးသူတွေက ဆိုပါတယ်။
လက်တလော လူမူကွန်ရက်စာမျက်နှာမှာ ထင်ရှားလာတဲ့ The PDF Game ဆိုတဲ့ APP ဂိမ်းတစ်မျိုးကို ပြည်သူများကြားမှာ အချင်းချင်းပြောဆို မျှဝေဖို့ကို လူငယ်တွေက တိုက်တွန်းလာတာကို တွေ့ရပါတယ်။
The PDF Game ဂိမ်းရဲ့အစမှာတော့….
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ အဖွဲ့ဝင်များစွာကို မအလ ဦးဆောင်တဲ့ ဖက်ဆစ်တပ်တွေဟာ မတရာဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။
ဖက်ဆစ်တပ်ရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်သူအရပ်ရပ်ဟာ နိုင်ငံတဝှမ်း စည်းလုံး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်။ မလအကြင်စိုး ဦးဆောင်သော ဖက်ဆစ်တပ်ဟာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် တုံ့ပြန်ခဲ့ပါတယ်။
လူမဆန်တဲ့ ဖက်ဆစ်တပ်ကို တော်လှန်ဖို့ မြန်မာလူငယ်တွေဟာ People’s Defense Force(PDF) တွေကို ဖွဲ့စည်းပြီး လက်နက်နဲ့ တော်လှန်နေကြတယ်။
PDF မှာတာဝန်ထမ်းဆောင်ပြီး ဖက်ဆစ်တပ်ကို ချေမှုန်းလိုပါ လိုပါသလား?
ဝင်မယ်၊ မဝင်ပါ နဲ့ အစပြုခဲ့တဲ့ The PDF Game ဟာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တုံ့ပြန်လိုတဲ့ မြန်မာပြည်သူတွေအတွက်တော့ လူကြီး၊ လူငယ် ၊ လူလတ် မရွေး ကျား၊ မ မရွေး စိတ်ဝင်စားစရာ ဆော့ကစားရတဲ့ ဂိမ်း တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် The PDF Game စတင်အကောင်အထည်ဖော်ဖို့ အကြံဉာဏ်ရရှိခဲ့သူ ဆရာတွပ် (ဂိမ်းဇာတ်ကောင်နာမည်) ကို မဇ္ဈိမသတင်းဌာနက သတင်းထောက် ကိုထွန်းထွန်းဝင်းက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

#Mizzima
#The PDF Game
#တီထွင်သူလူငယ်များ
#Click2donate
#Interview
=====================
 လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
 သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
 Follow the link : https://bit.ly/2VhJ12U
❤9👍1
​​ရွှေဘိုနယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး အရာရှိ ဒဏ်ရာရဟုဆို
==============

ဝေယံမိုး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင်အား ဒေသခံကာကွယ်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းများဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦး ဒဏ်ရာရကာ တပ်သား ၃၀ နီးပါး သေဆုံးသည်ဟု သိရသည်။

မေလ ၂ ရက် နံနက် ၈ နာရီမှစတင်ကာ နှစ်မိုင်ခန့်ရှည်လျှားသော ဇီးဖြူကုန်းရွာနှင့် ဆိပ်ခွန်ရွာကြား လမ်းမတွင် ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

“ ဒီစစ်ကြောင်းက ရွှေဘိုမြို့ မြောက်ဘက်ကရွာတွေ တပင်ခေါင်းနှင့် ကျားရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ပြီး ဇီးဖြူကုန်းရွာကတစ်ဆင့် သူတို့စခန်းရှိတဲ့ ဆိပ်ခွန်ရွာကို ချီတက်လာတဲ့ အချိန် တိုက်ပွဲဖြစ်တာပါ၊ မိုင်းဆွဲတယ်၊ ဒရုန်းသုံးစီးနဲ့ ဝေဟင်ကလည်း ဗုံးသီးကြဲတယ်။ တစ်နေကုန် ဆိုရင် အလုံး ၂၀ နီးပါးလောက် ကြဲတယ်၊ သူတို့ဘက်ကလည်း ငါးကြင်းမြီး (စက်သေနတ်) တွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်" ဟု SNAKE EYES PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ “ ရှေ့တန်းမှာဗုံးခွဲတာ စောင့်ကြည့်တဲ့ ရဲဘော်တွေပြန်ပြောပြတာတော့ ဇီးဖြူကုန်းရွာမြောက်ဘက်နားက သူတို့စခန်းရှိတဲ့ သီးလုံးရွာကို ဒဏ်ရာ ရတဲ့သူတွေ၊ သေတဲ့သူတွေကို ထော်လာဂျီတစ်စီးနဲ့ လာလာသယ်တာကို မြင်ရတယ်။ သူတို့ ပြော သလောက်ဆိုရင် အရေအတွက်ဟာ ၃၀ နီးပါးလောက်ရှိတယ်ဆိုပြီး ပြောကြတယ်" ဟု ၎င်းက ရှင်းပြ သည်။

မြေပြင်နှင့်ဝေဟင်မှ တော်လှန်ရေးတပ်ပေါင်းစုများ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ဆိပ်ခွန်ရွာအနီးသို့ အချက်ပေါင်းများစွာပစ်ခတ်ပြီး တစ်ဖြည်းဖြည်း ချဉ်းကပ်သွား သည်ဟု ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာမှ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦး၊ နံ့သာရွာမှ အမျိုးသမီးတစ်ဦးနှင့် ဆိပ်သာရွာမှအမျိုးသားတစ်ဦးသေဆုံးကာ ရွာသားခြောက်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု SNAKE EYES PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဆိပ်ခွန်ရွာအနီးသို့ ရောက်သွားသော တပ်မ (၃၃) လက်အောက်ခံ တပ်သားများသည် ရွာသား အချို့အား ဓားစားခံအဖြစ်ဖမ်းဆီးကာ ဆိပ်ခွန်ရွာရဲစခန်းသို့ ညနေ ၅ နာရီတွင် ရောက်ရှိသွားသည်။
တိုက်ပွဲဖြစ်ရာလမ်းကြောင်းတစ်လျှောက်အား ဒေသခံကာကွယ်ရေးတပ်များမှ နယ်မြေရှင်းလင်းရာ လက်တော့ တစ်လုံး၊ ကျည်ဘောက် တစ်ခု၊ ကျည်ဆံ ၁၂ တောင့်နှင့် လက်ဘက်ခြောက်ဟု ယူဆရသည့် အိတ်တစ်လုံး သိမ်းဆည်း နိုင်ခဲ့သည်။
တိုက်ပွဲဖြစ်ရာ ဇီးဖြူကုန်းရွာနှင့် ဆိပ်ခွန်ရွာကြားလမ်းမအနီးရှိတဲများထဲတွင်လည်း သွေးကွက်များနှင့် ဆေးကုထားသည့်အစအနများတွေ့ရကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။

မေလ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ထိုစစ်ကြောင်း ဆိပ်ခွန်ရွာမှထွက်လာချိန်တွင် ဒေသခံကာကွယ်ရေး တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်အကျအဆုံးမရှိခဲ့ဟု ၎င်းကပြောသည်။
ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် ဆိပ်ခွန်ရွာသို့ ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့ရာ “ကျွန်တော်တို့ သတင်း ရထားတဲ့အတိုင်း ဗိုလ်ကြီး တစ်ယောက်ထိလို့ လာသယ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းကသုံးသပ်သည်။

နှစ်ရက်တာတိုက်ပွဲအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် SNAKE EYES PDF ၊ C&T SHWEBO ၊ ဒေါင်းမာန် ၊ ဗိုလ်ကျားရိုင်း ပ က ဖ ၊ Alpha 7 ၊ မဟူရာဇီးကွက်(ဒီပဲယင်း) ၊ အရာတော် ရွှေဂျိုးဖြူ ၊ People Defense Force Shwebo နှင့် B F D F နဂါးတပ်စုတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။
စစ်ကိုင်းတိုင်း ရွှေဘိုနယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာကာ နှစ်ရက်တစ်ကြိမ်ခန့် ထိတွေ့မှုရှိသည်ဟု သိရပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းလိုအပ်ချက်မှာ ပိုမိုကြီးမားလာသည်ဟု SNAKE EYES PDF အဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ ကျွန်တော်တို့ဆီမှာက အင်တာနက်အခက်အခဲကြောင့် အလှူခံရတာသိပ်အဆင်မပြေဘူး၊ ထောက်ပံ့တဲ့ အဖွဲ့ကြီးတွေ Click2donate တို့ အခြားအဖွဲ့တွေကိုလည်း လေးငါးခြောက်ခါလောက်ရှိပြီ သွားပြီး ပြော တာပဲ အရေးမလုပ်ကြဘူး၊ ခုက ရွာက ပိုက်ဆံနည်းနည်းအဆင်ပြေတဲ့လူဆီကပဲ ခဏယူသုံးပြီး တိုက်နေရ တယ်။ အလှူငွေလေး နည်းနည်းရမှ ပြန်ဆပ်ပေါ့။ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း စာတွေ အကြိမ်ကြိမ်တင်တာပဲ ထောက်ပံ့တာတော့ တစ်ကြိမ်မှကို မလာသေးဘူး၊ ပိုက်ဆံချေးပြီး တိုက်ပွဲဝင်နေရ တဲ့သဘော ဖြစ်နေတယ်” ဟု အခက်အခဲများကို ၎င်းက ရှင်းပြသည်။

တိုက်ပွဲအဆက်မပြတ်ဖြစ်နေသော်လည်း အင်တာနက်အခက်အခဲကြောင့် တိုက်ပွဲသတင်းများ အချိန်နှင့် တပြေးညီမတင်ပြနိုင်ခြင်းသည် ၎င်းတို့နယ်ဘက်သို့ အလှူငွေစီးဆင်းမှု လျော့နည်းလာသည့် အကြောင်း အရင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

#Mizzima
#ရွှေဘို
#SNAKE EYES PDF
#Click2donate
#ရဟတ်ယာဉ်
👍11
​​Click2 donate (C2D) မှ “ဆယ်ရက်၊ သိန်းတစ်ထောင်” ကမ်းပိန်းပြုလုပ်
==================

ဂျူချန်း
(မဇ္ဈိမ) ။ ။ တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေကာ ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Click2donate (C2D) မှ ၁၀ ရက်အတွင်း သိန်း၁,၀၀၀ ရရှိနိုင်ရန် ကမ်းပိန်းတစ်ခု လုပ်ဆောင်နေသည်။

အဆိုပါကမ်ပိန်းကို မေလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိသတ်မှတ်ထားပြီး နေ့စဉ် ကလစ်နိုင်ရန်အတွက် website လင့်များအား C2D Facebook page မှ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
website များတွင် ကြော်ငြာတက်စေရန် website တစ်ခုတွင် အနည်းဆုံး ငါးမိနစ်ခန့် အချိန်ပေးကာ ကလစ်ရမည်ဖြစ်ပြီး ကလစ်နည်းအသေးစိတ်ကို C2D ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗွီဒီယိုဖိုင်တင်၍ ရှင်းပြထားသည်။

မြန်မာပြည်တွင်းနေထိုင်သူများအနေဖြင့် VPN အသုံးပြုရမည်ဖြစ်ကြောင်း ကမ်ပိန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပဒေသာမှပြောသည်။

“ကိုယ်က မလုပ်တတ်ဘူးဆိုပြီးတော့ အားမငယ်နဲ့၊ မလုပ်ဘဲနဲ့လည်း မနေနဲ့ ။ တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ဒီလိုမျိုး သိန်း တစ်ထောင် ရှာမယ့် ကမ်ပိန်းမှာ ပါဝင်လို့ရမှာ” ဟု ၎င်းက ထပ်မံတိုက်တွန်းသည်။

ကမ်ပိန်းစတင်သည့် မေလ ၁၁ ရက်နေ့ တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိထားပြီး ကလစ်လုပ်ကြသူ ၂,၈၀၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါကမ်ပိန်းမှရရှိသည့် ရန်ပုံငွေများအား စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် မကွေးတိုင်း အတွက် သိန်း ၅၀၀၊ ကရင်နီပြည်နယ်အတွက် သိန်း ၂၀၀၊ တောင်ပိုင်းအတွက် သိန်း ၂၀၀ နှင့် မြို့ပြ ပြောက်ကျားအဖွဲ့များအတွက် သိန်း ၁၀၀ အသီးသီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် US ဒေါ်လာ ၁၄၅,၇၆၂.၁၅ (ကျပ်ငွေ သိန်း ၄,၀၀၀ မှ ၄,၃၀၀ကြား) အား ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် You Tube Channel များမှတစ်ဆင့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးနေသည့်”Padathar Pin-ပဒေသာပင်”သည် လူဝင်နှုန်းကျဆင်းလာမှုကြောင့် ရပ်နားခဲ့ကြသည်။

ကလစ်လုပ်နည်း ဗီဒီယိုလင့် https://fb.watch/ktJDlXw9yJ/
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#Click2donate
#C2D
#ဆယ်ရက်
#သိန်းတစ်ထောင်
#ကမ်ပိန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4😁3