Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထို့အပြင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်ပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသော လူငယ်များအား အကြမ်းဖက်စစ်တပ်က ကားဖြင့်တိုက်၍ဖမ်းဆီးခဲ့ရာ၊ ထိုအထဲတွင်လည်း မိမိတို့ သမဂ္ဂလူငယ်ခေါင်းဆောင်အချို့ပါဝင်ခဲ့ကြပြီး၊ အဆိုပါ လူငယ်များကို ယမန်နေ့ မတ်လ ၂၉ ရက်တွင် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့သည့်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမာများသမဂ္ဂအဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌအား နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းနှင့် ဗဟိုကော်မတီဝင်များ၏ နိုင်ငံကူးလက်မှတ်များပယ်ဖျက်ခြင်းကို လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များရှိနေသည်ဟုလည်း ဖော်ပြပါရှိသည်။
ထို့အတွက် အကြမ်းဖက်စစ်တပ်၏ ယုတ်မာရက်စက်မှုများ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတို့အတွက် နိုင်ငံတကာခုံရုံးများသို့ သက်သေများနှင့်အတူ ကြိုးစင်ပို့ဆောင်နိုင်ရန် လိုအပ်သည်များဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်(BWFM)သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းမှ စတင်၍ နွေဦးတော်လှန်ရေးတွင်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အာဏာရှင်စနစ်မျိုးကိုမှ လက်ခံမည်မဟုတ်ဟု ဆိုထားသည်။
BWFM သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ခုဖြစ်ကာ အလုပ်သမားများ၏ အကျိုးစီးပွား၊ အခွင့်အရေးတို့အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) စံနှုန်းများအရ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အကြမ်းဖက်စစ်တပ်
#BWFM
#ILO
#နွေဦးတော်လှန်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🤮4😁1
​​ILO ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် မည်သူ့ကိုမျှ လက်ခံခြင်းမရှိ
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၏ (၁၀၁)ကြိမ်မြောက် ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မည်သူကိုမျှ လက်ခံမည်မဟုတ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် ILO က ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ကောင်စီတို့ နှစ်ဘက်စလုံးကတင်သွင်းခဲ့သည့် ကိုယ်စား လှယ်များကို လက်မခံခြင်းမရှိဘဲ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ NUG ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများ ကို ညီလာခံတွင်တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ဆို သည်။

“ပြည်သူတွေထောက်ခံထားတဲ့ NUG အစိုးရလည်း တက်ရောက်ခွင့်ရှိတယ်၊ အလုပ်သမားကိုယ်စားလှယ် တွေလည်း တက်ရောက်ခွင့်ရှိမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းတဲ့အချိန် ကစလို့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ အဓမ္မဖမ်းဆီးခံရမှုတွေ၊ လွတ်လပ်စွာသင်းပင်းခွင့်တွေ ပျောက်ဆုံးနေတဲ့ အခြေအနေဆိုးတွေကို တင်ပြလို့ရမယ့် အခြေအနေဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အထွေ ထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)မှ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

ညီလာခံသို့ တက်ရောက်ခွင့်မရှိသည့်အတွက် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်၍မရသော်လည်း စစ် ကောင်စီ၏ အလုပ်သမားအရေးအခြေအနေများကို ILO ၏ စုံစမ်းစစ်ဆေးကော်မရှင်မှတဆင့် တင်ပြ ဆွေးနွေးမှုများပြုလုပ်ထားသည်ဟု FGWM မှ သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ILO ၏ ညီလာခံများ၌ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ပြီး NUG နှင့် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်နှစ်ဦးစလုံးကို လက်ခံခဲ့ခြင်းမရှိပေ။

ILO ညီလာခံတွင် မြန်မာကိုယ်စားပြုမထားခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိ သူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

အစိုးရအဖွဲ့ တဖွဲ့ထက်များပြားနေသည့်အချိန်တွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုခု၏ ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီး အထွေထွေညီလာခံ၏ သဘောထားကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရမည် ဆိုသော ဆုံးဖြတ်ချက်အတိုင်း ILO အနေဖြင့်လည်း ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့်လည်း မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို ထပ်မံမရွေး ချယ်သေးဘဲ ရွှေ့ဆိုင်းထားသည်။
ILO တွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတက်ရောက်ရန် စစ်ကောင်စီဘက်က အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်းကိုအဆိုပြုထားပြီး NUG ဘက်ကလည်း ၎င်းတို့၏ အလုပ်သမားဝန်ကြီးဖြစ်သူ နိုင်သုဝဏ္ဏကို အဆိုပြု တင်သွင်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ILO
#အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
Photo -ညီလာခံတွင်စစ်ကောင်စီတက်ရောက်ခွင့်မရရေးလှုပ်ရှားမှုတစ်ခု( Federation of General Workers Myanmar - FGWM)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
Media is too big
VIEW IN TELEGRAM
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်ထားဖို့ ဆုံးဖြတ်

Watch more detail - https://www.youtube.com/watch?v=zd4yYv1iKjw

#BusinessRoundUp #shorts #reels #ILO #Mizzima
👍7😁2🔥1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း (ILO) ထုတ်ပြန်

Watch more detail -
http://www.mizzimaburmese.com/article/129562

#ကလေးအလုပ်သမား #မြန်မာ #ILO #VideoNews #shorts #Reels
👍4🔥2
​​ILOအနေဖြင့် NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီဟု အလုပ်သမားရေး ဒုဝန်ကြီးပြော
=========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။။ ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်သည့် အခြေအနေရောက်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကဆိုသည်။

“နှစ်နှစ်ကြာတဲ့အချိန်မှာတော့ NUG ကိုယ်စားလှယ်အဖွဲ့ကို ILO အနေနဲ့ အသိအမှတ်ပြု လက်ခံသင့်တဲ့အခြေအနေ ရောက်နေပါပြီ “ဟု အလုပ်သမားရေးဒုတိယဝန်ကြီး ဦးကျော်နီက မဇ္ဈိမကိုပြောသည်။

NUGသည် ILOညီလာခံများတွင် ကိုယ်စားလှယ်အဖြစ် ဆွေးနွေးခွင့်ရရေးအတွက် ၂၀၂၁ခုနှစ်ထဲက ကိုယ်စားလှယ်အဖွဲ့စာရင်းကိုပေးပို့ခဲ့သော်လည်း ILOအနေဖြင့် အသိအမှတ်ပြုခြင်းမရှိသေးပေ။
ထို့အတူစစ်ကောင်စီဘက် တင်သွင်းသည့် ကိုယ်စားပြုကိုယ်စားလှယ်ကိုလည်း တက်ရောက်ခွင့်မပေးသေးဘဲ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်။

ထိုသို့မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့သည်မှာ ညီလာခံသုံးခုမြောက်ရှိနေပြီဖြစ်နေသည်။ ကိုယ်စားလှယ်နေရာချန် လှပ်ထားခဲ့ရခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ အတိုင်းဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ILOက ဆိုသည်။

“ILO ဟာ အစိုးရတွေကိုပဲ ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး။ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ဖြစ်နေပေမယ့် မိမိအဖွဲ့မှာလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်။ ILO ဟာ စစ်အာဏာရှင် စနစ်အောက်မှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ သဘာဝကို ကောင်းကောင်းသိရှိပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင့်ခဲ့တဲ့ အစဉ်အလာရှိပါတယ် “ဟု ဦးကျော်နီကပြောသည်။

ILOသည် လက်ရှိအချိန်တွင် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင်နေကြသော်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုတားဆီးနိုင်ရေးအတွက် NUG ကိုအသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း လည်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် အလုပ်သမားအများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်များကိုခံနေရသည့်အပြင် လုပ်အားခပြဿနာများ၊ အလုပ်သမားအဖွဲ့စည်းများ ဖွဲ့စည်းနိုင်ခွင့်အပါအဝင် အလုပ်သမားအခွင့်ရေးများလည်း ဆုံးရှုံးနေရသည်။
အကယ်၍ NUGကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများကို ညီလာခံတွင် တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများကလည်းဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ILO
#NUG
Photo- AFP/ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁1💩1
ILO က မြန်မာစစ်အုပ်စုအပေါ် ဘာတွေအရေးယူဆောင်ရွက်နိုင်မှာလဲ | Human Rights Barometer - Episode 16
=====================

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာစစ်အုပ်စုအပေါ် နောက်ထပ် အရေးယူဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုရေးတို့အတွက် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မေးမြန်းထားသည်။

https://youtu.be/ArSw6TUIXj0

#humanrightsbarometer Rights Barometer
#ILO
#ဦးအောင်မျိုးမင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2🔥1
Media is too big
VIEW IN TELEGRAM
ILO က မြန်မာစစ်အုပ်စုအပေါ် ဘာတွေအရေးယူဆောင်ရွက်နိုင်မှာလဲ | Human Rights Barometer - Episode 16

#Human Rights Barometer
#ILO
#ဦးအောင်မျိုးမင်း
#reels
👍9😁2🤮1
​​အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံးအဆက်အသွယ်ပြတ်
===================

007
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsf) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်သည် ထောင်လွတ်ရက်စေ့ပြီး နောက်ပိုင်း ပျောက်ဆုံးအဆက်အသွယ်ပြတ်နေသဖြင့် မိသားစုက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“လွတ်ရက်စေ့ပြီး မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်။ ပြန်လွတ်မယ်လို့သိရလို့ သူ့မိသားစုကထောင်ရှေ့သွားစောင့်သေးတယ်။ထောင်ဘက်ကိုစုံစမ်းကြည့်တော့ ဇွန် ၂၆ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လည်း ပြောတယ်။ နောက်ပြီးတော့ ထောင်ပြောင်းတယ်လို့လည်း ပြောတယ်။ အခုထိတော့ ဘာအဆက်အသွယ်မှမရဘဲ ပျောက်နေလို့ မိသားစုကစိတ်ပူပန်နေကြတယ်” ဟု မိသားစုနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

ကိုသက်နှင်းအောင်ကို ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့က ထောင်မှ ပြန်လွှတ်ပေးမည်ဟူ‌ေသာ သတင်းအရ မိသားစုက သွားစောင့်ကြိုခဲ့ကြောင်း၊ သို့သော် တစ်နေကုန်သည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း၊ ထောင်အာဏာပိုင်များထံ စုံစမ်းကြည့်ရာတွင် မရေမရာစကားများဖြင့်သာ ပြန်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

“သူ့ကိုထောင်ချတော့ ချုပ်ရက်တွေပါ ပေါင်းထည့်ပေးတော့ ပြီးခဲ့တဲ့လကလွတ်ရက်စေ့တယ်။ ထောင်တွင်းသတင်းအရ လွတ်မယ့်ရက်က သူ့မိသားစုက ထောင်ရှေ့သွားစောင့်ပေမယ့် မတွေ့ခဲ့ရဘူး။ အခု အဲဒီကိစ္စနဲ့ ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့)ကလည်း သဘောထားထုတ်ပြန် ထားတာရှိတယ်” ဟုလည်း ၎င်းကဆိုသည်။

ကိုသက်နှင်းအောင် ပျောက်ဆုံးအဆက်အသွယ်ပြတ်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ ဘန်ကောက်ရုံးက စိုးရိမ်ကြောင်းနှင့်အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်က ကြေညာချက်ထုတ်တိုက်တွန်း ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့၌ ရှောင်တိမ်းနေသည့် ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လတွင်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့နောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲကာ ယမန်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အပြင် ငွေဒဏ် ကျပ် ၂၀,၀၀၀ ချပြီး သထုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ILO
#ကိုသက်နှင်းအောင်
#ပျောက်ဆုံး

Photo - MICS-TUSF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်

=================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍4🔥2😁2
​​ငွေကြေးလိုအပ်ချက် မရှိဘူးဆိုပြီး အလိမ်အညာတွေနဲ့ ဟန်ဆောင်နေရပြီဖြစ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်
=================

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲအဖြစ် လူမှုစီးပွား ပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။
အလုပ်အကိုင် ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအားတွေ ဆက်လက်ကျဆင်းနေပြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ILO က ဇူလိုင် ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ တချို့ကဏ္ဍတွေမှာ အနည်းငယ်တိုးတက်တယ်လို့ ဆိုနိုင်ပေမယ့် များပြားလှတဲ့လူဦးရေအတွက် အမီလိုက်နိုင်ခြင်း မရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ ဒသမ ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင် ရရှိပါတော့တယ်။ ဒါဟာ ၂၀၁၇ ခုနဲ့ နှိုင်းယှဉ်ရင် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။

ကြုံရာကျဘန်းလုပ်ကိုင်သူ ပိုများလာပြီး အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းနေတဲ့အပြင်၊ ကုန်ထုတ်စွမ်းအားလည်း ကျဆင်းနေတယ်လို့ ILO ရဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို အလုပ်လက်မဲ့ ဦးရေ ကျဆင်းလာပြီး ပြည်သူတွေရဲ့ ဝင်ငွေတွေ လျော့ကျလာတဲ့အချိန်မှာ ငွေကြေး ဖောင်းပွမှုနှုန်းက မြင့်တက်လာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေ ထိခိုက်နစ်နာနေရပြီဖြစ်ပါတယ်။

ILO ရဲ့ အစီအရင်ခံစာမှာ လူမှုစီးပွားဘဝတွေ ထိခိုက်နေပြီလို့ဆိုပေမယ့် စစ်ကောင်စီခေါင်းဆောင် ကတော့ လာမယ့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ စီးပွားရေး ၄ ရာခိုင်နှုန်းတိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ပြောနေပါတယ်။

နိုင်ငံတော်အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိတဲ့အပြင် နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေတွေ မျှတစွာ ရှိနေတဲ့ အတွက် နှစ်သောင်းတန် ငွေစက္ကူထုတ်တာဟာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့လည်း စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုဟာ ပုံမှန်အခြေအနေမှာ ရှိနေပြီး ဘဏ်တွေမှာလည်း ငွေကြေးအပ်နှံတာ များပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါသေးတယ်။

သူ့အနေနဲ့ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့ပြီး ဘဏ္ဍာငွေ သုံးစွဲမှုမှာ နိုင်ငံခြားချေးငွေ လုံးဝ ချေးယူခြင်း မရှိဘဲ ပြည်ပထောက်ပံ့ငွေ အနေနဲ့လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းရောက်မှာ အနည်းငယ်သာ ရရှိတယ်လို့ ပြောပါတယ်။

တကယ့်မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီ ခေါင်းဆောင်ပြောတာနဲ့ တခြားစီဆိုတာ လက်တွေ့ ရင်ဆိုင်နေရသူတွေ အားလုံး သိကြမှာပါ။

ဘဏ်တွေမှာ ကြည့်လိုက်ရင်လည်း ငွေသွင်းသူထက် ငွေထုတ်သူတွေက ပိုများနေပြီး ငွေကြေး တက်နိုင်သူ တွေက ခိုင်မာမယ့် အိမ်၊ ခြံ၊ မြေတွေ ဝယ်ယူတာမျိုးကို ပိုလုပ်လာကြလို့ အိမ်၊ ခြံ၊ မြေ ဈေးတွေ အဆမတန် မြင့်တက်နေတာပါ။

နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ရွှေဈေးဟာလည်း ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကထက် စာရင် ၂ ဆကျော်အထိ မြင့်တက်နေပြီး ကျပ် ၂ သောင်းတန် ငွေစက္ကူ ဂရက်ကြောင့် ရွှေဆိုင်တွေက အရောင်းပိတ်တာ၊ နိုင်ငံခြားငွေ လဲလှယ်တဲ့ နေရာတွေ ပိတ်ထားတာအထိ လှုပ်ခတ်နေတာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ အတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေ ဆိုလည်း တစ်နေ့ထက် တစ်နေ့ မြင့်တက်နေတာပါ။ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁ သိန်းနား ကပ်နေပါပြီ။

စစ်ကောင်စီ ထုတ်မယ့် ကျပ် ၂ သောင်းတန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေး အစိုးရက တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။ တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနဲစာကို ခိုးယူနေတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိဘူးလို့ ဆိုတာဟာ ဟန်ကိုယ့်ဖို့ သက်သက် လိမ်ညာပြောနေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားချေးငွေ ချေးယူခြင်းမရှိဘူးဆိုတာကတော့ သူ့ကို ဘယ်နိုင်ငံကမှ မချေးတော့လို့ပါ။

စစ်ကောင်စီ အနေနဲ့ အရင်ကြွေးတွေတောင် လည်ပင်းနစ်နေပါပြီ။ နွေဦးတော်လှန်ရေး အောင်ပွဲခံပြီး ပြည်သူ့အစိုးရ တက်လာတဲ့ အခါမှာ အာဏာသိမ်းပြီးမှ စစ်ကောင်စီကို ချေးထားတဲ့ ငွေကြေးတွေအတွက် တာဝန်မယူဘူးဆိုတာ သိထားတဲ့ ဘယ်အစိုးရကမှ စစ်ကောင်စီကို ချေးရဲမှာ မဟုတ်ပါဘူး။

စစ်ကောင်စီဟာ ပြည်တွင်းလည်ပတ်ဖို့ ငွေကြေးလိုအပ်နေလို့ ကျပ် ၂ သောင်းတန် ငွေစက္ကူ တွေကို ရိုက်နှိပ်ထုတ်ဝေတယ်ဆိုတာ သိသာစေတဲ့အချက်က ဒီကိစ္စကို မကြာခဏ ရှင်းနေတာနဲ့တင် သိသာ နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

#၂ သောင်းတန်
#ILO
#ကိုဗစ်ကပ်ရောဂါ
😁13👍7🤮1
"အလရ ဦးစီးက ဘာတစ်ခုမှ ညှိနှိုင်းမှုကို စွမ်းဆောင်နိုင်တာမရှိဘူး။ အလုပ်ရှင်ရဲ့အလိုကျလိုက်လုပ်ပေးတဲ့ပုံစံ နို့တစ်ကဥပဒေမှာ တလပဲရှိတာ အလုပ်ရှင်ဘက်က ၂၆ ရက်ပဲနို့တစ်ပေးတယ် အလရဘက်က နို့တစ်ကြေးကိုအခြေခံလစာနဲ့ပေးဖို့ပြောတယ်။

ဝန်ကြီးဌာနကမျက်ကွယ်ပြုထားရင် အလုပ်ရှင်နဲ့ပေါင်းပြီးလာဘ်စားတယ်ဆိုတာပေါ်လွင်တာပေါ့ ။သူတို့ညှိတာကိုလည်းအလုပ်သမားတွေဘက်ကဘယ်သူမှသဘောတူစာချုပ်မချုပ်ခဲ့ပါဘူး။ Brand နဲ့ ILO ဆီ အချက်အလက်တွေ တိုင်တာတွေ ဆက်လုပ်ပါမယ်"ဟု ကူညီပေးနေသူ တဦးကပြောသည်။

အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလည) နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(အလဆ)မှ ဦးစီးအရာရှိများက အလုပ်ရှင်ဘက် ဘက်လိုက်ညှိနှိုင်းမှုများရှိနေကြောင်း ၎င်းကဆိုသည်။

ယင်း ဟွာမြောင်(Hong Miao Garment) အထည်ချုပ်စက်ရုံတွင် အပ်ထည်များမရှိတော့သည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအစတွင် စက်ရုံကိုပိတ်သိိမ်းလိုက်ခြင်းကြောင့် နစ်နာကြေးကို တခါတည်းပေးရန် အောက်တိုဘာလ ၃ ရက်နေ့မှစ၍အလုပ်သမား ၂၅၁ ဦးမှာ ခုနစ် ညတိတိစက်ရုံရှေ့တွင်ညအိပ်စောင့်ဆိုင်း၍တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ထို့နောက် အလုပ်ရှင်ဘက်မှကြေညာထားချက်အရ စက်ရုံအလုပ်သမား ၃၇၄ ဦးအတွက် လူမှုထောက်ပံ့ကြေး၊ နစ်နာကြေးနှင့် လုပ်သက်ခွင့် ကျန်ငွေများအားလာမည့် အောက်တိုဘာလ ၂၆ ရက်တွင်ပေးချေသွားမည်ဖြစ်၍ နို့တစ်ကြေးတလစာထပ်မံ တောင်းဆိုမှုအားမပေးချေနိုင်ကြောင်းဆိုထားသည်။

လူမှုထောက်ပံ့ကြေးအဖြစ် လုပ်သက် တနှစ်အထက်ရှိသည့် ကိုယ်ဝန်ဆောင်အမျိူးသမီးအလုပ်သမားများကို ကျပ် ၁၀၀,၀၀၀ စီနှင့် လုပ်သက် တစ်နှစ်အောက် ကိုယ်ဝန်ဆောင်များအား ကျပ် ၅၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဟု ဖော်ပြထားသည်။
လုပ်သက် တစ်လမှ သုံးလအထိ အလုပ်သမားများအားကျပ် ၁၀,၀၀၀ စီ၊လုပ်သက် သုံးလမှခြောက်လအထိ ရှိတဲ့အလုပ်သမားတွေကို ကျပ် ၁၅,၀၀၀ စီ အသီးသီးပေးမည်ဟုဆိုသည်။
သို့သော်အလုပ်သမားများဘက်မှ ကိုယ်ဝန်ဆောင်များအား ကျပ် ၅ သိန်းစီထောက်ပံ့ပေးရန်ညှိနှိုင်းခဲ့သော်လည်းမရသဖြင့် ကျပ် ၃ သိန်းအထိပေးရန်ဆက်တောင်းဆိုထားကြောင်း ယင်းအထည်ချုပ်လုပ်သားများကပြောသည်။

"နှစ်ကြေးသဘောလုပ်သက်ခံစားခွင့်လည်း အပြည့်မပေးဘူး။ နောက်ပြီးစက်ရုံထဲ လေပန်ကာမကောင်းတာတွေမပြင်ဘူး။ မိုးတွေရွာရင်မိုးယိုရင်စက်ရုံထဲရေဝင်တာတွေလည်း အဆင်ပြေအောင်မလုပ်ပေးခဲ့ဘူး။ သောက်ရေအလုံအလောက် မချပေးထားဘူး ။အရေးပေါ်ထွက်ပေါက်လည်းမရှိ လျှပ်စစ်နဲ့အလုပ်လုပ်နေရတာ ဘာအသက်အာမခံချက်မှလည်းမရှိလို့ အလုပ်ရှင်နဲ့ပြဿနာ ခဏခဏဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီစက်ရုံဘက်က တနှစ်အတွင်း ပြန်ဖွင့်ရင် ထပ်တိုင်ကြားမှုတွေလုပ်ဦးမှာ။ အခုလည်း ညှိနှိုင်းတာ ဦးစီးဘက်က ဖိအားပေးညှိနှိုင်းခိုင်းလို့သဘောမတူခဲ့ဘူး။ တောင်းဆိုမှုတွေဆက်လုပ်သွားမှာပါ"ဟုဟွာမြောင်အထည်ချုပ်အလုပ်သမားတဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဟွာမြောင်စက်ရုံတွင် ငှားရမ်းထားသည့် စက်ပစ္စည်းများလာရောက်သယ်ဆောင်နေခြင်းကြောင့် အောက်တိုဘာလ ၂၆ ရက်တွင် ပေးချေမည့်နစ်နာကြေးများ မရမည်ကို စိုးရိမ်ပူပန်ရခြင်းဖြစ်ကြောင်း အလုပ်သမားများကဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်က ညှိနှိုင်းမှုအဆင်မပြေခဲ့သော်လည်း.အလုပ်သမားထက်ဝက်မှာ ရာသီဥတုကြောင့်ဖျားနာခြင်းများရှိနေသဖြင့် စက်ရုံရှေ့တွင် ဆက်မနေဘဲ ၎င်းတို့နေအိမ်သို့ပြန်သွားကြောင်းသိရသည်။

ဟွာမြောင်အထည်ချုပ်ဒီစက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ယခုအထိ တနှစ်ခြောက်လ ကြာလည်ပတ်နေသည့် စက်ရုံဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၇၇၀ ကျော်ရှိခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လကုန်တွင် ၅၃၂ ရုံ ရှိတော့၍ စက်ရုံပေါင်း ၂၄၇ ရုံသည် လုပ်ငန်းလည်ပတ်မှုမရှိတော့ကြောင်းဖော်ပြထားသည်။

ယင်းအထည်ချုပ်လုပ်ငန်းစက်ရုံများ တွင် အလုပ်သမား ဦးရေပေါင်း ၃၈၀,၀၀၀ ဝန်းကျင်ရှိ၍၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အလုပ်သမား
#ILO

ပုံအညွှန်း- ဟွာမြောင်အထည်ချုပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ-CJ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤣1