ကချင်နှင့် ရှမ်းမြောက်ရှိ တပ်စခန်း ၂ ခုမှ ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီ ဝန်ခံ
===========
001
(မဇ္စျိမ)။ ။ ကချင်လွတ်ေမြာက်ရေးတပ်မတော် (KIA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခုမှဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် ဝန်ခံခဲ့သည်။
တပ်စခန်း လက်လွှတ်ရကြောင်း စစ်ကောင်စီက ဝန်ခံခဲ့ခြင်းမှာ ရှားပါးဖြစ်စဉ် ဖြစ်သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ လဲလုံစခန်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်စခန်းတို့အား KIA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ လဲလုံစခန်းအား KIA တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့မှစပြီး အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က အမြောက်နှင့် လေကြောင်းပစ်ကူများ သုံးပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စခန်းအား လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ကွတ်စခန်းကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် KIAတပ်မဟာ(၆ )လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက နေရာ သုံး နေရာမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် စခန်းအား သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်လာမှုကြောင့် KIA တပ်မဟာ (၆) နေရာအား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတခုအား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ထို တိုက်ခိုက်မှုတွင် KIA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ စခန်းနှစ်ခုကို KIA ကအင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေတ္တဆုတ်ခွာပေးရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားပြီး လက်ရှိတွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းပြီး စခန်းများအား အမြန်ဆုံး ပြန်လည်ရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KIA
#စစ်ကောင်စီထုတ်ပြန်
#တပ်စခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16👏3😁2❤1🤣1
ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု သတင်းအမှားဖြန့်
ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု ...
https://www.youtube.com/watch?v=Uda7EwdzzMo

YouTube
ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု သတင်းအမှားဖြန့်
ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု သတင်းအမှားဖြန့်
#Misinformation_Buster #Fake_News #Shorts #Reels #KIA #PDF #ရွှေကူ #စခန်းသိမ်း
သတင်းအပြည့်အစုံဖတ်ရန် -https://www.facebook.com/MizzimaDaily/posts/pfbid09pEYo3zEFYgCRpCs6zTadLyFYy…

😁8
စစ်ကောင်စီ လေကြောင်းမှချပေးသည့် ရိက္ခာထုပ်မှာ လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်က ရိက္ခာများဖြစ်
==============
မဇ္ဈိမ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မသိမ်းပိုက်မီ၊ အောင်ဂျာစစ်တပ်စခန်းရှိ စစ်သားများကို စစ်ကောင်စီက လေကြောင်းမှ ချပေးခဲ့သည့် ရိက္ခာထုပ်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ရိက္ခာများဖြစ်နေသည်ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ၏လူမှုကွန်ရက်တွင် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ကချင်ပြည်နယ် အောင်ဂျာဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်မြေပြင်သို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကာ စစ်မြေပြင်ရှိ ရဲဘော်များကို သွားရောက်အားပေးခဲ့ခြင်းဖြစ်သည်။
"ကိုယ့်ရဲဘော်တွေကို အားပေးဖို့ သွားတာ၊ စကစ လေကြောင်းကနေ ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ ၁၈ - ၂ - ၂၀၂၁ တဲ့။ ဒီ ထမင်းကြော်ထုပ်ရရှိခဲ့တဲ့ စကစ စစ်သည်(နောက်ဆုံးအချိန်မှာ) ဘယ်လိုများ ခံစားခဲ့ရမလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အတွေးဆိုသည့် ခေါင်းစဉ်ဖြင့် သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
အောင်ဂျာစစ်တပ်စခန်းကို အောက်တိုဘာ ၂၀ ရက်တွင် KIA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့မသိမ်းပိုက်မီ တရက်အလိုတွင် အောင်ဂျာစစ်စခန်းရှိ စစ်သားများကို စစ်ကောင်စီက လေကြောင်းမှတဆင့် ရိက္ခာများ ချပေးခဲ့သည်။
အောင်ဂျာစခန်းကို KIA က ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီ၏ ထောက်ပို့ရိက္ခာလမ်းကြောင်းများကိုလည်း KIA က တိုက်ခိုက်ခဲ့သဖြင့် ရိက္ခာများကို မြေပြင်မှ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
အောက်တိုဘာ ၁၄ ရက်တွင်လည်း စစ်ကောင်စီက လေထီးဖြင့် အောင်ဂျာစစ်စခန်းကို ရိက္ခာ၊ ခဲယမ်းပစ္စည်းများ ပေးပို့ခဲ့ရာ KIAက ရရှိခဲ့သည်။
ကချင်ပြည်နယ်တွင် စစ်ရေးအရ အရေးပါသည့် အောင်ဂျာစစ်စခန်းကို လက်လွတ်ဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက ၀န်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြန်မာသတင်း
#KIA
#ကချင်ပြည်နယ်
ဓာတ်ပုံ - Gunmaw Sumlut Facebook
Website Link -https://www.mizzimaburmese.com/article/134719

👍11😁4🥱1
အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား ရာဂဏန်းခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေး၀န်ကြီး ပြော
==========
အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား ရာဂဏန်း ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်မှတဆင့် အသိပေးသည်။
" တော်လှန် ရေးအဖွဲ့အစည်း တွေရဲ့ ဌာနချုပ် တွေကို ခြိမ်း ခြောက် လိုတဲ့ စစ် ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်။ တော်လှန် ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာ ထိုးစစ်ရဲ့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။ဒီပွဲမှာ ရန်သူ့အင်အား ရာ ကျော် ချေမှုန်းနိုင်ခဲ့တယ်" ဟု ဦးရည်မွန်က ပြောသည်။
အဆိုပါတိုက်ပွဲမှာ KIA ဦးဆောင်သည့် မဟာမိတ်များ၏ အောင်ပွဲ ဖြစ်ကြောင်း၊ PDF များ၏ စွမ်းရည်များကို KIA ဘက်မှ ချီးကျုးခဲ့ ကြောင်း ဦးရည်မွန်က ဆိုသည်။
" ကျားတက်ထိုးပြီး ဝင် ရောက်သိမ်းယူခဲ့ရတဲ့ စခန်းသိမ်း အောင်ပွဲ နေ့က PDFရဲ ဘော်များရဲ့ ရဲစွမ်းသတ္တိကို KIAစစ်ဦးစီးချုပ်/စစ် ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးကြောင်း ပြောသည်။
"ဝန်ကြီး ရေ ကောက်လို့ တော့ မပြီး သေးဘူး၊လက်နက်ငယ် တွေ ကော လက်နက်ကြီး တွေပါ PDFတရင်းစာ တပ်ဆင်နိုင် လောက် အောင် ရလိမ့်မယ်ဗျ "စခန်းသိမ်းပြီး နောက်ရက်မှာ စစ် ဒေသမှုးက လှမ်း ပြောပါတယ်" ဟု ဦးရည်မွန်က ရေးသားထားသည်။
အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် KIA ဦးဆောင်မှုဖြင့် AA၊CNF၊ ABSDF KNA-BURMA KPDF နှင့် PDFရဲ ဘော်များ ပူး ပေါင်းပါဝင်ခဲ့သည်။
စစ်ကောင်စီ၏ အရေးပါသည့် အောင်ဂျာစစ်မြေပြင်တွင် စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာလလယ်ပိုင်းမှစပြီး KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မြေပြင်သို့ သွားရောက်ကာ ရဲဘော်များကို အားပေးခဲ့သည်။
#Mizzima
#NUG
#kia

❤8👏4🔥1🥰1
KIO ဒုဥက္ကဋ္ဌ ရှေ့တန်းစစ်မြေပြင်သွားရောက်မှု ကချင်လူထုနှင့် တော်လှန်ရေးအင်အားစုများ အထူးထောက်ခံ
===============
အဂမ်
(မဇ္ဈိမ)။ ။ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် အောင်ဂျာစစ်တပ်စခန်း ရှေ့တန်းစစ်မြေပြင်သို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သွားရောက်ခဲ့ခြင်းကို ကချင်လူထုနှင့် တော်လှန် ရေးအင်အားစုများက အားပေးထောက်ခံကြကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းပိုင်းက စစ်ကောင်စီတပ်စခန်း သုံးခုစလုံးကို ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်တပ်စခန်း သုံးခုစလုံးကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် သုံးရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့၌ ကေအိုင်အိုအစိုးရ၏ ထိပ်သီးခေါင်းဆောင်တဦးဖြစ်သော ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က အဆိုပါ ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များထံသွားရောက်ပြီး အားပေးစကားပြောခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေတပ်ဖွဲ့ဝင် အဆင့်မြင့်ဗျူဟာမှူးတဦးက အတည်ပြုသည်။
"တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တယောက်၏ ယခုကဲ့သို့သော လုပ်ရပ်က စစ်ပရိယာယ်ကြွယ်ဝပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တခုဖြစ်တယ်" ဟု ကချင်နိုင်ငံရေး လေ့လာသုံသပ်နေသည့် နိုင်ငံရေးသုတေသီတဦးက သုံးသပ်ပြသည်။
" ထိပ်သီးခေါင်းဆောင်တယောက်က ရှေ့တန်းစခန်းတခုကို ခုလိုသွားကြည့်တာက သူ့လက်အောက်ငယ်သားတွေ အားတက်ဖို့အတွက်နဲ့ နိုင်ငံရေးအရ ပုံရိပ်ကောင်းဖေါ်ဆောင်ဖို့အတွက် ဖြစ်လိမ့်မယ်။ ဦးနှောက်ကောင်းတယ်လို့ ပြောရမှာပေါ့။ " ဟုလည်း ကချင်နိုင်ငံရေးသုတေသီက ဆိုသည်။
စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်း သုံးခုစလုံးက မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ အခိုင်အမာတပ်စွဲထားသည့် တပ်စခန်းများဖြစ်ပြီး၊ ကေအိုင်အိုဗဟိုဌာနချုပ်သို့ သွားရောက်နိုင်သည့် အဓိကလမ်းပိုင်းကို ဟန့်တားပိတ်ဆို့ထားသော တပ်စခန်းလည်း ဖြစ်သည်။
ကေအိုင်အေနှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်ထားသော ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကိုယ်တိုင်က ယင်းစစ်မြေပြင်ကိုသွားရောက်ခဲ့ပြီးနောက် သူ့၏လူမူကွန်ရက်စာမျက်နှာအကောင့်မှ "အတွေး"ဆိုသည့် ခေါင်းစဉ်ဖြင့်လည်း စာစုတခုရေးသား ဖော်ပြခဲ့သည်။
၎င်းစာစုထဲတွင် စစ်ကောင်စီသည် သူ၏ရဲဘော်များကို သက်တမ်းကုန်နေသည့် ထမင်းထုပ်ရိက္ခာတွေ ချပေးခဲ့တဲ့အကြောင်းကို ဓာတ်ပုံနှင့်တကွ ထည့်သွင်းဖော်ပြထားသည်။
လက်ရှိ KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားသော အောင်ဂျာတပ်စခန်းကို KIAဘက်က အထိုင်ချတပ်စွဲနေပြီး၊ စစ်တပ်နဲ့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေက အဲဒီအောင်ဂျာစခန်းတွေကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့်အကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
Photo- ရှေ့တန်းစစ်မြေပြင်သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KIA
#ကချင်လူထု
website link >>> https://www.mizzimaburmese.com/article/134771

❤10👍1🔥1🥰1😁1
လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြော #reels
လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် ...
https://www.youtube.com/watch?v=GYbhUoYQSSY

လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြော
Watch more detail -
#KIA #စစ်ကောင်စီ#VideoNews #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍5🤣4👏3🖕1
ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
======================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကေအိုင်အေနှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ပြင်းထန်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေဘက်က သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုသည်။
" ဟုတ်တယ် ၊ ဒီဘက်က သူတို့ရဲ့ ရှေ့တန်းကျတဲ့စခန်းတွေကို သိမ်းလိုက်တာဟုတ်တယ်။ ဒီတိုက်ပွဲတွေမှာ တပ်ဘက်ကနဲ့ ရှမ်း (SNA) ဘက်က ထိခိုက်သေဆုံးတာ များတယ်။ ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတာရှိတယ် ။ ခုထိတော့ အဲ့လိုပဲ သိထားပေးပါဦး " ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်က ကနဦး အတည်ပြုပြောသည်။
ဖ
ားကန့်မြို့နယ် KIA တပ်ရင်း (၂၆ )ဆယ်ဇင်းကျေးရွာဘက်မှာရှိသည့် စစ်တပ်စခန်း သုံးနေရာကို ကေအိုင်အေ ဦးဆောင်သည့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ သိမ်းပိုက်လိုက်သည့် စစ်တပ်စခန်းက သံယောဇဉ်စခန်းကုန်းဟု လူသိများသည့် စစ်တပ်ရှေ့တန်း စခန်းကုန်းတခုဖြစ်ကာ ကျန်စခန်း နှစ်ခု၏အမည်ကို မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၊ ဆယ်ဇင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် ဟုမ္မလင်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင်လည်း စစ်ကိုင်း- ကချင်အစပ်တွေဖြစ်သော ဗန်းမောက် ၊ ထီးချိုင့်၊ အင်းတော်နယ်တွေမှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖားကန့်ဒေသ
#KIA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကေအိုင်အေနှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ပြင်းထန်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေဘက်က သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုသည်။
" ဟုတ်တယ် ၊ ဒီဘက်က သူတို့ရဲ့ ရှေ့တန်းကျတဲ့စခန်းတွေကို သိမ်းလိုက်တာဟုတ်တယ်။ ဒီတိုက်ပွဲတွေမှာ တပ်ဘက်ကနဲ့ ရှမ်း (SNA) ဘက်က ထိခိုက်သေဆုံးတာ များတယ်။ ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတာရှိတယ် ။ ခုထိတော့ အဲ့လိုပဲ သိထားပေးပါဦး " ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်က ကနဦး အတည်ပြုပြောသည်။
ဖ
ားကန့်မြို့နယ် KIA တပ်ရင်း (၂၆ )ဆယ်ဇင်းကျေးရွာဘက်မှာရှိသည့် စစ်တပ်စခန်း သုံးနေရာကို ကေအိုင်အေ ဦးဆောင်သည့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ သိမ်းပိုက်လိုက်သည့် စစ်တပ်စခန်းက သံယောဇဉ်စခန်းကုန်းဟု လူသိများသည့် စစ်တပ်ရှေ့တန်း စခန်းကုန်းတခုဖြစ်ကာ ကျန်စခန်း နှစ်ခု၏အမည်ကို မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၊ ဆယ်ဇင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် ဟုမ္မလင်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင်လည်း စစ်ကိုင်း- ကချင်အစပ်တွေဖြစ်သော ဗန်းမောက် ၊ ထီးချိုင့်၊ အင်းတော်နယ်တွေမှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖားကန့်ဒေသ
#KIA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4👏1😁1🥴1
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ
=====================
အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်းအတွင်း ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားသည်။
ကချင်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားဥယာဥ် မနော (မနောင်)ကွင်းအတွင်း ခွင့်ပြုထားခြင်းမရှိဘဲ စစ်ကောင်စီထောက်ခံသူများက ကေအိုင်အို / ကေအိုင်အေ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံသူ လူတစ်စုသည် နိုဝင်ဘာလ ၉ ရက်နေ့မွန်းလွဲက မနောင်ကွင်းအတွင်း၌ “KIA၊ KIO အလိုမရှိ” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း၊ ထိုဆန္ဒပြသူများကို မနောကွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာ ယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများက လိုက်လံမေးမြန်းစဥ် ကွင်းအတွင်းမှ ဝရုန်းသုန်းကား ထွက်ပြေးသွားကြကြောင်း ကော်မတီဝင်တဦးက အခုလို ပြောပြသည်။
" လူအများကြီး ရောက်လာလို့ မနောကွင်း လုံခြုံရေးအဖွဲ့က ဘာပွဲလုပ်ဖို့ ခွင့်ပြုထားတာရှိလဲဆိုပြီး ဖုန်းဆက်လာလို့၊ အသင်းရုံးဘက်ကလည်း ဘာမှခွင့်ပြုထားတာမရှိတာကြောင့် လိုက်မေးတုန်း ပြေးကုန်တာပဲ" ဟု ကော်မတီဝင် သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ အခုလို လုပ်ဆောင်မှုမျိုးကို ကချင်တမျိုးသားလုံးက ကန့်ကွက်ပါကြောင်း ဖော်ပြထားသည်။
နောက်နောင်တွင် ယင်းဖြစ်ရပ်နှင့် အလားတူဖြစ်စဉ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေများအရ မည်သည့်အဖွဲ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါဆန္ဒပြပွဲများတွင် မည်သူမည်ဝါပါဝင်သည်ကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများက ဓာတ်ပုံများကို ဝေဝေဆာဆာဖော်ပြကာ ဒေသခံများ KIA ကို ဆန္ဒပြဆန့်ကျင်ကြောင်း ရေးသားခဲ့ကြသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်ရှိ အေးမြသာယာရပ်ကွက် အောင်ဇေရန်အောင်ဘုရားအနီးတွင် တကြိမ်၊ မြစ်ကြီးနား လေတပ်စခန်းရှေ့တည့်တည့် မြစ်ကြီးနားမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တကြိမ်၊ မနောကွင်းအတွင်းတွင် တကြိမ်၊ အစိုးရဝန်ကြီးများ အိမ်ယာဘေး ဧရာဝတီမြစ်ကမ်းဘေများတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က KIA ဆန့်ကျင်ရေး ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KIA
#မြစ်ကြီးနားမြို့

😁11👍4
မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်
=====================
အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လမ်းပိုင်းတခုဖြစ်သည့် ကပ်ကျော်လမ်းရှိ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်ကို KIA တပ်ရင်း(၃၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၅ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း (သန်းခေါင်ယံကျော်)က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။
မိုးညှင်းမြို့နှင့် နန့်မွန်းမြို့နှစ်ခုကြားရှိ နန့်မွန်းသွားရာလမ်းဟောင်း (ဒေသအခေါ် ကပ်ကျော်လမ်း) ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ထက်မနည်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KIAရှေ့တန်း သတင်းရင်းမြစ်က အခုလိုအတည်ပြုသည်။
“ အဲ့ဒီလမ်းဟောင်းဘက်မှာက ဒီလေကြောင်းရန် ကာကွယ်ရေးတပ်ကပဲ အဓိက လုံခြုံရေးယူပေးနေတာဟုတ်တယ်။ အဲ့တာပြီးရင် နန့်မွန့်တောင်ထိပ်က တာဝါတိုင်ကုန်း ( နန့်မွန်းဗျူးပွိုင့်) မှာပဲ ရှိတာဟုတ်တယ်။ ရတော့မရသေးဘူး။ လေကြောင်းရန်မို့ ကျနော်တို့ခဏနောက်ပြန်ဆုတ်ခဲ့တယ်။ ခုထိတော့ နှစ်ဖက်ငြိမ်နေတုန်းပဲ ”ဟု KIAသတင်းရင်းမြစ်ကပြောသည်။
ကချင်သတင်းရင်းမြစ်များနှင့် ကချင် သတင်းမီဒီယာ အချို့က အဆိုပါတပ်စခန်းကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသော်လည်း မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားသည့် ရေအားလျှပ်စစ်နေရာအနီးရှိ အုန်းစံဆိုင်ရွာဒေသခံသတင်းရင်းမြစ်က ယင်းနေရာမှာ မိုးညှင်း - အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသော လမ်းပိုင်းတခုဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒီနေ့မနက်ပိုင်းမှာ အဆိုပါလမ်းပေါ် သွားလာမှုတွေရပ်တန့်နေတယ်လို့ အခုလိုပြောသည်။
“ စခန်းကတော့ မီးလောင်ထားတဲ့နေရာတွေ ထိခိုက်ထားတဲ့နေရာတွေ မတွေ့ရဘူး။ လမ်းမှာတော့ ဆိုင်ကယ် တစီးမီးလောင်ထားတာရှိတယ်။ စစ်တပ်ကတော့ နန့်မွန်းတာဝါတိုင်ဘက် ပြန်တက်သွားတာပြီ ဟုတ်တယ်။ အသေးစိတ်မသိရသေးဘူး ။ ” ဟု တိုက်ပွဲဖြစ်ပွားသည့် ရွာအနီးရှိ အုန်းစံဆိုင်းရွာသတင်းရင်းမြစ်က ဆိုသည်။
စစ်ကိုင်းတိုင်း ကသာမြို့လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းပြီးရင် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း)အတွက် သီးသန့်အခိုင်အမာ တည်ဆောက်ထားသည့် တပ်စခန်းတခုလည်း ဖြစ်သည်။
ယင်းတပ်စခန်းတွင် သီးသန့်ရေအားလျှပ်စစ်များရှိကာ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ လုံခြုံရေးကို မိုးညှင်းဒေသခံဌာနေပြည်သူ့စစ်များနှင့် တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၅) တပ်ရင်းတို့ပူးပေါင်းလုံခြုံရေးယူထားသည့် တပ်စခန်းကြီး ဖြစ်သည်။
ဤလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မိုးညှင်းခရိုင်အတွင်းမှာ ရှိနေသည့် တခုတည်းသော လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းလည်း ဖြစ်သည်။
ယင်းတပ်စခန်းတိုက်ခိုက်ခံရသည့်အတွက် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာမှာ အထိုင်ချထားသော စစ်ကောင်စီအမြောက်တပ်မှ မိုးညှင်းမြို့အဝင်ရှိ ပင်းဟဲရွာအနောက်ဘက်တောင်ကြော KIAတပ်ရင်း (၃၅) နယ်မြေဘက်ရှိ အမြောက်များ တရစပ်ပစ်ခတ်နေခဲ့သည်ဟု မိုးညှင်းဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုးညှင်းမြို့
#KIA
#လေကြောင်းရန်ကာကွယ်ရေးတပ်

👍32👏9❤1🔥1
ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဆက်လက်ပြင်းထန်နေ Watch ...
https://www.youtube.com/watch?v=gU4a1vU2ex4

Watch more detail - https://youtu.be/kdl5T4y-31g
#စစ်ကောင်စီ #KIA#VideoNews #shorts #reels

👏3