Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စတုဂတ်အသင်းမှ ဂျပန်ကွင်းလယ်လူ အန်ဒိုကို လီဗာပူးလ် ခေါ်ယူစာချုပ်
===================

လီဗာပူးလ်အသင်းဟာ international clearance စစ်ဆေးမှုနဲ့ အလုပ်ပါမစ်လျှောက်ထားမှုတို့အရ ဂျပန်ကွင်းလယ်ကစားသမား ဝါတာရူ အန်ဒိုကို ကာလရှည်စာချုပ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့်လည်း Sky Sports အပါအဝင် ဗြိတိန်မီဒီယာတွေက ဘွန်ဒက်လီဂါကလပ် စတုဂတ်ကနေ အသက် ၃၀ အရွယ် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၉ သန်း (ဒေါ်လာ ၂၄ သန်း၊ ယူရို ၂၂ သန်း) ဖြင့် တန်ဖိုးသတ်မှတ်ခဲ့ပါတယ်။

အန်ဒိုဟာ sပီးခဲ့တဲ့ရာသီက စတုဂတ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားခဲ့ကာ ၆ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

Ref; AFP
Photo: Twitter

#wataruendo
#liverpool
#Mizzima
👍11❤2😁1
​​လီဗာပူးလ်ရှိ ရှယ်ယာအနည်းငယ်ကို FSG က ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချ
======================

By PKThawn
လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group က ၎င်းတို့ဟာ ပရီးမီးယားလိဂ်ကပ်အသင်းကြီးရဲ့ ရှယ်ယာအနည်းစုကို အမေရိကန်ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချလိုက်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးစရိတ်တွေအတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဖြစ်ပေါ်လာတဲ့ အကြွေးတွေကို လျှော့ချဖို့ ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမှာဖြစ်ကြောင်း ကလပ်က ပြောပါတယ်။

FSG တည်ထောင်သူ ဂျွန်ဟင်နရီက ယခုနှစ်အစောပိုင်းမှာ ကြိုးကြာနီတို့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း "ကလပ်တသင်းအနေနဲ့ လီဗာပူးလ်ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုပါက အစုရှယ်ယာရှင်အသစ်တွေ"ကို ဖွင့်ပေးထားခဲ့ကြောင်း အဆိုပါအုပ်စုက ဝန်ခံခဲ့ပါတယ်။

FSG က ၂၀၁၀ မှာ လွှဲပြောင်းရယူပြီးနောက်ပိုင်း လီဗာပူးလ်ဟာ အင်္ဂလိပ်နဲ့ ဥရောပပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးကာ နောက်ရာသီမှာ ကလပ် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အကြာမှာ ကိုင်မြှောက်နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာရရှိပြီးနောက် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပထမ (၆)ပွဲမှာ (၅)ပွဲအနိုင်ရရှိပြီးနောက် လက်ရှိရာသီကို အားကောင်းမောင်းသန်နဲ့ စတင်ကစားလိုက်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
FSG ဥက္ကဌ မိုက်ဂေါ်ဒွန်က "လီဗာပူးလ်နဲ့ ကျနော်တို့ရဲ့ ရေရှည်ကတိကဝတ်တွေဟာ အရင်ကထက် ခိုင်မာနေဆဲပါ။

"တကယ်လို့ လီဗာပူလ်းအတွက် မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ဖော်ကိုင်ဖက်ရှိမယ်ဆိုရင် ကလပ်ရဲ့ ရေရှည်ဘဏ္ဍာရေး ခံနိုင်ရည်ရှိမှုနဲ့ အနာဂတ် တိုးတက်မှုကို သေချာအောင် ကူညီပေးဖို့ အခွင့်အလမ်းကို ကျနော်တို့ လိုက်လံမယ်လို့ ကျနော်တို့တွေက အမြဲပြောထားပါတယ်။"

Dynasty Equity မှ ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာသန်း ၁၀၀ (ပေါင် ၈၂ သန်း)နဲ့ ဒေါ်လာသန်း ၂၀၀ ကြားရှိကြောင်း Athletic က ဖော်ပြခဲ့ပါတယ်။

Forbes ရဲ့ တွက်ချက်မှုအရ ကလပ်အသင်းရဲ့ ဒေါ်လာ ၅.၃ ဘီလီယံတန်ဖိုးအပေါ်အခြေခံပြီး Dynasty Equity ဟာ ၁.၉ နဲ့ ၃.၈ ရာခိုင်နှုန်းကြားရှိတဲ့ အနည်းစုရင်းနှီးမြှုပ်နှံမှုကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

(AFP)
Photo: #liverpool
#FSG #FenwaySportsGroup #လီဗာပူလ်း #dynastyequity
👍6❤1🔥1
ပြန်ပေးဆွဲခံရတဲ့ လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို ကိုလံဘီယာပြောက်ကျားအဖွဲ့ လွှတ်ပေး
================

By PKThawn
ကိုလံဘီယာရဲ့ ELN ပြောက်ကျားအဖွဲ့ဟာ လီဗာပူးလ်ဘောလုံးသမား လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို ကြာသပတေးနေ့မှာ လွှတ်ပေးခဲ့ပြီး ၁၂ ရက်ကြာ ပြန်ပေးဆွဲခံရတဲ့ ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကို အဆုံးသတ်ခဲ့ပါတယ်။

လွှဲပြောင်းပေးဖို့ ရက်အတန်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် သူပုန်တွေဟာ ဗင်နီဇွဲလားနယ်စပ်ရဲ့ Serrania del Perija တောင်တန်းရှိ နေရာ မဖော်ပြထားတဲ့တနေရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေထံ လူးဝစ်မန်နူရယ်ဒီယက်ဇ်ကို ပေးအပ်ခဲ့ပါတယ်။

အသက် ၅၆ နှစ်ရှိ ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူနဲ့ ၎င်းရဲ့ ပြုစုစောင့်ရှောက်ပေးသူတွေဟာ ရဟတ်ယာဉ်ဖြင့် မြောက်ပိုင်း La Guajira Department ရှိ သူ့မွေးရပ်မြို့ Barrancas မှ ကီလိုမီတာ ၉၀ (၅၆ မိုင်) အကွာရှိ Valledupar မြို့သို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနေပါတယ်။ အဲဒီနောက်မှာမှ သူဟာ မိသားစုံ ပြန်သွားမှာဖြစ်ပါတယ်။

ကိုလံဘီယာသူပုန်အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ဒီယက်ဇ်ရဲ့ မိဘနှစ်ပါးကို ဇာတိမြို့ဖြစ်တဲ့ Barrancas မှာ ပြန်ပေးဆွဲခဲ့တာပါ။ ဒါပေမယ့် သူပုန်အဖွဲ့ဟာ ပြန်ပေးဆွဲပြီး နာရီပိုင်းအကြာမှာ ဒီယက်ဇ်ရဲ့ မိခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီယက်ဇ်ကို လက်ခံခဲ့တဲ့အဖွဲ့ထဲက အဖွဲ့ဝင် Monsignor Francisco Ceballos ရဲ့ အဆိုအရ "သူပုန်အဖွဲ့ဟာ သူ့ကို ဖမ်းဆီးခဲ့ချိန်မှာ သူဟာ လေးရက်ကြာအောင် လမ်းလျှောက်ခဲ့ရပြီး အခုချိန်မှာတော့ သူတို့ဟာ သူ့ကို လွှဲပြောင်းပေးချိန်က နှစ်ရက်ကြာခဲ့တယ်"လို့ ပြောပါတယ်။

ဒီယက်ဇ်က "လူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ... ကျနော့်မိသားစုကို သူတို့တွေပေးခဲ့တဲ့ ကြီးမားတဲ့ပံ့ပိုးမှုတွေအတွက်ပါ။ ကျနော် သူတို့ကို အရမ်းချစ်ပါတယ်၊ မကြာခင်မှာ သူတို့ကို ပွေ့ဖက်နှုတ်ဆက်ခွင့်ရတော့မှာပါ။"လို့ Blu Radio ကတဆင့် စကားပါးခဲ့ပါတယ်။

သူ့ရဲ့ "အမြန်" လွတ်မြောက်လာမှုအတွက် စစ်တပ်ကို ကျေးဇူးတင်ကြောင်း ဒီယက်ဇ်က တခြားဗီဒီယိုတစ်ခုမှာ ပြောပါတယ်။
သူ့အစ်မ Aracelys Diaz က သူ့အစ်ကိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်စိတ်ရှိခဲ့ပေမယ့် မိသားစုက "ပျော်ရွှင်နေတယ်"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"သူက ကျမတို့ လိုချင်သလို မဟုတ်ပေမယ့် နေကောင်းကျန်းမာနေတယ်။ သူ အသက်ရှင်နေတယ်"လို့ သူမက ပြောဆိုပါတယ်။

Ref; AFP
Photos: EPA

#LuisDiaz #kidnapped #liverpool #Mizzima
👍5❤4🔥1