ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းများအားလုံး လွတ်မြောက်ရန်နှင့် တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းရန် NLD လုပ်ဆောင်မည်
========================
မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးကျဉ်းသားများအားလုံး အမြန်လွတ်မြောက်ရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းမည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးကို Zoom မှတစ်ဆင့်ကျင်းပရာ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်သဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု NLD ဗဟိုအလုပ် ကော်မတီက ထုတ်ပြန်သည်။
ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များ အပါအဝင် ဆုံးဖြတ်ချက် ခုနစ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၄ ဦး၊ အရံဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဗဟိုအလုပ်ကော်မတီ
#အစည်းအဝေး
#NLD
#တိုင်းရင်းသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍21❤4🔥1
ခြောက်လ သက်တမ်းတိုး စစ်ခေါင်းဆောင်ကို “အာဏာရူး”ဟု NLD ပြော
=====================
ဂျူချန်း
(မဇ္ဈိမ) ။ ။ “နိုင်ငံရေးအခြေအနေအရ” ဟုဆိုကာ ခြောက်လသက်တမ်းကို လေးကြိမ်မြောက်ထပ်တိုးခဲ့သည့် စစ်ခေါင်းဆောင်အား အာဏာရူး ဟု ခေါ်ဝေါ်လိုက်ပြီး ၎င်းတို့ပြဋ္ဌာန်းထားသောဥပဒေကိုပင် ပြန်လည်ချိုးဖောက်နေသည်ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က တုံ့ပြန်လိုက်သည်။
“အာဏာကိုရူးလို့ လုယူထားတာ ဒီမင်းအောင်လှိုင်က။ ဖွဲ့စည်းပုံက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ခြောက်လ၊ ခြောက်လ နှစ်ကြိမ်ပဲ တိုးပိုင်ခွင့်ရှိတာကို သာမန်အခြေအနေ ပုံမှန်ဖြစ်အောင် မထိန်းသိမ်းနိုင်လို့ ခြောက်လကို သူတိုးချင်သလောက်တိုးမယ်၊ ရပ်ချင်သလောက်ရပ်မယ်ဆိုတဲ့ပုံစံကတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ) ၌ နောက်ထပ်ခြောက်လ သက်တမ်းတိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ၊ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးပါက သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြတင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိကို နှစ်ကြိမ် တိုးမြှင့်ပေးနိုင်ကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ သက်တမ်းခြောက်လ ထပ်မံတိုးလိုက်ခြင်းသည် ၎င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်နေခြင်းနှင့် အာဏာသိမ်းမှုမအောင်မြင်ကြောင်းကို ပြသနေခြင်းဖြစ်သည်ဟု NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကလည်းဆိုသည်။
ထို့အပြင် စစ်ကောင်စီမှကျင်းပမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဝန်ခံခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ သူတို့အရေးပေါ်အခြေအနေကို ကြေညာတာဟာ သူတို့အတွက် အရေးပေါ်နေတာကို ပြနေတာပါပဲ။ သူတို့ပြောတဲ့ ရွေးကောက်ပွဲကို သူတို့ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာ ဝန်ခံတဲ့ အချက်ပါ” ဟု ဦးကျော်ဇော ကဆိုသည်။
ဇူလိုင် ၃၁ ရက်နေ့၌ကျင်းပသည့် ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှ နေရာအချို့ကိုချန်လှပ်ကာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#အာဏာရူး
#စစ်ခေါင်းဆောင်,
#NLD
#NUG
#သက်တမ်းတိုး

👍20😁4👏3🤮2💩1
ဦးဟန်နရီဗန်ထီးယူကို NLD ပါတီမှ ထုတ်ပယ်
=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယမန့်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးတွင် အများသဘောတူဆုံးဖြတ်လိုက်သည်ဟု ယနေ့တွင် NLD မှထုတ်ပြန်သည်။
"ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည့်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်" ဟု NLD ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုးဦးတို့အပြင် အဆင့်ဆင့်သော ပါတီဝင်အများအပြားတို့သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည်လည်း အကျဉ်းထောင်အတွင်း လုံလောက်စွာဆေးကုသခွင့်မရရှိခဲ့သည့်အတွက် အကျဉ်းထောင်အတွင်းဆုံးပါးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါအခြေအနေများကြားမှပင် ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်းကိုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိလိုက်ရသည်ဟု ဆိုသည်။
"ပြီးခဲ့တဲ့ အစည်းအဝေးနှစ်ရပ်လုံးမှာ သူတောင့်ခံထားခဲ့တယ်။ ဒုတိယအကြိမ်မှာ ခေါင်းကွဲလို့ချော်လဲလို့ဆိုပြီး သတင်းကြားရတယ်။ တတိယအကြိမ်မှာအခုလိုဖြစ်လာတော့ NLD က ဒုတိယသမ္မတကြီးကိုယ်တိုင်က လူတွေသတ်ပြီးရွာတွေ လိုက်မီးရှို့နေတဲ့ စစ်ကောင်စီနဲ့ ဒါတွေသဘောတူပြီး လုပ်ပါတယ်ဆိုတာကတော့ ပါတီအနေနဲ့က ဒီတိုင်းကြည့်နေလို့မရပါဘူး" ဟု စမ်းချောင်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး မှ မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ထိခိုက်ဒဏ်ရာများရရှိကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း ဇန်နဝါရီလအတွင်းက သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
အသက် ၆၅ နှစ်အရွယ်ရှိ ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD မှအနိုင်ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခံရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီမှ စွပ်စွဲကာ စွဲဆိုထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမှုများအတွက် ရုံးချိန်းတစ်ခုတွင် သက်သေအဖြစ်လာရောက်ထွက်ဆိုခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ပေ။
ယခင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့က အာဏာသိမ်းစစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေးများသို့လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် မကြာသေးမီ ဇူလိုင်လ ၃၁ ရက်နေ့ကပြုလုပ်သည့် ကာလုံအစည်းအဝေးကိုမူ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ဇူလိုင်လ ၃၁ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် မြင်တွေ့ရသည့် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ
#mizzima
#ကာလုံအစည်းအဝေး
#NLD
#ဦးဟင်နရီဗန်ထီးယူ
#စစ်အာဏာသိမ်း

👍12👏4🥴3💩1
ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒု-တာဝန်ခံ နေခဲ့သည့်အိမ် ချိပ်ပိတ်ခံရ
=====================
YT
(မဇ္ဈိမ)။ ။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု-တာဝန်ခံ ကိုရဲသွေးညီ နေထိုင်ခဲ့ဖူးသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ နေအိမ်အား စစ်ကောင်စီလက်အောက်ခံတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း ကိုရဲသွေးညီနှင့် မြောက်ပိုင်းရပ်ကွက် ဒေသခံများထံက သိရသည်။
" ကျွန်တော့်တို့က သူတို့အာဏာသိမ်းပြီး ဆန္ဒပြဘာညာ လုပ်နေကတည်းက သူတို့အမှုဖွင့်တယ် ၅၀၅ နဲ့။ နောက်ပိုင်းကျတော့ ကျွန်တော့်ကို သေဒဏ်ကျသင့်နိုင်တဲ့အမှု ၁၀ မှုထက်မနည်း တရားစွဲထားတယ်လို့တော့ ကြားရတာပဲ၊ ၅၀ တွေ ၅၂ တွေပေါ့ဗျာ။ ကျွန်တော့်ကို သူတို့ဖမ်းမမိတော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ဗျာ" ဟု ကိုရဲသွေးညီက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းက ရဲ၊ စစ်တပ်၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှ ဝန်ထမ်းများက ကိုရဲသွေးညီနေထိုင်ခဲ့ဖူးသည့် ထိုအိမ်အား လာရောက်၍ ချိပ်ပိတ်သွားခြင်းဖြစ်သည်။
အဆိုပါနေအိမ်သည် ကိုရဲသွေးညီ၏ ယောက္ခထီး ဦးတင်ဦး၏ နေအိမ်ဖြစ်ပြီး ကိုရဲသွေးညီ အိမ်ထောင်ကျချိန်မှစ၍ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ ဇနီး၊ ယောက္ခထီး၊ ယောက္ခမတို့နှင့်အတူ နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည်။
ချိပ်ပိတ်မခံရခင်အချိန်အထိ အဆိုပါနေအိမ်တွင် ဦးတင်ဦးနှင့် ဇနီးဖြစ်သူ နေထိုင်လျက်ရှိသော်လည်း ယခုကဲ့သို့ ချိပ်ပိတ်ခံရခြင်းကြောင့် အခြားဆွေမျိုးများ၏ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
ကိုရဲသွေးညီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကာ လက်ရှိတွင် ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု- တာဝန်ခံ၊ ကျိုက်ထိုမြို့နယ် ပ.က.ဖ ဒု- တာဝန်ခံအဖြစ် တာဝန်ယူသူဖြစ်သည်။
စစ်ကောင်စီတပ်က ကိုရဲသွေးညီအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) အပါအဝင် သေဒဏ်ချမှတ်နိုင်သော အမှုပေါင်း ၁၀ ခုကျော်ဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ထို့အတူ ကိုရဲသွေးညီ၏ ဇနီးဖြစ်သူသည်လည်း အထက်တန်းကျောင်းဆရာမတဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။
" အခု စစ်ကောင်စီလက်အောက်မှာ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာမှ မလုံခြုံဘူးဆိုတာ သိစေချင်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကိုပေါ့။ သူတို့ဆီမှာ စည်းလွတ်ဝါးလွတ် ဥပဒေမရှိ လုပ်နေတော့ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာ အသက်အိုးအိမ်စည်းစိမ် ဘာတစ်ခုမှ လုံခြုံမှုရှိမနေဘူးဆိုတာ သိစေချင်တယ်။ ဆိုတော့ ဒီကိစ္စ တော်လှန်ရေးပြီးမှ အရင်ကလို လုံလုံခြုံခြုံပြန်နေရမှာဖြစ်တယ်လေ။ အခုဆို ရှိသမျှ အကုန်ဈေးတက်ပြီး မြန်မာငွေဈေးထိုးကျတယ်ဆိုတော့ အပျော်အပါးလေးတွေလျော့ပြီး တော်လှန်ရေးဘက်ကို ဦးလှည့်ဖို့သင့်ပြီဆိုတာ သိစေချင်ပါတယ်" ဟု ကိုရဲသွေးညီက ပြောသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် လူငယ်များ၊ ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ နီးပါး စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#ချိပ်ပိတ်
#NLD
#KRF

🤬10👍2🔥2❤1👎1
မင်းလှတွင် NLD အင်္ကျီဝတ်လေ့ရှိသည့် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီ ဖမ်းဆီး
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အင်္ကျီ ဝတ်လေ့ရှိသည့် စိတ်ကျန်းမာရေးချို့တဲ့နေသူကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီး သွားကြောင်း ဒေသခံအချို့ကပြောသည်။
ဩဂုတ်လ ၁၉ ရက်နေ့က မြို့နယ်စည်ပင်သာယာဝန်းအတွင်းရှိ နာရေးတခုအား သွားရောက်ပို့ဆောင်ချိန် တွင် စိတ်ဝေဒနာရှင်ဦးဗျော့ကို စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ထိုသို့ဖမ်းဆီးခံရအပြီး သုံးရက်အကြာ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဦးဗျော့သေဆုံးပြီဟု သတင်း ရရှိကြောင်းလည်း မင်းလှမြို့ဒေသခံများထံမှသိရသည်။
“ဦးဗျော့က စိတ်ကျန်းမာရေးချို့တဲ့နေတဲ့သူဆိုတာ အကုန်သိတယ်၊ လက်မှတ်လည်းရထားပြီးသား။ သူက အရင်တည်းက ဆိုက်ကားမှာ NLD တံဆိပ်ပါတဲ့ ထီးကြီးတပ်ထားတယ်။ NLD တံဆိပ်ပါတဲ့ အင်္ကျီဝတ် တယ်။ အာဏာသိမ်းပြီးနောက်လည်း ဒီလိုပဲနေတယ်။ အဲဒါကို ဖမ်းသွားတာပါ ” ဟု မင်းလှမြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။
ဖမ်းဆီးခံရပြီးနောက်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆) သို့ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းစဉ် နှိပ်စက်ခံရ၍သေဆုံးသွားပြီဟု စစ်တပ်အသိုင်းအဝိုင်းထံမှ ကနဦးသတင်းရရှိထားကြောင်းနှင့် မိသားစုထံသို့ တရားဝင်အသိပေးလာခြင်းမျိုးမရှိသေးကြောင်း မင်းလှဒေသခံက ဆက်ပြောသည်။
ဦးဗျော့သည် ဆိုက်ကားနင်းကာ သက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး ၎င်းတွင် လေဖြတ်နေသောဇနီးနှင့် သမီးတဦးကျန်ရှိနေကြောင်းသိရသည်။
“မိသားစုက သူဆိုက်ကားနင်းလို့ရတာကို မှီခိုစားနေရတာ။ အခုတော့ စိတ်မကောင်းစရာ သတင်းတွေ ကြားနေရတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။
ဦးဗျော့ သေဆုံးခြင်း ရှိ၊ မရှိနှင့် ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မဇ္ဈိမအနေဖြင့် အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် မင်းလှမြို့နယ်၊ ဘန့်ဘွေးပင်ကျေးရွာမှ ပြည်သူခြောက်ဦးကိုလည်း ဩဂုတ်လ ၁၉ ရက်၊ ညနေပိုင်း တွင် စစ်ကောင်စီတပ်မှ PDF ဟုစွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေသည်။
ပုံအညွှန်း - မင်းလှမြို့နယ်တစ်နေရာ (ပုံဟောင်း)
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#NLD
#စိတ်ကျန်းမာရေး
#မင်းလှမြို့နယ်
#ပဲခူး

🔥5🤬5👍2😁1
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး သာမက အသက်အန္တရာယ်ပါ ထိခိုက်ပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း NLD သတိပေး
=======================
001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ဗဟိုအလုပ်ကော်မတီက ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသကဲ့သို့ လျှို့ဝှက်ထားသော နေရာများတွင် နိုင်ငံရေးအကျဉ်းသားတဦး ရပိုင်ခွင့် အခွင့်အရေးကိုမျှမပေးဘဲ ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း NLD ကဆိုသည်။
ထို့ပြင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်းလည်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
“ အသက်အရွယ်အားဖြင့် ၇၈ နှစ်အရွယ်ရှိလာပြီဖြစ်သဖြင့် ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးထားရမည့် အရွယ်ဖြစ်ပါသည်”ဟု ဗဟိုအလုပ်ကော်မတီက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းအားထုတ်နေမှုကို အလေးထား အသိအမှတ်ပြုကြောင်းလည်း ဖော်ပြသည်။
ထို့ပြင် ယခုထက် ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန်လည်း မေတ္တာရပ်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်လောက်က သွားနာ၊ သွားဖုံးယောင်ဝေဒနာကို ခံစားရသည့်အတွက် ပြင်ပဆရာဝန်နှင့် ကုသခွင့်ပေးရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီက လက်ခံခြင်းမရှိခဲ့ဘဲ ထောင်ဆရာဝန်နှင့်သာ ကုသခွင့်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#NLD
ပုံညွှန်း- ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-EPA)

👍12😢4❤1🤮1
NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်
================
ဂျူချန်း
(မဇ္ဈိမ)။ ။ အရပ်သားအစိုးရ NLD လက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်(ခ) နာဲသိုက်လောန် သည် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နိုင်သက်လွင်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ် ရှိပြီဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၎င်းရုပ်အလောင်းကို ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ သယ်ဆောင်ကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်ပြီး မွန်နိုင်ရေးအသိုင်းအဝိုင်းတွင် နိုင်သက်လွင်ကွယ်လွန်မှုကြောင့် ဝမ်းနည်းစိတ်မကောင်းမှုဖြစ်ရကြောင်း သိရသည်။
“ကျနော်ကတော့ ဥက္ကဋ္ဌပဲ ခေါ်နေကျ၊ ရန်ကုန်မှာဆုံးတာ။ ဒီနေ့ မော်လမြိုင်ရောက်မယ်။ ကိုယ်နှုတ်အပြုအမူ အပြောအဆို ကြမ်းတဲ့ ကျနော်တို့အပေါ် အမြဲတမ်းအပြစ်မမြင်တတ်တဲ့ ဥက္ကဋ္ဌကြီး ကောင်းရာဘုံဘဝ ရောက်ပါစေ” ဟု နိုင်သက်လွင်နှင့် နီးစပ်သူတဦးက ပြောသည်။
နိုင်သက်လွင်သည် အသက် ၁၈ နှစ်အရွယ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် မွန်ရိုးရာဝတ်စုံ ပြန်လည်ဖော်ထုတ်ရေး ကော်မတီ၌ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) စတင်တည်ထောင်ချိန်၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၀ တွင် အလုပ်အမှုဆောင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ (MDP) တွင် ဒုဥက္ကဋ္ဌအဖြစ်အလည်းကောင်း၊၂၀၁၄ ခုနှစ်၌ မွန်ပါတီနှစ်ခု ပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ် အမည်ပြောင်းလဲခဲ့ရာတွင်လည်း ပါတီ ဒုဥက္ကဋ္ဌ(၁) အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် သမ္မတ ဦးထင်ကျော် မှ နိုင်သက်လွင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အဆိုတင်သွင်းခဲ့ပြီး မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကရင်ပြည်သူ့ပါတီမှ စစ်ကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သူ စောထွန်းအောင်မြင့်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှ တာဝန်ပေးခဲ့သည်။
နိုင်သက်လွင်သည် မော်လမြိုင် ဘီလူးကျွန်း (ချောင်းဆုံ) တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပြောင်းရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည့် NLD ပါတီ မှ အနိုင်ရ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ ဖခင်ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း-နိုင်သက်လွင် (ပုံဟောင်း)
#mizzima
#NLD
#MNP
#MNDF
#မွန်နိုင်ငံရေးသမား
---------------------

Facebook
#mizzima – Explore
explore #mizzima at Facebook
👍17😢9🔥2❤1
အကြောင်းမဲ့သတ်ဖြတ်ခံရသည့် NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိ
========================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အကြောင်းမဲ့သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီးစုစုပေါင်း ၁၀ဦးရှိသည်ဟု ယနေ့ပြုလုပ်သည့် ပါတီ ၃၅ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် ဖတ်ကြားသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်သည့် စာတမ်းအရသိရသည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စက်တင်ဘာလ ၁၅ရက်နေ့အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အမျိုးသမီး ၁၀ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦး၊ နေအိမ်ချိပ်ပိတ်ခံရသူ ၈၄ ဦးရှိသည်ဟု သိရသည်။
NLDပါတီတွင် အမျိုးသမီးများသည် ဘယ်တောင်ပံတွင်ရှိနေပြီး တော်လှန်ရေး၏ ကဏ္ဍအသီးသီးဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေး၊ ပြည်သူ့ အုပ်ချုပ်ရေး၊ သက်မွေးကြောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် ဆေးကုသခြင်းအပါအဝင် နယ်ပယ်ပေါင်းစုံံတွင် ပါဝင်နေသည်ဟု စာတမ်းမှာ ဖော်ပြသည်။
"အမျိုးသမီးလုပ်ငန်းအဖွဲ့အဆင့်ဆင့်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အားသွန်ခွန်စိုက် ပြည်သူနှင့်အတူ ကတိပြုအပ်ပါသည်” ဟု ဒေါ်မေဝင်းမြင့်ကပြောသည်။
စစ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များဖမ်းဆီးခံခဲ့ရသည်၊ သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားဖမ်းဆီးမှုများရှိသည့်အတွက် ပါတီဝင်များလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
NLD ပါတီဝင်တဦး၏ နာရေး
#mizzima
#ဖက်ဒရယ်
#ဒီမိုကရေစီ
#NLD
#အမျိုးသမီး
ဓာတ်ပုံ- မီဇိုရမ်ဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံကြသည့်ချင်းလူငယ်အဖွဲ့ (ပုံ- ဆလိုင်းယောမာန်)

😢10👍3😁2🤬1
NLD တည်ထောင်ခြင်း ၃၅နှစ်မြောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်းအလေးပေးဖော်ပြ
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ယနေ့တွင်ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတည်ထောင်ခြင်း ၃၅နှစ်မြောက် သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားသည်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့က စတင်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံသည် အသက်အရွယ် ၇၈နှစ်ရှိပြီဖြစ်သည့်အတွက် ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးအထားရမည့်အရွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက “ ပါတီဥက္ကဋ္ဌ၏ ကျန်းမာရေးက အနည်းငယ်ချို့ယွင်းနေတယ်ဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်။သေချာအတည်ပြုဖို့က လိုအပ်ချက်တွေရှိပါသေးတယ်။"ဟု ပြောသည်။
စစ်ကောင်စီ၏အချုပ်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည်ဟု ဆိုသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်ပြီး နှစ်ပေါင်းများစွာထောင်ဒဏ်များ ချမှတ်ထားလျက်ရှိနေသည်။ ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြစ်ဒဏ်များကို လုံးဝမကျူးလွန်းထားခြင်းမရှိဟု အပြည့်အဝယုံကြည်ထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများကလွတ်မြောက်ရေးလမ်းစကို ရှာဖွေနေကြသည်ဟု ထုတ်ပြန်ချက်ထဲမှာရေးသားထားသည်။
အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများက ကြိုးပမ်း အားထုတ်နေမှုများကို အလေးထားအသိအမှတ်ပြုလျက် ဆက်လက်၍ ယခုထက် ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်တောင်းဆို မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
Photo-AFP
#mizzima
#ခေါင်းဆောင်
#နိုင်ငံရေးအကျဥ်းသား

👍10❤2🤮1
"စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက် အဖြစ် စဉ်းစားရင်မှားလိမ့်မယ်" ဦးကျော်ထွေး - NLD ပါတီ
=======••=====•======
မဇ္ဈိမ
ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၅နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားပါတယ်။
လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေတွေနဲ့ NLDရဲ့ လက်ရှိကာလ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်ကော်မတီဝင်ကို ဦးကျော်ထွေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် = လင်းသူရိန်
https://youtu.be/fne8puzP83g?si=uNWZOD2LtpwpNL19
#NLD
#Mizzima
#၃၅နှစ်ပြည့်
#ရုပ်သံ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======••=====•======
မဇ္ဈိမ
ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၅နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားပါတယ်။
လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေတွေနဲ့ NLDရဲ့ လက်ရှိကာလ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်ကော်မတီဝင်ကို ဦးကျော်ထွေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် = လင်းသူရိန်
https://youtu.be/fne8puzP83g?si=uNWZOD2LtpwpNL19
#NLD
#Mizzima
#၃၅နှစ်ပြည့်
#ရုပ်သံ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးထွက်ပေါက်အဖြစ်စဉ်းစားရင်မှားလိမ့်မယ်" ဦးကျော်ထွေးNLDပါတီ
(မဇ္ဈိမ)။ ။ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၅နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားပါတယ်။…
👍14🤣1