Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျွန်းစုမြို့ ဝါရစ်ရွာမှာ တိုက်ပွဲဖြစ် အရပ်သား ၂ ဦး သေဆုံး သံဃာတော်ထိခိုက်ဟုဆို
===============

ကိုရွှေမြိတ်

မဇ္ဈိမ။  ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးကာ သံဃာတော် တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် PDF ရဲဘော်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျွန်းစုမြို့နေ ဒေသခံသတင်းရင်းမြစ် တဦးက “တိုက်ပွဲ ဖြစ်တာတော့ သိရတယ်၊ လောလောဆယ်က အရပ်သား နှစ်ဦးနဲ့ သံဃာတော် တပါး ထိခိုက်တယ်လို့ပဲ ကြားရတယ်၊ ရွာမှာက စစ်ရှောင်တွေ များနေတော့ ကျန်တဲ့ အချက်အလက်တွေ ဘာမှ မသိရသေးဘူး ဖြစ်နေတယ်”ဟု ပြောသည်။

ထိုအပြင် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖက်က ထိခိုက်မှုများလည်းရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုရန် ကြိုးစားနေသည်။

“အခု တိုက်ပွဲ ဖြစ်တဲ့ရွာအပါဝင် မောင်းလှော်၊ မင်းသန်း စတဲ့ ရွာတွေက ပျူစောထီး အင်အားကောင်းတဲ့ ရွာတွေဖြစ်လို့ ဒေသခံအတော်များများကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ပေါ်ကို စစ်ရှောင်နေကြရတယ်” ဟု စစ်ရှောင်များနှင့် နီးစပ်သူ မြိတ်ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းဂုတ်ကျေးရွာတွင် ပျူစောထီး တဦး သေဆုံးပြီးနောက် ကျေးရွာနေ ပြည်သူများကို မဲစနစ်ဖြင့် လက်နက်ကိုင်ပြီး ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ကို မဖြစ်မနေ ဝင်ရမည်ဟု လိုက်လံစည်းရုံးခဲ့တာရှိခဲ့၍ လက်နက်မကိုင်လိုသည့် ပြည်သူများက ယင်းကျေးရွာတွင် ဆက်လက်နေထိုင်ခြင်း မရှိတော့ဘဲ မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ရှောင်ခဲ့ကြောင်း စစ်ရှောင်မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တနင်္သာရီမြို့နယ်
#စစ်ရေးအရှိန်
#PDF

Photo: ဝါရစ်ကျေးရွာအား တွေ့ရစဉ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG ထုတ်ပြန်
===================

မဇ္ဈိမ
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ရှိ မဟာမိတ်များက သိမ်းပိုက်ထားသည့်ကောလင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG အစိုးရက ထုတ်ပြန်သည်။
ကောလင်းမြို့အတွက် NUG အစိုးရက ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၀င်ရောက်စစ်ဆေးမည်ဖြစ်သည်။

" ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ ကြေညာချက် အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်သည်" ဟု ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်သည်။

ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများအနေဖြင့် ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံး လာရောက်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားအပ်‌ကြောင်း၊ အသိပေးအကြောင်းကြားချက်ကို မလိုက်နာပါက NUG ကြားကာလ ဗဟိုဘဏ်၏ ကြေညာချက်အမှတ် ၁/၂၀၂၃ ပါ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သိမ်းပိုက်ရရှိထားသည့် မြို့နယ်များအတွင်း ပုဂ္ဂလိကဘဏ်များ၏ ပရဝဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်း ရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိ ငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိ‌ကြောင်း၊ အခြေအနေတည်ငြိမ်သည်နှင့် ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်မည်ဖြစ်‌ကြောင်း ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၀င်ရောက်စစ်ဆေးရာတွင် ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို ထိန်းသိမ်းထားသည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကောလင်းမြို့တွင် KBZ ဘဏ်က ဘဏ်ခွဲနှစ်ခု၊ AYA က ဘဏ်ခွဲတခု ဖွင့်လှစ်ထားသည်။

နိုဝင်ဘာ ၆ ရက်တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#mizzima
#ကောလင်းမြို့
#KBZ
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍44😁1
​​ကနေဒီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး၊ ဗိုလ်မှူးအပါအ၀င်၁၁ဦးဖမ်းမိ
===================

မဇ္ဈိမ။ ။ချင်းပြည်နယ်၊တီးတိန်မြို့ရှိ ထွမ်းဗွမ်(ခ)ကနေဒီတောင်ထိပ်မှ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားသုံးဦးသေဆုံးပြီး ဗိုလ်မှူးတဦးအပါအဝင် ၁၁ဦး အရှင်ဖမ်းမိခဲ့ကြောင်း PDF -Zoland က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအင်အား၃၀ခန့်ဖြင့်တပ်စွဲထားသည့် ကနေဒီတောင်ထိပ်စခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်တွင် PDF -Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ ကြာမြင့်ချိန် ၂နာရီခန့်အတွင်း စစ်ကောင်စီထံမှ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၂၄) လက်နှင့် ကျည်ဆံအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဖမ်းမိထားသည့် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသည် နံနက်ပိုင်းတိုက်ပွဲတွင် စခန်းကိုစွန့်ခွာထွက်ပြေးသွားကြစဥ် PDF -Zoland က လိုက်လံဖမ်းဆီးရာ ညနေဘက်တွင် ပြန်လည်ဖမ်းမိခြင်းဟုPDF -Zoland က သတင်းထုတ်ပြန်သည်။တိုက်ပွဲအတွင်း PDF-Zoland မှ ရဲဘော် Tg. Kam Liam Pau ကျဆုံးခဲ့သည်။

တိုက်ပွဲအပြီးတွင် ကနေဒီစစ်စခန်းတောင်ထိပ်၌ PDF -Zoland အလံကို ကာကွယ်‌ရေးရဲဘော်များကလွှင့်ထူခဲ့သည်။
" ငါတို့ရဲ့သမိုင်းသစ်ကို ငါတို့အသွေးနဲ့ရေးခဲ့ပြီ" ဟု ရေးကာ ဓာတ်ပုံမှတ်တမ်းနှင့်အတူ PDF -Zolandက သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ဒုတိယလပတ်မှ စ၍ စစ်ကောင်စီစခန်းများကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်။မြန်မာ-အိန္ဒိယနယ်စပ်ရှိရိဒ်ခေါဒါရ်စစ်စခန်း၊တီအိုချောင်းစခန်းနှစ်ခု၊ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီစခန်း၊ကလေး-ဖလမ်း ကားလမ်မပေါ်ရှိ ဗါရ်းစစ်ကောင်စီတပ်စခန်းတို့ကိုလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် CNA, CDF Hualngoram, CDF Thantlang တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ရိခေါ်ဒါရ်မြို့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ခုနှစ်ဦး လက်နက်ချခဲ့‌ ကြောင်းသိရသည်။

ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ
Photo/PDF Zoland
စာတည်း - အေးချမ်း

#Mizzima

#တီးတိန်မြို့
#ကနေဒီတောင်ထိပ်စခန်း
#တိုက်ခိုက်သိမ်းပိုက်
#PDF -Zoland
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3👏3😁2
တမူးမြို့ တိုက်ပွဲအတွင်း ပျူခေါင်းဆောင် ကြံ့ခိုင်ရေးအမတ်ဟောင်း အပါအဝင် ၄ ဦး ဖမ်းဆီးရမိ
=================

ပါခွီး

(မဇ္စျိမ)။   ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ထန်းတပင်ရွာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

ထန်းတပင်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၈၀ခန့်ရှိသော စခန်းကို နိုဝင်ဘာလ ၂၀ရက်နေ့က လေးမိုင်ဘက်မှ စစ်ကြောင်းထိုး၍ စတင်တိုက်ခိုက်ခဲ့ရာ ကျည်အင်အား မလုံလောက်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ယင်းနောက် နိုဝင်ဘာလ ၂၁ရက် နေ့လယ် ၁၂နာရီ ၃၀မိနစ်တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်ရမိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကြံ့ခိုင်ရေးတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်အောင်နှင့် ကျန်ပျူစောထီးအဖွဲ့ဝင် သုံးဦးကို အရှင်ဖမ်းဆီးရမိပြီး ခုခံ၍ ထွက်ပြေးသူ သုံးဦးကို ရှင်းလင်းခဲ့ရကြောင်း ဆိုသည်။

“အရှင်မိတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်ဟောင်းနဲ့ ကျန်သူနှစ်ဦးကို သက်ဆိုင်ရာကို အပ်လိုက်ပါပြီ ၊ အဲဒီအထဲက PDF က သစ္စာဖောက်ထွက်ပြေးတဲ့ သူကိုတော့ သူ့မိခင်တပ်ရင်းကို လွှဲပြောင်းပေးလိုက်ပါတယ်” ဟု တပ်ရင်း(၄) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဖမ်းမိသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တမူးမြို့နယ် တိုင်းဒေသ(၁) မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စား ဝင်ရောက်အနိုင်ရခဲ့သူဖြစ်ကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမြင့်အောင်သည် စစ်ကောင်စီတပ် နှင့်ပူးပေါင်းပြီး လက်နက်ကိုင်ဆောင်ကာ ပျူစောထီးများကို ဦးဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် တမူးမြို့နယ် ပန်းသာရွာတွင် အခြေစိုက် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) ၊ Fighter Police CDM တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

တမူးမြို့နယ်အတွင်းရှိ ဝိတုတ် ၊ ခါမ်းပါတ် တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းထားပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်လျက်ရှိနေကြောင်း ကာကွယ်ရေးသတင်းအရင်းအမြစ်များအရ သိရှိရသည်။

ပုံအညွှန်း - ရှေ့တန်းမှပြန်လာသည့် ရဲဘော်များအား ပြည်သူများမှကြိုဆိုနေစဥ်
ဓါတ်ပုံ - တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ်
#ကာကွယ်ရေးတပ်ဖွဲ့
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://youtu.be/L45cn_M7dIQ
👍15❤2😁1
သရက်ချောင်းမှာ PDF လက်ခံရင် ရွာကိုဖျက်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်စာရေး
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။   ။  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်က ရွာထဲရှိ နေအိမ်အများအပြားကို မွှေနှောက်ရှာဖွေကာ PDF ထောက်ခံရင်၊ လက်ခံရင် ရွာဖျက်မည်ဟု ခြိမ်းခြောက်စာများကို ရေးသားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် စစ်ကောင်စီတပ်သည် မြေတင်ကား သုံးစီး အင်အား ၅၀ နီးပါးဖြင့် ရွာထဲသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံများ ကြောက်လန့် ထွက်ပြေး ချိန်တွင် နေအိမ်များကို မွှေနှောက် ရှာဖွေကာ ဆိုင်ကယ် နှစ်စီး အပါဝင် ငွေကြေး၊ လက်ကိုင်ဖုန်းနှင့် တခြားတန်ဖိုးကြီး ပစ္စည်းများကို ယူဆောင် သွားပြီးနောက် အခုလို ခြိမ်းခြောက်စာများကို ရေးသားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

သရက်ချောင်းမြို့နေ ဒေသခံအမျိုးသမီး တဦးက “ရွာမှာ တိုက်ပွဲ ဖြစ်တာ မရှိပါဘူး၊ စစ်တပ်က အကြောင်းမဲ့ ဝင်လာပြီး ရွာထဲကို PDF တွေ ဝင်နေတယ် ဆိုပြီး လာလုပ်သွားတာပါ”ဟု ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး အခုလို ရွာထဲကို PDF အဖွဲ့ ရောက်ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ခြိမ်းခြောက်တာ ဖြစ်သည်ဟု ဒေသခံများက ဆို သည်။ 

အဆိုပါ စစ်ကောင်စီ တပ်သားများသည်၊ ရွာထဲက လမ်းနှင့် ရွာခံများရဲ့ အိမ်နံရံများ ပေါ်တွင် ညစ်ညမ်းသည့် အသုံးအနှုန်းများနှင့် အတူ‘PDF ကိုထောက်ခံရင် ရွာဖျက်မယ်၊ PDF လက်ခံရင် ရွာဖျက်မယ် ဆိုတဲ့’ စာများကို ရေးသားထားခဲ့ခြင်း ဖြစ် သည်။

“စစ်တပ်က ရွာထဲကို ဝင်လာတာနဲ့ပဲ သေနတ်တွေ ပစ်ပြီး ဝင်လာတော့ ရွာခံတွေက အကုန်ပြေးတာပေါ့ရှင်၊ မပြေးခင်တဲ့ စာသင်ကျောင်း အနီးတဝိုက်မှာရှိတဲ့ လူတွေတော့ အကုန်ထိုင်ခိုင်းထားတာ ရှိတယ်”ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထားဝယ်ခရိုင်ထဲတွင် အောက်တိုဘာလကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှ နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ခဲ့သလို "နောက်တစ်ကြိမ် တရွာလုံး ပြာကျမယ်"ဟု ခြိမ်းခြောက်စာ ရေးသားခဲ့သေးသည်။

အလားတူ လောင်းလုံးမြို့နယ် သပြေရှောင်ရွာကိုလည်း အခုတပတ် အတွင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ ရေလုပ်သားတဲနှင့် ဆိုင်ကယ် ၂၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ "ဆန္ဒ ထပ်ပြရင် ဒီထက် ပိုဆိုးမယ်"ဆိုပြီး ခြိမ်းခြောက်စာ ရေးသားခဲ့သည်။

စစ်ရေးသတိကြီးကြီးထားပြီး စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှု သတင်းများ နီးစပ်ရာ ပြည်သူ့ ကာကွယ်ရေး တပ်သားများဆီ ပေးပို့ခြင်းနှင့် လူထုခုခံတွန်းလှန်စစ်တွင် ပါဝင်ကြပါရန် တနင်္သာရီတိုင်းစစ်ဌာန၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သရက်ချောင်းမြို့နယ်
#PDF
#ခြိမ်းခြောက်စာ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😱4🤬4👍2👏1🤣1
​​တိုက်ပွဲဖြစ်သည့် နေရာအနီးက အရပ်သား ၃၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

007

(မဇ္ဈိမ) ။  ။ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“PDF တွေက တောထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာကို၊ စစ်သားတွေကလည်းပြန်ပစ်တာကနေ တနာရီ လောက်တိုက်ပွဲဖြစ်ကြတယ်၊ PDF တွေပြန်ဆုတ်သွားတော့ စစ်သားတွေက လမ်းပေါ်တွေ့သမျှ မဲမဲမြင်ရာအကုန်လိုက်ဖမ်းတော့တာပဲ၊ အဲဒီမှာ ခရီးသည်ရော ဒေသခံရော အားလုံးပေါင်း ၃၀ လောက်ပါသွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်း-မုံရွာကားလမ်းဘေးရှိ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ တနာရီကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အားငါးဆယ်ခန့်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Black Eagle PDF(Black Eagle People Defence Force)အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် PDF များဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများကတော့ ဖမ်းဆီးခံရသူများမှာ အရပ်သားဒေသခံများသာဖြစ်ကြောင်း ပြောဆိုသည်။

“ဖမ်းသွားခံရသူတွေ PDF မဟုတ်တာတော့ သေချာတယ်၊ PDF အယောက် ၃၀ ဖမ်းမိတယ်ဆိုတာ ဖြစ်နိုင်မလား၊ တွေ့ကရာလူလျှောက်ဖမ်းပြီး PDF ခေါင်းစဉ်တပ်တာ၊ (အဖမ်းခံရတဲ့အထဲ) အမျိးသမီးတွေပါ၊ မပါတော့ လောလောဆယ် ဘာမှအဆက်အသွယ်မရသေးလို့ မသိနိုင်သေးဘူး” ဟု ဒေသတွင်း တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီး၀န်းကျင်သို့ အသွားအလာ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ညောင်ပင်၀န်းကျေးရွာသည် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အကြား ခရီးသည်တင်ယာဉ်များ တထောက်နားသည့် နေရာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုငွေကြေး တောင်းခံသည့် ဂိတ်စခန်းတခုဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

ညောင်ပင်၀န်းကျေးရွာတွင် ယမန်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြင်းမူမြို့မှ စစ်ကိုင်းမြို့သို့ပြန်လာသော စစ်ကိုင်းမြို့ခံအသက်နှစ်ဆယ်၀န်းကျင် အမျိုးသားလေးဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။

ပုံအညွှန်း- Black Eagle PDF တပ်ဖွဲ့ဝင်များ
စာတည်း။ ။ နောင်နောင်

#ညောင်ပင်ဝန်း
#အညာ
#PDF
#Mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2🤬2
“ဘယ်မှာလဲ Standar Army” လို့ စစ်ကောင်စီကို KNU မေးခွန်းထုတ် (အင်တာဗျူး)
မဇ္ဈိမ/ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တနိုင်ငံလုံးမှာ တော်လှန်ရေးအရှိန် တကျော့ပြန် မြင့်တက်လာခဲ့ရာ တိုင်းရင်းသားလက်နက်၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှုံးပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲတွေမှာ အရေးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးနေရတဲ့ အဲဒီအခြေအနေတွေကို ရည်ညွှန်းပြီး “ဘယ်မှာလဲ Standar Army” လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက မေးခွန်းထုတ်လိုက်တာပါ။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြုံစဖူး အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံမှုတွေလည်း ပေါ်ပေါက်နေတာပါ။ KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဧပြီလ ၅ ရက်နေ့က သိမ်းပိုက်လိုက်တဲ့ သင်္ဃန်းညီနောင် ဗျူဟာသိမ်းတိုက်ပွဲမှာ ဗျူဟာမှူး အပါအဝင် စစ်သည်နဲ့ တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦး KNU ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ အဆက်မပြတ်ရှိခဲ့တဲ့ ကရင်ပြည်နယ်မှာအစုလိုက်အပြုံလိုက် အများဆုံး လက်နက်ချမှု ဖြစ်လာခဲ့ပါတယ်။ဒီစစ်သုံ့ပန်းတွေကို ဘယ်လိုထိန်းသိမ်းထားပါသလဲ၊ ကရင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့အပေါ် အမြင်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောနီးကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။တည်းဖြတ်- နောင်နောင်#သင်္ဃန်းညီနောင်#KNU#PDF#ထိုင်းမြန်မာနယ်စပ်#Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=TeP-EoV1ghk
👍4